အချစ်စည်းဝိုင်း

0

အချစ်စည်းဝိုင်း၊စည်းဝိုင်းပြင်ဘက်
မထွက်မကျွံ၊မလွန်ကြေးနော်
စည်းကျော်စည်းဖောက်၊အသက်ပျောက်လိမ့် 
ခြောက်ကာခြိမ်းကာ၊သိုက်ဆရာနှင့်
ဥစ္စာစောင့်များ၊ရုပ်ရှင်းကားကို
သည်းဖျားတုန်မြဲ၊ကြည့် ခဲ့ရသည်။

ထိုမှစပြီး၊ရှေ့ခရီးတွင်
စည်းကျော်ရမှာ၊စည်းပေါက်မှာကို
ဘာရယ်မသီ၊ကြောက်ခဲ့မိသည်
ပီဘီကလေး၊အရွယ်ပါ --ခင်။

ရာမဇာတ်မှာ၊ဖတ်ဖူးပါသည်
သီတာဒေ၀ီ၊ဖြူစင်သည်တည့် 
သော်လည်းကင်းမူ၊သတိယွင်းရ်
ကျော်နှင်းစည်းဖောက်၊စည်းပြင်ရောက်ခိုက်
ကြောက်ဖွယ်ကောင်းစွ၊ခက်ထန်လှသည့် 
ဒသ၁ဘီလူး၊အချစ်ရူးရ်
ချစ်ဖူးကြွေနိုး၊ရအောင်ခိုးသည်
စိုးထိတ်ရင်ဖွယ်ပါ----ခင်။။

အချစ်ရေ
ဖူးရာမှငုံ၊ထုံရာမှမွှေး
ရွယ်သွေးတူမျှ၊ဘ၀နှစ်ခု
ခိုင်မာမှုတွက်၊သူဘက်ကိုဘက်
မထွက်မကျွံ၊မလွန်ကြေးနော်
စည်းကျော်စည်းဖောက်၊အချစ်မပျောက်ဖို့ 
နှစ်ယောက်တည်းပိုင်၊ချစ်ပန်းခိုင်ကို
မွှေးလှိုင်ရွှန်းသစ်၊မနွမ်းမညစ်ဖို့ 
အချစ်စည်းဝိုင်းမောင်တို့ ပိုင်းမည်
မရိုင်းလောက်ပါဘူးနော်----ခင်။။

မြင်းမူမောင်နိုင်မိုးကဗျာလေးပါ

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers