ဆံပင်တစ်ပင်ဖြူ၍ လူဝတ်ကြောင်ကို စွန့်သော မဃဒေ၀ဇာတ်တော်
ဝိဒေဟတိုင်း မိထိလာပြည်မှာ မင်းဖြစ်လာတဲ့ မဃဒေ၀သည့် တရားစောင့်တဲ့မင်းဖြစ်ပါတယ်။ တရားသဖြင့်မင်းပြုသူပေါ့။ အဲဒီအချိန်တုန်းက လူတို့ရဲ့သက်တမ်းက အလွန်ရှည်ပါတယ်။ မဃဒေ၀ဟာ မင်းသားအဖြစ် နှစ်ပေါင်း ရှစ်သောင်းလေးထောင် ၊အိမ်ရှေ့မင်းအဖြစ်လည်း ရှစ်သောင်းလေးထောင် ပျော်ပျော်ရွှင်ရွင်နေထိုင်ခဲ့ပါတယ်။ မင်းဖြစ်ပြီးနောက်ပိုင်းမှာလည်း နှစ်ပေါင်းရှစ်သောင်လေးထောင် ကြာအောင် မင်းစည်းစိမ်ကိုလည်း ခံစားနေတုန်းပဲရှိပါသေးသတဲ့။
အဲသည်လိုနေတုန်းမှာ သတိရလို့ ဆတ္တာသည်ကို ခေါ်လိုက်ပါတယ်။ ပြီးတဲ့နောက် ဆတ္တာသည်ကို ခေါ်ပြီး ငါ့ဦးခေါင်းမှာ ဆံပင်တစ်ပင်ဖြူတာကို တွေ့တာနဲ့ ငါ့ကို ချက်ချင်းပြောပြပါလို့ အမိန့်ပေးတဲ့ စကားပြောပါတယ်။
အဲသည်လိုနဲ့ တစ်နေ့မှာ ဆတ္တာသည်ဟာ မင်းရဲ့ဆံပင်ကို ပြုပြင်ရာမှာ ဆံပင်ဖြူ တစ်ချောင်းကိုတွေ့ပါတယ်။ မင်းက အမိန့်ပေးထားတဲ့ အတိုင်း အရှင်မင်းကြီး ဆံပင်ဖြူတစ်ပင်ကို တွေ့ရပါတယ် လို့ လျောက်ထားလိုက်ပါတယ်။ မင်းကြီးက အချင်း ထို ဆံပင်ဖြူကို နုတ်ပြီး ငါ့လက်ထဲ ထည့်လိုက်စမ်းပါ လို့ ပြောတဲ့အခါ ဆတ္တာသည်က နုတ်ယူပြီး မင်းကြီး ရဲ့လက်ဝါးပြင်ပေါ်ကို တင်လိုက်ပါတယ်။ အဲဒီ အချိန်မှာ မာဃဒေ၀ မင်းအနေနဲ့ သက်တမ်းပြည့်ဖို့က ရှစ်သောင်းလေးထောင် ကျန်ပါသေးတယ်။ ဒါပေမဲ့ လက်ဖ၀ါးပေါ်ကျလာတဲ့ ဆံပင်ဖြူကို မြင်လိုက်တာနဲ့ မင်းကြီးမှာ ထိတ်လန့်ခြင်း ပြင်းထန်စွာ ဖြစ်ပါသတဲ့။ သေမင်းဟာ သူ့အနီးမှာလာပြီး ရပ်နေသလို ထင်မြင်မိပါသတဲ့။ မီးလောင်နေတဲ့ သက်ငယ်တဲထဲမှာ လှောင်ပိတ်မိနေသလို ခံစားရပါသတဲ့။ မိမိကိုယ်ကိုလည်း အပြစ်တင်ကာ ဆုံးမပါသတဲ့။ အချင်း မာဃဒေ၀ အသင်ဟာ မိုက်မဲ့ပေစွ။ ဆံဖြူတဲ့တိုင်အောင် လူ့ဘ၀ရဲ့ အပျော်အပါးတွေကို မစွန့်နိုင်သေးပါတကားလို့ ဆုံးမစကားတွေကို စိတ်ထဲက ပြောရင်း မင်းရဲ့ကိုယ်က ပူလောင်လာပါသတဲ့။ ချွေးတွေ ကျလာပါသတဲ့။ ကိုယ်မှာဝတ်ထားတဲ့ လူဝတ်ကြောင်တို့ရဲ့ အ၀တ်ကို ချွတ်ပစ်ရတော့မလို ခံစားလာရပါသတဲ့။
ငါဟာ လူဝတ်ကြောင်ကိုစွန့်ပြီး ရသေ့ရဟန်းများလို ဖန်ရည်စွန်းသော သင်္ကန်းကိုဝတ်ကာ နေသင့်ပြီလို့တွေးတောကာ ဆတ္တာသည်ကို ရွာကြီးတစ်ရွာပေးခဲ့ပါသတဲ့။ သားကြီးကို ထီးနန်းစည်းစိမ် လွဲပြောင်းပေးအပ်ခဲပါတယ်။ သရက်ဥယျာဉ်ကိုထွက်ပြီး ရသေ့တစ်ပါးအဖြစ် တရားအားထုတ်တော့မဲ့ဆဲ ဆဲ မှူးကြီး မတ်ရာတို့က ဘယ်လိုအကြောင်းကြောင့်တော့မှီရဟန်းအဖြစ် တရားအားထုတ်ရပါသလဲလို့ မေးမြန်းကြတဲ့အခါ လက်ဝါးပေါ်က ဆံပင်ဖြူတစ်ချောင်းကို ပြတော်မူပါသတဲ့။ ပြီးတော့ ငါ့ဟာ သက်တမ်းလေးပုံသုံးပုံတောင်မှ လူ့ဘုံမှာ ပျော်ခဲ့တယ်။ ငါ့မှာ ဆံဖြူပေါက်လာတာကတော့ နတ်တို့က ငါ့ကို လူဘုံကိုစွန့်ခွာလော့။ ရသေ့တို့ဝတ်တဲ့ ဆံကျစ်နဲ့ ရသေ့တို့ရဲ့ သင်္ကန်းကိုဝတ်ပြီး တ၇ားရှာဖို့ အချိန်တန်ပြီလို့ သတိပေးလမ်းညွန်တာပဲဖြစ်တယ် လို့ဆိုပါတယ်။ ခုခေတ်မှာ ဆံပင်ဖြူကို သေမင်းအလှံဆိုက်တယ်လို့ ပြောကြတယ်နော်။ မဃဒေ၀မင်းက တော့ နတ်တို့လွတ်တဲ့ တမန်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလိုမိန့်ဆိုကာ တောထွက်သွားတဲ့ မဃဒေ၀မင်းကြီး ဟာ ဖန်ရည်စွန်းတဲ့ အ၀တ်ကို ၀တ်ပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မဆိုတရားလေးပါးနဲ့အညီ နှစ်ပေါင်းရှစ်သောင်းလေးထောင် ဆက်ပြီးနေသွားပါတယ်။ သက်တမ်းကုန်တဲ့အခါ ဗြဟ္မာပြည်သို့ ရောက်သွားပါသတဲ့။
ကျမတို့တွေကတော့....လက်တကမ်းမှာ ရှိနေတဲ့ သေခြင်းအကြောင်းတရားကို မြင်ဖို့ မျက်စိမပါသလို ဆံပင်ဖြူလေးတစ်ချောင်း နဲ့ သံဝေဂတရားရသွားတဲ့ မာဃဒေ၀ မင်းကြီးနဲ့တော့ တော်တော်လေးကို ကွာခြားနေသေးတာ ဒီဇာတ်တော်ဖတ်ပြီး သိရပါတယ်။ ဆံပင်ဖြူလေး တစ်ချောင်း ထိုးထိုးထောင်ထောင်စ လာပြီဆိုရင်...ဆံပွင့်တာလေ...ငယ်သေးတယ်...ဖြူတာဟုတ်ဘူး။ ဆံပင်ခွဲကြောင်းကနေ ဟော ၂ချောင်း၊ ၃ချောင်းက တစ်ခေါင်းလုံးဖြူသည်အထိ အနီလေးနဲ့ဖြေ၊ အနက်လေးနဲ့ဖြေ ကာလာတွေတင်ပါလို့။ လှည့်ပတ်ပြီး စိတ်ဖြေကြတယ်နော်။ သူငယ်ချင်းက ဟဲ့ ဆံပင်ဖြူတော့...နှုတ်မယ်လက်ပြင် တော့ မနှုတ်နဲ့ သွေးပြန့်သွားရင် ပိုဖြူတယ်တဲ့။ မာဃဒေ၀မင်းကြီးကတော့ ဆံပင်ဖြူကိုတွေ့တော့ သေမင်းဟာ သူ့အနီးမှာလာပြီး ရပ်နေသလို ထင်မြင်မိ ပါသတဲ့။ ကျမတို့တွေ ဘယ်လောက်များ ထူပိန်းတဲ့ စိတ်ဖြစ်နေသလဲဆိုတာ သိသာလှပါတယ်။သတင်းစာထဲမှာရော အပြင်မှာပါ ခင်မင်သူတွေ ချစ်ခင်သူတွေ ကိုယ်နဲ့ခွဲသွားတာကို အသိတရား သံဝေဂတရားယူသင့်နေပါပြီ။ အချိန်မလင့်ခင် ဒါန၊ သီလ၊ ဘာဝနာ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ကျိုးစားအားထုတ်ဖို့ လိုပြီဆိုတာကို ဒီဇာတ်တော်လေးက သတိပေးနေပါပြီ။
ညခင်း
ဟုတ်ပါရဲ့ညခင်းရယ်
ကျွတ်ချင်သူများကျတော့လည်း
ဆံပင်ဖြူတစ်ချောင်းမြင်ပြီး
အကျွတ်တရားရသွားတယ်နော်။
မကျွတ်ချင်တဲ့သူများကျတော့လည်း
ခေါင်းပေါ်ကဆံပင် "ကြာဇံ" ဖြစ်နေတာတောင်
အကျွတ်တရားရမယ်မထင်ပါဘူးရှင်။
(ကိုယ်ဘယ်သွားသွားကိုယ့်နောက်ပါမယ့်
ဒါန၊သီလ၊ဘာဝနာတွေကိုတတ်နိုင်သမျှ
စုဆောင်းသွားဖို့ ကြိုးစားနေပါတယ်..။)
ချစ်ခင်စွာဖြင့်
ရန်ကုန်သူ
ကျေးဇူးပါ အပေါ်က မမပြောသလိုပဲ တွေးမိတယ် :)
ညခင်းရေဘုန်း၂ကဒီဇာတ်တော်ကိုပထမကြီတန်းတုန်ကသင်ရကတဲကသဘောကျနေတာအရမ်းကောင်းတဲ့ဇာတ်တော်ဘဲ..မန်လည်ဆရာတော်ဘုရားကြီးလဲဒီနေမိမင်းဇာတ်ကို..ကိုရင်ဘဝထဲကသဘောကျလို...မဃဒေဝဆိုတဲ့စာအုပ်ကြီးကိုထုပ်ခဲ့တာပါတော်တော်လေသံဝေဂယူဘိုကောင်းတဲ့ဇာတ်တော်ပါ..ဆက်လက်ဖြန့်ဝေနိုင်ပါစေ...
ရွှေဝန်းရတနာ..ရွှင်လန်းချမ်းမြေ့ ပါစေ...
ဖြူတာကြာပေါ့ ညခင်းရေ...
ဖြူခါနီးနေပြီ...
လောဘတွေကတော့များနေဆဲပါ
ဘုန်းဘုန်း...ရွှေဝန်းရတနာ ကြွလာပေးတာ ကျေးဇူးပါ...ဦးချကန်တော့ပါတယ်။ စာလာဖတ်ကြတဲ့ ဓမ္မမိတ်ဆွေများလည်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ လို့ ဆုတောင်းပေးပါတယ်။
ရိုသေခင်မင်စွာဖြင့် ညခင်း