မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၂)

0


http://www.ashinkusala.com/ အရှင် ကုသလသာမိ (ပျော်ဘွယ်) မှ ကူးယူဖော်ပြပါသည်။
အရှင်ကုမာရကဿပ၏ ဥပမာ (၁)

“ကဲ…မြို့စားကြီး…ဒါဆိုရင် သင့်ကို ဥပမာတစ်ခု ပြောမယ်။ လ၊ နေတွေဟာ တကယ်ရှိသလား”

“ရှိတာပေါ့”

“ဒီလောကမှာ ရှိတာလား။ တခြားလောကမှာ ရှိတာလား”

“တခြားလောကမှာ ရှိတာပေါ့”

“လ၊ နေတွေဟာ လူတွေလား၊ နတ်တွေလား”

“လူတွေ မဟုတ်ပါဘူး၊ နတ်တွေပါ”

“ဒါဆိုရင် တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ မယူဆလိုက်ပါနဲ့၊ ရှိတယ်လို့ ယူလိုက်ပါ”

“ဒီဥပမာလေးနဲ့ ကျွန်ုပ်အယူအဆတွေကို မပြောင်းနိုင်ပါဘူး။ အသင် ဒီလို ပြောလည်း ကျွန်ုပ်အယူအဆကတော့ မပြောင်းပါဘူး။ အရင်အတိုင်းပဲ ယူဆနေဆဲပါ”

ဤဥပမာတွင် စဉ်းစားစရာ အချို့ ရှိပါသည်။ အရှင်ကုမာရကဿပအနေဖြင့် ပါယာသိလို ပညာရှင်မြို့စားကြီးကို မပြောပလောက်သော ဥပမာလေးဖြင့် အယူဝါဒကြီးတစ်ခုလုံးကို အဘယ့်ကြောင့် ပြောင်းခိုင်းပါသနည်း။ နောက်ထပ် တင်ပြလာသော စကားအခြေအတင်ပြောပုံများကို ကြည့်၍ အရှင့်အနေဖြင့် အလွယ်မှ အခက် တဖြည်းဖြည်း ပြောပြသွားလိုပုံရသည်ဟု ယူဆမိပေသည်။

တစ်ဖန် လ၊ နေ တို့သည် အာရုံငါးပါးတွင် စက္ခု(မျက်စိ)ဖြင့် မြင်တွေ့နိုင်သောအရာများသာ ဖြစ်နေသည်။ သို့ဖြင့်၍ အာရုံငါးပါးနဲ့ ထိတွေ့လို့ရမှ အမှန်ဟု ယူဆထားသော ပါယာသိအတွက် မဖြုံလောက်သော ဥပမာတစ်ရပ်ပင် ဖြစ်နေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လ၊နေတို့သည် အာရုံငါးပါးတွင် ရူပါရုံစက်ကွင်းမှ မလွတ်နိုင်သေးသောကြောင့် ဖြစ်ပါသည်။ စကားကို ကပ်သီးကပ်သပ် တွေးပြီး ပြောတတ်သော ပါယာသိသည် ဤအချက်ကို အဘယ့်ကြောင့် မထောက်ပြခဲ့သလဲဆိုသည်ကို စဉ်းစားမရနိုင် ဖြစ်မိပါသည်။

တစ်ဖန် “လ၊ နေတို့ကို လူတွေ မဟုတ်ပါဘူး၊ နတ်တွေပါ”ဟု ပြောသော ပါယာသိစကားကိုလည်း အရှင်ကုမာရက မည်သို့မျှ ပြန်မပြောခဲ့ပါ။ စာရေးသူ တို့ပြခဲ့သော ဤအချက်များမှာ သူတို့ဆိုလိုသော ပွိုင့်(အကြောင်းအရာ)မဟုတ်သဖြင့် မေးခွန်းထုတ်ခြင်း၊ ထပ်မံရှင်းပြခြင်း မပြုလုပ်ခဲ့ဟု ဆိုလျှင် ရနိုင်ကောင်းပါသည်။ အမှန်မှာ လ၊ နေတို့သည် နတ်များလည်း မဟုတ်ကြပါ။ စကြာဝဠာအနန္တအတွင်းမှ ကမ္ဘာတစ်ခုစီသာ ဖြစ်ကြပါသည်။

ပါယာသိ မြို့စားကြီး၏ လက်တွေ့ သုတေသန (၁)

“ကျွန်ုပ်အနေနဲ့ တမလွန်ဘ၀ မရှိဘူးလို့ ယူဆရတဲ့အကြောင်းတွေထဲက လက်တွေ့ သုတေသနလုပ်ထားတာလေးကို အရှင့်ကို ပြောပြမယ်”

“ထူးဆန်းလှချည်လား ပါယာသိ….၊ ဘယ်လိုများ သုတေသနတွေ လုပ်ထားလဲ…၊ ပြောပါ”

“ငါးပါးသီလလေးကိုမှ မစောင့်ထိန်းနိုင်ရင်၊ စိတ်ဓာတ်ကောင်းတွေ မမွေးမြူနိုင်ရင်၊ အယူမှားရင် နောက်ဘ၀မှာ အပါယ်ငရဲ ကျမယ်လို့ အရှင်တို့ ဟောကြတယ် မဟုတ်လား”

“ဟုတ်ပါတယ်၊ ဟောပါတယ်”

“ကျွန်ုပ် သုတေသနအရတော့ ငရဲကို မကျပါဘူး”

“ဘယ်လို” အရှင်ကုမာရ အာမေဋိတ်သံထွက်လာသည်။

“ဒီလိုပါ…၊ ကျွန်ုပ်ဆွေးမျိုးတွေထဲမှာ ငါးပါးသီလကိုလည်း ချိုးဖျက်တယ်၊ စိတ်ဓာတ်ကလည်း ဆိုးမှဆိုး၊ အယူအဆတွေကလည်း မှားနေတဲ့သူ ရှိတယ်။ တစ်နေ့မှာ သူဟာ အပြင်းအထန် ရောဂါဖြစ်တယ်။ သူ တကယ်သေတော့မယ်ဆိုတာကို သိတာနဲ့ ကျွန်ုပ်က သူ့ကို သွားပြောလိုက်တယ်”

“ဘယ်လိုများ သွားပြောလိုက်သလဲ”

“သင် ငရဲရောက်တယ်ဆိုရင် ငရဲမှာ တကယ်ရောက်တဲ့အကြောင်း ကျွန်ုပ်ဆီကို ပြန်လာပြီး အကြောင်းကြားပါလို့ မှာလိုက်ပါတယ်။ သူဟာ ဒီနေ့ထိ ကျွန်ုပ်ဆီကို လာအကြောင်းမကြားပါဘူး”

“ဒါနဲ့ပဲ သင်ဟာ တမလွန်ဘ၀မရှိဘူး၊ ကောင်းဆိုးကံတွေရဲ့ အကျိုးမရှိဘူးလို့ ယူဆလိုက်တာပေါ့”

“ဟုတ်ပါတယ်”

အရှင်ကုမာရကဿပ၏ ဥပမာ (၂)

“ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောပြမယ်။ သင့်မြို့နယ်မှာ ပြစ်မှု ထင်ရှားလို့ သေဒဏ်အပေးခံရတော့မယ့် သူခိုးတစ်ယောက်ရှိတယ်ဆိုပါစို့။ သူ့ကို ကြိုးတွေ တုပ်ထားပြီပြီ။ ခေါင်းဖြတ်ပြီး သတ်တော့မယ်။ အဲဒီအချိန်မှာ သေဒဏ်ပေးခံရတဲ့ သူခိုးက တောင်းဆိုတယ် ဆိုပါစို့”

“ဘယ်လို တောင်းဆိုတာလဲ”

“အချင်း သူသတ်ယောက်ျားတို့… ကျွန်ုပ်မှာ ဆွေးမျိုးသားချင်းတွေ ရှိပါတယ်။ ဘယ်လောက် ချမ်းသာပါတယ်။ ပိုက်ဆံရှိပါတယ်။ ဆွေမျိုးသားချင်းတွေနဲ့အတူတကွ သွားနေပြီးမှ ပြန်လာပါ့မယ်။ ပြန်လာမှ သတ်ကြပါလို့ တောင်းဆိုလို့ ရမလား”

“မရပါဘူး။ သူပြောနေတုန်းမှာပဲ သူ့ခေါင်းက ပြတ်ပြီးသွားလောက်ပါပြီ”

“အေး…အဲဒီလိုပဲပေါ့။ သင် မြို့စားကြီးရဲ့ ဆွေမျိုးဟာ ငရဲပြည်ရောက်ပြီး ငရဲသားတွေက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ကြတော့မယ်။ အဲဒီအခါမှာ အချင်း…ငရဲသားတို့ ခဏစောင့်ပါအုံး။ ကျွန်ုပ်မှာ ပါယာသိမြို့စားကြီးဆိုတဲ့ ဆွေမျိုးတစ်ယောက်ရှိပါတယ်။ သူ့ကို စကားအနည်းငယ် သွားပြောချင်ပါတယ်။ ကျွန်ုပ်ပြန်လာမှ ဆက်လက် ညှင်းပန်းနှိပ်စက်ကြပါလို့ ဘယ်လိုလုပ် ခွင့်တောင်းလို့ ရပါ့မလဲ။ ဒါကြောင့် သင့်အယူဝါဒကို ပြောင်းပါလာလော့”

“မပြောင်းနိုင်ပါဘူး”

“ဘာဖြစ်လို့လဲ”

“ကျွန်ုပ်မှာ အခြားပြစရာ သုတေသနလုပ်ထားတာတွေ ရှိပါသေးတယ်”

ပါယာသိမြို့စားကြီး၏ သုတေသန (၂)

“အရှင်…ကျွန်ုပ်မှာ နောက်ထပ်ပြစရာ အကြောင်းတွေ ရှိတယ်။ အရှင်တို့ တရားတွေ ဟောတယ်မလား။ ငါးပါးသီလလုံရင် စိတ်ကောင်းရှိရင် နတ်ပြည်တွေ ရောက်တယ်လို့။ ကျွန်ုပ်ဆွေမျိုးတွေထဲမှာ ငါးပါးသီလလည်း လုံတယ်။ စိတ်ကောင်းလည်း ရှိတယ်။ အဲဒီလူဟာ သေလောက်အောင် ရောဂါဖြစ်တယ်။ သူ အသက်မရှင်နိုင်တော့ဘူးဆိုတာ သိတော့ “အမောင်… မင်းနတ်ပြည်ရောက်ရင် နတ်ပြည်ရောက်တဲ့အကြောင်း ငါ့ကို လာပြောပါအုံး”လို့ မှာလိုက်ပါတယ်။ သူဟာ သေပြီးတဲ့နောက်ပိုင်း ကျွန်ုပ်ဆီ ပြန်လာပြီး ဘာမှ အကြောင်းမပြန်ပါဘူး။ ဒါဟာ ဘာကို ပြနေသလဲဆိုတော့ နတ်ပြည်ဆိုတဲ့ တမလွန်ဘ၀ဆိုတာ မရှိလို့ပေါ့။ ကျွန်ုပ်က ဒီတမလွန်ဘ၀မရှိ၊ ကောင်းမှုမကောင်းမှု အကျိုးမရှိဆိုတဲ့အယူကို အရမ်းကာရော လက်ခံယုံကြည်နေတယ်လို့များ ထင်သလား။ ဒီလို အကြောင်းပြချက်တွေနဲ့မို့ ဒီလို အယူအဆ ရှိနေတာပါ”

ဆက်လက်ဖော်ပြပါမည်....

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ

1



သေတဗျမြို့လေးမှာ အုတ်အုတ်ကျက်ကျက်

ကောသလတိုင်းက သေတဗျမြို့ငယ်လေးတွင် လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ ဟိုနား စုစု၊ ဒီနား စုစုဖြင့် တစ်နေရာရာသို့ သွားဖို့ ပြင်နေကြဟန်ရှိသည်။ အချို့က ငါးယောက်တစ်ဖွဲ့၊ အချို့က ဆယ်ယောက်အဖွဲ့၊ အချို့က မိသားစုအလိုက်၊ အချို့မှာတော့ တစ်ယောက်တည်း၊ တစ်နေရာသို့ ဆူဆူညံညံ သွားနေကြလေသည်။ အချိုက ပန်း၊ ဆီမီးထုတ်တွေ ကိုင်ဆောင်ထားသည်။ အချို့က မိမိတို့ အသုံးအဆောင်များကို ကိုင်ဆောင်လျှက် သွားနေကြလေသည်။ သေတဗျမြို့ဆိုသည်မှာ ကောသလတိုင်း၏အရှင်သခင် ပသေနဒီကောသလမင်းကြီးက ပါယာသိအား အပိုင်စားပေးထားသော မြို့ငယ်တစ်ခု ဖြစ်သည်။

အိန္ဒိယသည် ထိုခေတ်အခါက အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုးကို မိမိတို့ ထင်မြင်ယူဆသည့်အတိုင်း လှည့်လည်ဟောပြောနေကြသူ ဆရာကြီးများ များစွာရှိကြလေသည်။ မိမိတို့၏ အတွေးအခေါ်၊ အယူအဆများကို လွတ်လပ်စွာ ပြောဟောစည်းရုံးနိုင်ခွင့် အပြည့်အ၀ရှိသော ဒေသကြီး ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နာမည်ကြီးလာလျှင် စောင့်ကြည့်လေ့လာသူများလည်း ပေါများသည်။ ဆရာကြီးတစ်ယောက် မိမိတို့နေထိုင်ရာ မြို့၊ ရွာအနီးရောက်လာပြီဆိုလျှင် သွားရောက် အကဲဖြတ်တတ်ကြသည်။ သို့ဖြစ်၍ အခုလည်း အရှင်ကုမာရကဿပ သေတဗျမြို့ကို ရောက်နေပြီဟု ကြားသိရသောကြောင့် ဆူဆူညံညံ အုတ်အုတ်ကျက်ကျက် သွားရောက်တွေ့ဖို့ ပြင်ဆင်နေကြခြင်း ဖြစ်ပေသည်။
ထိုအချိန်သည် ပါယာသိမြို့စားကြီးအတွက် စည်းစိမ်ခံစားနေချိန် ဖြစ်သည်။

“အမတ်ကြီး… ဆူဆူညံညံနဲ့ ဘာဖြစ်နေတာလဲ”

“မှန်လှပါ… အရှင်ကုမာရကဿပ ဆိုတဲ့ ရဟန်းတစ်ပါးဟာ နောက်လိုက်နောက်ပါတွေနဲ့ မြို့နားကို ရောက်နေပါတယ်။ သူ့ဆီကို သွားနေကြတာပါ”

“ဟေ… ဒီရဟန်းတွေက နောက်ဘ၀ရှိတယ်၊ ဘာညာနဲ့ မဟုတ်မတရားတွေ လျှောက်ဟောနေကြတာ မဟုတ်လား၊ ဒီလို လက်တွေ့ပြလို့လည်း မရ၊ အဓိပ္ပာယ်လည်းမရှိတဲ့တရားတွေ ဟောနေသူတွေကို ဘာဖြစ်လို့များ အလုပ်ရှုပ်ခံ သွားတွေ့နေကြတာလဲ၊ ကဲ ကဲ… ဒီရဟန်းတော့ ငါနဲ့ တွေ့တော့မှာပဲ။ အမတ်ကြီး… အဲဒီကိုယ်တော်ဆီ သွားနေတဲ့သူတွေကို ပြောလိုက်”

“မှန်ပါ့”

“သင်တို့ မတွေ့ခင် အဲဒီရဟန်းကို ငါ အရင်တွေ့မယ်၊ ငါတွေ့ပြီးမှ တွေ့ကြလို့၊ ငါတို့ ဆွေးနွေးတာကို စောင့်နေကြပါလို့ ပြောလိုက်”

“မှန်ပါ”

အမတ်ကြီးလည်း မြင်းစီးပြီး လူစုလူဝေးများသို့ သွားရောက်ပြောကြားခဲ့လေသည်။ မြို့သူမြို့သားတို့မှာ အံ့သြကုန်သည်။ အမှန်အားဖြင့် သူတို့ မြို့စားကြီးမှာ ရှေ့ဘ၀၊ နောက်ဘ၀များကို ယုံကြည်သူမဟုတ်။ အယူအဆရေးရာများကို ပြောဆိုဆွေးနွေးကြလျှင်လည်း အတော်လက်ပေါက်ကပ်သူတစ်ယောက်ဟု သိထားကြသည်။ သူနှင့်ဆွေးနွေးသူများမှာ အများအားဖြင့် လန့်ပြေးရသည်က များလေသည်။ ပညာလည်း တတ်သည်။ အတွေးအခေါ်ကလည်း ကောင်းသည်။ စကားပြောကလည်း ထူးချွန်သည်။ သူ့ကိုဘက်ပြိုင်ပြီး ယှဉ်ပြိုင်ဆွေးနွေးနိုင်သူဟု မကြားဖူးချေ။ အခု မြို့စားကြီး အရှင်ကုမာရကဿပဆီ သွားမည်ဟု ကြားသိရသောအခါ စိတ်ဝင်တစား ဖြစ်ကုန်ကြသည်။

သူနှင့်တွေ့ရမည့် အရှင်ကုမာရကဿပကလည်း ခေသူ မဟုတ်ပါ။ ဗဟုသုတ ကြွယ်သည်။ အပြောကောင်းသည်။ စကားပြောသည့်အခါတိုင်း ဥပမာဥပမေယျများဖြင့် တစ်ဖက်လူ ကျအောင် ပြောနိုင်စွမ်းရှိသည်။ တစ်ဖန် နယ်တကာသို့ လှည့်လည်သာသနာပြုနေသူတစ်ဦး ဖြစ်သည်နှင့်အညီ ကျမ်းဂန်ဗဟုသုတ၊ ဒေသန္တရဗဟုသုတနှင့် အယူအဆရေးရာတိုက်ပွဲများကို အကြိမ်ကြိမ် နွှဲခဲ့ဖူးသော အတွေ့အကြုံရင် ရဟန်းတစ်ပါး ဖြစ်ပါသည်။

သေတဗျမြို့သူမြို့သားများ ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်။ တမလွန်ဘ၀မရှိ၊ အကောင်းအဆိုး သတ်မှတ်ထားချက်များသည် အဓိပ္ပာယ်မရှိဟု ယုံကြည်သူ မြို့စားကြီးနှင့် ၃၁-ဘုံရှိကြောင်း ယုံကြည်သူ အရှင်ကုမာရကဿပတို့ စကားနိုင်လုပွဲကြီး၊ အယူအဆရေးရာပြိုင်ပွဲကြီး ဖြစ်တော့မည်ဆိုတာကို တွက်ဆမိသော မြို့သူမြို့သားများမှာ အတွေးကိုယ်စီ၊ ခန့်မှန်းချက်ကိုယ်စီဖြင့် ပြောဆိုငြင်းခုံနေကြလေသည်။ အစက အရှင်ကုမာရကဿပကို ကြည်ညိုသူတို့သာ အုတ်အုတ်ကျက်ကျက် ဖြစ်နေခဲ့သော်လည်း အခုအခါမှာတော့ မြို့စားကြီး၏ အယူအဆ၀ါဒကို ကြိုက်နှစ်သက်သူများလည်း အရှင်ကုမာရကဿပရှိရာသို့ ဦးတည်နေခဲ့ကြလေသည်။ သေတဗျမြို့လေးသည် တစ်ခဏအတွင်းမှာ ဖုန်တစ်ထောင်းထောင်း ထနေခဲ့လေသည်။ ထိုနေ့က ရာသီဥတု သာသာယာယာ ရှိလှသည်။

ပညာရှင်နှစ်ဦး တွေ့ဆုံခြင်း

ရဟန်းတစ်ပါးက သူ့ဆရာကို ပြောနေသည်။
“ဆရာအရှင် ကုမာရကဿပ… ပါယာသိမြို့စားကြီးက အရှင်နဲ့ တရားဆွေးနွေးလိုပါသတဲ့”

“ကောင်းပြီလေ”

မြို့စားကြီးနှင့် အရှင်ကုမာရကဿပတို့က အနည်းငယ်မြင့်သော နေရာများတွင် အသီးသီး နေရာယူထားကြသည်။ အရှင်ကုမာရကဿပ၏ တပည့် ၅၀၀ တို့က ဆရာအရှင်၏ နောက်တွင် ငြိမ်ငြိမ်ဆိတ်ဆိတ် နေနေကြသည်။ အရှင်၏ရှေ့တွင် ပါယာသိမြို့စားကြီး နေရာယူထားသည်။ သူ၏ ဘေးဘက်ဝဲယာတွင် သူ၏ နောက်လိုက်တပည့်များ၊ အစောင့်အရှောက်များ၊ ထို့နောက်တွင် ကျေးကျွန်များ။ ထို့နောက်တွင် မြို့သူမြို့သားများ။ အသီးသီး နေရာယူထားကြသည်။

မြို့စားကြီးနှင့်အရှင်တို့မှာ ၀မ်းမြောက်ဖွယ်စကားများ ပြောကြသည်။ ယနေ့ခေတ် လူကို တွေ့သည်နှင့် “နေကောင်းလား၊ မတွေ့ရတာ ကြာပြီ၊ စားရသောက်ရ အဆင်ပြေလား”စသည် မေးသကဲ့သို့ပင် ဖြစ်ပါသည်။ ထိုသို့ ပြောပြီးသောအခါ မြို့စားကြီးနှင့်အရှင်တို့သည် အယူဝါဒဆိုင်ရာများကို စတင် ပြောခဲ့ကြသည်။

“ပါယာသိ… သင်က ဘယ်လို အယူဝါဒ ရှိသလဲ”

“ကျွန်ုပ် အယူဝါဒမှာ နောက်ဘ၀ဆိုတာ မရှိဘူး။ သတ္တ၀ါသေရင် ပြန်ဖြစ်တယ်ဆိုတာ မရှိဘူး။ အကောင်း၊ အဆိုးကံတွေရဲ့ အကျိုးဆိုတာလည်း မရှိဘူး”

“အော်… ဒီလို အယူအဆမျိုး သင့်မှာ ရှိသလား။ ဒီလို အယူအဆမျိုး ရှိသူတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ ကြားလည်း မကြားဖူးဘူး။ ဘာဖြစ်လို့ ဒီလို ယူဆရတာလဲ”

ဤနေရာတွင် “ဒီလို အယူအဆမျိုး ရှိသူတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ ကြားလည်း မကြားဖူးဘူး”ဟုဆိုသော စကားမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ထင်သည်။ အရှင်ကုမာရကဿပခေတ်က ထိုကဲ့သို့ ယူဆသူများ များစွာရှိကြောင်း ပိဋကတ်စာပေလာ အဖြစ်အပျက်များအရ သိရပါသည်။ သို့ဖြစ်၍ “မမြင်ဖူးဘူး၊ မကြားဖူးဘူး”ဟု အဘယ့်ကြောင့် ပြောသနည်းဆိုသည်ကို နားမလည်နိုင်ခဲ့ပါ။

ပါယာသိမြို့စားကြီးက ဆက်ပြောသည်။
“မရှိလို့ မရှိဘူးလို့ ယူဆတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် အာရုံငါးပါး (အမှန်က ပသာဒငါးခု = စက္ခု (မျက်စိ)၊ သောတ (နား)၊ ဃာန (နှာခေါင်း)၊ ဇိဝှါ (လျှာ)၊ ကာယ (ခန္ဓာကိုယ်))နဲ့ ထိတွေ့လို့ ရတဲ့ အရာတွေကိုပဲ အရှိတရားအဖြစ် ကျွန်ုပ် ယူဆပါတယ်။ အာရုံငါးပါးနဲ့ ထိတွေ့လို့ မရတဲ့ အတိတ်ဘ၀၊ အနာဂတ်ဘ၀နဲ့ နတ်ပြည်ဗြဟ္မာ့ပြည်တွေဟာ စိတ်ကူးထဲမှာပဲ ရှိတာပါ။ ဒါကြောင့် ဒီလို ယူရတာပါ”

ဆက်လက်ဖော်ပြသွားပါမည်.....
ဇာတ်လမ်းက အခုမှ စတာ..:) :)


ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင်

4

ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင်
ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေ၊ 
အကောင်းဆုံး အသိဥာဏ်တွေ ထွက်လာဖို့ဆိုရင်
ကိုယ့်စိတ်ကို ကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ 
အခြေခံ အဓိက လုပ်ရမယ့်အလုပ်ဖြစ်တယ်။


ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ လူသားရဲ့ အင်မတန်ထူးခြားတဲ့ အရည်အသွေးတစ်မျိုးဖြစ်တယ်။ တိရစ္ဆာန်တွေမှာ အဲဒီ စွမ်းရည်မျိုး မရှိဘူး။ တကယ်အမှန်ပြောရမယ်ဆိုရင် ကိုယ်စိတ်ကို ကိုယ်သိတာ လူသားရဲ့ အမြင့်မြတ်ဆုံးစွမ်းရည် ဖြစ်တယ်လို့ ပြောလို့ရတယ်။

ကိုယ့်စိတ်ကိုကိုယ် သိတယ်ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေ ထွက်လာဖို့ အဓိက အကြောင်းဖြစ်တယ်။ ဒီတစ်ခုကို မလုပ်လို့ရှိရင် ဒီထက်ကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး။ ကိုယ်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ၊ အကောင်းဆုံးအသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ်စိတ်ကိုကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမယ့်အလုပ်ဖြစ်တယ်။

ဒါကြောင့် အချိန်ရသလောက် သတိရတိုင်း ကိုယ့်စိတ်ကိုကိုယ်ကြည့်ပြီးတော့ ဘာတွေ တွေးနေလဲ၊ ဘာတွေ ခံစားနေသလဲ၊ ခုလုပ်နေတာ၊ ပြောနေတာတွေဟာ ဘာကို တန်ဖိုးထားပြီး လုပ်နေတာလဲ၊ ပြောနေတာလဲဆိုတာကို မကြာမကြာ ဆန်းစစ်ရမယ်။

ဘက်လိုက်တာ မပါပဲနဲ့ ကိုယ့်ကိုကိုယ် ရိုးရိုးသားသား ကြည့်ပြီးတော့ အမှန်အတိုင်း သိနိုင်တယ်ဆိုတဲ့ ဒီအလုပ် ဒီအရည်အချင်းက တကယ်စစ်မှန်တဲ့စေတနာနဲ့ လူတွေ အပေါ်မှာ ဆက်ဆံဖို့ လိုအပ်တဲ့အရည်အချင်းဖြစ်တယ်။

ကိုယ်စိတ်ကို ရိုးရိုးသားသားမှ မကြည့်နိုင်ရင်၊ ကိုယ့်ကိုယ်ကို ညာပြီဆိုရင် သူများကိုလည်း ညာမယ်ဆိုတာ သေချာသလောက် ဖြစ်နေပြီ။

ဆရာတော်ဦးဇောတိက (ဘာကိုတန်ဖိုးထားရမလဲ)စာအုပ်မှ ကူးယူဖော်ပြပါသည်။

 
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

သဒ္ဓါတရားရှိသူ၊ ဟုတ်မဟုတ်

2

လူတစ်ဦးတစ်ယောက် ကို ထိုသူကား သဒ္ဓါတရားရှိသူ၊ ထိုသူသည် သဒ္ဓါတရားကင်းမဲ့သူ ဟုတ်မဟုတ်၊ ဘယ်လို ပေတံဖြင့် တိုင်းကြည့်ရမည်နည်း သဒ္ဓါတရားရှိသောသူတို့သည် ရပ်ရွာ သာမှုနာမှုများ၊ တံတားခင်း၊ လမ်းပြင်စသော အများနှင့်သက်ဆိုင်သည့် လုပ်ငန်းများတွင် စိတ်အား တက်ကြွစွာ ပါဝင်လုပ်ဆောင်လေ့ရှိ၏၊ ကျောင်ကန်ဘုရား နှင့်ပတ်သက်သည့် တံမြက်လှည်း၊ ရေလောင်း၊သန့်ရှင်းရေး လုပ်ငန်းများ တွင်လည်း သဒ္ဓါတရား လက်ကိုင်ထားပြီး ပါဝင်လုပ်ဆောင်လေ့ရှိကြပါတယ်။ ထို့ပြင် ဒါနကောင်းမှုကိုလည်း ၀မ်းမြောက်ဝမ်းသာ ပြုလုပ်လေ့ရှိကြတယ်။ ၀န်တို မစ္ဆရိယ အညစ်အကြေး ကင်းရှင်းပြီး သန့်စင် ဆေးကြောပြီး သောလက်ရှိသူကဲ့သို့ ပေးလှူဖို့ရန် လက်ကို အသင့်ပြင်ထားသည်။
ဘုရားရှင်လက်ထက်တော်က ကာဏမာတာ (ကာဏာ၏ အမေ)ခေါ်သော သောတပန် အမျိုးသမီး တစ်ဦးရှိ၏။ ၄င်း၏သမီး ကာဏာသည်  အရပ်ဝေးတွင် အိမ်ထောင်ကျပြီး မိခင်အိမ်သို့ အလည်ပြန်လာပါတယ်။ အဲဒီနောက်ခင်ပွန်းဖြစ်သူက ပြန်ခေါ်သဖြင့် ပြန်မည်ပြုသောအခါ မိခင်ကြီးက လက်ဆောင်အလိုငှာ သွားရေစာမုန့်များ ပြုလုပ် ထည်ပေးလိုက်ရန် စီစဉ်၏။ မုန့်များ လုပ်ပြီးသောအခါ ရဟန်းတော်များဆွမ်းရပ်လာသဖြင့် လောင်းလှူလိုက်လေ၏။ ထိုရဟန်းတော်က သတင်းပေးသဖြင့် အခြားရဟန်းများလည်း ထိုအိမ်ကို ဆွမ်းလာရပ်ကြရာ ရပ်သမျှ ရဟန်းတော်များကို လောင်းလှူ လိုက်ရသဖြင့် လုပ်ပြီးမုန့်များ ကုန်သွားလေတယ်။

ဒုတိယအကြိမ်၊ တတိယအကြိမ် ခေါ်ပြန်သဖြင့် ပြန်ရန် စီစဉ်သောအခါတွင်လည်း ထည့်ပေးရန်ပြုလုပ်ထားသော မုန့်များကို ကြွလာသမျှ ရဟန်းတော်များကို လောင်းလှူရသဖြင့် မုန့်များ ကုန်သွားပြီး မပြန်ဖြစ်တော့ရကာ လင်ယောက်ျား၏ စွန့်ပစ်ခြင်းကိုခံရလေသည်။

သောတာပန်တို့သည် မစ္ဆရိယ အညစ်အကြေး ကင်းရှင်းပြီး သဒ္ဓါတရား ထက်သန်နေသဖြင့် လှူဖွယ် ၀တ္ထုပစည်းရှိခိုက် အလှူခံပုဂိုလ်ကြွလာသည် ဆိုလျှင် မလှူဘဲ မနေနိုင်ကြပေ။ထိုအပြင် သဒ္ဓါတရား ရှိသူတို့သည် မျက်နှာအဆင်းမှာ အမြဲကြည်လင်ရွှင်ပျလျက်ရှိပြီး ၊ စဉ်းလဲကောက်ကျစ်မှုမရှိ၊ လိမ်လည်လှည့်ပတ်မှု မာယာလည်းမရှိ၊၊ ကြည်ညိုဖွယ်ကောင်းသည့် အရာ တို့တွင်ကြည်ညိုတတ်သည်။
ဖော်ပြပါ အကျင့်စရိုက်များ၊ စိတ်နေစိတ်ထားများကို ကြည့်ရှုအကဲခတ်ပြီး သဒ္ဓါတရားရှိသူ ဟုတ်မဟုတ် ဆုံးဖြတ်ရပေမည်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မေတ္တာစက်ကွင်း

3

အထက်မြက်ဆုံးပီယဆေး

မျက်နှာမြင်လျှင် ချစ်ခင်စေသော အကောင်းဆုံးသော ပီယဆေး မှာ မေတ္တာပင်ဖြစ်သည်။ လူရောနတ်ရော တိရစ္ဆာန်များပါ ချစ်ခင်လေးစားပြီး ဘေးရန် မပြုနိုင်သော အထက်မြက်ဆုံးသော အဆောင်နှင့် အရံအတားသည်လည်း မေတ္တာပင်ဖြစ်လေသည်။

ုမြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီတို့အား တရားဦးဟောကြားရန် မိဂဒါဝုန်တောသို့ ကြွလာတော်မူသောအခါ ပဉ္စ၀ဂ္ဂီတို့က...

ငါ့ရှင်တို့...ကမ္မဌာန်းအလုပ်မှ လျှောကျခဲ့တဲ့ ရဟန်းကြီး ဂေါတမသည် ဟိုရှေ့မှာ လာနေပြီ၊ ရဟန်းဂေါတမသည် ပစ္စည်းလေးပါး ပေါများရန် ကျင့်ကြံသူဖြစ်၏။ ထိုရဟန်းအား ငါတို့ ခရီးဦးမကြိုကြစတမ်း၊ ရှိမခိုးကြစတမ်း ဟု ကတိက၀တ်ပြုကြ၏။

သူတို့၏ စိတ်ဖြစ်ပုံကို မြတ်စွာဘုရားက သိတော်မူသဖြင့် သူတို့ထံ သို့ သြဓိသမေတ္တာကို ပွားပို့ တော်မူလေတယ်။ ထိုအခါ ပဉ္စ၀ဂ္ဂီတို့သည် မူလကတိ က၀တ်၌ မတည်နိုင်ကြတော့ဘဲ ဘုရားရှင်အား ပျာပျာသလဲ ခရီးဦး ကြိုဆိုကြ၊ ခြေဆေးပေးကြ၊ နေရာထိုင်ခင်း ပေးကြလေတော့၏။

သံလိုက်တုံးတစ်ခုတွင် ယင်း သံလိုက်အား သက်ရောက်နိုင်သော နယ်ပယ်ကို သံလိုက်စက်ကွင်းဟု ခေါ်၏။ ထိုသံလိုက်စက်ကွင်းအတွင်း၌ ရှိသော သံမှိုသံစ သံလိုက်အိမ်မြှောင်စသည်တို့ကို ထိုသံလိုက်တုံးသည် ဆွဲငင်လှည့်ပတ်နိုင်စွမ်းရှိ၏။ သံလိုက်တုံးနှင့် နီးကပ်လေ လေ သံလိုက်၏ ဆွဲငင်အားမှာလည်း ကြီးမားသိသာလေဖြစ်၏။

ကမ္ဘာမြေကြီး၏ ပတ်ဝန်းကျင်၌လည်း ဒြပ်ထုဆွဲငင်အား နယ်ပယ်ရှိ၏။ ထိုဆွဲအားနယ်အတွင်းရှိ ဒြပ်ဝတ္ထုအားလုံးကို ကမ္ဘာမြေကြီးက ဆွဲငင်ထား၏။ ကမ္ဘာမျက်နှာပြင်နှင့် နီးကပ်လေလေ ဆွဲငင်အားမှာလည်း ကြီးမားလေလေဖြစ်၏။

ထိုအတူ မေတ္တာပွားပို့နေကြသည့် သူတော်သူမြတ်တစ်ဦးစီ၌လည်း သူ၏ မေတ္တာဓာတ် ပျံ့နှံ့ရာ မေတ္တာစက်ကွင်းသည်ရှိ၏။ ထိုမေတ္တာစက်ကွင်းအတွင်း ရှိကြကုန်သော သတ္တ၀ါများသည် မေတ္တာ ပွား ပို့ နေသူအား ချစ်ခင်မြတ်နိုးကြသည့်အပြင် မိမိတို့အချင်းချင်းသည်လည်း ထူးခြားစွာမေတ္တာသက်ဝင် လာကြသည်ကို တွေ့မြင်ရ၏။

ဒေါက်တာမင်းတင်မွန်(မေတ္တာနှင့် သစ္စာအဖွင့် မှ ကောက်နှုတ်တင်ပြပါသည်။)

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers