တယ်အလုပ်ဖြစ်ပါလား

2

အလွန်သတိမေ့တတ်သော ပါမေက္ခ ကြီးတစ်ယောက် တစ်နေ့ကျောင်းမှ အပြန်
အပြင်မှာမိုးရွှာနေ ရုံခန်းနားက တိုင်တွင်ထောင်ထားသော ထီးကိုပြန်ယူလေသည်။

ထီးကို အယူ မျက်နှာစိမ်းအမျိုးသမီးတစ်ယောက် `ကျွန်မထီးရှင့်  မနက်က ကျောင်း
အလာရေစိုနေလို့ ထားခဲ့တာ´ဟုဆိုကာ လက်ထဲက ထီးကိုလုယူပြီးထွက်သွားလေသည်။
အဲဒီမှဆရာကြီးလဲ သတိရပေတယ်.. ဟုတ်ပေသားပဲ သူထီးက ရုးံခန်းထဲမှာ ထားခဲ့တာကိုး
မေ့ နေတာ.

နောက်နေ့ ကျောင်းလဲပြန်ရော သူသတိမေ့တိုင်း ရုံးခန်းထဲမှာ ကျန်ကျန်နေခဲ့သော
ထီး ၃၊၄ချောင်းကို တစ်ခါထဲ ယူပြီး ပြန်ပါတယ်၊။
မနေ့ က မျက်နှာစမ်းအမျိုးသမီးနဲ့  တခါးပေါက်နားမှာ မျက်နှာချင်းဆိုင်တွေ့ တော့ 
ထီ၃၊၄ချောင်းနဲ့ မနိုင်မနင်းဖြစ်နေသော ဆရာကြီးကို ကြည့် ပြီးပြောသွားပါတယ် .
...`ဦးလေးကြီး ဒီနေ့တယ်အလုပ်ဖြစ်ပါလား´´
:) :)


2 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers