မှန်ကြိုက်သူများဖြစ်စေဖို့

0

မြန်မာ အမျိုးသမီးများ ဖြစ်ကြရခြင်းသည် အမွန်မြတ်ကြီးမွန်မြတ်လှပါ၏။ ဂုဏ်လည်းယူပါ၏။ ကျေနပ်လှပါ၏ အဘယ်ကြောင့် ထိုသို့ ဖြစ်ရ ပါသနည်း။

မြန်မာနိုင်ငံ ၌ ရှေးရှေးမြန်မာ ဘိုးဘေးဘီဘင်ကြီးများ လက်ထက်ကတည်းက မြန်မာအမျိုးသမီးများသည် ယောက်ျားများ နှင့် တန်တူဆောင်ရွက် လုပ်ကိုင်ခွင့် ရခဲ့ ကြသည်။မြန်မာယောကျာ်းသားတို့၏ ပင်ကို စိတ်သည် အမျိုးသမီးများကို ဖိနှိပ်ထားချင်စိတ်မရှိ။ အထင်အမြင်မသေး၊အခွင့်အရေးပေးတတ်ကြပါသည်။ထို့ကြောင့်မောင်တစ်ထမ်းမယ်တစ်ရွက်ဟူသည် တာာဝန်ယူမှုမျိုးရှိခဲ့သည်။ရှိနေဆဲဖြစ်သည်။ နောင်လည်းရှိပေဦးမည်မုချဖြစ်၏။

ယခုခေတ်တွင် မောင်တစ်ထမ်းမယ်တစ်ရွက် မက မောင်တစ်ထမ်း မယ်နှစ်ရွက် ဖြစ်နေကြပါပြီ။ အိမ်ရှင်မများလည်း တစ်ဖက်က အိမ်ထောင်ထိန်သိမ်းရင်း တစ်ဖက် က နိုင်ငံ အကျိုး ကို အားကြိုးမာန်တက် ထမ်းရွက်နေကြပြီ စာသံ ပေသံ ဖြင့် ပြောရလျှင် ခရေလည်းကောက်၊ စာလည်းခြောက် .နိုင်ကြပါပေရဲ့ ဟူချီးကျူးပါ၏။ ထိုမျှမက.

အဆင်းရှုပ၊ အချင်းမူလဖြစ်သည်။ဟု....နီတိ စကားအရ မိန်းမတို့၏ ဥစ္စာသည် အဆင်းရှုပဖြစ်သည်။ သို့ ရာတွင် ရှုပထက် မိန်းမကောင်း ၊ မိန်းမတော် ဖြစ်ရန်ကား အရည်အချင်းသာ မူလတန်ဖိုးထားအပ်သောအရာ၊ အရင်းခံ ဟုဆိုလိုရင်းဖြစ်၏။

မိန်းမမျာကို အလှကြိုက်သူ၊ မှန်ကြိုက်သူများ ဟုလည်း သရော်ပြောင်လှောင်တတ်ကြသည်။ မှန်ပါ၏။ မှန်ကြိုက်ပါ၏။ ယခုခေတ် မြန်မာအမျိုးသမီး၊ မြန်မာမများ ပို၍ သာ၍ မှန် ကြိုက်ကြပါသည်။ ၀န်ခံပါ၏။ အဘယ်ကဲ့သို သော မှန်မျိုးကို အဘယ်မျှလောက် ကြိုက်ပါသနည်း။ ဟုတ်ကဲ့....မှန်တစ်မှန်သာ မဟုတ်၊ မှန်လေးမှန်အထိကြိုက်ပါ၏။ ထိုမှန်လေးမှန်တို့ကား အလှကြည့်မှန်မဟုတ်။ မှန်. အမှန်တရားများသာဖြစ်ပါ၏။

ယင်းတို့ကား

(၁) အဖြစ်မှန်၊

(၂) အသိမှန်၊

(၃) ခံယူချက်မှန်၊

(၄)ရပ်တည်ချက်မှန်၊

တို့ ဖြစ်ပါ၏။ ယခုခေတ်မြန်မာအမျိုးသမီး၊ မြန်မာမ များသည် မှန်ကန်နေအောင် မျက်စိဖွင့်နားကိုစွင့် လျက် ရှိနေကြလေပြီ၊ ထို့ကြောင့် မြန်မာ့အမျိုးသမီးများသည် အစဉ်အလာ အဆုံးအမကောင်း၊ အခွင့်ရေးကောင်း၊ ပတ်ဝန်းကျင်ကောင်းများ ရရှိထားကြသဖြင့် မြန်မာအမျိုသမီးဖြစ်ရ မွန်မြတ်စွဟု ၀မ်းသာကြည်နှုး မိပါသည်။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers