တစ်ခါတုနုးက ဗာရာဏသီပြည် ကာသိရွာမှာ လယ်သမား ပုဏ္ဏားတစ်ယောက် ဟာ လယ်ကွင်းမှာ လယ်ထွန်နေပါတယ်။ အတော်အတန်ပြီးတော့ နွားတွေကို အနားပေးရင်း အစာစားဖို့ လွှတ်ပေးလိုက် ပါတယ်။သူကတော့ တူးစရာရှိတာတွေ ဆက်ပြီးတူးပါတယ်။ တူးပြီးတဲ့နောက်မှာ ကြည့်လိုက်တော့ နွားတွေ မရှိတော့ပါဘူး။ အစာစားရင်း တောထဲဝင်သွားပါတော့တယ်။
နွားတွေကို တောထဲဝင်သွားပြီဆိုတော့ တောထဲကို လိုက်ရှာပါတယ်။ ရှာရင်းရှာရင်းနဲ့ တောထဲမှာ မျက်စိလည်သွားပါတယ်။ကြာလာတော့ မောပြီးလာပါတယ်။ တည်ပင်တစ်ပင်တွေ့တော့ ဆာလည်းဆာ နေတာနဲ့ အပင်ပေါ်တက်ပြီ အပင်ပေါ်မှာပဲ တည်သီးကိုစားပါတယ်။ စားနေရင်းပဲ အောက်ချောက် ထဲကို ပြုတ်ကျသွားပါလေရော။ ချောက်ထဲကျသွားတော့ အစာက ပိုငတ်သွားတော့တာပေါ့။
အဲဒီအချိန်မှာ ဘုရားအလောင်းတော်က မျောက်မျိုးမှာဖြစ်နေတာပါ၊ အစာရှာထွက်ရင်း ချောက်ထဲကျနေတဲ့ ပုဏ္ဏားကိုသွားတွေ့ပါတယ်။ ဘုရားအလောင်းမျောက်အနေနဲ့ ချောက်ထဲဆင်းပြီးကယ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး၊ ဆင်းကယ်ရင် ကိုယ်ပါပြန်တက်လို့ရမှာမဟုတ်ပါဘူး။ အဲဒီတော့ မျောက်မင်းက ဥာဏ်သုံးပြီး ကယ် ပါတယ်။
အနီးအနားမှာရှိတဲ့ကျောက်ခဲတွေကို ချောက်ထဲပစ်ပစ်ချပေးပါတယ်။ ခဲတစ်လုံးပစ်ချပေးလိုက် ပုဏ္ဏားက ခြေထောက်အောက်ခဲလေး ထားလိုက်နဲ့ ကြာလာတော့ ခဲတွေပြည့်လာပြီး ပုဏားလည်း အပေါ်
တက် လို့ရသွားပါတော့တယ်။
ဒါပေမဲ့ ဘုရားအလောင်းမျောက်မင်းခမျာ တွင်းတစ်တွင်းစာ ခဲတွေပစ်ချပေးလိုက်ရတော့ တော်တော် လေးမောပန်းသွားပါတယ်။ ဒါကြောင့် ပုဏ္ဏားကို ခဏလှဲပါရစေဦးဆိုပြီး အိပ်ပျော်သွားပါတယ်။
ပုဏ္ဏားက အိပ်ပျော်နေတဲ့ မျောက်မင်းကိုကြည့်ပြီး ဒီမျောက်သတ်ပြီး အိမ်သယ်သွားရင် မိသားစုစားလို့ ရမှာပဲလို့ တွေးမိပြီး၊ အနီးအနားမျာရှိတဲ့ ကျောက်ခဲနဲ့ ခေါင်းကို ထုချလိုက်ပါတယ်။ ဒါပေမယ့် ချေက်ထဲကျပြိး အစာငယ်ရေငတ်နဲ့ အားပျော့နေတာ ဆိုတော့ သေလောက်အောင် အင်နဲ့အားနဲ့ မထုလိုက်နိုင်ပါဘူး။ မျောက်မင်းလည်း အထုခံလိုက်ရတာနဲ့ သစ်ပင်ပေါ် ပြေးတက်လိုက် ပါတယ်။ ပုဏ္ဏားရဲ့ လက်ချက်ကြောင့်ပဲခေါင်းမှာ သွေးတွေ တစ်စက်စက်ကျလာပါတယ်။
ပုဏ္ဏား ဟာသူ့အစွမ်းအစနဲ့ ဘယ်လိုမှ တောထဲကထွက်ပြီးရွာကို ရောက်အောင် မပြန်နိုင်ပါဘူး။ ဒါကိုသိတဲ့ ဘုရားအလောင်း မျောက်မင်းက ပုဏ္ဏားကို သစ်ပင်ပေါ်က လမ်းပြရင်း တောအုပ်အပြင်ဘက်ရွာ အနီးထိ လိုက်ပို့ပေးလိုက်ပါတယ်။ အတုယူစရာပါ ။
ဒီဝတ္တုလေးဖြစ်စဉ်အတိုင်း ကြည့်ရင်...ဘုရားအလောင်းမျောက်မင်း၏ ပုဏ္ဏားအသက်ကိုကယ်ခြင်း၊ပုဏားက ခေါင်းကိုကျောက်ခဲနဲ့ ထူပေမဲ့ ပြန်ပြိး လက်တုန့်မပြန်တာ၊ ကြမ်းကြုတ်တဲ့စကားတွေကို မပြောမိအောင် စောင့်ထိန်းတာ၊ တစ်စုံတရာ အကျိုးမမျှော်ကိုးပဲ ပုဏားကို ကယ်တင်လိုက်တာ၊ချောက်ထဲက အပေါ်ရောက်အောင် ဘယ်လိုကယ်ရမလဲ ၊ သိတဲ့ အတိုင်းကြိုးပမ်းအားထုတ် ခဲ့တာ၊ ကျောက်ခဲနဲ့ ခေါင်းထုတာကို သည်းခံနိုင်တာ၊ ကယ်မယ်ဆိုတဲ့အတိုင်း ကတိမဖျက် ကယ်ခဲ့တာ၊ ပုဏ္ဏားအကျိုးကို ဆုံးခန်းတိုင်အောင် မရွေ့မပြောင်း ဆုံးဖြတ်နိုင်ခဲ့တာ၊ ချောက်ထဲကျနေတဲ့ ပုဏ္ဏားကို ကြည့်ပြီး ငါမကယ်ရင်သေ တော့မှာပဲ ဆိုတဲ့ ပုဏ္ဏားအကျိုးကို လိုလားတောင်တစိတ်၊ သနားကျင်နာစိတ်၊ သူ့အကျိုးကို ဒီလောက် အပင်ပန်းခံပြီးပြုပေမယ့် ငါကိုဒီလိုလုပ်ရက်လေခြင်း စိတ်မကွက်တာ တွေကို ထိုဖြစ်စဉ် လေးမှာတွေ့ရပါတယ်။ဒါအပြင် ကျေးဇူး မသိသူ၏ ကျေးဇူးကန်းပုံကိုလည်း တွေ့ရပါတယ်။
ပုံဝတ္တုလေးကို အာရုံပြုပြီး ကြားနာဖူးထားတဲ့ တရားစာ ထဲက လို သူကကောင်းကောင်း၊ မကောင်းကောင်း ကိုယ်က ကောင်းအောင် နေရမယ်။ သူက တော်တော် မတော်တော် ကိုယ်က တော်အောင်နေရမယ် လို့ တိုးတိုးလေး ရေရွတ်မိပါတယ်။ တရားအသိလေးတွေ ရင်ထဲရောက် အောင်ပို့ဆောင်ရင်း ဖြစ်ပေါ်နေတဲ့ စိတ်အစဉ်လေးတွေကို ကောင်းမြတ်တဲ့ ဘက်ကို လှမ်းခေါ်ကြပါစို့လို့.....။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

သူကကောင်းကောင်း၊ မကောင်းကောင်း ကိုယ်က ကောင်းအောင် နေရမယ်။ သူက တော်တော် မတော်တော် ကိုယ်က တော်အောင်နေရမယ် . . .
ွမှတ်သားစရာလေးပါ
"တရားအသိလေးတွေ ရင်ထဲရောက် အောင်ပို့ဆောင်ရင်း ဖြစ်ပေါ်နေတဲ့ စိတ်အစဉ်လေးတွေကို ကောင်းမြတ်တဲ့ ဘက်ကို လှမ်းခေါ်ကြပါစို့" စာသားလေးကို သဘောကျတယ်
တရားအသိလေးတွေ ရအောင်ပေးတဲ့ အတွက် ကျေးဇူးပါခင်ဗျာ...
ဟုတ်တယ်... လောကမှာတွေ့ရတာတွေ ကြုံရတာတွေက သူမှ မကောင်းရင် ကိုယ်လည်း ပြန်ကောင်းစရာမလိုဘူးဆိုတာတွေပဲလေ... ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်က ကောင်းအောင် လုပ်နေရင် အရမ်းကို မွန်မြတ်လှမှာပါနော်....
စာရေးသားတင်ပြပုံလေးတွေ ကောင်းတယ်...
ဘုရားလောင်းလို့သာ ပြောရတာ...
တကယ်တော့ တိရစ္ဆာန်ပါပဲ...
ဒို့တစ်တွေ တိရစ္ဆာန်ထက်တော့ သာသင့်တယ်...
ဒါပေမဲ့... အင်း...
ဒါကြောင့် ဆရာတော်ကြီးက ဆိုတာ...
ဘုရားလောင်း တိရစ္ဆာန်ဘဝကိုတောင် ကြည်ညိုလို့ မဆုံးနိုင်ဘူးတဲ့...
ကြိုးစားရဦးမယ်...
သာဓုသုံးကြိမ် ခေါ်သွားပါတယ်...
ဦးလောကနာထ
၁၂.၂၉.၂၀၀၉
ဘုရားလောင်းမျောက်မင်းရဲ့ စိတ်ထားကို လူသားတိုင်း အတုယူသင့်ပါတယ် ပုံပြင်လေးက မှတ်သားစရာနဲ့ ဆင်ခြင်ဖွယ်ကောင်းလှပါတယ် အခုလို ဖတ်ခွင့်ရတာလည်း ကျေးဇူးပါ နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းရင်း
ဘုန်းဘုန်းရဲ့ အဆုံးမက ထိမိလှပါတယ်။ ဦးချကန်တော့ပါတယ်။
ကွန့်မန့်ပေးကြတဲ့မောင်နှမများလည်းကျေးဇူးတင်ပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။