မြန်မာမလေးဆိုပါလျှင်

2


မြန်မာမလေး ဆိုပါလျှင်

မြင်ရုံနဲ့ သိ

နုညက်စင် သနပ်ခါး

ပါးပြင်ကို ကြည့်။

မြန်မာမလေး ဆိုပါလျှင်

မြင်ရုံနဲ့ သိ၊

ချိတ်လှိုင်းဆင် ရောင်စုံသွေးနဲ့

ယဉ်ကျေးပါဘိ။

မြန်မာမလေးဆိုပါလျှင်

မြင်ရုံနဲ့ သိ။

စောင့်စည်းက္ကနြေ္ဒနဲ့

သိန်သရေ မျိုးဂုဏ်မြှင့်

တင့်ကြသည်ချည်း။


2 - Comment:

  • February 12, 2008 at 3:52 AM
    Anonymous :

    ဒီကဗျာကိုတော့ တော်တော်ကြိုက်တယ်။ ဒီမှာက သနပ်ခါးလိမ်းရင်ကို တောသူဖြစ်တဲ့ပုံစံတွေနဲ့ ဘယ်သူ့မှသိပ်မလိမ်းဘူး။ အဲ့ဒါကိုမကြိုက်ဘူး။ ကောင်မလေးကတော့ သနပ်ခါးလိမ်းထားလို့ အဲ့ဒါဘာကြီးလဲလို့လာမေးရင် ပြန်ဖြေရတာကို အရမ်းဂုဏ်ယူတာ။ :)

  • February 12, 2008 at 7:18 AM
    Anonymous :

    ကဗျာလေး တော်တော်ကောင်းတယ်ဗျာ ကြိုက်တယ် ...။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers