ကန်တော့ ဆွမ်းဆိုတာဘာလဲ ??

0

ကန်တော့ဆွမ်း

မောင်နှမတွေ အတွက် ကန်တော့ ဆွမ်းဆိုတဲ့  မြန်မာလူမျိုးတွေ ပြောလေ့ပြောထရှိသော
ကန်တော့ ဆွမ်းအကြောင်းလေးကို တင်ပြချင်ပါတယ်။ဆရာတော်ရှင်အာစာရ ရေးထားတာပါ။

ဆွမ်းတော်ဗျိုး .. !!!
ရပ်တော်မူပါဦးဘုရား
ဆွမ်းတော်ဗျိုး ...!!!
ကန်တော့ဆွမ်းပါဘုရား

ကြားနေကျ ဒီအသံတွေဟာ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်တဲ့ သူတွေအတွက် မင်္ဂလာ
ရှိတဲ့  နံနက်ချိန်ခါ တေးသံသာ တစ်မျိုးပါပဲ။ မနက်မိုးမလင်းခင် ကတည်းက ဆွမ်းတော်မီအောင်
ချက်ရပြုတ်ရတာဟာ ဘာသာသွေးရှိတဲ့  ဗုဒ္ဓသာသာအတွက် အရေးပါတဲ့  နေ့ စဉ်လုပ်ငန်းတစ်ခု
ဖြစ်ပါတယ်။ အာစီဏ္ဏကံဖြစ်အောင် နေ့ စဉ်ပုံမှန် ကြိုးစားပြီး ဆွမ်းလောင်းလှူတယ်ဆိုတာ မလွယ်
တဲ့ အလုပ်တစ်ခုပါ။ ကျောင်းသား ၊ကိုရင်၊ဦးဇင်း၊ဘုန်းကြီးများ အိမ်ရှေ့ မှာ ဆွမ်းလာရပ်တဲ့ အခါ
ကြိုတင်စီစဉ် ဆွမ်းတော် ပြင်ထားပြီးသား ဆိုရင် အလွယ်တကူ လောင်းလှူလိုက်နိုင်လို့ ကြည်နူး
ရတာဟာ နုသစ်တဲ့ နံနက်ခင်းရဲ့ ချိုမြိန်ပီတီ တစ်ခုပါပဲ။ ကြိုကြိုတင်တင် ကြိုးစားစီစဉ်ပေမယ့် 
ဆွမ်းတော်မမီတာမျိုးလည်း ရှိတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်  အစီအစဉ် လွှဲချော်လို့ 
ဆွမ်းတော်မမီဘူး ဆိုရင်တော့  ကန်တော့ဆွမ်းပဲ လောင်းလိုက်ရ ပါတော့ မယ်။ ဆွမ်းခံသူနဲ့  ဆွမ်း
လောင်းသူကြားက ကန်တော့ ဆွမ်းဆိုတဲ့  စကားတစ်ခွန်းမှာ လေးနက်တဲ့  အဓိပ္ပာယ်တွေ ပါဝင်
နေပါတယ်။

ဆွမ်းလာရပ်တဲ့  ကိုယ်တော်ကို ဆွမ်းမလောင်းနိုင်တဲ့ အခါ၊ဆွမ်းမလောင်းချင်တဲ့ အခါမျိုးမှာ ပါဠိ
စာပေမှာ အတိစ္ဆ ဘန္တေလို့ သုံးတာတွေ့ ရပါတယ်။ပါဠိစာပေမှာက ဆွမ်းခံရပ်တဲ့ ကိုယ်တော်ကို ဆွမ်း
မလောင်းနိုင်တဲ့ အကြောင်း ယဉ်ယဉ်ကျေးကျေး ငြင်းတာ ဖြစ်ပါတယ်။ ဒီအိမ်မှာ ဆွမ်းမရနိုင်ပါ။လှူ
စရာ မရှိပါ။ ဒီအိမ်ကိုကျော်ပြီး တစ်ခြားအိမ်မှာ ဆွမ်းသွားရပ်တော်မှုပါလို့ ဆိုလိုပါတယ်။ ဒီတော့ 
မြန်မာ့ အသုံး မြန်မာယဉ်ကျေးမှုနဲ့  ကိုက်ညီအောင် အတိစ္ဆ ဘန္တေ ကန်တော့ဆွမ်းပါဘုရားလို့ 
ဘာသာပြန်နိုင်ပါတယ်။ကန်တော့ ဆွမ်းဆိုတဲ့  စကားထဲမှာ ဗုဒ္ဓဘာသာ လောက ဆရာဒကာ
ဆက်ဆံရေးမှာ တကယ်လိုအပ်တဲ့ နွေးထွေးမှုတွေ၊ယဉ်ကျေးသိမ့် မွေ့ မှုတွေ အလုံအလောက်
ပါဝင် စီးမျောနေပါတယ်။ဆွမ်းခံကြွကြတဲ့ ရှင်ရဟန်းတွေဟာ ဆွမ်းမရရင်တောင်မှ တလေး
တစားနဲ့ ကန်တော့ ဆွမ်းပါဘုရားလို့ လျှောက်တင်ထားခံလိုက်ရတယ်၊အသိအမှတ်ပြု ခံရတယ်
ဆိုရင်ကိုပဲ ကျေနပ်ကြည်နူး ရပါတယ်။ ရှင်ရဟန်းများအတွက် သာသနာတော်ကို မြတ်နိုးတဲ့ စိတ်၊
ဒကာဒကာမတွေ အပေါ်မှာထားတဲ့ မေတ္တာစတ်တို့ ရင့်သန်ခိုင်မာအောင် လှုံတော်ပေးနိုင်တာမို့ 
ကန်တော့ ဆွမ်းဆိုတဲ့  စကားလေးတစ်ခွန်းဟာ ခွန်အားကြီးမားလှပါပေတယ်။ အရှင်နာဂသေန
အလျောင်းအလျာရဲ့ မိဘနှစ်ပါးအိမ်ကို ဆွမ်းခံရပ်တဲ့  ရောဟန မထေရ်ဟာကန်တော့ဆွမ်းဆိုတဲ့ 
ဝစနပဠိသန္တရ ပြေပြေလည်လည် ပျူပျူဌာဌာ နှုတ်ဆက် အသိအမှတ်ပြုတဲ့ စကားကိုရဖို့ ခုနစ်နှစ်နဲ့ 
ဆယ်လ ကြာအောင် ဆွမ်းရပ်ခဲ့ ရပါတယ်။ ဆွမ်းဟာ ရှင်ရဟန်းတို့ အတွက် အရေးပါတဲ့  မှီရာတစ်မျိုး
ဖြစ်ပါတယ်။ ဆွမ်းဆိုတာ တကယ်တော့ စားသောက်ဖွယ်ရာ ရုပ်အာဟာရပါပဲ။ ရဟန်းသာမဏေတို့ 
နဲ့ လိုက်ဖက်အောင် ၀ီနည်းစကားအနေနဲ့ စားဖွယ်သောက်ဖွယ် အာဟာရတွေကို ၀ဏ္ဏပါတ ဆွမ်းလို့ 
ပြောဆို သုံးနှုံးရပါတယ်။ရဟန်းသာမဏေတို့ ဘုန်းပေးသုံးဆောင်ကြတဲ့ အစာအာဟာရ မှန်သမျှကို
ဆွမ်းလို့ ခေါ်ပါတယ်
-------------------------x---------------------------------ဆက်ရန်>>

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers