အချစ်နိဂုံး

0


အချစ် ဆိုတာ
တစ်ခါ တစ်ခါ
ရေရေ ရာရာ
သေသေ ချာချာနှင့်
မျှော်လင့်ခြင်း ဆိုတဲ့
အိမ်မက်တွေ နှင့်
အဆုံး သတ်တယ်။

တစ်ခါ တစ်ခါမှာတော့
ကြေကွဲခြင်းတွေ
ဝင်ရောက်မွှေနှောက်လို့
ဝေဒနာ ဆိုတဲ့ အရာဟာ
ရင်ထဲမှာတော့ ဟာတာတာနှင့်ပေါ့။

ဒီလို နှင့်
နှစ်တွေက ပြောင်း
ကာလတွေက ခြားတော့
ရင့်ကျက်ခြင်း ဆိုတဲ့
အသိတရားတွေ နှင့်
အချစ်ဆိုတဲ့ အရာကို
ကြံ့ကြံခံနိုင်တဲ့ အချိန်မှာ။

ရင်ခုန်ခြင်းတွေ
ပျောက်ဆုံး
အိမ်မက်တွေ ပျက်သုဉ်းလို့
အချစ် ဆိုတာ
တကယ်တော့
အမှတ်တရ
ရင်ထဲက ဒဏ်ရာ။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers