သရဏဂုံဆိုတာ

0


ပါဠိလို သရဏဂမန။မြန်မာလို့ သရဏဂုံ။ အဓိပ္ပါယ်က ကိုးကွယ်ဆည်းကပ်ခြင်း။
ရတနာမြတ်သုံးပါးအပေါ် လေးလေးနက်နက် ညဏ်နဲ့ သက်ဝင်ပြီး ယုံကြည် မြတ်နိုး
ကိုးကွယ် ဆည်းကပ်တဲ့ သဒ္ဓါပညာ ရှေ့ သွားတဲ့  ကုသိုလ်စိတ်ကို သရဏဂုံ ခေါ်တယ်။

ရတနာမြတ်သုံးပါးကို သရဏဂုံသုံးပါးလို့ ခေါ်နေကြတယ်။မဟုတ်သေးဘူး။ရတန်ာသုံးပါး
ဟာ သရဏပဲ ရှိသေးတယ်။ရတနာမြတ်သုံးပါးဟာ ကိုးကွယ်ဆည်းကပ် သူတို့ ရဲ့ 
ကြောက်ရွှံ့ မှု ၊ထိတ်လန့် မှု၊ကိုယ်စိတ်ဆင်းရဲမှု တို့ ကို ဖျက်ဆီးပေးတတ်သော ကာကွယ်
ပေးတတ် ဖယ်ရှားပေးတတ်လို့ သရဏလို့ ခေါ်တယ်။

ဘုရားရှင်က ကိုးကွယ်ဆည်းကပ်သူတို့ အတွက် ကောင်းကျိုးရစေပြိး ဆိုးကျိုးတို့ ကိုကာကွယ်
တားဆီးတတ်လို့ သရဏ အမည်ရတယ်။ တရားတော်က ကိုးကွယ်ဆည်းကပ်သူတို့ ကို အို၊
နာ၊သေ ဆိုတဲ့ ဘ၀ခရိးခဲမှ လွန်မြောက်စေနိုင်ခြင်း၊ကိုယ်စိတ်နှစ်ပါး သက်သာမှုကို ပေးစွမ်း
နိုင်းခြင်းကြောင့် သရဏ အမည်ရတယ်။ သံဃတော်က ကိုးကွယ်ဆည်းကပ်သူတို့နည်းနည်း
ပါးပါး ပြုတဲ့ ဒါနကို ကြီးကြီးမားမား အကျိုးကို ပေးစွမ်းနိုင်လို့ သရဏအမည်ရတယ်။

ရတနာသုံးပါး အပေါ် လေးလေးနက်နက် ယုံကြည်ခြင်း၊ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ်ခြင်း
ရှိတဲ့ သူဟာ သရဏဂုံတည်တဲ့ သူ ဖြစ်ပေတယ်။
-----------------------------------------------------------> ဆက်ရန်

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers