အဏိမာ ဘုန်းတော်

2

မြတ်စွာဘုရား၏ ဂုဏ်တော် ဘုန်းတော်များကို ကြည်ညိုနိုင်ရန် ရည်ရွယ်၍ ဘုန်းတော်၆ပါး အကြောင်းကို ရေးသားလိုက်ရပါတယ်။

ဘုန်းတော် ခြောက်ပါးဆိုတာ (၁) ဣဿရိယဘုန်းတော် (၂)ဓမ္မဘုန်းတော် (၃)ယသဘုန်းတော် (၄) သိရီဘုန်းတော် (၅)ကာမဘုန်းတော် (၆) ပယတ္တဘုန်းတော်တို့ပဲဖြစ်ပါတယ်။

အဲဒီအထဲမှာ  ဣဿရိယဘုန်းတော်ဆိုတာက ဘုရားရှင် အလိုရှိတော်မူတဲ့အတိုင်း ဖန်ဆင်းတော်မူ လိုရာကို ဖန်ဆင်းနိုင်တဲ့ ၊ အစိုးရတော်မူခြင်း အနက်ကိုဆောင်တဲ့ ဘုန်းတော်ပါပဲ။

ဣဿရိယဘုန်းတော်တစ်ခုတည်းက အစွမ်းသတ္တိအားဖြင့် ရှစ်မျိုးသက်ရောက်ပြန်ရော။ အဏိမာဘုန်းတော်၊ လဃိမာ ဘုန်းတော် ၊ မဟိတာ ဘုန်းတော်၊ ပတ္တိ ဘုန်းတော်၊ ပါကမ္မ ဘုန်းတော်၊ ဣသိတာ ဘုန်းတော်၊ ၀သိတာ ဘုန်းတော်နဲ့ ယတ္တကာမာဝသာယိတာ ဘုန်းတော်ဆိုပြီး ဘုန်းတော် ရှစ်မျိုးပါတယ်။

ပထမဆုံး အဏိမာ ဘုန်းတော်ဆိုတာ  ကြည်ညိုကြည့်ရအောင်နော်။

အဏိမာဘုန်းတော် ဆိုတာ မြတ်စွာဘုရားဟာ ဘယ်လို ဖန်ဆင်းနိုင်သလဲ၊ ဘယ်လောက်ဖန်ဆင်းနိုင်သလဲ ဆိုရင်၊ အလိုတော်ရှိရင် မိမိရဲ့ ကိုယ်တော်ကို အဏုမြူမှုန်ကလေးတမျှ သေးငယ်သွားအောင် ဖန်ဆင်းတော်မူပြီး ပရိက္ခရာ ရှစ်ပါးနှင့်တကွ မုန်ညင်းစေ့အတွင်းမှာတောင် စင်္ကြံ ကြွတော်မူနိုင်တယ်။ ဒါကို စဉ်းစားရလွယ်အောင် ဥပမာပြုရင် အလွန်သေးငယ်တဲ့ မှန်ကလေးတစ်ချပ်ကို ထောင်ကြည့်ရင် အဲဒီ မှန်ကလေးထဲမှာ လမ်းပေါ်မှာပြေးသွားနေတဲ့ ကားတွေ၊ လူတွေ ၊တိုက်တာတွေ အားလုံးကိုမြင်ရသလို မုန့်ညင်းစေ့ထဲမှာ မြတ်စွာဘုရား စင်္ကြံသွားနေတာကို မြင်ကြရတယ်။ နောက်ပြီး ဒီနေရာမှာ ရှိနေပါလျက် အနီးအနားကလူတွေ မမြင်စေလိုရင် ကိုယ်တော်ကို ကွယ်ပျောက် သွားအောင် ကိုယ်ဖျောက်ပစ်လို့လည်းရတယ်။ ဒီအကြောင်းက တော့ ဗကဗြဟ္မာကြီး ၀တ္တုမှာ အထင်အရှားတွေ့ရတယ်။

အဲဒီ ၀တ္ထုထဲမှာ သူ့ကိုသူ တန်ခိုးကြီးဆုံး၊ အမြဲတည်နေတော်မူတဲ့ ဖန်ဆင်းရှင်လို့ ထင်နေတဲ့ ဗြဟ္မာကြီး ဗက ကို မြတ်စွာဘုရားက  ကိုယ်ပျောက်တဲ့ နည်းနဲ့ ချွေခွတ်တော်မူခဲ့တယ်။ မြတ်စွာဘုရားဟာ အယူလွဲမှားနေတဲ့ ဗကဗြဟ္မာကြီး အကြောင်းကို ကြားတော်မူတဲ့အခါ ဗြဟ္မာပြည်ကို ကြွတော်မူပြီး ဗြဟ္မာပရိသတ်များ အလယ်မှာပဲ ဗြဟ္မာကြီးကို အသင်သည် ရှေ့နောက် အလုံးစုံကို မသိနိုင်ပါဘူး လို့ ခပ်နှိပ်နှိပ်စကားကို ဆိုတော်မူလိုက်တဲ့အခါ ဗြဟ္မာကြီးက ရှက်ပြီး ကြံမိကြံရာ ဖြစ်ပြီး အသင်ရဟန်း အား အကျွန်ုပ်ရဲ့ တန်ခိုးကို သိရအောင် ကိုယ်ဖျောက်ကြမယ် လို့ပြောပြီး ကိုယ်ဖျောက်ပြဖို့ ကြိုးစားပါတယ်။ မြတ်စွာဘုရားရှေ့မှောက်ကျတော့ ဗြဟ္မာကြီးက ကိုယ်ဖျောက်ပြလို့ မရတော့ဘူး၊ ဒီမှာတင် ဗြဟ္မာကြီးလည်း ဟိုပုန်းဒီပုန်းလုပ်ဖို့ ကြိုးစားပါတယ်။ နောက်ဆုံးတော့ ဘယ်လိုမှ ကိုယ်ကို ဖျောက်လို့မရတာနဲ့ အရှက်ကွဲသွားပါတယ်။

မြတ်စွာဘုရားက ကဲ သင် ဗြဟ္မာကြီး ကိုယ်ဖျောက်လို့မရရင် ငါဖျောက်ပြမယ် လို့မိန့်တော်မူပြီး ကိုယ်ဖျောက်ပြ လိုက်တာ ပျောက်သွာပါတယ်။ ပရိသတ်တွေက မြတ်စွာဘုရား တခြားများ ကြွသွားသလား ထင်မှာစိုးလို့ အသံပေးပြီး ဂါထာရွတ်ကာ တရားဟောတော်မူတယ်။ တရားအဆုံးမှာ ဗြဟ္မာတစ်သောင်းလောက် မဂ်ဖိုလ်ကို ရသွားပါတယ်။ အဲဒီလို သေးငယ်အောင် လုပ်တာ ကိုယ်ပျောက်အောင်လုပ်နိုင်တဲ့ ဘုန်းတော်ကို အဏိမာ ဘုန်းတော်လို့  ခေါ်ပါတယ်။

ဗုဒ္ဓဘာသာဟာ အလွန်နက်နဲ့ ကျယ်ပြန်တဲ့ ဘာသာဖြစ်ပါတယ်။ သိစရာတွေ အလွန်များပါတယ်။ ဒါတွေကို သာမာန် ဥာဏ်နှင့်လည်း အကုန်အစင် မသိနိုင်ပါဘူး ထိုးထွင်းသိမြင်နိုင်တဲ့ ဥာဏ် ရအောင်လည်း ကျင့်ကြံ အားထုတ်ရမှာဖြစ်ပါတယ်။ဗုဒ္ဒဘာသာအကြောင်းကို ကျကျနနသိထားမှ ဘာသာခြားတွေနဲ့ပြောဆိုတဲ့အခါ ပြည့်ပြည့်စုံစုံပြောပြနိုင်မယ်။ ပြီးတော့ ကိုယ်တိုင်းလည်း ပြည့်ပြည့်စုံစုံသိမှ ပိုပြီးကြည်ညိုနိုင်မယ် လို့ပြောပြီး မြတ်စွာဘုရားရဲဘုန်းတော်အကြောင်း ရေးပေးပါလို့တောင်းဆိုတဲ့ ညခင်းရဲ့သူငယ်ချင်းအတွက် သိသလောက် မျှဝေလိုက်ပါတယ်။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ဆရာတော်ကြီးများ၏ အဆိုအမိန့်များ။

0


အရင်ကကောင်းလို့ အခုကောင်းတယ်။ အခုကောင်းရင် နောင်ကောင်းပါလိမ့်မယ်။ အရင်ကဆိုးလို့ အခုဆိုးတယ်။ အခုဆိုးရင် နောင်ဆိုးပါလိမ့်မယ်။

ငါမှားလည်း သူပြင်တာခံမယ်။ သူမှားလည်း ငါပြင်မယ်။

(စံကင်းဆရာတော်ဘုရားကြီး)


ညခင်း
တရားအစစ်အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

အလွယ်ဆုံးပညာ

1

ရှေး -ဂရိခေတ် ဆိုဖီဆရာကြီး တစ်ဦးအား ပုဂ္ဂိုလ်တစ်ဦးက-

လောကတွင် အလွယ်ဆုံးပညာသည် အဘယ်ပါနည်း ဟုလာ၍မေး၏။ ထိုအခါ ဆိုဖီဆရာကြီးက-

လောကတွင် အလွယ်ဆုံးပညာသည် သြ၀ါဒပေးခြင်း ဖြစ်ပါသည်ဟု ဖြေဖူးလေသည်။

သြ၀ါဒ ပေးဖို့ရန် လွယ်ကူသောကြောင့် သူတပါးတို့အား ရင်းနှီးစွာဖြင့်ရော၊ စေတနာရှိစွာဖြင့်ရော၊ ဂရုဏာ ဒေါသောဖြင့်ရော သြ၀ါဒများပေးလျက်ရှိကြတယ်။ သိုရာတွင် အများအားဖြင့်  ကိုယ်ကသာ သြ၀ါဒ ပေးတတ်ပြီး.. ပေးသော သြ၀ါဒအတိုင်းကို ကိုယ်တိုင်မပြုကျင့် မလိုက်နာတတ်သူများ ဖြစ်နေတတ်ကြပါတယ်။ အဲဒီအခါ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့  ဟုသောစကားမျိုး အဖြစ်သို့ ရောက်သွားလေတော့တယ်။

ကျွန်ုပ်တို့ ကိုယ်တိုင်က အညစ်အကြေးကို ပေကျံနေသည်ဖြစ်ပါရက်နဲ့ အခြားသူအား သန့်ရှင်း စင်ကြယ်စေသောနည်း ညွန့်ကြားနေခြင်းသည် တဘက်သားတို့အပေါ်မှာ အကျိုးသက်ရောက်မှု စွမ်အင်းများစွာ ရှိနိုင်လိမ့်မည် မဟုတ်ချေ။

ဤနေရာ၌ မြတ်ဗုဒ္ဓက ဒီလိုဆုံးမခဲ့ပါတယ်။

သူတပါးကို ဆုံးမသော နည်းအတိုင်း မိမိကိုယ်တိုင်လိုက်နာ ပြုကျင့်ရာ၏ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှသာ သူတပါးကို ဆုံးမရာ၏၊ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွာတကား။

သြ၀ါဒစကား အကြံဥာဏ်ပေး စကားတို့သည် တဘက်သောသူအပေါ်မှာ အကျိုးသက်ရောက်မှု ရှိတန်သလောက်ရှိသည်မှာ မှန်ပါသည်။ သို့သော် သြ၀ါဒပေးသူကိုယ်တိုင်က စံပြအဖြစ် မိမိပေးသော သြ၀ါဒအတိုင်း တကယ်လိုက်နာပြုကျင့်သူ ဖြစ်ရပါမည်။ မဟုတ်ပါက ထိုသြ၀ါဒ စကားသည် များစွာ အကျိုးသက်ရောက်မှု ရှိနိုင်လိမ့်မည်မဟုတ်ချေ။

အဆိုအမိန့်လေးတွေ ကို ဖတ်လေ့ရှိတဲ့ ကျမ သည် ဘဘောကျတဲ့ စာသားများကို ဒိုင်ယာရီထဲ ကူးရေးလေ့ရှိပါတယ်။
ကူးရေးထားတဲ့ စာလေးထဲမှ ယခု အဆိုအမိန့်လေးကို ပြန်လည် ဖြန့်ဝေလိုက်ပါတယ်။ ကူးရေးထားသည်မှာ ကြာပြီဖြစ်တဲ့အတွက် ဘယ်စာအုပ် ရေးသားသူ ဘယ်သူဆိုသည်မှာ မမှတ်မိတော့ပါ။


ညခင်း
7.4.2011

တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers