သူတို့ရဲ့ပေါင်းလဒ်

3

ကလေးငယ်လေးတစ်ယောက်ဟာသူ့အိမ်စာများကိုလုပ်လျက်ရှိနေသည်။

နောက်သူဘာသာသူပြန်ပြောနေပုံက နှစ်အပေါင်းငါး(၂+၅) ဒီခွေးမသားဟာ (၇)၊

(၃+၆)ဒီခွေးမသားကတော့ (၉)

(Two plus five, that son of a bitch is seven. Three plus six, that son of a bitch is nine)

ထိုပြောဆိုနေသံများကို သူအမေဖြစ်သူကကြားသောအခါ ပင့်သက်ချရင်းသားဖြစ်သူအားမေးလိုက်သည် `သားလေးမင်းဘာတွေလုပ်နေတာလဲ´

သားဖြစ်သူကအမေအား

`သားကျောင်းကဆရာမပေးလိုက်တဲ့သချာ်အိမ်စာတွေလုပ်နေတာမေမေရ´

`ဒါဆိုမင်းဆရာမကဒီအိမ်စာတွေလုပ်ဖို့မှာလိုက်လို့လား..သားလေး´အမေဖြစ်သူကမေးလေသည်။

သားဖြစ်သူက `ဟုတ်.မေမေ သားတို့ကိုလုပ်ခိုင်းလိုက်တယ်လေ´

နောက်တစ်နေ့အမေဖြစ်သူက ဒေါသထွက်လျက်သူ့သား၏ဆရာမဖြစ်သူထံသို့သွားပြီး

`ဆရာမ .ရှင်ကျွန်မသားကို သချာ်သင်ခန်းစာဆိုပြီးဘာတွေသင်ပေးနေတာလဲရှင်´

`အခုလား။ကျွန်မတို့ADDITION အကြောင်းကိုလေ့လာနေပါတယ်ရှင်´ဟုဆရာမကပြန်ဖြေလေသည်။

အမေဖြစ်သူက`ဒါဆိုရင်ရှင်သူတို့ ကိုဘာဖြစ်လို့(၂+၂)ဒီခွေးမသားက(၄)လို့သင်ပေးတာလဲပြောပါအုံးဆရာမရယ်

(Two plus two, that son of a bitch is four)?

ဆရာမဖြစ်သူကအံ့သြစွာ ရယ်မောရင်း ကျောင်းသားအမေဖြစ်သူအား

`ကျွန်မသူတို့ကိုဘာလို့အဲဒိလိုသင်ရမှလဲရှင်ကျွန်မပြောတာက (၂+၂)ဒီပေါင်းလဒ်ဟာ(၄)

“Two plus two, THE SUM

OF WHICH is four.”

လို့ကျောင်းသား၏အမေဖြစ်သူကို ရှင်းပြလိုက်ရပါတယ်ဗျာ

SISSY DADDY

0

နွေရာသီညနေခင်းတစ်ခုတွင်မိုးသည်းထန်စွာရွာသွန်း၍မိုးကြိုးများပစ်နေသည်။

အမေဖြစ်သူသည်သူမှသားငယ်လေးကိုအိပ်ရာပေါ်တွင်တင်ကာစောင်ဖြင့်လုံခြုံစွာပတ်ပေးလေသည်။
ထို့နောက်သားငယ်လေးကိုတစ်ချက်နမ်းကာမီးပိတ်ရန်ခလုပ်လေးကိုနိုပ်နေစဉ်
သားဖြစ်သူထံမှတုန်လှုပ်ကြောက်ရွှံသောအသံလေးဖြင့်”မေမေ ဒီညသားနဲ့အတူအိပ်ပေးပါလားဟင်”

ထိုအခါအမေဖြစ်သူက တစ်ချက်ပြုးံရင်းခဏတာမျှဖက်ထားရင်း

`မေမေသားနဲ့အတူဒီညအိပ်လို့မဖြစ်ဘူးသားလေးရ.မေမေကဖေဖေအခန်းမှာသွားအိပ်ရမယ်နော်´

အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနော်သူ့အဖေအား မကျေမနပ်အသံလေးဖြင့်ပြောလိုက်ပုံက

`မိန်းမလျာကြီးဖေဖေ´ တဲ့

:P

ရေတစ်ခွက်ပေးပါ

0

အဖေဖြစ်သူသည်သူသားငယ်လေးအားအိပ်ရာထက်သို့ထားခဲ့သည်။


ငါးမိနစ်ခန့်ကြာသောအခါသားဖြစ်သူထံမှ `ဖေဖေ…..ဖေ´

`ဘာလဲ ? …သားလေးပြောလေ´

`ဖေဖေ..ရေတစ်ခွက်လောက်ခပ်ပေးပါလား .သားအရမ်းရေဆာလို့ပါ´

`နိုး..မင်းဘာသာခပ်သောက်ပါလား..ကဲ မိးပိတ်အိပ်တော့´

ငါးမိနစ်ခန့်ကြာပြီးနောက်.`ဖေဖေ..ဖေဖေဖေဖေရေ´

`ဘာလဲ..သား´

`သားရေဆာလို့ပါ…ရေတစ်ခွက်လောက် သောက်ခွင့်ရမှလားဖေဖေ??´

`နိုး..ဖေဖေပြောပြီးနော်..နောက်တစ်ခါထပ်ပြောရင် သားအရိုက်ခံရမယ်ကြားလား အိပ်တော့´

ငါးမိနစ်ခန့်ကြာပြီးသော် .`ဖေ ဖေ ဖေဖဖဖဖဖဖဖဖဖဖဖဖ…….!!!!´

`ဘာလဲကွာ´

`ဖေဖေ.သားကိုလာရိုက်မယ်ဆိုရင်လည်း.သားအတွက်ရေတစ်ခွက်လောက်ယူလာပေးပါလား ´

:)

ပိတောက်ရာသီ

0

နွေရောက်ပြီမို့

ရွှေပိတောက်တို့ ငုံလေပြီ။

မှုန်ဝေရီ ပန်းချီဆေးနဲ့

ဆွေးလျဖွယ့် သည်ရာသီ

စာစီလို့ မီဘူး။

အတာဆီ

ခါတော်မီ ပိတောက်ပန်း

ပွင့်လန်း ပန်ဆင်ခူးရအောင်

ရွယ်စူးကာ သင်္ကြန်မိုး

သွန်းဖြိုးပါဦး။

ပိတောက်ရာသီ ရောက်လာခဲ့ပြန်ပြီနော်…ဒီနေ့ ညခင်း ရုံးကိုရောက်ရောက်ချင်း အမွှေးနံ့လေးတစ်ခုရတာနဲ့ ဒီအနံ့က ရင်းရင်းနှီးနှီးပါ…ဘာပါလိမ့်ဆိုပြီးလျောက်ရှာမိပါတယ်…အော်တွေ့ပြီ…ညီမလေးတစ်ယောက် ရှာရှာဖွေဖွေ ပိတောက်ပန်းတွေယူလာပြီး…ဘုရားပန်းနဲ့ အလှပန်းအိုးလေး ထိုးထား တွေ့ လိုက်ရပါတယ်…ပိတောက်ပန်းလေးကို တွေ့လိုက်ရတော့…သူရဲ့မွှေးရနံ့လေးနဲ့အတူ….နွေ….ပိတောက်….သင်္ကြန်….မြန်မာ နှစ်သစ်ကူး…ထူးမြတ်လှသော ချိန်ခါသမယ လေးရောက်တော့မည်…. ဆိုတာ စိတ်မှာ ချက်ချင်းပေါ်လာခဲ့ပါတယ်…သည်အချိန်အခါတွေ က…မေတ္တာဖြင့်….သစ္စာဖြင့်….ငြိမ်းချမ်းမှုဖြင့်….မြင့်မြတ် စိတ်ကောင်း နှလုံးကောင်းများဖြင့် လောကသည် ကျက်သရေ မင်္ဂလာ တင့်ရွှန်းနေလေချိန်ဖြစ်ပါတယ်…။

ပိတောက်ပန်းကို မြန်မာတို့ဟာ...ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်တဲ့ ဓလေ့ရှိပါတယ်…

နွေဦးလေပြေ၀ယ် ဥသြငှက်ငယ်၏ လွမ်းဆွတ်သံနှင့် သင်္ကြန်တေးသံ များ မကြာခင် မျောလွင့် လာတော့မှာပါ လား…ထို့အတူ မြေသင်းရနံ့နဲ့ ပိတောက်ရနံ့လေးဟာလဲ နှစ်သစ်မင်္ဂလာ ကို ရွှင်လန်းတက်ကြွစွာ စတင်ဖို့နှိုးဆော်နေပါပြီလားလို့ ညခင်းတွေးမိသွားပါတယ်…သင်္ကြန်မိုးစောလျှင် ပိတောက်ပွင်ဦးစောမည်။ သင်္ကြန်မိုး နှောင်းလျှင် ပိတောက်တို့မိုးရနံ့ကိုမျှော်ရမည်။

မည်သို့ပင်ဖြစ်စေ သင်္ကြန်မိုးသည် ရွာပါသည်။

ပိတောက်ရွှေလည်း ၀ါပါသည်။

တီလေးချစ်သောကလေးပုံများ

0



ကျန်းမာစွာ အိပ်စက်ခြင်း

2

ညခင်း ရဲ့ ဘလောဒ် ကိုလာရောက်တဲ့ လူတိုင်း ဗဟုသုတ မှတ်သားစရာလေးများကို လက်ဆောင်းအနေနဲ့ ပေးချင်ပါတယ်။အကျိုးရှိတဲ့ ရေသားခြင်းမျိုးဖြစ်အောင်လဲညခင်းကြိုးစားနေပါတယ်။ ညခင်းကစာဖတ်ပျင်းပါတယ်။သိချင်တဲ့အကြောင်းအရာရှိပြီဆိုရင်တော့သေသေချာချာ အချိန်ပေးပြီး ဖတ်တတ်တဲ့ အပြင်…ဖတ်ပြီးသမျှကိုလည်း သူများအားပြန်ပြောပြီး ဝေငှလေ့ရှိပါတယ်… ဒီနေ့ ညခင်းဝေငှမဲ့ အကြောင်းအရာ လေး ကတော့ ကျန်းမာစွာ အိပ်စက်ခြင်း ဘဲဖြစ်ပါတယ်။ ဒီဆောင်းပါးလေးက…ညဘက်ဆို မအိပ်ဘဲ ဘောလုံးပွဲကြည့်ပြီး အိပ်ပျက်တတ်ပါတဲ့လမင်းကို စော်ချင်တာလဲပါ ပါတယ်…၊... ကဲစပြီနော်…. လျှာကြော ရှည်လိုက်ဦးမယ်…..။

လူတို့သည် မွေးကင်းစ ကတဲ့ကနေ့စဉ်အိပ်စက်ကြသည်။မိခင်၏၀မ်းမှ ပြင်ပသို့ထွက်လာစဉ် ကျယ်လောင်စူးရှစွာ ငိုယိုပြီးနောက်မောပန်းသွားပြီး မိခင်၏နို့ချိုစို့၍ အိပ်စက်သွားပါသည်။ အဲလိုနဲ့အိပ်စက်ခြင်းအလေ့အထ တစ်ခုစတင်ခဲ့ရာမှာ…အသက်အရွယ်အလိုက် အိပ်ချိန် မှာ ပြောင်းလဲသွား တယ်ဆိုတာသိပြီးဖြစ်ပါတယ်…သိုဖြစ်၍ ကျန်းမာစွာအိပ်စက်တတ်ဖို့လိုပါတယ်… အိပ်စက်တတ်ပါ မှ ကျန်မာရေးနှင့် ညီညွတ်သည်ဟု သိရှိရပါတယ်… အိပ်စက်ခြင်းသည် ခွန်အားပြည့်ဖြိုးကျန်းမာစေပြီး အသက်ရှည်စေပါတယ်..လူသားတို့နေ့စဉ်နှင့်အမျှ ကာယအား ဖြင့်ခွန်အားစိုက်ထုတ်အသုံးပြုရခြင်း၊စိတ္တအားဖြင့်စဉ်းစားတွေးခေါ်ကြခြင်းတို့ကြောင့် ခန္ဒာကိုယ်အတွင်း ခွန်အား များယုတ်လျော့သွားသည်ကို အိပ်စက်အနားယူခြင်းဖြင့် ပြန်လည် ဖြည့်တင်း ရမည်ဖြစ်ပါသည်။ကျန်းမာစွာ အိပ်စက်အနားယူတတ်စေရန်အတွက် လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မွေ့ရာ၊သို့မဟုတ် ညီညာပြန့်ပြူးသော ခုတင်ပေါ်တွင် ဖျာခင်း၍၄င်း၊ အိပ်ခန်းသည်လည်း အိပ်ရာ ကဲ့သို့ သန့်ရှင်းနေရမည်။ခြင်၊ယင်၊ပိုဟပ်၊ကြွက်စသည့်တို့ကင်းရှင်းရမည့်အပြင် ပတ်ဝန်းကျင်၏ ဆူညံသံများလည်း ကင်းဝေးရပါမည်။ အိပ်ခန်းအတွင်းလေပြေလေညင်း ကလေးသာဝင်လာ သင့်ပါသည်။ ဒါတွေကတော့ အိပ်စက်မဲ့ဝန်းကျင်အတွက်ပါ။

ဦးနောက် ဗလောင်ဆူနေစဉ် အတင်းအိပ်စက်ခြင်းမလုပ်ပါနှင့်၊ ဥပမာအားဖြင့် စာအုပ် တစ်အုပ်ကို ဇွဲနပဲဖြင့် အပြင်းအထန်ဖတ်ခြင်း၊ သို့မဟုတ် အကြောင်းအရာတစ်ခုခုကို အလွန် အကျွံစဉ်းစားခြင်း တို့ကြောင့် ဦးနှောက်တွင် အလုပ်များစွာ လုပ်ဆောင်နေရပါသည်။ ထိုအချိန်မျိုးတွင် အတင်းအိပ် စက်ခြင်းမျိုး ပြုလုပ်ရန်မသင့်ပေ၊ ထို့ကြောင့် ခေတ္တနားပြီးဦးနှောက်ကြည်လင်သွားမှသာအိပ်ရာသို့ဝင်သင့်ပါသည်။ လူတစ်ဦးသည် တစ်နေ့လျှင်(၈)နာရီ (၆)နာရီအိပ်သင့်သည်ဟုအမျိုးမျိုးအဆိုရှိကြပါတယ်။ သို့သော် အိပ်သည့်အချိန်ကလေးတွင် နှစ်နှစ် ခြိုက်ခြိုက် စိတ်လက်ပေါ့ပါးစွာအိပ်ဖို့လိုပါတယ်။

လူတစ်ခုပူမှုရယ်တဲ့အထွေထွေ ဆိုသည့်အတိုင်း လူတိုင်းလူတိုင်းသည် လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး ၊သားရေးသမီးရေး စသည်တို့ဖြင့် အပူပေါင်းမြောက်မြားစွာ ရှိပါသည်။ ပူပင်သောကဖြင့် အိပ်စက်ခြင်းသည် ကျန်းမာသောအိပ်စက်ခြင်းမျိုး မဖြစ်နိုင်ပါ။အပူအပင်များ လျော့ပါးသွားစေရန် အိပ်ရာမ၀င်မီ မိမိတို့ဘာသာအလိုက် ဆုတောင်းခြင်း၊ ဘုရားဝတ်ပြုခြင်း၊ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း ပြုလုပ်ပြီးသောကများလျော့ပါး သွားမှအိပ်ရာဝင်မည် ဆိုပါကကျန်းမာသော အိပ်စက်ခြင်းကို ရနိုင်ပါသည်။

အချို့သူများသည် ညဥ့်နက်မှအိပ်စက်ပြီး နံနက်တွင်နောက်ကျမှထကြသည်။ထိုကဲသို့အိပ်စက်ခြင်း မျိုးမှာ ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိပါ။ထို့ကြောင့်***စောစောအိပ်လို့၊စောစောထလို့၊ စောစောလမ်းလျှောက်ကြ ပါစို့*** ဟုဆော်သြရင်း ကျန်းမာရေးအတွက် အလွန်ကောင်းမွန် နည်းလမ်းလေးကို ရေးသားတင်ပြ လိုက်ရ ပါတယ်.…။

မင်း နှင့် ငါ

0


ကမ္ဘာပေါ်မှာ

အချစ်တတ်ဆုံး လူသား

ချစ်သူရေ….မင်းလားကွယ်။

မင်းအချစ်တွေ

ညို့ညို့ပြီး ရွာတဲ့ရပ်ဝန်းမှာ

ငါ့ကြည်နှုးမှုတွေ

အခင်းလိုက်ပွင့်ခဲ့တယ်။

မင်းအပြုံး နေရောင်ခြည်အောက်

ငါ့ ယုံကြည်ချက်တွေ ပိုမိုတောက်ပခဲ့၊

မင်း မျက်ဝန်း လရိပ်အောက်

ငါ့ စိတ်ဓာတ်တွေ ပိုမို နှုးညံ့ခဲ့၊

မင်းမေတ္တာ မိုးကုပ် စက်ဝိုင်းအောက်

ငါ့ လုံခြုံမှုတွေ ပိုမို နွေးထွေးခဲ့၊

ငါဟာ

မင်းမြတ်နိုးမှုတွေကို သရဖူ ဆောင်းခဲ့ပြီး

ပျော်ရွင်ခြင်းတွေ စိမ့်ထွက်ခဲ့သူပါ

အားမာန်သစ်တွေ ပျိုမျစ်ခဲ့သူပါ

မျှော်လင့်ချက်တွေ ခမ်းနားခဲ့သူပါ။

မင်း အကြင်နာတွေ

ဖွေးဖွေးလှုပ်အောင် ကြွေနေတဲ့

သိင်္ဂါရ လမ်းမှာ

ငါ့ခြေလှမ်းတွေ သက်ဆုံးတိုင်ချင်တယ်။

မင်းသံယောဇဉ်

နွယ်ရှင်တောမှာ

ငါ့ဘ၀ အမောတွေ အပန်းဖြေချင်တယ်။

မင်းစိတ်ကူး

အဖြူရောင်နုနုပေါ်မှာ

ငါ့ကိုယ် ငါ ကဗျာဖွဲ့ချင်တယ်။

မင်းကတော့….

ဘ၀ ကို ရသမြောက်ဖို့

ဘ၀ ကို ဂုဏ်မြောက်ဖို့

ဘ၀ ကို အလင်္ကာမြောက်ဖို့

ကြိုးစားလို့ သီကုံး

အလှပဆုံး အနာဂတ်ကို

သစ္စာဓားထက်ထက် တစ်လက်နှင့်

ရဲရဲရင့်ရင့်ကြီး စောင့်ကြိုနေဆဲ။

ကမ္ဘာပေါ်မှာ

ကံအကောင်းဆုံး လူသား ငါဖြစ်ချင်တယ်။

ပြောင်းလဲသွားတဲ့ဘဝ

1

သူဋ္ဌေးကြီး ဆေးခန်းထဲဝင်လာပြီး-
“ကြုံတုန်းဝင်ပြီးသွေးချိန်တာ ဆရာရေ့ “
“သူဋ္ဌေးမင်း ကို အပင်းပန်းမခံပါနဲ့ စက္ကထေရီမလေးထားပါလို့ ကျွန်တော်
အကြံပေးထားသားပဲဗျ“
“ထားပါတယ်ဆရာရယ်.ခန့်တုန်းကတော့စက္ကထေရီပါပဲ“
“ခုဘာဖြစ်နေလို့လဲ“
“ဘာဖြစ်ရမှလဲဆရာရယ်။ကျုပ်ကစက္ကထေရီဖြစ်သွားလို့။ကဲ.သွားလိုက်အုံးမယ်ဗျာ
ကြေးအိုးစားချင်တယ်ဆိုလို့ ဟိုဘက်လမ်းထိပ်က ၀ယ်ပြီးပြန်လာတာ“

:)

ကိုယ့်ရှူးကိုယ်ပတ်

0

”ဒေါက်တာ ကျွန်တော်တော့ အရမ်းခိုးချင် ၀ှက်ချင်စိတ်တွေချည်းပေါက်နေလို့ဗျာ”
”ဒီဆေးကို..သောက်ကြည့်ကွာ၊မပျောက်ရင်တော့ မောင်ရင့်ကြိုက်နေတဲ့
ကောင်မလေးအိမ်နားမှာပဲ သွားနေလိုက်ပါ”
ညဆေးခန်းပိတ်ကာနီးမှ ဆရာဝနှ်ဆီကို ဖုန်းဝင်လာတယ်။
”ဟဲလို ..ကိုလား?”
”ဟုတ်ပါတယ်”
”အမြန်ပြန်လာခဲ့ဦး၊ရှင့်သမီးမရှိတော့ဘူး၊ခိုးရာလိုက်ပြေးပြီရှင့်”
:P

မေ့နိုင်ရိုးလား

0

”ဆရာမ ..ခုပြန်သွားတဲ့လူနာကိုမှတ်မိသလား?
အရင်က လာဖူးတယ်ပြောလို့”
”မှတ်မိပါတယ်ဒေါက်တာ”
”အဲဒီတုန်းက သူဘာရောဂါလဲဆရာမ မှတ်မိမှလားဗျ”
”ရောဂါတော့ မသိတော့မသိဘူးဒေါက်တာ.။ပါဂျဲရိုး
ကားလေးနဲ့လာတာပဲ”

ချစ်သူဟောင်း

1

ချစ်သူဟောင်းဆိုတာ…

အမှတ်တမဲ့ မက်ခဲ့ဖူးတဲ့

တစ်ပိုင်းတစ်ခ အိမ်မက်တစ်ခု…

ဒါမှမဟုတ်….

ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်လို…

………………………….

နောက်ပြီးတော့….

………………………………။

အိမ်ရှေ့ကို ကားဝင်လာချိန်မှာ ပေါ်တီကိုအော်မှာ ရပ်ထားသော ကားတစ်စီးရှိနေခဲ့သည် ။ဘယ်သူများ ရောက်နေခဲ့တာပါလိမ်.။ကားကိုပေါ်တီကိုအောက်မှာမရပ်ဘဲ ကားဂိုဒေါင်ထဲကိုဘဲ တန်းသွင်းလိုက်တော့ သည်။ ဒီနေ့တော့ အပြင်ထွက်ဖို့မရှိတော့။ လက်ထပ်ပွဲတစ်ခုအတွက် ပြင်ဆင်ရခြင်းဟာ ဒီလောက် စိတ်ပင်ပန်း လူပင် ပန်းရှိလိမ့်မယ်မှန်းသာ ကြိုသိခဲ့ရင် လက်ထပ်ပွဲ ကျင်းပဖြစ်ပါ့မလားတောင်မသိ။

***ဘယ်က ဧည့်သည်လဲ။ ဖေ့ဖေ့ ဧည်သည်လား***

ဘယ်သူဆိုတာမသိရပေမယ့် မသိစိတ်မှာ တစ်ယောက်ယောက်ကို သတိရသွားရသည်။ဒီအချိန် သူ့ဘေးမှာ တစ်ခြားတစ်ယောက်ယောက်ရှိနေခဲ့လောက်ပါပြီပဲ။ဝေ ဘာတွေတွေးနေမိပါလိမ့်။ သို့ပေမယ့် ဧည့်ခန်းနဲ့ နီးလာလေလေ ဝေ့ ခြေလှမ်းတွေပိုပြီးနှေးကွေးလာခဲ့လေ။ဧည့်ခန်းအ၀မှာရပ်မိတော့ ကျောက်ရုပ် လိုငြိမ်သက်ငေး မောစွာ ရပ်နေမိတော့သည်။သူ့ပုံစ့သည် ဟိုးလွန်ခဲ့သော ကာလတွေဆီကအတိုင်းပင်။ ***မဝေ နေကောင်းတယ်နော်*** ဝေ ခဏတော့ မင်သက်ငေးမောမိသွားသည်။

*****************

သူနဲ့ဝေ ချစ်သူတွေဖြစ်ခဲ့ရခြင်းရဲ့အဓိကအချက်ဟာ သူငယ်ချင်းတွေအားလုံးရဲ့ ချစ်စနိုး အနိုင်ယူမှုတွေကိုလည်း ခပ်ပြုံးပြုံးနဲ့သည်းခံတတ်သူ။ဝေ့ အနိုင်ယူမှုတွေ အပါအ၀င်ပေါ့လေ။ဝေ့ကို ချစ်တဲ့အကြောင်း နဲ့၊သာမန်ဝန်ထမ်းမိသားစုလေးရဲ့ ငွေကြေးအင်အားလေးနဲ့ ဝေ့ကို ပျော်အောင်ထားနိုင်မှာ မဟုတ်တဲ့အကြောင်း၊ ဒီလိုဘ၀မျိုးနဲကဘယ်လိုမှနီးစပ်နိုင်မှာ မဟုတ်ကြောင်းတဖွဖွ ပြော တတ်သူ ပါ။ မျှော်လင့်ချက်တို့ဖြင့်လင်းမွတ် ၍နေသောသူ့မျက်ဝန်း၊သူ့အပြုံးတွေကို ဝေ ငေးနေမိခဲ့ပါတယ်။ ရည်ရွယ်ချက် အပြင်းအထန်ဖြင့်လွန်ခဲ့သော ရှစ်နှစ်၏ နေ့တစ်နေ့မှာ သူ ဂျပန် သို့ ထွက်ခွာသွားခဲ့ပါသည်။ လိုချင်တာကို အလွယ်တကူ မရနိုင်တဲ့ ခံစားချက်မျိုးကို ဝေ အပြည့်အ၀ နားလည်ခံစားမပေးနိုင်ခဲ့။ဒါ ဝေမှားခဲ့ပါသလား။ ခုတော့သူပြန် ရောက်လာခဲ့ပါပြီ။

ပြောင်းလဲသွားတာတွေကတော့ ဝေတို့နှစ်ယောက်ရဲ့ ပတ်သက်မှုတွေဖြစ်သည်။နှစ်ယောက်သား ပြောစရာ စကားမရှိတော့ သလို တိတ်ဆိတ်နေပါတယ်။ တကယ်လည်း သူ့ကို ဘာစကားတွေ ပြောရမယ်ဆိုတာ ဝေ မသိပါ။ဝေတို့ နှစ်ယောက်မှာ ဘယ်သူက မှားခဲ့တာလဲလို့ ဝေ မဆုံးဖြတ်လို။ သူထွက်သွားပြီး နှစ်နှစ်ကျော်တဲ့ ထိ ဝေတို့ ဖုန်းနဲရော၊ စာနဲ့ပါ အဆက်အသွယ်မပြတ်ခဲ့ပေ။ တဖြည်းဖြည်းနှင့်သူ့ရင်ထဲ က အချစ်တွေရော၊ဝေ့ ရင်ထဲက အချစ်ဆိုတာကို ရော။ဝေ သံသယဖြစ်လာရ တော့ သည်။ဝေ သတ္တိမရှိသူတစ်ယောက်၊စိတ်ရှည်စောင့်စား နိုင်စွမ်းနည်းသူတစ်ယောက် ပင်။သူ့အတွက် စာတစ်စောင်ပို့ပေးဖြစ်ခဲ့တယ်။

***ငါ့ကိုမေ့လိုက်ပါတော့ ကိုရဲ၊ ငါလည်းမေ့လိုက်ပြီ၊ တကယ်တော့နင့်ရင်ထဲမှာရှိတာ ငါမဟုတ်ဘူး။ နင်တကယ်အလိုရှိတာက မြင့်မားမှုတစ်ခုကိုပါ။ နင်လည်းနင့်ပန်းတိုင်ကို ရောက်တဲ့အခါ ငါမရှိလဲ ပျော်မှာပါ***

ဝေ ကိုယ်တိုင်ရေးခဲ့သောစာသားကို မမေ့သေးခဲ့ပါ။

အခုတော့ရော….ဒီအချိန်ကာလတွေထဲမှာ သူ့ကို သတိရနေမိတာမျိုးတော့ မရှိခဲ့ပေမယ့် မမေ့ခဲ့တာတော့ သေချာပါတယ်။အော် ဒါတွေ တွေးနေရမယ့်အခြေအေနေ လည်းမဟုတ်တော့ပါဘူး…….။

***ဆောရီး ငါ မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုခုနဲ့ နင့်ကို လာတွေတာမဟုတ်ပါဘူး၊ သူငယ်ချင်းတစ်ယောက်အနေနဲ့ တွေချင်ယုံသက်သက်ပါ။ ပြီးတော့ဝန်ခံ စရာလည်း နည်းနညှ်း ရှိတယ်။နင်ပွဲကိုတော့ ငါမလာတော့ပါဘူး။ နင်စိတ်မဆိုးပါဘူးနော်…ငါပြန်တော့မယ် ဝေ..*** နှစ်ယောက်စလုံး ပြိုင်တူ လိုလို ထရပ်မိကြသည်။ဘာစကားမှ မဆိုဖြစ်ကြဘဲ၊ ဒီအတိုင်းရပ်မိကြပြီးမှ သူက အရင်ခြေလှမ်းပြင်ရင်း… ***နင်ပြောခဲ့သလိုပေါ့ မဝေ၊ ငါလိုချင်ခဲ့တာ ဘာလဲဆိုတာ အခုတော့ငါသိသွားပြီ၊ ဒါပေမဲ့ ငါ ရှစ်နှစ်လောက် နောက်ကြသွားပြီ မဝေ***

ဝေ့ရင်ထဲမှာ အတွေးတွေက အတိတ်နဲ့ လက်ရှိမှာ ပြေးလွားကူးခတ်နေခဲ့သည်။ အမှန်လားအမှားလား ဆိုတာလည်း ဝေ၊ မဝေခွဲတတ်တော့။ သူပြောတဲ့စကားကို ဝေ နားလည်းခဲ့သလို ဝေ့ ဆုံးဖြတ်ချက်ကိုလည်း သူ နည်းလည်ခဲ့မှာပါ။

********************

တကယ်တော့ ဝေ တို့ နှစ်ယောက်ဟာ ကိုယ်ဘာကို လိုချင်သလဲဆိုတာေ၀၀ါးလမ်းပျောက်ခဲ့ကြသူ တွေပါ။ ကိုယ်ဆုံးဖြတ်ချက်တွေကိုလည်း ခေါင်းမာစွာ နဲ့ မှန်တယ် ယူဆနေမိတုန်း……….

********************

ဝေတို့နှစ်ယောက်သည်….ချစ်သူဟောင်းတွေသာ ဖြစ်ကြလေသည်။

I miss u so much!

0



စိုမှာဆိုးလို့မိုးမိတယ်(၂)

0



မိုးဖွဲလေးတစ်ပြိုက်

ရင်မှာလှိုက်လို့

ပြန်ပြောင်းကာ စဉ်းစားရင်း

အတွေးနယ်ချဲ့မိ

ပြိုမလိုတိမ်ညို ကြောက်လို့

ရှောင်ပြေးကာပုန်းနေသူ

ပြန်တွေးလို့ငေးရင်း မေးချင်မိတယ်

မိုးကြောက် တဲ့အကို

စိုသွားပြီလား….။

စို မှာဆိုး တဲ့အကို

မိုးမိပြီလား…။

အနားသတ် ကမ်းစပ်။

0

ကျယ်ပြောတဲ့ပင်လယ်
နက်ရှိုင်းတဲ့ သမုဒ္ဒရာ
ဘယ်လောက်ပင်ဝေးစေတော့
အနားသတ်စရာ ကမ်းနဲ့ပါ…။

နှိုင်းဆလို မရတဲ့ငါ့မေတ္တာ
ရင်မှာအရှိ ငါဘဲသိတယ်
အနားသတ်ရှိမရှိငါဘဲသိတယ်
မင်း…မမြင်လဲရှိစေတော့…။

ညခင်းနှင့် စကားအင်္ဂါရပ် များ

1

ညခင်း…အပျင်းဖျားနေလို့ စာမရေးဖြစ်တာကြာပါပြီ…(အပျင်းရောဂါ)…ဒီနေ့တော့ ဖတ်မိတဲ့ စာအုပ်လေးထဲက မှတ်သားထိုက်တဲ့ အချက်လေးတွေကို မျှဝေချင်တဲ့ ဆန္ဒဖြင့် ရေးသားလိုက်ရပါတယ်…ညခင်းရေးသားမယ့် အကြောင်းအရာကတော့…စကားပြော ဆိုရာ မှာ…လိုက်နာသင့်တာ…ရှောင်သင့် တာများ…ကိုပြောပြမှာပါ…ဒီအကြောင်းအရာ လေးကိုလေ့လာ…ရခြင်းအကြောင်းကလည်း…အကြောင်းအရင်းရှိပါတယ်… ညခင်း ရဲ့ အလုပ်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်မျာကို…Projector နဲ့ ရှင်းပြရန် အထက်လူကြီးမှ အမိန်တော်ခြွေပါတယ်…ကိုယ်လုပ်ငန်းကိုယ်အကြောင်းအရာကိုပြောဆိုတာပြောတတ်ပေမဲ့… နားထောင်သူပရိသတ်အများရှေ့မှာ…မမှားရအောင်…စိတ်ဝင်စားဖွယ်…မပျင်းမရိနားထောင်နိုင်အောင်… စာစီရပါတော့တယ်…အဲဒီတော့မှ…ဟိုက်ပလုပ်တုတ်…ဘယ်လိုလုပ်ရပါ့မလဲ…ဆိုပြီးအတင်း…ဖတ်မှတ်… လုပ်ပါတော့တယ်…အဲဒီမှတ်တမ်းလေးကို ပြောပြမှာဖြစ်ပါတယ်…ညခင်းစကားပြောဆိုတဲ့ အရာကို မကျွမ်းကျင်ပါဘူး …တောက်တဲ့လှည်းနင်းတယ်ဆိုတာ ကြာဘူးမှာပေါ့…အဲဒီတော့နည်းနည်းများတိုးတက်လာမလားဆိုပြီးရှာဖွေလေ့လာထားတာပါ… ဖတ်တော့ကြည့်ပါဦးနော်…။

စကားအင်္ဂါရပ် ခြောက်ခု

၁။ စကားစနိဒါန်း။

၂။ စကားရင်းအကြောင်းခံ။

၃။ ဥပမာ။

၎။ ၀တ္တူသာဓကသက်သေ။

၅။ နိဂုံးအဆုံးသတ်။

၆။ ဒိဌမျက်မြင်ကိုယ်တိုင် လုပ်ပြနိုင်ခြင်း။


စကားအင်္ဂါလေးပါး

၁။ အကျိုးရှိပြီး ကောင်းမြတ်သောစကား။

၂။ ချစ်ခင်နှစ်သက်ဖွယ်စကား။

၃။ တရားဓမ္မ နှင့်ယှဉ်သောစကား။

၎။ ဖြောင့်မှန်သော စကား။


စကားကြီး ဆယ်ခွန်း။

၁။ ရေကူးညာတင်ပြောနည်း။

၂။ ကောက်ပင်ရိတ်လှီးပြောနည်း။

၃။ ရေစီးဖောင်ဆန်ပြောနည်း။

၎။ အိုးတန်ဆန်ခတ်ပြောနည်း။

၅။ ဆီပွတ်ကျည်ပွေ့ပြောနည်း။

၆။ ဆင်ဝှေ့ရန်ရှောင်ပြောနည်း။

၇။ တောင်သူယာခုတ်ပြောနည်း။

၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း။

၉။ ရေစစ်ကရား ရေသွားသောသွင် ပြောနည်း။

၁၀။ ခက်တင်မောင်နင်းပြောနည်း။


စကားခြောက်ခွန်း

၁။ ဟုတ်မှန်သောလည်း သူတစ်ပါး မနာယူလို အကျိုးမှရှိသောစကား။

၂။ မဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးရှိသောစကား။

၃။ မဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးမရှိသောစကား။

၎။ ဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးမရှိသောစကား။

၅။ ဟုတ်မှန်သော်လည်း သူတစ်ပါး မနာယူလို အကျိုးရှိသောစကား။

၆။ ဟုတ်လည်းဟုတ် သူတစ်ပါးလည်းနာယူလို အကျိုးရှိသောစကား။


မယုံကြည်ဖွယ်စကားလေးမျိုး

၁။ နှစ်မျိုးနှစ်ခွပြောသောစကား။

၂။ မျက်ကွယ်၌ ပြောသောစကား။

၃။ အမျက်ဒေါသဖြစ်၍ ပြောသောစကား။

၎။ ကြိုတင်စည်းဝါးကိုက်ထား၍ ပြောသောစကား။


စကားအရာ အင်္ဂါဆယ်ပါး။

၁။ ပြောချိန် ပြောခွင့်သင့်မှ ပြောဆိုခြင်း။

၂။ မှန်ကန်သောစကားကို ပြောဆိုခြင်း။

၃။ တရားနှင့်ညီသော စကားကိုပြောဆိုခြင်း။

၎။ အကျိုးစီးပွားနှင့်ယှဉ်သော စကားကို ပြောဆိုခြင်း။

၅။ ချစ်ခင်နှစ်သက်ဖွယ်သော စကားကို ပြောဆိုခြင်း။

၆။ ပြုံးရယ်ရွှင်ပျစွာ စကားကိုပြောဆိုခြင်း။

၇။ မပိုမလို ချင့်ချိန်မျှတစွာ ပြောဆိုခြင်း။

၈။ အဆောတလျင် မပြောဆိုခြင်း။

၉။ မြို့ကြီးသား ပြည်ကြီးသားတို့ ပြောဆိုသုံးနှုန်းမှုနှင့် အညီပြောဆိုခြင်း။

၁၀။ တိကျပြတ်သား သေချာဂနစွာ ပြောဆိုခြင်း။

အိမ်မက်ရှည်မယ့် ခရေ ညများ

0

အပြစ်ဆိုစရာ

လေပြင်းရှိတယ်။

အချစ်ပိုစရာ

လေညင်းရှိတယ်။

ရနံ့များရဲ့ ညို့ငင်ရာ

အပြည့်အမောက် ကောက်ယူခဲ့၊

ခေါင်းအုံးအောက်မှာ

အသရေဖြင့် ကြွေလွင့်ခြင်းများ

သင်းပျံ့ကမ္ဘာတည်လိမ့်မယ်။

သစ်ခုတ်သမားရဲ့AXEတစ်လက်အကြောင်း

1


တစ်ချိန်တုန်းကအလွန်သန်မာသောသစ်ခုတ်သမားတစ်ယောက်ဟာအဆောက်အအုံးတွေ ဆောက်သောသူဋ္ဌေးတစ်ယောက်ထံမှာအလုပ်ရခဲ့တယ်။သူအတွက်လစာကကောင်းတာ ကြောင့် သူဒီမှာအခြေချပြီးအလုပ်လုပ်မယ်လို့စိတ်ကူးခဲ့တယ်။ ပြီးတော့ဒီအလုပ်ရာသီမှာလည်းအလုပ်ကိုအကောင်းဆုံးလုပ်နိုင်ရမယ်ဆိုပြီးသူဟာဆုံးဖြတ် ချက်ချလိုက်တယ်။သူအလုပ်ရှင်ကသူကိုပုဆိန်တစ်လက်ထုတ်ပေးပြီးသူအလုပ်လုပ်ရမယ့် နေရာရယ်၊သစ်ပင် တွေဖြတ်တောက်ရန်မှာကြားတယ်။

သူဟာအလုပ်စ၀င်တဲ့ပထမဆုံးနေ့မှာသစ်ပင်(၁၅)ပင်ကိုဖြတ်တောက်နိုင်တယ်။ သူဋ္ဌေးကမင်းတော်တယ်ပထမနေ့မှာတောင်(၁၅)ပင်ခုတ်ဖြတ်နိုင်တယ်.နောက်နေ့ တွေမှာဒိထက်ပိုးပြီးဖြတ်တောက်နိုင်အောင်ကြိုးစားပါလို့ဂုဏ်ပြုချီးကျူးစကားဆိုတယ်. သူရဲ့သူဋ္ဌေးအားပေးစကားကြောင့်သူဟာနောက်နေ့တွေမှာပိုပြီးကြိုးစားလုပ်တယ် ဒါပေမယ့်ဒုတိယနေ့မှာတော့သူဟာ(၁၀)ပင်ပဲဖြတ်တောက်နိုင်တယ်။နောက်တတိယ မြောက်နေ့မှာပိုပြီးကြိုးစားတယ်။ဒါပေမယ့်သူဟာ()ပင်ပဲဖြတ်တောက်နိုင်တယ်။ တစ်နေ့ထက်တစ်နေ့သူုဖြတ်တောက်နိုင်တဲ့သစ်ပင်တွေကအရေအတွက်ကျ ဆင်းလာတယ်။(ငါ့ခွန်အားတွေယုတ်လျော့လာပါလားဘာကြောင့်ပါလိမ့်)သူကို သူလည်းတွေးမိတယ်။သူဟာဘာတွေဖြစ်နေလဲသူကိုသူတောင်မသိတောင်နားမ လည်နိုင်တော့ကြောင်းနဲ့သူတောင်းပန်ကြောင်းပြောကြားခဲ့ပါတယ်။အဲဒီအချိန်မှာသူ့ သူဋ္ဌေးက(မင်းပုဆိန်ကိုဘယ်အချိန်နောက်ဆုံးသွေးခဲ့သေးလဲ)လို့မေးတယ်။သူက (ပုဆိန်သွေးတယ်ဟုတ်လား?)ပြီးတော့သူငါ့မှာပုဆိန်သွေးဖို့အချိန်မရခဲ့ဘူးခင်ဗျာလို့ပြန် ပြောတယ်။ဒါ့ကြောင့်ငါသစ်ပင်တွေကိုခက်ခက်ခဲခဲဖြတ်တောက်နေခဲ့ရတာကိုးလို့သူ ဟာမြင်သွားတယ်.ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့တွေဟာကျွန်တော်တို့ ရရှိထားတဲ့ကျွမ်းကျင်မှု၊တတ်မြောက်မှုတွေကိုအချိန်နဲ့တပြေးညီအတော်များများဟာ UPDATEမလုပ်နိုင်ကျပါဘူး။ကျွန်ုပ်တို့ဟာအသိပညာတွေကိုလုံလောက်စွာ၊ပြည်စုံစွာ လေ့လာထားကျပြီလို့တွေးထင်ထားကျပါတယ်။ဒါပေမယ့်ကောင်းလားမကောင်းဘူး လားဆိုတဲ့အတွေးတွေကြားက အကောင်းဆုံးဆိုတာကိုမျှော်လင့်ကြရပါမယ်။

ကိုယ့်ရဲ့ကျွမ်းကျင်မှူတွေကိုအမြဲတမ်း၊အချိန်တိုင်း၊အချိန်တိုင်းမှာထက်မြက်နေအောင် သွေးနေဖို့မြှင့်တက်နေအောင်လုပ်နေဖို့ကအောင်မြင်မှုအတွက်အဓိကသော့ချက်ဖြစ်ပါတယ်။

ဒါကြောင့်မနက်ဖြန်မှာအောင်မြင်မယ်လို့မျှော်လင့်မနေပါနဲ့.မနေကနဲ့ဒိနေ့လုပ်ခဲတဲ့အလုပ်တွေ ကိုအသုံးချပါ။အသုံးပြုနိုင်အောင်လုပ်ပါ ..အကောင်းဆုံးတွေရရှိပါစေဗျာ..

အထက်ကပုံပြင်လေးထဲမှာတော့သစ်ခုတ်သမားဟာအလုပ်လုပ်ဖို့ပဲစဉ်းစားနေပြီး ပုဆိန်သွေးဖို့မေ့လျော့နေခဲ့တဲ့အတွက်သူရဲ့အရည်အသွေးတွေဟာကျဆင်းခဲ့ရပါတယ်။ ဒါကြောင့်မောင်နှမတို့လည်းကိုယ့်အရည်အသွေးတွေကျဆင်းမသွားရအောင်အချိန်နဲ့အညီ ကိုယ့်ရဲ့အရည်အချင်းတွေကိုပြန်လည်စမ်းဆစ်နိုင်ပါစေလို့သတိပေးရင်းဒိပို့လေးကိုရေးသား လိုက်ပါတယ်။ အားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ

မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော

1


မင်္ဂလာပါ။

မမညခင်းက ရေးဆိုလို့ ညီမလေး ကြာညို ရေး လိုက်ရပါတယ်။ ညခင်းရဲ့လမင်း အစီအစဉ်မှာ ရေးခွင့်ရလို့ဝမ်းသာပါတယ်။ ကြာညို ကပုသိမ်သူလေ။ (ကား နာမည်တော့မဟုတ်ဘူးနော် )။ အခုချိန်ဆိုရင် ကြာညို တို့ပုသိမ်မှာ မြတ်မော်တင်စွန်း ပွဲတော်ကျင်းပနေပြီလေ။ သိပ်ပျော်ဖို့ကောင်းတဲ့ပွဲတော်တစ်ခုပေါ့။ ဘုရားပွဲတော်အချိန်ဆိုရင် ပုသိမ်ဆိပ်ကမ်းတလျှောက် မော်တင်သွားသင်္ဘောတွေဆီက မမပုသိမ်သူသီချင်း သံတွေက လွင့်ပျံနေတာပေါ့။
ဘုရားပွဲတည်ရှိရာ…နေရာကို ညွန်ပြရလျှင်တော့… ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ငပုတောမြို့နယ် ပင်လယ်ကမ်းခြေဦးရှိ သရနတောင်ခေါ် မြတ်မော်တင်တောင်ပေါ်မှာ…မဟာကုဋရံသီ ဆံတော်ရှင်စေတီတော်မြတ်ကြီး တည်ရှိ ပါတယ်။မြတ်မော်တင်တောင်ကို အစွဲပြုပြိး မြတ်မော်တင်စေတီ ဆိုပြီးထင်ရှား လာတာပေါ့။ပုသိမ်က ဆိုရင် ၈၉ မိုင် ကွာဝေးပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်
အခါမှစ၍ ပထမရှေးအကျဆုံး သမိုင်းစတင်ခဲ့သော စေတီတော်ကြီးဖြစ်ပါတယ်။
တဖုသနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့အားမြတ်စွာဘုရားရှင်က ဦးခေါင်း တော်ကို သုံးသပ်၍ ဆံတော်ရှစ်ဆူပေးသနားတော်မူ၏။ကုန်သည် ညီနောင်တို့သည်လည်း ဆံတော်ရှစ်ဆူကို ပတ္တမြားကြုတ်တွင်း ထည့်၍ ၀မ်းမြောက်ရွင်မြူးစွာပင့်ဆောင်ခဲ့ကြသည်။မဟာနာဂရ တိုင်းသို့ ဖြတ်သန်း၌ ပြန်ကြသောအခါ မဟာနာဂရအဇ္စုတ္တ(ရခိုင်)မင်းကဆံတော်မြတ်နှစ်ဆူကိုအကောက်ခွန်အဖြစ် ပင့်ဆောင်ထားလေသည်။ ထိုမှတဆင့် ကုန်သည်ညီနောင်တို့သည် ခရီးဆက်ကြပြန်ရာတွင် ဇေယျသေန နဂါးမင်းပိုင်စိုးသော နဂရစ်ဝဲအမော်(မော်တင်) အရပ်သို့ ရောက်သို့ရောက်ရှိကြသည်။ထိုအရပ်သည်ကား ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ။ကဿပဘုရားရှင် တို့၏ ဓာတ်တော်၊မွေတော်များ ကိန်းဝပ်တည်ရှိရာ သရဏတောင်အနီး၌ တည်ရှိနေခြင်းကြောင့် ဆံတော်များမှ ရောင်ခြည်တော်များ ကွန့်မြူးလေသည်။ထိုအခါဇေယျသေန နဂါးမင်းသည် နောင်အရှည် ဖူးမြော်ပူဇော်လိုသော စိတ်ထားဖြင့်စေတီတည်ထားရန်အတွက်ဆံတော်မြတ်နှစ်ဆူကိခိုးယူပင့်ဆောင်ထားလိုက်လေသည်။ နဂါးရစ်အမော်(မော်တင်)အရပ်တွင် ဇေယျသေန နဂါးမင်းပင့်ဆောင်ထားသော ဆံတော်မြတ်နှစ်ဆူကို နောင်အရှည် လူနတ်ဗြဟ္မာသတ္တ၀ါတို့ ဖူးမြော်နိုင်ကြစေရန် သရဏတောင်ခေါ် မြတ်မော်တင်တောင်ပေါ်၌ ပင်လယ်မြသားဖြင့် ပြီးအပ်သော စိုင်တမော့ အရွယ်ရှိစေတီတော်ကို တည်ထားကိုးကွယ်သည်။
ဇေယျသေန နဂါးမင်း၏ ကြံစည်မှုကို နတ်၊နဂါး ၊ဆင်ဖြူတော်၊ ၀ိဇ္ဖာဓိုရ် ပုဂ္ဂိုလ်တို့သည် ညှိနှိုင်းတိုင်ပင်
မှုမရှိပဲ အရပ်လေးမျက်နှာ တစုတဝေးတည်း ရောက်ရှိကြ၍ တချိန်တည်း စုပေါင်းပါဝင်ကူညီဲကြသည်မှာ
ထူးခြားသည်ဟုအဆိုရှိကြသည်။
သီရိဓမ္မာသောကမင်းကြီးသည်၎င်း၊ပုဂံပြည်ရှင်အနော်ရထာမင်း၊ကျန်စစ်မင်း၊အလောင်းစည်သူမင်းတိုသည်၎င်း၊ ခေတ်အဆက်ဆက် ပါရမီဖြည့်ဆည်း၍ ပြုပြင်တည်ထားကိုးကွယ်တော်ခဲ့ကြပါတယ်...။
မဟာမကုဋရံသီ ခေါ် မြတ်မော်တင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား အဓိဋ္ဌာန်ပြု၍ ခုနှစ်ပတ်ရစ်
ပူဇော်ပါက ရွှေသံ၊ငွေသံကြားရခြင်း၊ အမွေးနံ့သာ ပေါင်းစုံ ပျံ့လှိုင်လာခြင်း၊လပြည့်နေ့ညများတွင် ရောင်ခြည်တော်ကွန့်မြူးလာခြင်း၊ ယခုတိုင် ဆွမ်းဦးလှုဒါန်းနိုင်မှုမရှိ။နတ်နဂါးတို့က ဆွမ်းဦးကပ်လှုမှုရှိနေခြင်း၊
သစ်ပင်ပန်းမန်တို့သည် ရာသီမဟုတ် ဖူးပွင့်သီးကြခြင်း၊ပွဲတော်ဖြစ်ခါနီးတွင် ကျီးငှက်တို့ အုပ်စုဖွဲ့၍ စေတီတော်ကြီး အား ၀ဲပျံပူဇော်ကြခြင်း ၊နှစ်စဉ် ပွဲတော်ကျင်းပမှုမရှိပါက တောင်တော်မြည်ဟည်းခြင်း၊
မြတ်မော်တင်တောင်ပေါ်ရှိ နတ်ရေကန်သည် ဘုရားဖူးများသိန်းသန်းချီ၍ သုံးစွဲပါသော်လည်း ကုန်ခန်းမှု
မရှိခြင်း၊ ပွဲတော်ပြီးဆုံးသောအခါ လှိုင်းလုံးကြီးများ သည် မြတ်မော်တင်တောင်သို့ တ၀ုန်းဝုန်း ပြေးရိုက်ပူဇော်ခြင်း၊နတ်၊နဂါး၊ကျား၊ ၀ိဇ္ဖာဓိုရ် များသည် လည်းမည်သူ့ကိုမျှ ရန်မပြုပဲ ပွဲတော်ပြီးဆုံးသော
အခါ လာရောက်ဖူးမြော်ကြခြင်း၊ဘုရားဖူးများအတွက် အန္တရာယ် တစ်စုံတစ်ရာ မရှိ ။ ကျန်းမာ သက်ရှည်
လာဘ်လာဘ ပေါကြွယ်ဝစေခြင်းး စသည့် ထူးခြားချက်များရှိနေပါတယ်၊ တန်ခိုးကြွယ်သည့် မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း အစဉ်အလာမပျက် ခမ်းနားစွာပူဇော်ခဲ့ကြသည်။
ယခုနှစ်တွင်လည်း ဧရာဝတီတိုင်း အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီကကြီးမှုး၍ ပုသိမ်ခရိုင် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ၏ စွမ်းဆောင်မှုဖြင့် တပေါင်းလဆန်း ၁ ရက်မှ တပေါင်းလပြည့်
နေ့ အထိ ပွဲတော်ရက်များ တိုးချဲ့၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လွယ်ကူစွာ သွားလာနိုင်စေရန်အတွက် ပုသိမ်ဆိပ်ကမ်းမှ ၈၂ မိုင်ကွာဝေး သော ငပုတောမြိုနယ် ခမောက်မော်ဆိပ်ကမ်းသို့ ရေယာဉ်ဖြင့် ပို့ဆောင်ပေးသည်။ခမောက်မော်
မှတဆင့်မော်တင်တော်ခြေအရောက်ခရီးသည်တင် ကားများဖြင့်ပြေးဆွဲပေးသည်။ထိုမှ လေးမိုင်ဝေးကွာသော မြွေတောင်ဘုရားသို့ သွားရောက်ဖူးမျှော်ရင်း ပင်လယ်ရေပြင်ပြာပြာတွင် ပျော်ရွှင်စွာ ရေကစားနိုင်ပါသည်။မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမရှိ ဇေယျသေန နဂါးမင်းစောင့်ရှောက်ထားသော ပင်လယ်ရေပိုင်နက် ဖြစ်သည်ဟု ဆိုကြသည်။ထိုကြောင့် ပွဲတော်ရက်
များတွင် လူတိုင်းချမ်းမြေ့ပျော်ရွှင်စွာ ဖူးမြော်ပူဇော်နိုင်ကြပါကြောင်း ရေးသားလိုက်ရပါသည်။

စိုမှာဆိုးလို့မိုးမိတယ်

3


အပြစ်မမြင်ချစ်ခင်လျှက်

ဆန္ဒကို ရှေတန်းမတင်

ယုံကြည်မှု ရင်ဝယ်ပိုက်လို့

ခင်မင်မှု ပင်လယ်

အတ္တစစ်မခင်းဘဲ

အေးချမ်းစွာနေရင်း

စိုမှာဆိုးလို့မိုးမိတယ်။

အမေအို

0



မုနိပလ္လင်ထက်


ထွန်းညှိလျက်တောင်း


ဖယောင်းပမာဇရာအလှ


ရွှန်းရွှန်းမြတည်း။


ဆောင်းနေပမာရောင်ဝါဖျော့လည်း


တစ်နည်းနှယ်လှလောကတာဝန်


ကျေပွန်ပြီတည်း။


ကိုယ်ရင်သွေးများ


ရပ်ဝေး၀မ်းစာပျံသန်းပါလည်း


မာတာစိတ်တွင်


ကန်ရေပြင်သို့ ငြိမ်သတည်း။


မိခင်အလှ၊ မိခင်မေတ္တာ မိခင်သဘာဝကို ဖော်ကျူးတဲ့ နေရာမှာဒီကဗျာလေးကတော့ အတိုဆုံး အလှဆုံးနဲ့ အမိဆုံးလို့ ညခင်းခံစားမိပါတယ်...။မိခင်ရဲ့ အလှကို ဘုရားပလ္လင်ထက်က ကျက်သရေရှိလှတဲ့၊ အရည်ပျော်ကျလို့ ဖယောင်းတွေခဲနေတဲ့ ကုန်ဆုံးလောင်ကျွမ်းခါနီး ဖယောင်းတိုင်နဲ့ တင်စားပြောထားတာပါ။ ဥတုသုံးလီ ရာသီတွေပြောင်းခဲ့ပြီ။နွေအခါတုန်းကတော့ ထိန်ထိန်ညီးလင်းခဲ့တာပါ။ ခုဆောင်းလယ်ရောက်နေပြီ။ ရာသီကုန်ဆုံးတော့မယ်။ ဆောင်းကြွင်းနေဟာ နှင်းမြူတွေကြောင့် နွေခါလို မထိန်လင်းနိုင်ဘူးပေါ့။အဲဒီလိုပဲ ငယ်စဉ်အခါဘ၀ရဲ့ နွေဦးပေါက်မှာ ရွှင်ကြမြူးကြ ပျော်ကြတဲ့အခါကို လွန်ခဲ့ပြီ။

ချစ်သူနဲ့တွေ့၊ အိမ်ထောင်ကျ၊လင်သားပြုစု၊ သားဖွားသမီးမွေး၊လူ့တာဝန်တွေ ကျေပွန်ခဲ့ပြီ။အဲဒီလူ့တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တဲ့ မိခင်အိုရဲ့အလှဟာဆောင်းတွင်းနေလို ယဲတဲ့တဲ့ယိဖျော့ဖျော့ကလေးပဲ လှပနေသေးပါတယ်တဲ့။ ကိုင်း...ဘယ်လောက်ကောင်းတဲ့ တင်စားမှုလဲ။ နိမိတ်ပုံဆို ထင်ပါရဲ့။

တတိယအပိုဒ်ကတော့ အမေလည်းအိုပြီ၊ မွေးကျွေးသုတ်သင်ခဲ့တဲ့ သားတွေသမီးတွေလည်း အတောင်အလက်စုံကြပြီ။ပညာစုံကြပြီ။အချိန်ကျတော့ မိခင်သိုက်မြုံကခွာကြသပေါ့။ ပရိယေသန၀မ်းစားရှာထွက်ကြတယ်။ချစ်သူနောက်ကောက်ကောက်ပါအောင်လိုက်ကြတယ်။အမေအပြစ်မတင်ပါဘူး။ခုချိန်မှာလေ အမေဘာကိုမှ မတွေးတော့ပါဘူး။အမေ့အတွေးတွေဟာ ဟိုရွာထိပ်က ကန်ရေပြင်ကြီးလို နက်နဲစွာနဲ့ တည်ငြိမ်လျက်ပါပဲတဲ့။

ပထမပိုဒ်က မိခင်ရဲ့အလှ၊ ဒုတိယအပိုဒ်က မိခင်ရဲ့ ပသာဒဂုဏ်၊ တတိယအပိုဒ်က မိခင်ရဲ့မေတ္တာနဲ့ က္ကနြေ္ဒကိုတိုတိုလေးနဲ့ ထိထိမိမိဖွဲ့ဆိုထားတာဖြစ်ပါတယ်....။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers