''သိက္ခာထပ် ပုနောပသမ္ပဒ ကံဆောင် မင်္ဂလာ''
ဘုရားတပည့်တော် တပည့်တော်မ တို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လျှက်, မအိုမသေ အမြဲနေရာ ဖြစ်သော မြတ်နိဗ္ဗာန်ကို ရည်သန်တောင်းတလျှက်, ကုသိုလ်ပါရမီ အထောက်အပံ့ဖြစ်ပါစေရန် လည်းကောင်း၊ သာသနာတော်အကျိုးဆထက်တပိုး သယ်ပိုးနိုင်ရန်လည်းကောင်း ရည်သန်လျှက် သာသနာတော် စည်ပင် ပြန့်ပွားရေးအတွက်တက်ကြွစွာသာသနာပြုလျှက်ရှိသော.......
အရှင်ပညာနန္ဒ(ကြံခင်း) အား
B.A-Dip(Buddhism),M.A-( Buddhism/Social Dimension)
(International University of Kelaniya, Sri lanka)

သိက္ခာထပ် ပုနောပသမ္ပဒ ကံဆောင် မင်္ဂလာအခမ်းအနားကို ဆင်ယင်ကျင်းပကာ သံဃာတော်အရှင်သူမြတ်(၁ဝ)ပါးတို့အား လှူဒါန်းဖွယ်ရာအဖြာဖြာတို့ဖြင့် မိဘများအားအမှုးထား၍ ဒေါ်နှောင်းဝင့်လွင် နှင့် ဒေါ်သီတာလှိုင်ဝင်း မိသားစုတို့မှ ၂ဝ၁၂၊ဇန်နဝါရီလ (၁၅)ရက်၊ တနင်္ဂနွေနေ့တွင် ရေကြည်မင်္ဂလာကျောင်းတိုက် ၊ဘူတာရုံလမ်း၊ပုသိမ်မြို့၌ လှူဒါန်းပူဇော်ခဲ့ပါတယ်...ဗုဒ္ဓဘာသာဆွေတော်မျိုးတော် အပေါင်းတို့အား ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ပါရန် .....
ရဟန်းတော်တစ်ပါးအားသိက္ခာထပ် ခြင်းအကြောင်း
ရဟန်းတော်တစ်ပါးအား သိက္ခာထပ် အလှူ ပြုလုပ်မှာဖြစ်တဲ့အတွက် သိက္ခာထပ်ခြင်းဆိုသည်မှာ၊ ဘာတွေလည်း ရဟန်းအတွက်ရော၊ လှူဒါန်းသူ ဒကာဒကာမများ အတွက်ပါ၊ ဘာတွေလိုအပ်ပြီး၊ ဘာတွေ လိုက်နာကျင့်သုံးရမည်များကို ဘုန်းဘုန်း သီတဂူစတား အားမေးလျောက်ဖြစ်ခဲ့ပါတယ်။
ညခင်း အတွက် သာသနာရေးရာ ကိစ္စအ၀၀ကို မေးလျောက်သည့်အခါတိုင်း မဆိုင်းမတွ ဖြေကြားပေးလျက် ဆုံးမသွန်သင် ပေးလျက်ရှိသည့် အရှင်ကောဝိဒသီရိ (သီတဂူစတား) အား ကျေးဇူးတင်ကြောင်းလည်းလျောက်ထားပါတယ်။ဦးဇင်းမှ....
သိမ်ထပ်ခြင်းမင်္ဂလာ
သိမ်ထပ်တယ်ဆိုတာ ပုနောပသမ္ပဒလို့ ခေါ်တယ်၊ နောက်တစ်ကြိမ် တဖန်ရဟန်းပြုပေးခြင်းဟု ဆိုသည်။ ဘာ့ကြောင့် ပုနောပသမ္ပဒ သိမ်ထပ် (ကံထပ်) မင်္ဂလာပြုကြသနည်း?
၁။ အကယ်၍ ပထမရဟန်းခံစဉ်က အကြောင်းအမျိုးမျိုးကြောင့် ရဟန်းခံ ကံ မမြောက်ခဲ့သော် သို့မဟုတ် မပြည့်စုံခဲ့သည်ရှိသော် ကံမြောက်သွားစေသည်၊ ပြည့်စုံသွားစေသည်။
၂။ အကယ်၍ ကံမြောက်ပြီးဖြစ်သော်လည်း ခိုင်ရာသံပတ် မြတ်ရာထွဋ်တင် ဆိုတာလို ပိုပြီး ဖြူစင်သွားအောင် ခိုင်မြဲအောင် ပြုလုပ်ပေးရာရောက်သည်။
၃။ ရဟန်းအတွက် ပစ္စည်းလေးပါး ပြည့်စုံ လုံလောက်စေသည်။
၎။ အလှူရှင် ရဟန်းဒကာ ဒကာမများအတွက် ကုသိုလ်ပွားစေသည်။
ရဟန်းအတွက်တော့ ရဟန်းသိက္ခာဟာရှိနေပြီးဖြစ်တဲ့အတွက် ဒကာ၊ ဒကာမတိုးခြင်းပဲ ရပါတယ်။ ကုသိုလ်အနေနဲ့ ကိုယ့်ဒကာ၊ဒကာမတွေကို မေတ္တာပို့ပေးတာ၊ ဒကာ ဒကာမများ အကျိုးများမဲ့ တရားတွေ ဟောပေးတာ၊ ကိုယ့်ဒကာ၊ ဒကာမတွေ စိတ်ကျေနပ်အောင် သာသနာပြုပေးတာတွေ လုပ်ပေးမယ် ဆိုရင်တော့ သိက္ခာထပ်ခံရတဲ့ရဟန်းမှာ အကျိုးဖြစ်ပါတယ်။ လှူဒါန်းပေးတဲ့ ဒကာ၊ဒကာမတွေမှာလည်း မိမိရဟန်းရဲ့ သာသနာပြုလုပ်ငန်း တွေကိုကြည့်ပြီး ၀မ်းသာပီတိဖြစ်မှု ကုသိုလ်၊ ရဟန်းရဲ့လိုအပ်တဲ့အရာကို ထောက်ပံ့ပေး တဲ့ကုသိုလ်၊မိမိအရင်က သံယောဇဉ်ထား စရာမရှိလို့ မလှူဖြစ်ခဲ့ပေမဲ့ မိမိရဟန်းရှိတဲ့အခါ သင့်တော်တဲ့ အလှူလေးတွေ လုပ်ဖြစ်တဲ့အကျိုးတွေ ရရှိကြောင်း...

ဤသို့သော တရားတော်ကို နာယူ ဖတ်ကြားရပြီး သူတော်စင်အပေါင်းတို့သည် ယခုလို ကံထပ်မင်္ဂလာ ကုသိုလ်ထူးကို ရယူနိုင်ကြပါစေ....
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။
အလှူရေစက်လက်နဲ့မကွာ လှူဒါန်းနိုင်ပါစေ မမညခင်းရေ.
ပြုသမျှ အလှူဒါန အစုစုအတွက် သာဓု ခေါ်ဆိုပါတယ်
သာဓု သာဓု . သာဓု