တဖက်သတ်ဝေဒနာ

0


တဖက်သတ်ဝေဒနာ

တပ်မက်မြတ်နိုး ၊ရွယ်ကိုးမျှော်လင့် 
စိတ်ဖြင့် အိပ်မက်၊ဖွဲဆက်တည်ထား
မြူသားမှန်ပြင်၊သူအားတင်မြောက်
ငဲ့ထောက်ညှာပါ၊ခါပန်ကြား
နှလုံးသားတွင်။

တွယ်ငင်ရစ်ဖွဲ့၊မက်မောရဲ့ လေ
အဖြေရှာထွက်၊ဝေခွဲခက်နေ
တွေဝေစိတ်ထဲ ၊ စိမ်းမှလဲစိုး
ခိုးပြိးချစ်ဆဲ၊ရွံ့ ထိတ်ဆဲပေါ့ 
ဘယ်တော့များမှ၊ဖွင့် ဟပြောရဲ
ချစ်ရမှလဲဟင်

ရင်တွင်မိန်းမှူး၊ရွယ်စူးတည်ရာ
သူ့ မျက်နှာထက်၊၀ှက်ငှေးကြည့် ရင်း
သက်ပြင်းမောချ၊ကာလကြာနေ
ပိုင်ဆိုင်ချင်လှ၊ဆန္ဒတာရှည်
နေမြဲနေလာ၊ဝေးရမှာလား

တပါးသူနှင့်၊မတွေးဝံ့ပေ
ဝေဒနာပွား၊ဗျာများလျက်ပင်
ကြင်နာရစ်သိုင်း၊သတိရတိုင်းမှာ
မှိုင်ကာမျှော်ငေး၊သူ့ နာမည်လေးကို
ဖွဖွဆိုနေ၊မျက်ရည်ရစ်ဝဲ

တစ်ယောက်တည်းကြိတ်လွမ်း၊တမ်းတလျက်
တရိပ်ရိပ်တက်လာ၊သိပ်ချစ်တာကို
မြိုသိပ်သိမ်းရင်း၊ခံစားခြင်းများ
တိုင်တည်ထားရာ၊ကဗျာတွေပါ
ငိုနေတတ်ပြီ။။။။။။။။။။။။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers