ရှင်သန်ခြင်းနယ်ပယ် က ဖြူလွှလွှစံပယ်

0


ငါ့ ရင် က ဥယျာဉ်နန်းမှာ....
သင်း ကြည်ချိုမြ
နှင်းဆီလိုမ လှပေမယ့်
အ ပြစ်ကင်း စင် တဲ့
ဖြူ နွဲ့ နွဲ့ စပယ်
ကလေးငယ်အလား
တရား ထဲ မှာ မပါ
ချစ်ကြည်စွာဖူးလာခဲ့........

ချို ကြည် သင်း ရီ တဲ့
ဖြူ လဲ့ လဲ့ စပယ်ဟာ
နှ လုံး သားရဲ့နယ် ပယ်မှာ
ခိုင်မြဲစွာ တွယ်တာ
ပန်း က မ္ဘာမှာ လေ
လွမ်း စရာ တွေ မတွေး ချင်
ငေး နေ ရ ယင် ကျေ နပ်ရဲ့.......

တော် မ ၀င် လူ မသုံးပေ မယ့်
မူ မပြုံးတတ် ပါ ဘု
ညု တု တု ခရာ တာတာ
မြူဆွယ် ဖို့ ရည်ရွယ် တဲ့ အကြည့်တွေ
ကင်း မဲ့ နေ ပေမယ့်
သူ့ ရဲ့ ဖြူ စင် မှု အလှတရား
ဘယ် သူ များ ငြင်း နိုင်လဲ...........

မာန မရှိ
သင်းပျံထုံမွှေး
ရင်ထဲအေးတဲ့
ဖြူစင်ခြင်း အနှစ်နဲ့
ချစ်ယောင်ဆောင်ခြင်း မရှိ
ပကတိ ဖြစ်တည် ခြင်းနဲ့
ဖြူ စင်ခြင်း အလျှင်းသာ ရယ်။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers