ကန်တော့ ဆွမ်းဆိုတာဘာလဲ(၄)

1

အမျိုး ဘာသာ သာသနာနဲ့ ပတ်သက်လို့ တစ်နှစ်, နှစ်နှစ်တင် ကြည့်လို့ မရပါဘူး။
လေးငါးခြောက်နှစ်တင်လည်း ကြည့်လို့ မရပါဘူး။ နှစ်ပေါင်းများစွာ မျိုးဆက်ပေါင်းများစွာ
မျှော်ကြည့်ရပါမယ်။ အနာဂတ်မျိုးဆက် ကောင်းစားဖို့ လူငယ်တွေ အရေးကြီးပါတယ်။
လူငယ်တွေ ပညာရေးမှာ စိတ်ဝင်စားဖို့ လိုပါတယ်။ အနာဂတ်ကို ဦးဆောင်မယ့် လူငယ်တွေ
ပညာရေးမှာ စိတ်ဝင်စားနေရပါမယ်။ အနာဂတ်သာသနာတော် တင့်တယ်ဖို့ သာသနာ့
မျိုးဆက်သစ် ကိုရင်လေးတွေကို ဂရုစိုက်ပေးကြရပါမယ်။

ဝိပဿနာအလုပ်ပဋိပတ္တိသာသနာတော်ဆိုတာကိုရင်လေးတွေအတွက်အဆင့်
မြင့်လွန်း နေပါသေးတယ်။ပရိယတ္တိသာသနာတော် ဆိုတာကတော့ ဗုဒ္ဓစာပေဖြစ်လို့
ကိုရင်လေးတွေစိတ်ဝင်စားလာအောင်ဆွဲဆောင်သိမ်းသွင်းရမယ့်ပညာရေးပါပဲ။
ပရိယတ္တိစာပေကိုကိုရင်လေးတွေစိတ်ဝင်စားလာအောင်ဆရာသမားတွေကထိန်းကွပ်
ပေးရပါမယ်။ဆရာကောင်းသမားကောင်းတို့ကကိုယ့်တပည့်ကိုသနားတဲ့ကရုဏာ
ချစ်ခင်တဲ့မေတ္တာနဲ့နုငယ်တဲ့အရွယ်မှာပဲ့ပြင်ပုံသွင်းပေးရမှာဖြစ်ပါတယ်။ဆရာ့တာဝန်ကို
သိမြင်ကျေပွန်ရမှာ ဖြစ်ပါတယ်။

အရုပ်ဆိုးတဲ့ 'ကန်တော့ဆွမ်း'တွေနဲ့ အများဆုံး ကြုံတွေ့နေကြရတဲ့ ကိုရင်လေးတွေရဲ့
စိတ်ဝင်စားမှု ကို ဝတ္ထုငွေကြေး လာဘ်လာဘကနေ စာပေဘက် ပညာရေးဘက် ဦးတည်ရာ
ပြောင်းပေးလိုက်နိုင်ရင် အရုပ်ဆိုးတဲ့ 'ကန်တော့ဆွမ်း'တွေ နည်းပါးလာပါလိမ့်မယ်။
တဖြည်းဖြည်း ပျောက်ကွယ်သွားဖို့ မျှော်လင့်နိုင် ပါတယ်။
ဒကာဒကာမတွေဘက်ကလည်း ဆွမ်းခံကိုယ်တော်ကို ဘာမှလောင်းလှူစရာမရှိလို့
မတတ်သာတဲ့ အခါမျိုးမှာ 'ကန်တော့ဆွမ်းပါဘုရား'ဆိုတဲ့ စကားတစ်ခွန်းကို လေးစားမှုတွေ
အားနာမှုတွေ ထည့်သွင်းပြီး ယဉ်ယဉ်ကျေးကျေး ပျူပျူငှါငှါ ပြောဆို လျှောက်ထား
သင့်ပါတယ်။ ဒီထက် ပိုပြီး ယဉ်ကျေးချင်သေးတယ် ဆိုရင်တော့ လက်အုပ်ပါ ချီလိုက်ဖို့ 
ဝန်မလေးသင့်ပါဘူး။
အရုပ်ဆိုးဆိုး 'ကန်တော့ဆွမ်း'များ ကွယ်ပျောက်ပါစေသတည်း။

ဆရာတော်ဆီကို ဆက်သွယ်ချင်အောက်ကလိပ်စာနဲ့  ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
တီလေး ရေတူလေး ဒီနေအပြိးရေးတင်လိုက်ပါပြီနော်.စိတ်ကောက်မနေနဲ့ တော့ .


ရှင်အာစာရဖိတ်ခေါ်ချက်..
ဗုဒ္ဓဓမ္မကို စိတ်ဝင်စားသူတိုင်း စိတ်ဝင်စားသော
ဓမ္မအချက်အလက်ကို စာတိုက်မှဖြစ်စေ၊E-mail ဖြင့်ဖြစ်စေ
(အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ)
အောက်ပါ လိပ်စာသို့ ပေးပို့ ပြီး
ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်ကြပါရန်
လေးစားစွာ ဖိတ်ခေါ်ပါသည်။
အရှင်အာစာရ
အခန်း ၂ဝ၁၊ အမျိုးသားဆောင် - အေ
အပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊
မရမ်းကုန်း၊ ရန်ကုန်။
acr@sailormoon.com

1 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers