မိန်းမမျက်စိ

0

ယဉ်ကျေးမူရာ ပျူငှာဟန်ကြောင့်

မယ့်အား ချစ်ခွင့် မပန်စေလိုပါ။

စက္ခုအစုံ ရူပါရုံညွတ်သောကြောင့်

မယ့်အား မဆွတ်စေလိုပါ။

မယ့်ပတ်ဝန်းကျင် အထင်ကြီးသောကြောင့်

ဇနီးကြင်ရာ မရွယ်စေလိုပါ။

နှလုံးသားတွင် ရိုးသားဖြူစင်သောကြောင့်

မယ့်အား မခင်တွယ်စေလိုပါ။

ထိုအရာများသည်…..

ရိုးအီသွားတတ် ပြောင်းလဲတတ်သည်။

အချစ်ပြတ်စဲ ကွဲကွာတတ်သည်။

သို့အတွက်…..

မိန်းမမျက်စိ ရှိတတ်ပါစေ

ဘာကြောင့်မသိ ချစ်မိသည့်ဓလေ့။

ဘယ်ရွှေ့ မသိ ချစ်မိမှသာ

တစ်မိဆို တစ်မယ် တစ်သက်လုံးတွယ်တာမှာ။


ဒီကဗျာလေးကတော့ ကြံကြံဖန်ဖန် ရှာဖွေတွေ့ ရှိတဲ့ ကဗျာလေးပါဘဲ။ ရေးသူလည်း အမည်မသိပါ။ အမျိုးသမီးတစ်ဦးက သူ့ရဲ့ အမျိုးသားကိုပြောဆိုလိုဟန်နဲ့ရေးသားထားပါတယ်။ကျွန်မကိုယဉ်ကျေးဖွယ်ရာတွေ့မြင်ခြင်းကြောင့်မချစ်ပါလေနဲ့တဲ့။ အမျိုးသမီးတစ်ဦးက သူ့ရဲ့ အမျိုးသားကိုပြောဆိုလိုဟန်နဲ့ရေးသား ထားပါတယ်။ကျွန်မကိုယဉ်ကျေးဖွယ်ရာ တွေ့မြင်ခြင်းကြောင့်မချစ်ပါလေနဲ့တဲ့။ ဒါဖြင့် ဘာကိုချစ်ရမှာလဲ၊
ယောက်ျားတစ်ယောက်ကမိန်းမတစ်ယေက်ကို ချစ်တယ်ဆိုတာချောလို့ချစ်တယ်၊ လှလို့ချစ်တယ်။တောင့်လို့ ချစ်တယ်၊ဖြောင့်လို့ချစ်တယ်၊ယဉ်ကျေးမှုရာရှိလို့ချစ်တယ်၊ပိုက်ဆံပေါလို့ချစ်တယ်၊ဂုဏ်ရှိလို့ချစ်တယ်၊ဘာလို့ချစ်တယ်၊ညာ လို့ချစ်တယ်ရယ်လို့ အကြောင်းတစ်ခု မဟုတ်တစ်ခုရှာလို့ရှိရစမြဲပါ။ဒါပေမဲ့ မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို ချစ်မိပြီဆိုရင်တော့ သူ့ဟာသူ ဘာကြောင့်ဒီယောကျာ်းကိုချစ်မိတယ်ဆိုတာကျေနပ်လောက်တဲ့အဖြေကို မပေးတတ်အောင် ဖြစ်နေတယ်။
သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ရုပ်ကတော့ဆိုးသလားမမေးနဲ့၊ မင်းကုသက အဘခေါ်ရမယ်၊ ပျင်းသလားဆိုတော့ ဘာအလုပ်မှလက်ကြောတင်းအောင်မလုပ်ဘူး၊အရက်ကိုမိုးမလင်းသောက်တယ်။မိန်းမလုပ်စာနဲ့လဲထိုင်စားနေသေးတယ်။အရက်ဖိုးမရရင်လဲ ဂျစ်တိုက်တတ်သေးတယ်။စကားကလဲ အပေါ်စီးကမာရေကြောရေပြောသေးတယ်။သူ့မိန်းမက ရုပ်ရည်မှာလဲ သူနဲ့ အပြတ်အသတ်ကွာတယ်။ချောလိုက်တဲ့မိန်းမ၊သိမ်မွေ့လိုက်တဲ့မိန်းမ၊သူ့ယောကျာ်းကို ချစ်လိုက်တာမှတုန်နေတာဘဲ။ ကြောက်လိုက်ရတာလဲ ငပိဆိုဖုတ်ပြီးသားပါဘုရားဘဲ၊ လောကမှာ ယောကျာ်းရှားသမို့လား၊ဒီငနာကို ဘာကြောင့်များ ဒီလောက်ချစ်ကြောက်ရိုသေနေရသလဲဆိုတာ စဉ်းစားလို့ကို မရဘူး၊ ချစ်တာဟာ ချစ်တာပဲကိုးလို့ ပြောရှာတယ်။ မိန်းမတွေ စိတ်ဟာ ဆန်းကြယ်တယ်။ သူတို့စိတ်ကိုသူတိုကိုယ်တိုင်လဲ နားမလည်းဘူး။
အဲဒီမှာ မိန်းမအချစ်ဟာ ယောကျာ်းထက်ပိုပြီး ခိုင်မြဲတော့တာပဲ၊ဘာကြောင့်ချစ်တယ်ဆိုတာ မသိတော့ ဘာလို့မုန်းရမှာလဲပေါ့၊ အဲဒါကို စံနမူနာယုပြီး မိန်းမတစ်ယောက်က သူ့ကို ချစ်ရင် မိန်းမတစ်ယောက်ရဲ့ အချစ်မျိုးနဲ့ချစ်ပါ။ မိန်းမချစ် ချစ်တာဟာ ဖြေဆေးကို မရှိလို့ ဒီအချစ်မျိုးကို ပိုပြီးစွဲမြဲပါတယ်လို့ ကဗျာရှင်က စာဖွဲ့လို့ တင်ထားခြင်းဖြစ်ပါတယ်။

သီးသန့်ဖိုင်

2

ပန်းနုရောင် ဒိုင်ယာရီထဲ

စာမျက်နှာတွေ တစ်ရွက်ပြီး တစ်ရွက်…။

တဖြည်းဖြည်း ကျစ်လျစ်စွာ

အထပ်ထပ် အနည် ကျလာသော သံယောဇဉ်

ဒီဒိုင်ယာရီ တစ်အုပ်က လွဲရင်

သက်သေ ပြစရာရယ် မရှိဘူး၊

ဒီဒိုင်ယာရီထဲမှာ…………..

တွေ့ခွင့် ရသော ရက်စွဲမျာ။

နေရာနှင့် အချိန်များ

စနစ်တကျ…

ပြီးတော့

စကားလုံးလေးတွေ ဟောင်းနွမ်းလွန်းပေမဲ့

ပြောချင်တဲ့ စကား တစ်ခွန်းကိုလည်း

အဲဒီ ဒိုင်ယာရီထဲမှာ

သိမ်း…ဆည်း…ထား။

ဒါ သူ့အတွက်

(အထူးသဖြင့်)

အချစ်ကို မယုံသူ **သူ**အတွက်။


ညခင်းရဲ့မြေလတ်ဒေသ ဘုရားဖူးခရီးစဉ်အပိုင်း(၂)။

0

အပိုင်း(၂)

ဒုတိယနေ့ခရီးစဉ်အဖြစ်…ပထမဆုံးမင်းဘူး စကုတံတားကို ဖြတ်၍ စကုနဲ့၁၀မိုင် ဝေးတဲ့ စန္ဒကူးနံ့သာကျောင်းတော်ရာသို့ရောက်ရှိပြီး ယခုလို သိရှိခဲ့ရပါတယ်… မြတ်စွာဘုရားသည် စန္ဒကူးနံ့သာကျောင်းတော် (ယခုကျောင်းတော်ရာဘုရား)၌ရဟန္တာငါးရာနှင့် (၇)ရက်သီတင်းသုံးလျှက် သတ္တ၀ါတို့အား တရားဟော ချွေချွတ်၍ ပြန်အကြွတွင်မှ မန်းချောင်းဝဲယာ၌ခြေတော်ရာ နှစ်ဆူ (ယခုရွှေစက်တော်ဘုရား) ချထားတော်မူ၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။
ထို့ကြောင့် ရွှေစက်တော်အစ ကျောင်းတော်ရာက၊ စက်တော်ရာရောက်လျှင် ကျောင်းတော်ရာရောက်မှ သမိုင်းစုံ၍
အကျိုးထူးမည်) ဟူသော သမိုင်းဆောင်ပုဒ် တွင်နေခြင်းဖြစ်သည်။မြတ်စွာဘုရားသည် ခရီးတစ်ကြောင်းတည်းဖြင့်နှစ်ဌာန ကြွရောက်ရာနေရာများ ဖြစ်သောကြောင့် ဘုရားဖူးများသည်လည်း တစ်ဆက်တည်း အကျိုးထူးရရှိစေရန်
ကျောင်းတော်ရာဘုရားသို့ အရောက်ဖူးသင့်ကြောင်းသိရှိရပါသည်။ ထိုနောက် စက္ကန်တိန်းဘုရား ဖူးမြော်ပါတယ်
အဲနောက်…ဆက်လက်ထွက်ခွာခဲ့ရာမန်းရေနံမြေ ရှိ ရေနံတွင်းများ၊ လမ်းဘေးဝဲယာတွင် နေကြာစိုက်ခင်းများ
၊ ကြက်သွန်စိုက်ခင်းများ၊ စပါးစိုက်ခင်းများ၊ စပါးစိုက်ဖို့ရာ လယ်ယာပျိုးကြဲနေပုံတို့ကို ပန်ချီကားတစ်ချပ်သဖွယ်
တွေ့ခဲ့ရပါတယ်…အဲဒီနောက်မင်းဘူးမြို့ ရှိ နဂါးပွက်တောင်ကို လည်းသွား ရောက်ခဲ့ပါတယ်... နေ့လည်စာစားပြီးတဲ့နောက်မကွေးတံတားကိုဖြတ်၍ မကွေးမြသလွန်ဘုရားကြီးအား သွားရောက်ဖူး မျှော်ခဲ့ပါသေးတယ်…မကွေးတံတားကြီး၊့ဧရာဝတီမြစ်ကြီးတို့ ရဲ့ အလှကို မြသလွန်ဘုရားကြီးကို ဖူးမျှော်ရင်း လွမ်းမောဖွယ်တွေ့ ရှိခဲ့ရပါတယ်…အဲဒီနောက်ပြည်မြို့သို ဆက်လက်ထွက်ခွာခဲ့ပြီး … တညတာ ပြည်ရွှေဆံတော် ဘုရားကြီးအနီး ဘုန်းတော်ြ့ကီးကျောင်း၌ တည်းခို၍ရွှေဆံတော်ဘုရားအားဖူးမြော်ခဲ့ပါတယ်..

တတိယနေ့ ခရီးစဉ်အဖြစ်…ပြည်မြို့ မှ ၁၈/၂/၂၀၀၈ မနက် ၆း၂၀ မှာ ထွက်ခွာခဲ့ပါတယ်…ရွှေတောင်မြို့ နှင့် ၄မိုင် အကွာမှာရှိတဲ့ ရွှေနတ်တောင်စေတီ…(လူနတ်နှစ်လီ၊ တစ်ရစ်ဆီ စေတီရွှေနတ်တောင်) ဟုသိခဲ့ရပါတယ်…အဲဒီနောက် ရွှေမျက်မှန်ဘုရားကြီး၊ပြည်မြို့ တဖက်ကမ်းရှိ ရွှေဘုံသာမုနိ ဘုရားကြီးအားဖူးမျှော်ပြီးတဲ့ နောက်မှာ တော့ ဘုရားဖူးခရီးစဉ်ပြီးဆုံးလို့ကျွန်မတို့ မြို့ လေးရှိရာဆီသို ပြန်လည်ထွက်ခွာခဲ့ပါတယ်…

ဒီခရီးစဉ်လေးဟာ ဖြင့် ကျွန်မညခင်းရဲ့ ၂၀၀၈ ခုနှစ်ရဲ့ အမှတ်တရ ဘုရားဖူးခရီးစဉ်လေးပါ…

ဒီခရီးကို သွားခြင်းဖြင့် ရရှိတဲ့ အကျိုးကျေးဇူးကတော့…မြတ်စွာဘုရားအားကြည်ညို ပူဇော်ရသော ကုသိုလ်ကံ စေတနာ၊ဒါနကုသိုလ်၊ ဆောက်တည်ရသော သီလ ကုသိုလ်၊များကို ရရှိပြီး…ပွားများသင့်တဲ့ဘာဝနာကုသိုလ် ရရှိအောင်…သူငယ်ချင်းမိတ်ဆွေ များအား…ညခင်းနဲ့ အတူထပ်တူထပ် မျှ ရရှိခံစားရ အောင်မျှဝေ လိုက်ခြင်းဖြစ်ပါတယ်…။


ညခင်းရဲ့မြေလတ်ဒေသ ဘုရားဖူးခရီးစဉ်မှတ်တမ်းအပိုင်း(၁)

0

အပိုင်း(၁)

မြေလတ်ဒေသဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူးခရိုင် ၊ စကုမြိုနယ် အနောက်ဘက်ပိုင်းမှာ ရှိတဲ့ ရွေစက်တော်ဘုရားဖူးမျှော် ရန်စိတ် ဆန္ဒရှိခဲ့တာ ကြာပါပြီ၊ ဒီနှစ်မှာတော့သွားဖြစ်အောင်သွားမယ်လို့ စိတ်ကူးရင်း၊ ကျွန်မတို့ မြို့ မှထွက်မည့် ဘုရားဖူးယာဉ်အား စုံစမ်းလိုက်တဲ့ အခါ..ကျွန်မ အဆင်ပြေပြေလိုက်နိုင်မဲ့ နေ့ကိုထွက်ခွာမှာကို သိရပါတယ်…အဲဒါနဲ့ ကျွန်မနှင့် အလုပ်တူ အစ်မအား တိုင်ပင်ရင်း လက်မှတ်ဖြတ်ခဲ့ပါတယ်.. ဒီင်္ ခရီးစဉ် သွားတဲ့အခါ အနှောက်အယှက်ကင်းကင်း အစစ အဆင်ပြေပါစေကြောင်ုးတောင်းရင်း အလုပ်ကိုလည်းပြီးပြတ်အောင် လုပ်ရပါသေးတယ်…အဲလိုနဲ့ …ဘုရားဖူး စတင်ထွက်ခွာမဲ့ ၁၅/၂/၂၀၀၈ နေ့ကို ရောက်ရှိလာခဲ့ပါတယ်၊ ညနေ ၇း၀၀ မှာထွက်မှာဖြစ်လို့ ၆း၀၀ ကတဲ့က တတ်ကြွစွပြင်ဆင်းရင်း.၊ စုရပ်နေရာသို့ ထွက်ခဲ့ပါတယ်..ကျွန်မလိုဘဲ စိတ်အားထက်သန်စွာနဲ့ ခရီးစဉ်စဖို့ ဓမ္ပမိတ်ဆွေများတဖွဲဖွဲရောက်လာခဲ့ပါတယ်…လူစုံမစုံစစ်ပြီးတဲ့ အခါမှာတော့၇း၃၀ တွင် ကျွန်မတို့ ဘုရားဖူး ယာဉ်ဟာ မြို့ဦးဘုရားအား (၃)ကြိမ် ဦးခိုက်လို့ ဘုရားဖုးခရီးစဉ်ကို စတင်ခဲ့ပါတယ်…

ကားစတင်ထွက်တယ်ဆိုရင်ဘဲ…ကျွန်မနှင့် အလုပ်တူအစ်မတို့ သည် နေ့တိုင်းတွေ့ ပြီးစကားပြောနေရပေ မဲ့လည်း…ပြောမကုန်နိုင်သလို ဘဲ…စကားပြောရင်းလိုက်ပါခဲ့ရာ…့  ၉း ၃၀တွင် ရေနံသာမြို့ ကလေးသို့ ရောက်ရှိခဲ့ပါတယ်..ဒီနှစ်ဆောင်းလ ကုန်ခါနီးလေ ပို ချမ်းလေးပါဘဲ…ကားခဏ ရပ်နားတဲ့ အတွက် ရပ်နားရာဆိုင်ကလေးအတွင်းဝင်တဲ့ အချိန်မှာတော့ ဆောင်းလေအေးအေးကြောင့် မေချင်းရိုက်အောင် အချမ်းဒဏ်ကို ခံရတဲ့ အတွက် စိတ်ထဲ ကသိကအောက်ဖြစ်မိပါတယ်…အဲလိုနဲ့ နှင်းဖွေးဖွေးကြားမှာ မောင်းနှင်ခဲ့တာ ၁၆/၂/၂၀၀၈ နံနက် အာရုဏ်ကျင်းစမှာ ပင် ရွှေစက်တော်ဘုရားခြေရင်းကို ရောက်ရှိခဲ့ပါတယ်…ဘုရားဖူးယာဉ်၏ လမ်းညွန်မှ ရွှေစက်တော်ဘုရား သမိုင်း၊ တည်းခိုမည့်နေရာ စီစဉ်ထားပုံများကို အသေးစိတ်ရှင်းပြခဲ့ပါတယ်… လမ်းညွန်ရဲ ဘုရားသမိုင်းကို နားထောင်ရင်း ဘေးဝဲယာမှာ ရောက်ရှိလာသော ဘုရားများ၊ တောတောင် ရှုခင်းနဲ့ မန်းချောင်းအလှကို မြင်ရတဲ့အချိန်မှာတော့ ဒီခရီးကို ရောက်လာခဲ့ရတဲ့ ပီတိ ဟာပြောမပြနိုင်လောက်အောင်ပါဘဲဖြစ်မိပါတယ်…

ရွေစက်တော်မှာတစ်ညတာ အိပ်စက်ပြီးဘုရားဖူးမှာဖြစ်လို့ တည်းခိုခန်းငှားရပါတယ်…မန်းချောင်းဘက်ကို မျက်နှာလှည့်ကာ ၀ါးနဲ့ဆောက်လုပ်ထားတဲ့ ဘန်ဂလိုလေးများဟာ ချစ်စရာကောင်းလှပါတယ်…ဘန်ဂလိုငှားပြီးပစ္စည်းများနေရာတကျထားပြီး..တဲ့နောက် မှာတော့ အထက်စက်တော်ရာ ဘုရားအားသွားရောက်ဖူးမြော်ခဲ့ပါတယ်…ရွှေစက်တော်ဘုရားသမိုင်း နှင့် ပွဲတော်ရက်ကို သိရှိခဲ့ ရသမျှ မျှဝေရမည် ဆိုရင်ဖြင့် ပွဲတော်ရက်ကို နှစ်စဉ် တပို့တွဲလဆန်း (၅)ရက်နေ့တွင် စတင်ပြီး တန်းခူးနှစ်ဆန်း (၁)ရက်တွင်ပွဲတော် ပိတ်သိမ်းပါသည်။ ယခုလို ပွဲတော်ရက်အတွင်း မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များဟာ မြတ်စွာဘုရား၏ ခြေတော်ရာ အစစ်၂ဆူကို အားထက်သရောလာရောက်ဖူးမျှော်ကြေ့ကြာင်းသိရှိရပါတယ်…

ဘုရားသမိုင်းကတော့မြတ်စွာဘုရားသည် ၀ါ(၂၀)ကျော်တွင်…ရှေးအခေါ် သုနာပရန္တယောနက..တိုင်းသို့ ကြွမြန်းရာတွင်…ယခုအခေါ် မကွေးတိုင်း..စကုမြို့နယ်…အနောက်ပိုင်းတောတောင်ကြီးအတွင်း စီးဆင်းနေသော…နမန္တာ မည်သည့် မန်းမြစ်စဉ် ၏ထူးဆန်းသော ကမ်းနဖူးကျောက်ဖျာထက်ပေါ်တွင်…နမ္မဒါန နဂါးမင်းတောင်းပန်ခြင်းကြောင့် ***အောက်စက်တော်ရာ*** တစ်ရာ့ရှစ်ကွက် ၀ဲမြတ်ခြေတော်စက်ကို ချထားပေးးခဲ့ ပါတယ်…မြတ်စွာဘုရားသခင်သညါ အောက်စက်တော်ရာကို ချထားတော်မူပြီးနောက်…သစ္စဗန္ဒ ရဟန္တာမြတ်တောင်းပန်အပ် သဖြင့် သစ္စဗန္ဒတောင်တော် မြကျောက်ဖာ ပေါ်တွင် နောက်ထပ် ခြေတော် ၀ဲဘက်တစ်ဆူကို ချထားပေးခဲ့ပါတယ်…၄င်းအဆူမှာ***ထက်စက်တော်ရာ ဟုအမည်တွင်ကြောင်းသိရှိမှတ်သားကြည်ညိုခဲ့ပါသည်။

မနက် ၈း၃၀မှာတော့ မြတ်စွာဘုရား အထက်ခြေတော်ရာမြတ် ရှိရာ သစ္စဗန္ဒတောင်တော်သို့ သွားရောက်ခဲ့ပါတယ်…လှေကားထစ်ပေါင်း ၇၀၁ ထစ်ကို ဖြတ်ကျော်ပြီးချိန်မှာတော့ အတော်လေးမောပန်းနေပါပြီ…ဒါပေမဲ့ မြတ်စွာဘုရားရဲ့ တန်ခိုးတော်ကြောင့် ခဏတာအတွင်းပြေပြောက်ခဲ့ပါတယ်…သက်ရှိထင်ရှား မြတ်စွာဘုရား အားရည်မှတ် ပြီး ရွှေသက္ကင်္န်း၊သစ်သီးဆွမ်းကပ် ၍ ဆုတောင်းရင်း…ကျွန်မ နှင့်တူလေး လမင်းအတွက် ပုတီးများကို သိဒ္ဒိတင် ဖြစ်ခဲ့ပါတယ်…တောင်တော်ပေါ်မှ အဝေးမြင်ကွင်းကို မျှော် ကြည့်လိုက်တဲ့ အခါ…မန်းမြစ်စဉ် တသွင်းသွင်းစီးဆင်းနေပုံ တောတောင်ရှုခင်းတို့မှာ..မတန် စွတ်ပျံ့ ကြည့်နှုးဖွယ်ကောင်းလှပါတယ်…

ဈေးဆိုင်တန်းလေးများဆီက ပျံ့လွင့်လာသော သီချင်းသံလေးက လည်း*******မုဆိုးနဂါးတောင်းပန်ထား..ဘုရားရွှေစက်တော်..မြိုင်ကြီးသေလာပတ်ခါကျော်…တောင်ကြီးသေလာပတ်ခါ ကျော် သွားကြစို့ တူပျော်ပျော်**** ထိုသီချင်းသံလေးကို ကြားလိုက်ရ ယုံနဲ့ ဘုရားသမိုင်းနှင့် တောတောင်ရှုခင်းအလှကို တသက် မေ့ နိုင်တော့မယ် မထင်ပါဘူး…

အထက်စက်တော်ရာ မှပြန်လာ ပြီးတည်းခိုခန်းတွင် အနားယူ၊ နေလည်စာ စားသောက်ပြီ…ကြည်လင်အေးမြတဲ့ မန်းချောင်းရေ ချိုးဖြစ်ခဲ့ပါတယ်…ညနေခင်း မှာတော့ အောက်စက်တော်ရာ ခြေတော်မြတ်ကို… သွားရောက်ဖူးမြော်ခဲ့ပါတယ်…အပြန်လမ်းတွင်မတော့မြေလတ်ဒေသထွက်ကုန်များရောင်းချရာ…ဈေးဆိုင်တန်းများသို့ မ်းလျှောက်ဖြစ်ခဲ့ပါတယ်…မန်းစက်တော်ရာမှာ တစ်ညတာ အိပ်စက်ပြီးနောက်…၁၇/၂/၂၀၀၈ မနက် ၄း၃၀ မှာတော့ မန်းစက်တော်ရာ မှထွက်ခွာ၍ ကျန်ရှိနေသေးတဲ့ ဘုရားများအားဖူးမျှော်ရန် ဆက်လက်ထွက်ခွာခဲ့ပါတယ်…


အချစ်မှာအကြောင်းပြချက်လိုလား

0

ကောင်မလေး။ ရှင်ဘာကြောင့်ကျွန်မကိုကြိုက်တာလဲ?ရှင်ဘာကြောင့်ကျွန်မကိုချစ်တာလဲ??

ကောင်လေး။မင်းကိုကိုဘာကြောင့်ချစ်တယ်ဆိုတာအကြောင်းပြချက်မပေးပါရစေနဲ့။ဒါပေမယ့်
ကိုမင်းကိုအမှန် တကယ်ချစ်တယ်။

ကောင်မလေး။ရှင်ဘာကြောင့်ချစ်တဲ့အကြောင့်ပြချက်ကိုမပြောချင်ရတာလဲ??ကျွန်မကိုဘယ်လို
ချစ်တယ်၊ ဘယ်လောက်မြတ်နိုးတယ်ဆိုတာ ရှင်သက်သေပြလေ??

ကောင်လေး။မင်းကိုဒီအကြောင်းပြချက်မပေးနိုင်တာဆောရီးပါ.မင်းကိုချစ်တယ်ဆိုတာတော့တကယ်
အမှန်တရားပါ။

ကောင်မလေး။အမှန်တရား?ဟုတ်လား??ကျွန်မပြောတာကအကြောင်းပြချက်ပေးဖို့ပြေတာပါရှင်။
ကျွန်မသူငယ်ချင်းရဲ့ချစ်သူကရှင့်လိုမဟုတ်ဘူး.သူဘာကြောင့်ချစ်တယ်ဆိုတာပြောပြနိုင်တယ်ရှင့်

ကောင်လေး။အင်.အိုကေလေ.ကောင်းပါပြီ…အင်းဘာကြောင့်လဲဆိုတော့မင်းကအရမ်းလှတယ်..
မင်းရဲ့အသံလေးတွေကအရမ်းချိုမြိန်တယ်.မင်းကစိတ်ဝင်စားဖို့ကောင်းတယ်။မင်းကိုချစ်ခင်မြတ်နိုးတယ်။
မင်းအကြောင်းကိုအမြဲတွေးတောနေမိတယ်။ မင်းရဲ့အပြုံးတွေကဆွဲဆောင်မှုရှိတယ်။
မင်းရဲ့လှုပ်ရှားမှုအားလုံးတွေကြောင့်ပါ ။

ကောင်မလေးဟာ ကောင်လေးရဲ့အဖြေတွေကို အရမ်းကျေနပ်သွားခဲ့ပါတယ်။

ကံမကောင်းစွာပါပဲ။ရက်အနည်းငယ်ကြာပြီးနောက် ကောင်မလေးဟာမတော်တဆအက်ဆီးဒင့် တစ်ခုဖြစ်သွားပြီး သတိတွေမေ့မြောသွားတဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ကောင်လေးက ကောင်မလေးရှိတဲ့ နေရာကို စာတစ်စောင်လှမ်းပို့ပေးလိုက်ပါတယ်။

သို့ ..

ချစ်သောကောင်မလေး……….

ကိုမင်းအသံလေးတွေကြောင့်ချစ်ခဲတယ်.အခုမင်းစကားပြောနိုင်သေးလား.??မပြောနိုင်တော့ဘူးမှလား.??? ဒါကြောင့် ကိုမင်းကို မချစ်နိုင်တော့ဘူး…

မင်းရဲ့ဂရုစိုက်မှုလေးတွေနဲ့ဆက်နွယ်ပြီးကိုချစ်ခဲ့တယ်။မင်းအခုဒါတွေကိုလုပ်မပြနိုင်တော့ဘူးမှလား..
ဒီအတွက် ကိုမင်းကို မချစ်နိုင်တော့ဘူး…

မင်းရဲ့အပြုံးတွေမင်းရဲ့လှုပ်ရှားမှုတွေကြောင့်ကိုချစ်ခဲ့တယ်.မင်းအခုပြုံးနိုင်သေးလား?မင်းလှုပ်ရှားနိုင် သေးလား?မင်းမပြုံးနိုင်၊မလှုပ်ရှားနိုင်တော့ဘူးလေ။ဒါကြောင့်ကိုမင်းကိုမချစ်နိုင်တော့ဘူးလေ..

မင်းဟာ ကိုဘာကြောင့်ချစ်သလဲဆိုတဲ့အကြောင်းပြချက်တွေလိုချင်တယ်မှလား။အခုလို အဖြစ်အပျက်မျိုးတွေ ပေါ့။ဒါတွေဟာ မင်းကိုမချစ်ပဲမချစ်ချင်တော့လို့အကြောင်းပြချက်တွေ မဟုတ်ဘူးဆိုတာမင်းမှ မဟုတ်ပါဘူးဘယ်သူကို မဆိုပြောမှာမဟုတ်ပါဘူး..

ချစ်ခြင်းမှာ အကြောင်းပြချက်တွေပေးဖို့ လိုလားဟင်??ကို ကတော့မလိုဘူးထင်ပါတယ်။

ဒိလိုဖြစ်ခဲ့ပေမယ့် ကိုမင်းကိုချစ်နေဆဲပါ။ပြီးတော့ အချစ်မှာ အကြောင်းပြချက်တစ်စုံတစ်ရာမလိုပါဘူး ထာဝရချစ်ခြင်းများစွာဖြင့်

အမြဲတမ်း ကို………..

အမှောင်နဲ့အတူ

0


ညကို စလုံးရေးစတော့
တယ်လီဖုန်းကြိုးလိုကြိုးတွေကြား
အမှောင်ထုက လမင်းကိုဝိုင်းအောင်ရေးနေတယ်
ဝလုံးလေးဝိုင်းဝိုင်းရေး။
အပူရှိန်အရှိန်သတ်မရသေးတဲ့ကန်ရေပြင်မှာ
လေညင်းရဲ့ခြေဖျားထောက်အတို့အထိက
လှိုင်းတွေယိမ်းအကထဲ
ဝဲထနေတဲ့ သံစဉ်တွေတိုးညင်းဖွသီ။
ရနံ့တွေစတင်ဖို့ရာ
အမှောင်သွေးနုသားနုထဲ
ပန်းဝိညာဉ်နဲ့အရိုင်းစိတ်ပွင့်။
နှုတ်သီးတပြင်ပြင်နဲ့ညမုဆိုးများ
အမှောင်ထဲတောင်ပံလုံအောင်ပျံသန်းရင်း
လရိပ်မထိုးတဲ့နံရံက
သားကောင်အငိုက်ကိုချောင်းမြောင်း။
ဓာတ်မီးတိုင်တွေ
သတိလစ်အိပ်ငိုက်ချိန်
ကြယ်ပွင့်လေးများပွတ်တိုက်ရွေ့လျား
တခစ်ခစ်ရယ်မောသံတချွင်ချွင်မြည်ချိန်
လူငယ်တစ်ယောက်အိမ်ပြန်နောက်ကျ
စိုးရိမ်စိတ်တွေ တစ်ပွေ့တစ်ပိုက်နဲ့သက်ပြင်းချချိန်
နှလုံးသားကအမှောင်ကို ချစ်မေတ္တာနဲ့
ဖတ်ကောင်းနေချိန်
လရောင်ရွဲနေတဲ့အမှောင်ထဲ
ညငှက်တွေရဲ့အရိပ်ဟာ လန့်ပျံနေချိန်။
ညကဗျာဟာ ပြတင်းပေါက်ခန်းဆီးစကို လေညင်းနဲ့အတူ
ဖြတ်ဝင်လာတယ်
ကဗျာဆရာ့လက်ကို ကဗျာတစ်ပုဒ်ကဆွဲပြီး
စာမျက်နှာလွတ်တွေအပေါ်
အမှောင်နဲ့အတူ ညထဲခုန်ချလိုက်တယ်
ညအဖွဲ့။ ။

ဒိဝါတပတိ သဗ္ဗ မင်္ဂလာ ဂါထာတော်

0

ဒိဝါတပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ ။
သန္နဒ္ဓေါ ခတ္တိံယော တပတိ ၊ ဈာယီ တပတိ ဗြာဟ္မဏော ။
အထ သဗ္ဗ မဟောရတ္တိ ဗုဒ္ဓေါ တပတိ တေဇသာ ။

• နေမင်းသည် နေ့အခါ၌သာ တောက်ပ၏ ။
• လမင်းသည် ညအခါ၌သာ တောက်ပ၏ ။
• ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာဆင်ယင် ထားမှသာ တောက်ပ၏ ။
• ရဟန္တာသည် ဈာန်ဝင်စား နေမှသာ တောက်ပ၏ ။
• မြတ်စွာဘုရားရှင် သည်ကား နေ့ရော ညပါ အခါခပ်သိမ်း တန်ခိုးတော် အမျိုးမျိုးဖြင့် အချိန်တိုင်း တောက်ပ၏ ။

ပရိတ်တော် ရွတ်ဖတ်ရခြင်း အကျိုးသွားလင်္ကာ

0

မဟာမင်္ဂလသုတ် - ကျိုးညွှန်ထုတ်သော်၊ လောကုတ်၊ လောကီ၊ နှစ်လီ မင်္ဂလာ၊ ချမ်းသာကောင်းကျိုး၊ ရွာသွန်းမိုးသို့၊ ဝေဖြိုးလှပ၊ တိုးပွားလှတည်း။

ရတနသုတ်မြတ် - သုံးကြိမ်ဖတ်က၊ သတ်ဖြတ်ခန္ဓာ၊ ရောဂါဥပဒ်၊ ငတ်မွတ်ခေါင်းပါး၊ ကပ်သုံးပါးတို့၊ ရှောင်ရှား ပြေးကြ ငြိမ်းအေး လှသည်။

မေတ္တသုတ်မှာ - ဒေ၀ါနတ်မြား၊ ချစ်ခင်ပွား၍ ဆိုးရွားအိမ်မက်၊ မမြင်မက်ဘဲ၊ အိပ်စက်နိုးထ၊ ချမ်းသာရလျက်၊ ရန်စရန်ငြောင့်၊ ပြန်ပြောက်လိုက၊ ရွတ်ကြအဟုတ်၊ ခုနှစ်အုပ်တည်း။

ခန္ဓသုတ်မွန် - ဆိပ်ထန်ဆိုးရွား၊ မြွှေကင်းများနှင့်၊ သစ်၊ ကျား၊ ၀ံ၊ အောင်း၊ သားရဲပေါင်းတို့၊ ကွာရှောင်းဝေးရာ၊ ဖဲသွားခါအောင်၊ ရွတ်ပါနေ့ည၊ ကိုးကြိမ် တည်း။

မောရသုတ်မှာ - ရာဇ၀တ်ဘေး၊ ပြေး၍မလွတ်၊ မချွတ်ယောက်ငြား၊ ရင်ဆိုင်လားသော်၊ စိတ်အားမပြတ်၊ နေထွက်၊ နေ၀င်၊ မြဲလျှင်မပြတ်၊ ရွတ်ဆိုအပ်၏။

ဝဋ္ဋသုတ်မှာ - ရွာမီး၊ မြို့မီး၊ တောမီးမကျန်၊ မီးဘေးရန်မှ ကင်းဝေးရ၏။

ဓဇဂ္ဂသုတ်မှာ - ပြင်းစွာ ကြောက်လှ၊ တုန်လှုပ်ကြ၍၊ စိတ်ကချောက်ခြား၊ ထိတ်လန့်များလျက်၊ ကြောက်အားဖိစီး၊ ကြက်သီးဖြန်းလာ၊ ရွတ်ဆိုရာ၏။

အာဋာနာဋိယ - ရွတ်ဖတ်ကြလေ၊ တစ္ဆေမှင်စာ၊ မာကျမ်းမြေဘုတ်၊ ဖုတ်သဘက်ကျတ်၊ နတ်ဆိုးမကျန်၊ ကုမ္ဘဏ်ဘီလူး၊ ထူးထူးနှောင့်ယှက်၊ နှိပ်စက်မှုမရှိ၊ ချမ်းသာဘိ၏။

အင်္ဂုလိမာလ - သုတ်အရမူ၊ မိန်းမဓမ္မတာ၊ မီးဖွားခါနီး၊ ဆင်းရဲကြီးက၊ မညည်းသန့်စင်၊ ဖွားမြင်စေလို၊ ရေကို သုံးခါ၊ စစ်ပီးကာမျှ၊ ခုနှစ်ခါမန်းတိုက်၊ ကိုယ်၌ စွဲဝင်၊ ဘေးဘျမ်းစင်၏။

ဗောဇ္ဈင်သုတ်မြတ် - သုံးကြိမ်ဖတ်မူ၊ စွဲလတ်ရောဂါ၊ ဝေဒနာမှ ပိန်းကြာဖက်တွင်၊ ရေမတင်သို့၊ ကြည်လင်အေးမြ၊ ချမ်းသာရ၏။

ပုဗ္ဗဏှသုတ်ကို ရွတ်ဖတ်ဆိုသော် - ဂြိုဟ်စီးဂြိုဟ်နင်း၊ ဆိုးရွားချင်းတွင်၊ နိမ့်ဆင်းကြမ္မာ၊ ဆိုးဒသာနှင့်၊ ဇာတာစန်းလဂ်၊ ညှိုးနွမ်းချက်မှ၊ ဆက်ဆက်မုချ၊ လွတ်ကင်းကြသည်၊ ဒိဋ္ဌလက်ငင်းကောင်းကျိုးတည်း။

လွတ်မြောက်ခွင့်ပေးပါ

0

အမျိုးသမီးတစ်ယောက်သည်ညတစ်ရေးနိုးလာသောအခါသူမယောင်္ကျားဖြစ်သူရှိရာအားကြည့်လိုက်ရာသူမ၏
ယောင်္ကျားအားအိပ်ရာပေါ်တွင်မတွေ့ရပေ။ဒါကြောင့်အိပ်အောက်ထပ်သို့ဆင်း၍ရှာလေသည်။နောက်ဆုံး
သူမယောင်္ကျားဖြစ်သူအားမီးဖိုချောင်ရှိထမင်းစားပွဲတွင်ကော်ဖီတစ်ခွက်ကိုရှေ့တွင်ချ၍ထိုင်
နေသည်ကိုတွေ့ရလေသည်သူသည်နံရိံကိုမျက်တောင်မခတ်စိုက်ကြည့်ပြီးတစ်စုံတစ်ရာကိုနက်နက်နဲနဲ

တွေးတောနေလေသည်။သူသည်မျက်ဝန်းမှမျက်ရည်စတွေကိုပွတ်သတ်ရှင်းလင်းရင်းလက်မှ
ကော်ဖီခွက်ကိုတချိုက်ခြင်းဆီသောက်နေသည်ကိုသူမအတန်ကြာကြည်နေ့မိသည်။

သူမသည်ယောကျာ်းဖြစ်သူအားမောင်…ရှင်ဘာတွေဖြစ်နေတာလဲဟင်”
မီးဖိုခန်းအ၀င်လေးမှတီးတိုးစွာလှမ်းမေးလိုက်လေသည်.တဆက်ထဲမှာပဲ
ရှင်ဘာဖြစ်လို့ညအချိန်မတော်ဒီအောက်ကိုရောက်နေတာလဲရှင်ရယ်” ဟုပြောလေသည်။


ယောကျာ်းဖြစ်သူသည် ကော်ဖီခွက်ကြည့်နေရာမှ သူမရှိရာလို့ လှမ်းကြည့် ကြီး
ချစ်ဟိုးလွန်ခဲ့တဲ့နှစ်၂၀ဒီဇင်္ဘာလတုန်းကမင်းနဲမောင်ချိန်းတွေကြတာမင်းမှတ်မိလား.
မင်းက၁၈နှစ်ပဲရှိသေးတယ်လေ
လေးနက်စွာပြေလိုက်လေသည်.သူမကလည်း
အင်း ..မောင်မှတ်မိပါတယ်”ဟုပြန်ပြောလိုက်လေသည်။ထို့ နောက် ယောက်ျားဖြစ်သူသည် အတန်ကြာစကားသံထွက်မလာသေးပဲ..အတန်ကြာသောအခါ ချစ်တို့ဥယျာဉ်တခုထဲကိုမင်းအဖေလိုက်ဖမ်းလို့ဖြတ်ပြေးခဲ့ရတာမှတ်မိလားဟင်”..သူမကသူအနားရှိ
ခုံလွှတ်တစ်ခုကိုယူထိုင်ရင်း
အင်း ..မှတ်မိပါတယ်မောင်ဟုပြန်ဖြေလိုက်သည်။ယောက်ျားဖြစ်သူကဆက်ပြောလေသည် မင်းမှတ်မိပါ့မှလား..မင်းအဖေကငါ့မျက်နှာကိုသေနတ်နဲ့ချိန်ပြီးမောင်ကိုပြောတယ်.မင်းငါ့သမီးကို
လက်ထပ်ရင် လက်ထပ်. မထပ်ရင်မင်းကိုထောင်ထဲကိုအနှစ်၂၀ပို့ ပစ်မယ်လို့ ပြောခဲ့တယ
်”..

သူမကနူးညံ့သောအသံဖြင့်
အင်း ..ကျွန်မလည်းမှတ်မိနေတုန်းပါပဲရှင်ဟုပြန်ဖြေလိုက်သည်။ထိုအခါ ယောက်ျားဖြစ်သူက သူမျက်ပါးပြင်ပေါ်တွင်ရှိသောမျက်ရည်စတွေကို ပွတ်သပ်လိုက်ပြီး ဤသို့ဆက်ပြောလိုက်လေရာ ဒါကြောင့် ငါကိုဒိနေ့ ပဲလွတ်မြောက်ခွင့် မင်းပေးပါတဲ့ ”

:)

ကျွန်တော့အခန်းထဲကတွေ့ ရှိသော လျှို့ဝှက်ချက်(၇)ချက်

1



ခေါင်းမိုးကပြောတယ်--ရည်မှန်းချက်မြှင့်မြှင့်ထားပါ။

ပန်ကာကပြောတယ်--မင်းအမြဲအေးချမ်းပါစေ။

နာရီကပြောတယ်--စက္ကန့် ၊မိနစ် အချိန်တိုင်းကို တန်ဖိုးထားတတ်ပါ။

ကြေးမုံ(မှန်)ကပြောတယ်-မင်းရဲ့လုပ်ရှားမှုတိုင်းဟာ မင်းကိုတန်ပြန်သက်ရောက်နေတယ်။

ပြတင်းပေါက်ကပြောတယ်-ကမ္ဘာကြီးကို ကြည့် ပါ။

ပြက္ခဒိန်ကပြောတယ်-မင်းဟာ အချိန်နဲ့ တပြေးညီဖြစ်နေပါ။( up to date)

တခါးမကြီးကပြောတယ်-မင်းရဲ့ ပန်းတိုင်သို့ ရောက်ရှိအောင် အင်တိုက်အားတိုက်ကြီုးစားပါ။

မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။

2


မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား....?

အေးးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့်အက်စကီးမိုး လူမျိုးတွေက ဘာမှ

အင်အာားထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ

ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ

အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။

ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။အနံ့ခံကောင်းတဲ့

သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့

အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့

ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို

သတိမထားမိတော့တဲ့အထိပါပဲ။

လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။

အကြောင်းက သွေးအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့်

ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက

မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး

မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။

ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း

ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောာင်မြင်လေလေ ၀င်ငွေများများ

ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့က အဲဒီငွေကြေးကို

ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။

ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး

အရာဖြစ်တဲ့ မိသားစုနဲ့အဲတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊

လူတစ်ဖက်သားကိုကူညီဖို့အရေးဆိုတာကိုတောင်သူတို့မေ့နေခဲ့ကြတယ်။

အမေရိကားရဲ့ အပတ်စဉ်ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးးကို မေးခွန်းမေးပြီး

စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘ၀ကိုအသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက

ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင်

သားသမီးတွေနဲ့အတူနေတဲ့အချိန်ကိုလက်မလွတ်ချင်ဆုံးပါ”လို့ပြန်ဖြေခဲ့ကြတယ်။

တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်

နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ

ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့... ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ

ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို

ကိုယ့်သွေးကို သောက်ပြီးပျော်နေကြတဲ့လူဖြစ်နေခဲ့ပြီလား...?

တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။

ပန်းတောင်းမြို့ ရှိ ရွှေဘုံသာမုနိဘုရား

1

ရွှေမျက်မှန်ဘုရား

0

ပြည်ရွှေဆံတော်

0

ဆုတောင်းအမွန် မကွေးမြသလွန်

0

ဘုရားကြွရာ စန္ဒကူးနံသာ ကျောင်းတော်ရာ

0

အောက်စက်တော်ရာ တစ်ခွင်အဝေးမြင်

0

မြတ်စွာဘုရား၏ အောက်ခြေတော်ရာ

0

မန်းရွှေစက်တော်မြတ်စွာဘုရား၏ အထက်ခြေတော်ရာ

0

ဗဟုသုတဖြစ်လေးပါ .စာအုပ်တစ်ခုထဲကတွေ့ လို့ ပါ

1

ယောက်ျားလေးများကို အန်စေသောမိန်းမ

၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်အသလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျှောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ဗျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ

ဗဟုသုတဖြစ်လေးပါ .စာအုပ်တစ်ခုထဲကတွေ့ လို့ ပါ

4

မိန်းကလေးများကို အန်စေတတ်သော ယောင်္ကျား

၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား
၉. အာပုပ်စော်နံသော ယောက်ျား
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား
၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား
၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား
၂၀. သားသမီးများက တစ်ခုခုမေးလျှင် “နင်တို့အမေကို သွားမေး” ဟု ပြောတတ်သော ယောက်ျား
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား
၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား

အချစ်ဆိုတာဘာလဲ ??

3

၁။ကျောင်းသားတယောက်ကဆရာ့ကိုမေးတယ်တဲ့
အချစ်ဆိုတာဘာလဲ ??
ဆရာကပြောတယ် မင်းရဲ့မေးခွန်းဖြေဖို့ အတွက် မင်း စပါးခင်းထဲကိုသွားပါ အကြီးဆုံး စပါးနှံ(စပါးစေ့ဆိုရင်လဲရမှာပါ မြင်သာအောင်စပါးနှံလို့)

ေ၇ွးယူပြီးပြန်လာခဲ့လို့ မှာတယ် ဒါပေမဲ့ စည်းကမ်းက စပါးစိုက်ခင်းတန်းတခုကို တခါပဲဖြတရမယ်။ပြန်လှည့် ပြီးကောက်ခွင့်မရှိဘူးတဲ့
ဒါနဲ့ကျောင်းသားက လယ်ကွင်းထဲသွားတယ် ပထမတန်းကိုဖြတ်တဲ့အခါ စပါးနှံကြီးတခုကို မြင်တယ် ဒါပေမဲ့ သူ ထင်တာ နောက် တစ်တန်းမှာ ဒီထက်ကြီးတာတွေ့နိုင်သေးတယ်ပေါ့ နောက်တော့စပါးခင်းတ၀က်လောက်မှာ သူတွေ့သမျှစပါးနှံတွေက ပထမသူတွေ့ခဲ့တဲ့ စပါးနှံလောက်

မကြီးဘူးဆိုတာ သူသိလာတဲ့ အခါ သူနောင်တရခဲ့တယ် နောက်ဆုံးမှာ လက်ဗလာနဲ့ဆရာ့ဆီပြန်ခဲ့တယ် ။ ဆရာကသူ့ကို ပြောတာက အဲဒါအချစ်ပဲ။မင်းကနောက်ထပ်ဒီထက်ကောင်းတာတွေ့မလားဆိုပြီး ရှာခဲ့တယ် ဒါပေမဲ့ကောင်းတဲ့တယောက်ကိုမင်းဆုံးရှုံးခဲ့ပြီဆိုတာ

နောက်တော့မှမင်းသိလာမယ်တဲ့

လက်ထပ်ဖြင်း(အိမ်ထောင်ရေး)ဆိုတာဘာလဲ??

၂။ ကျောင်းသားက ထပ်မေးပြန်တယ် ဒါဆို လက်ထပ်ခြင်း(အိမ်ထောင်ရေး)ဆိုတာဘာလဲတဲ့
ဒီတော့ဆရာကပြောတယ် ဒီတခါ ပြောင်းဖူးခင်းထဲသွားပါ အကြီးဆုံးပြောင်းဖူးယူပြီးပြန်လာပါလို့ဆိုသတဲ့ စည်းကမ်းကတော့

ပထမစည်းကမ်းအတိုင်းပဲပေါ့(ပြန်မရေးတော့ဘူးနော်)ဒီတခါတော့ကျောင်းသားကလဲသိသွားပြီဆိုတော့စောစောကလိုမမှားဖို့

သေချာဂရုစိုက်ပြီပေါ့ပြောင်းခင်းအလယ်လောက်မှာတော့ အလယ်အလတ်ပြောင်းဖူးတခုကို သူကျေနပ်စွာကောက်ယူပြိးဆရာ့ဆီပြန်ခဲ့တယ် ။ ဆရာကပြောတာက ဒီတခါတော့မင်း ပြောင်းဖူး တဖူးယူလာနိုင်တယ်။မင်းစိတ်ထဲမှာ မင်းကောင်းတာရှာတွေ့တယ် မင်းအကောင်းဆုံးရခဲ့တယ် ဆိုတဲ့ယုံကြည် စိတ်ချမှု ရှိတယ် လက်ထပ်ခြင်း(အိမ်ထောင်ရေး)ဆိုတာအဲဒီလိုပါပဲလို့ ဆိုသတဲ့
အောက်ဆုံးက စာကြောင်းက တော့ ဗမာလိုနည်းနည်း ပြောရခက်နေလို့ နားလည်ချင်သလိုသာ နားလည်လိုက်တော့ ဟီဟီး

လဲလိုက်ချင်တယ်

0


အိဗန်နော့မိခင်ကြီးဆုံးတာတစ်လပင်မပြည့်သေး။အလှဆုံးနှင်းဆီတစ်စည်းဝယ်ပြီးမိခင်ကြီးအုတ်ဂူရှေ့သို့ရောက်ခဲ့ပြန်သည်။အုတ်ဂူပေါ် ပန်းစည်းတင်ပြီးငိုသည်။

ငိုလို့အာားရတော့မှမိခင်ကြီးအတွက်ဆုတောင်းပြီးထိုင်ရာမှထလေသည်။သူဘေးဆီမှငိုသံလိုလို၊

စကားပြောသံလိုလိုကြားရသည်။အသံလာရာသို့ကြည့်လိုက်တော့လူရွှယ်တစ်ဦးအုတ်ဂူဟောင်းတစ်လုံး

ဘေးမှာဒူးထောက်ကာ”လူချင်းသာလဲလို့ရရင်အခုပဲလဲလိုက်ချင်တယ်ဗျာ”ဟုတဖွဖွပြောရင်းငိုနေသည်။

အီဗန်နော့စိတ်ထဲမကောင်းလူရွယ်ကိုအားပေးနှစ်သိမ့်ဖို့ဆုံးဖြတ်လိုက်လေသည်။အနားသို့လျှောက်သွားပြီး

”ငါ့ညီရယ်၊ကိုယ့်စိတ်ကိုကိုယ်ဖြေမှပေါ”ဟုအစချီကာတတ်အားသမျှ ချောမော့နှစ်သိမ့်ပေးလေသည်။

ထို့နောက်နှစ်ယောက်သားပြန်ထွက်လာခဲ့ကြသည်။

သင်္ချိုင်းအပြင်ရောက်မှအိဗန်နော့ကလူရွယ်ကိုမေးလေသည်”အခုဆုံးသွားတဲ့လူကငါ့

ညီလေးနဲ့ဘာတော်သလဲကွယ့်”


“အခုဆုံးသွားတဲ သူက ကျွန်တော့်မိန်းမရဲ့ ပထမယောင်္ကျားပါ”

:P

အားယို့ယို့……( ချစ်သူများနေ့အမှတ်တရ)

0


ဒီနေ့ ဖေဖော်ဝါရီ (၁၄)ရက်နေ့ ချစ်သူများနေ့လို့ မနက်မိုးလင်းကထဲက စိတ်ထဲအလိုလိုသိနေခဲ့တာ …အော်..ကိုယ်နဲ့ က ဆိုင်ပါဘူးလေ…ဒီနှစ်လည်း မဆိုင်သလိုအရင်နှစ်တွေကလည်းဆိုင်ခဲ့ပါဘူး…အဲလိုနဲ့ မြန်မာစံတော်ချိန် ၉း၃၀ ရောက်တော့ အိမ်စောင့်နတ်က နှင်တယ်လေ…နေ့တဒူဝ လုပ်ငန်းစဉ်ကြီးလည်ပတ်ဖို့ စက်ယန္တရားကြီးများရှိရာ မြန်းခဲ့ရတာပေါ့….စက်ရုံကြီးမှာ လူစုံတော့ ရောင်းရင်းများက နောက်ကြ…ပြောင်ကြတယ်..ချောကလက်လေးတော့ဝေမျှပါတဲ့….အမှန်တော့ အထင်ကြီးလို့ မဟုတ်ဘူး…ဖဲ့ချင်လို့…အဲဒါနဲ့ညခင်းလည်းပြောလိုက်တယ်…ကိုယ်ပါကိုယ်ဘဲဝယ်စားလိုက်ပြီလို့…(အမှန်ကတော့ရှက်ကွယ်လေး ကွယ်တာပါ) ပေးမဲ့လူရှိဘူးလို့ဝန်ခံဘူး….

အဲလိုနဲ့ ညခင်း အလုပ်ပြီးတဲ့ အခါမှာတော့ internet ထဲဝင်ဦးမှ ညခင်း blog လေး ဘယ်သူတွေများလာသွားကြလဲပေါ့…တဘက်ကဖွင့်ရင်း…တဘက်က email ဖွင့်လိုက်တော့…ညခင်းရဲ့တူလေး ကတော့ ကဒ်လေးပို့ထားရှာပါတယ်…(တီလေး ပျော်ရွှင်တဲ့ ချစ်သူများနေ့ ဖြစ်ပါစေတဲ့)…အားပေးတဲ့စာလေးပေါ့…ဆုတောင်း ပေး ထားတာ ကို…ကြည့်ရင်းပြုံးမိပါတယ်…ကိုယ်ဝမ်းနာ ကိုယ်သာသိကိုး…ညခင်း လည်းကျေးဇူးတင်တဲ့ အကြောင်း ၊ ပေးတဲ့ဆုနဲ့ ပြည့်ပါစေဆိုတာ…ပြန်ပို့ပေးခဲ့တယ်။

နေ့ခင်း၂း၀၀လောက်ကြတော့…ဖုန်းလာတယ်…ညခင်းနဲ့တွေချင်လို့တဲ့…ဟုတ်ကဲ့ပြောပါဆိုတော့…

ကျွန်တော်….ဘယ်သူပါတဲ့…ညခင်းရှိတဲ့နေရာကိုမနေ့ကသူရောက်လာတယ်...ဆိုတာရယ်…

လက်ဆောင်တစ်ခုထားခဲ့တာရယ်တဖက်ကပြောပါတယ်…ဘယ်သူလဲဆိုတာညခင်းမသိပါဘူး…

ညခင်းလဲ သူ့ကို စကားပြန်မပြောနိုင်ခင်မှာဘဲ…အခန်းရှေ့က မိတ်ဆွေတစ်ယောက်ရောက်လာလို့…ပြုံးပြရင်း…သူသိချင်တာကို မေးလာ လို့ တစ်ယောက်နဲ့ လွဲပေးချိန် မှာဘဲ တစ်ဖက်က ဖုန်းချသွားပါတယ်…

အဲဒီသူဘယ်သူလဲဆိုတာ ညခင်းမသိလိုက်ပါ…အော်…လူတွေ..လူတွေတော်တော် ရှုးပါလား…လို့ပြုံးမိတယ်…

အဲလိုနဲ့ ညနေ ၅း၃၀ ရောက်တော့ ညခင်းကို ရုံးစောင့်နတ်ကြီးက နှင်ပြန်ရော…အင်း…အိမ်ပြန်ရ ပေဦးမပေါ့….

အိမ်ပြန်တဲ့လမ်းမှာ…သူငယ်ချင်းကဆေးခန်းဝင်တော့ နည်းနည်းနောက်ကျမှ အိမ်ပြန်ဖြစ်တယ်…. အိမ်ပြန်မျက်နှာပန်းလှအောင်…အိမ်က လူကြီးတွေ အတွက် မုန့်ဝယ်ဦးမှဆို ပြီး…မုန့်ဆိုင်ဝင်ဖြစ်ခဲ့တယ်…ညခင်းလိုချင်တဲ့မုန့်ကို…မှာနေတဲ့အချိန်မှာဘဲ…ဆိုင်ရှင်ရဲ့သမီးလေး ၆နှစ်ခန့် က…သူ့အဒေါ်ကိုအော်ပြောလိုက်တာကို…ညခင်းဒီလိုကြားခဲ့ ရတယ်…

****ဒီနေ့ ချစ်သူများနေ့ သမီးချစ်သူတွေကို လက်ဆောင်ဝေမယ်တဲ့*****ညခင်း…ဟိုက်ခနဲ့ကို ဖြစ်သွားတာဘဲ။

ညခင်းတို့ ငယ်ငယ်က ချစ်သူများနေ့ ဆိုတာကြားတောင်ကြား ဘူးဘူး။အလုပ်ခွင်ထဲရောက် မှ…သိတာပါ…၃၀ကို ၁နှစ် ၂နှစ်စွန်းတဲ့ ညခင်း…တော်တော်အသုံးမကျမှန်း..ခုမှကိုယ်ပါကိုယ်သိတော့တယ်…သိတော့သိတာပေါ့နော်…အဲလောက်… ကွက်ကွက်ကွင်းကွင်းမမြင်မိဘူး….

အဲဒီကလေးအသံကို ကြားပြီး…ညခင်းစိတ်ထဲ ရှိတာသာ အော်ပလိုက်ရရင်…ရဲလေး..VeVe(ဒူးရင်း) ကြော်ညာလိုဘဲ…****အားးးးးးးးးးပါးပါးးးးးးးးးးယို့..ယို့***လိုသာအော်လိုက်ချင်တော့တယ်….။

1

ဒီကဒ်လေး ကိုကလစ်လိုက်ပါ
စိတ်ချမ်းမြေ့မှုတစ်ခုတော့ရပါလိမ့်မယ်

ငါးနဲ့ ပတ်သက်တဲ့ဟင်းချက်နည်း

0

(၁)ငါးပေါင်းနည်း
ပါဝင်ပစ်စည်း
ငါးကြင်း(သို့)ငါးတန်(သို့)ငါးပါးနီ ရရာ တစ်မျိုးမျိုး -၁၅ကျပ်သား
သံပုရာသီး -တစ်လုံး
ဆား -အနည်းငယ်
ကြက်သွန်နီ -နှစ်ဥ
ချင်းပါးပါး -၁လွှာ
ကြက်သွန်ဖြူ -တစ်မွှာ
ငရုတ်သီးစိမ်း -၂တောင့်(တစ်တောင့်ကို အနီရောင်ထည့်ပါ)
ငါးပေါင်းပြုလုပ်ပုံ
ငါးကြင်း(သို့မဟုတ်)ငါးတန်ကို အသားလွှာပြီး ဆား၊သံပရာရည်တို့ဖြင့်ဆုပ်နယ်ပြီး ၁၀မိနစ်ခန့် နှပ်ထားပါ။ ကြက်သွန်နီဥကြီးနှစ်လုံးကိုလည်း အခွံသင်ပြီး အကွင်းလိုက်လှီးထားပါ။ ချင်းပါးပါးသေးသေး တစ်လွှာလှီး ထားပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ငရုတ်သီးစိမ်း နှစ်တောင့်ကိုလည်း အလယ်မှခွဲထားပါ။အစပ် ကြိုက်ပါက ပိုထည့်နိုင်ပါသည်။ကြွေရည်သုတ် ပန်းကန်တစ်ချပ်တွင် အသားလွှာထားသော ငါးအသားတုံး ကလေးများကို လှပစွာစီတည့်ပါ။ကြက်သွန်နီအကွင်းများ၊ချင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းကလေးများကို ၀န်းရံရွေ့ထည့်ပါ။ထို့နောက် အပေါ်မှ စတီးဟင်းခပ်ဇွန်းဖြင့် ဆီတစ်ဇွန်းဆမ်းပါ။ ငါးပေါင်းရန် အဆင်သင့်ဖြစ် ပါပြီ။ နှစ်ဆင့်ပေါင်းအိုးတွင် အောက်အဆင့်တွင်ရေထည့်၊အပေါ်အဆင့်တွင် ငါးပေါင်းပန်းကန်ပြားအားထည့် ပြီး အဖုံးဖုံး မီးအရှိန်မှန်မှန်ဖြင့် ၂၅မိနစ်ခန့်ပေါင်းပါ။ အကယ်ရွေ့ နှစ်ဆင့်ပေါင်းအိုးမရှိပါကလည်း ဒန်အိုး တစ်လုံးတွင် ရေထည့်၊အုတ်ခဲတစ်လုံးကို ရေမြှုပ်အောင်ထည့်ပြီး အပေါ်မှပန်းကန်ပြားတင်ကာ အဖုံးဖုံးပြီး ပေါင်းနိုင်ပါတယ်။အချိန်ပြည့်ပါက အဖုံးဖွင့်ကြည့်ပြီး ကျက်ပြီဆိုပါက ပူပူနွေးနွေးပင် ပေါင်းသည့် ပန်းကန်ပြားဖြင့်ပင် ပွဲပြင်ရွေ့စားသုံးနိုင်ပါသည်။အဖုံးဖွင့်သည့်အခါ ရေငွေ့များ ငါးပေါင်းပန်းကန်တွင် မကျရောက်စေရန် သတိပြုရပါမည်။


(၂)ငါးပြုတ်လက်သုပ်ပြုလုပ်နည်း
ပါဝင်ပစ်စည်းများ
ငါးကြင်း(သို့မဟုတ်)ငါးပါးနီ -၂၀သား
ကြက်သွန်ဖြူ - ၁၀ဥ
ဆီ -၃ကျပ်သား
ဆား - အနည်းငယ်
ကြက်သွန်နီ - ၂ဥ
သံပရာသီး -၁လုံး
ငါးပြုတ်လက်သုပ်ပြုလုပ်ပုံ
ငါးများကိုအနေတော် အတုံးကလေးများတုံးပြီး တစ်ဖက်ကို မွှန်းရာတစ်ချက်ဆီပေး၊ရေဆူအောင်တည်ပြီး ငါးများကိုပြုတ်ပါ။ ငါးမိနစ်ခန့်ကြာအောင်ပြုတ်ပါ။ တစ်ဖက်ဆီကိုလည်း လှန်ပေးပါ။ အတုံးမပျက် ဆယ်ယူ ပါ။ထို့နောက် ငါးအသားတုံးများကို ဆားသင့်ရုံဖြူးပြီး အသင့်ချက်ထားသော ကြက်သွန်ဖြူဆီချက်ဖြင့်နှံ့ အောင်လူးပေးပါ။ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပြီး သံပရာရည်၊ ပဲငံပြာရည်တို့ဖြင့် အချဉ်ပြု လုပ်ကာ ငါးတုံးများပေါ်တွင် လှလှပပ အုပ်ပေးပြီး ပွဲပြင်ပါ။ နံနံပင်ကိုလည်း အပေါ်မှအုပ်ပေးရန်ဖြစ်ပါသည်။ ပူပူနွေးနွေး စားရန်ဖြစ်ပါသည်။ ငါးပြုတ်ထားသော အရည်တွင် ဟင်းရွက်စိမ်းတစ်မျိုးမျိုးခတ် ပြီး ဟင်းချိုရည် အဖြစ်သောက်သုံးနိုင်ပါသည်။ ငါးပြုတ်လက်သုပ်အတွက် ငါးမှာ အထူးလတ်ဆတ်ရန် အရေးကြီးပါသည်။

HAPPY VALENTINE`S DAY EVERYBODY--

0






ဒါကတော့ ချောကလက်ကြိုက်သော ချစ်သူတို့ အတွက်
လက်ဆောင်ပေးရအောင်ပေါ့ 

HAPPY VALENTINE`S DAY EVERYBODY -

0








လက်ဆောင်တွေနော် အားမနာတမ်းယူနိုင်ပါတယ်
အားလုံး အခမဲ့ ပါ .ကိုယ့် ချစ်သူကို မပေးရသေးဘူးထင်ရင်တော့ လက်မနှေးနဲ့ ကိုယ့်လူတို့ ရေ
ဒီကနေ ယူပြီးပေးလိုက်ပါ.သူပျော်သွားအောင်ပေါ့ 
ကောင်မလေး စိတ်ကောက်နေရင် ချော့ နေရမယ်နော်
အားလုံးပျော်ရွှင်ပါစေဗျ

HAPPY VALENTINE`S DAY EVERYBODY

0






Valentine`s day

အတွက်လက်ဆောင်တွေ ဒီမှာပေးထားပါတယ်နော်
မောင်နှမတို့ လိုချင်ရင် ကွန့် မန့် ပေးပြီး
ဖရီးယူသွားကြပါ နော်
အခမဲ့ လမင်းတို့ တူဝရီးအကျိုးဆောင် ပေးတာပါ
ချစ်သူတိုင်းပျော် ရွှင်ပါစေ ..ထာဝရလက်တွဲရပါစေ
ချစ်သူတိုင်းလည်း ညားကျပါစေနော်

အချစ်ရဲ့စွမ်းအား

0

ဟိုအရင်အခါ ငယ်စဉ်မှာလေ

ဖြူစင်စွာရိုးသား ကိုယ်နှလုံးသားဟာ

ခံစားချက်မရှိ သံစဉ်တို့လဲ နတ္တိပေါ့

နေခြည်ဖြာဆင်း နံနက်ခင်းတိုင်းလဲ

(ကိုယ့်အတွက်)

နိုးထရုံမှအပ ဘာမှမရှိခဲ့ပါ။

ကြယ်ရောင်တွေ လက်လမင်းထွက်လဲ

ညဆိုတာ(ကိုယ့်အတွက်)

ကဗျာတွေ မဟုတ်ခဲ့ပါ။

ဒါပေမယ့် မြုနှင်းတွေဝေနေ

ဒီဇင်ဘာနံနက်ခင်းမှာလေ

ရင်ခုန်စရာတွေ ဖန်ဆင်းမယ့်

သူ နဲ့ ကျွန်မ ဆုံခဲ့ရတယ်

ကြည်နူးဆွတ်ပျံ့ ချစ်ရနံ့တွေနဲ့အတူ

မြင်မြင်ချင်းသိ ရင်ထဲမှာလေ

ချစ်ခြင်းဆိုတာ ရှိခဲ့ပြီပေါ့

အဲဒီနောက်

နံနက်တိုင်းလဲ သတိရ

သံစဉ်တွေလဲ ချိုမြမြနဲ့

အခုတော့-----

ညတိုင်းဟာလဲ ကဗျာတွေ ဖြစ်ခဲ့ပါပြီ။

ရလဒ်

1

ပထမလူ- နေဟာ အရှေ့ဘက်က ၀င်လာပြီး အနောက်ဘက်ကို ထွက်သွားတာ။

ဒုတိယလူ- နေဟာ အရှေ့ဘက်က ထွက်လာပြီး အနောက်ဘက်ကို ၀င်သွားတာ။

တတိယလူ- သေချာတာကတော့ ကမ္ဘာကြီးဟာ အရှေ့ဘက်ကို ဦးတည်းပြီး လည်နေတာပါကွာ။

လားပေါင်းများစွာ

0

လိမ်တဲ့သူက ရှက်ရမှာလား၊

အလိမ်ခံရတဲ့သူက ရှက်ရမှာလား၊

အနိုင်ကျင့်တဲ့သူက ရှက်ရမှာလား၊

အနိုင်ကျင့်ခံရတဲ့သူက ရှက်ရမှာလား၊

စော်ကားတဲ့သူက ရှက်ရမှာလား၊

အစော်ကားခံရတဲ့သူက ရှက်ရမှာလား၊

ဟန်ဆောင်ရမှာကို ရှက်ရမှာလား၊

ဟန်မဆောင်တာကို ရှက်ရမှာလား။



အကြွေး

1


- ကိုယ်က ယူလိုက်လို့ တင်သွားတဲ့ အကြွေး ရှိပါတယ်။

- အဲဒါကတော့ ကျေးဇူးတရား ပါပဲ။

- ကိုယ်က ပေးလိုက်မိလို့ တင်သွားတဲ့ အကြွေးလဲ ရှိပါတယ်။

- အဲဒါကတော့ ကတိစကား ပါပဲ။

နည်းနေလို့

0


နည်းနေလို့

၁။ ကိုယ်လိုချင်တာကိုရ လို့ စိတ်ချမ်းသာတဲ့ သူတွေ အများကြီးရှိပါတယ်။

၂။ သူလိုချင်တာကို ပေးလိုက်ပြီး စိတ်ချမ်းသာတတ်သူ ကတော့ နည်းပါတယ်။

၃။ ပတ်ဝန်းကျင် စိတ်ချမ်းသာဖို့၊

လောကကြီးအေးချမ်းသာယာဖို့အတွက် ဒုတိယ အမျိုးအစားတွေ တိုးပွားဖို့ လိုပါတယ်။

တကယ်အမှန်တရား

0

သူ့ဘက်က ကြည့်တော့ သူမှန်ပါတယ်။

ကိုယ်ဘက်က ကြည့်တော့ ကိုယ်မှန်တာပေါ့။

သူ့ဘက်ကကြည့်တဲံ အမှန်ဟာ ကိုယ့်ကို မထိခိုင်ရင်….

ကိုယ်ဘက်ကြည့်တဲ့ အမှန်ဟာ သူ့ကို မထိခိုက်ရင်….

အဲဒါ တကယ့်အမှန်တရားပါဘဲ။

ရိုမန်တစ်နှင်းဆီ

0

ရိုမန်တစ်နှင်းဆီ

နှင်းဆီတဲ့

သိပ်လှတဲ့ နှင်းဆီလေးတွေပါ………

သူမဆိုတဲ့ ဧဒင် နှလုံးသားကို အသက်ပါပါနှင့် စတင် ဖြားယောင်းခဲ့တဲ့ နှင်းဆီ တွေလေ…

နှင်းဆီတွေကပဲ လှုပ်ရှားမှုမြန်စေခဲ့သလား……

နှင်းဆီနှင့် ပတ်သက်သူကပဲ သူမဘ၀ထဲကို လှုပ်ရှားမှု ပေါင်းစုံ နှင့်ဝင်ရောက်လာခဲ့လေသလား….

သေချာတာ တစ်ခုကတော့ သူမဘ၀ ဟာ နှင်းဆီ နှင့် နှင်းဆီသခင်ကြောင့် လှပစွာ ကျဆုံးခဲ့ရပါတယ်…

ရိုးသားခြင်းတစ်ခုကို ကိုးကွယ်ယုံမှတ်ပြီး သူမနှလုံးသား တစ်စုံကို မီးရှို့ အရုပ်ကျိုးပြတ် ဖြစ်စေဖို့ ဆိုတာဘယ်သူက တွေးမိခဲ့မှာလဲ…

သံသယတစ်စွန်း တစ်စတောင် ရှာဖွေလို့ မရအောင် ရိုးသားခြင်း မျက်လုံးတွေနှင့် ….

သေချာယုံကြည်မှု နှင့် စိတ်တွေကို သူ့အပေါ်ပေးအပ်ပြီးမှ ရိုမန်တစ်နှင်းဆီသခင်ရယ်….

ကြွေလုလုမျက်ရည်စဟာ မျက်လုံးအိမ်မှာ ပြည့်လျှံမှု နှင့်အတူ…ရင်ထဲက တင်းခံနေတဲ့ ခံစားချက်က ပေါက်ကွဲစရာ နေရာ မရှိတော့တဲ့တိုင် တဆတ်ဆတ်တုန်ယင်နေတယ်…လက်တွေဟာသူရဲ့ နားကို ၀ဲသွားတယ်…တကယ်တမ်းကျတော့ သူမလက်တွေရပ်တန့်သွားခဲ့တာပါ…

ဘယ်လောက်နာကျည်းစရာကောင်းလဲ။

အတက်အကျမရှိတဲ့လေသံ နှင့် သူမကို စေ့စေ့ကြည့်ပြီး…

**ကျွန်မချစ်သူကို ရှင်ရိုက်စရာမလို ဘူး…ရှင်တို့လမ်းခွဲ ခဲ့ပြီမဟုတ်လားတဲ့**

သူမနှုတ်ခမ်းတွေဟသွားအောင် အံသြသွားရင်း ..သူ့မျက်နှာကို စေ့စေ့ကြည့်ရင်း…ဘာတွေဖြစ်ကုန်ပြီလဲ… ဘယ်လိုလဲ မင်သော် တို့နဲ့ မတွေတဲ့ အခိုက်အတန့်(၃)လ မှာ တော်တော်ကို မယုံနိုင်အောင်ပြောင်းခဲသွားတယ် နော်…

***နေညိုရီ…သွားကြစို့ကွာ***သူ့ဘေးကမိန်းကလေးကို လက်ဆွဲလိုက်ပြီးပြောတယ်…

လက်ရှိဘ၀အခြေအနေမှာတော့ ဘာမှမသိလိုက်ရဘဲ အလဲထိုးခံရ သလိုကျဆုံးခဲ့ရတယ်…

- လှပတဲ့ နှင်းဆီတစ်ပွင့်ရဲ့နောက်မှာ..ထက်မြက်တဲ့ ဆူးတစ်ချောင်းပုန်းနေတယ်….

- ကြည့်နှုးစရာကောင်းတယ်လို့ ထင်ရတဲ့ ရင်ခုန်သံတွေရဲ့နောက်ကွယ်မှာ လက်နက်ပုန်းတွေ ပုန်းအောင်းနေခဲတာ…

နှင်းဆီတွေကို မြတ်နိုးတဲ့သူမ…နှင်းဆီမုန်းသူ အဖြစ်ကူးပြောင်းသွားပြီး……နှင်းဆီအ၀ါတွေကို ပိုပြီးနာကျင်ခဲ့ တယ်…

ရက်ကို လပြောင်းနှစ်ဟောင်းခဲ့ပြီ….

ဟင်****နေညိုရီ***နေညိုရီ မဟုတ်လား****

ဟင် ကျွန်မအံသြနေတာ…သူဘယ်လိုဖြစ်တာလဲ….

မင်သော်…နေညိုရီ ဘယ်လိုဖြစ်တာလဲ…

ဧဒင် ခုသိချင်တာရော...တချိန်က မေးခဲ့တာရော..ကိုယ်ဖြေပါမယ်….

ဧဒင်မှာ အဖေတစ်ခုသမီးတစ်ခုဘဲရှိတယ်…ဧဒင်ဖေဖေဟာစိတ်ရောဂါဖြစ်နေတဲ့သူ၊ အဲဒီရောဂါမျိုးဟာမျိုးရိုးလိုက် တယ်လို့သိရတဲ့အချိန်မှာ ကိုယ်အရမ်းတုန်လှုပ်သွားခဲ့တယ်…မိဘတွေလဲ သဘောမတူကြဘဲ နေညိုရီ နဲ့ အတင်းစေ့စပ်ပေးခဲ့တယ်…မချစ်ပေမဲ့ တစ်ချိန်သံယောဇဉ်ဖြစ်လာမယ်ထင်ခဲ့တယ်…နှင်းဆီဝါတွေနဲ့ပတ်သက်ရင် နေညိုရီတစ်ယောက်ဟာ စိတ်မထိန်းနိုင်ဘဲ အမြဲရန်ရှာတယ်…သူနဲ့ကိုယ်ကွာရှင်းဖို့ထိဆုံးဖြတ်ပြီးချိန်မှာ သူအဖေနှင့်အမေ ကားမှောက်ရင်း ရုတ်တရက် သေဆုံးခဲ့ရတယ်…သူလဲတစ်လ လောက်ဆေးရုံတက်လိုက်ရပြီး ဦးနှောက်ကို ထိခိုက်သွားရှာတယ်…

ဒီဒုက္ခတွေ ဟာ …ဧဒင်ရဲ့ မေတ္တာတွေစူးတယ်လို့ အချိန်တိုင်းခံစားရတယ်…မသေမရှင်ဖြစ်နေသလို ခံစားနေရတဲ့ လောကကြီးထဲမှာ ကိုယ့်ကို ဘယ်တော့မှခွင့်မလွတ်ပါနှင့်…တစ်ကယ်တော့ အ၀ါရောင်နှင်းဆီတွေ မှာအပြစ်မရှိပါဘူး၊ နှင်းဆီတွေနှင့် ပတ်သက်ခဲ့တဲ့ကိုယ်မှာ ဘဲ အပြစ်ရှိပါတယ်…နှင်းဆီတွေကိုမမုန်းပါနဲ့ဧဒင်…

သူမပြန်ပြောစရာ စကားမရှိတော့လောက်အောင် ကြေကွဲစွာထိခိုက်မိတယ်….

ကျွန်မနှင်းဆီတွေကို မမုန်းချင်ပါဘူး…အထူးသဖြင့် ရိုမန်တစ်ဖြစ်တဲ့ နှင်းဆီအ၀ါတွေကို ပေါ့…

စာတိုက်ကရောက်လာတဲ့ မင်သော့် ကဗျာလေးကို ဖတ်ရင်း….

နှင်းဆီ

ဘာအကြောင်းကြောင်းပဲ ဖြစ်ဖြစ်

ပွင်ဖတ်တစ်ဖတ် ကြွေခဲ့လေတိုင်း

အသည်းနှလုံးရဲ့ အစိတ်အပိုင်းတစ်ခု

ကြေပျက်သွားသလို

ရင်နှင့်အမျှ

တုန်ခါ ကျန်ရစ်

ခံစားခဲ့ရပါတဲ့

ဧဒင်နန်းက ရိုမန်တစ်နှင်းဆီ။

Iceberg

2

ညခင်းတခုမှာတရုတ်လူမျိုးတစ်ယောက်ဟာလမ်းလျှောက်လာရင်းနဲ့အမေရီကန်အရက်ဘားတစ်ခုကို

ရောက်လာပါတယ်၊။

အဲဒီမှာသူကStevenSpielberg.ကိုမြင်သွားပါတယ်။။ဒီတော့သူကအရမ်းဟာသလုပ်တတ်တဲ

သူတစ်ယောက်ဖြစ်တဲ့အလျှောက်သူနားကို အတင်းကပ်သွားပြီး အော်တို စာအုပ်လေးထိုးပေးပါတယ်။

အဲဒီမှာ Steven Spielberg. ကိုယ်စား Spielbergး ဆိုသူ က စားပွဲကို လက်ဝါးနဲ တစ်ချက်ရိုက်ပြီးပြောပါတယ်

မင်းတို့ တရုတ်လူမျိုးတွေ က ငါတို့ပုလဲဟာဝါ ကို ဗုံးကျဲတဲ့ ကောင်တွေအခုထွက်သွားလို့ ပြောလိုက်တယ် ။

တရုတ်လူမျိုးကအလွန်အံ့အားသင့်သွားပြီပြန်ပြောလိုက်ပါတယ်။

ဟေး.. ငါတိုတရုတ်လူမျိုးတွေ မင်းတို့ ရဲ့  ပုလဲဟာဝါကို ဗုးမကျဲဘူးကွအဲဒါ ဂျပန်ကောင်တွေ ကျဲတာ လို့ ပြန်ပြောလိုက်တယ်။။

Spielbergး ဟေး တရုတ်၊ဂျပန်၊ထိုင်ဝမ် မင်းတို့ အားလုံး အတူတူတွေပဲကွ။

အဲဒိမှာ တရုတ်လူမျိုးက လက်သီးတစ်ချက်စားပွဲကို ရိုက်လိုက်ပြိးမင်းတို့ တိုက်တန်းနစ် သင်္ဘောကြီးကို နစ်မြုတ်လိုက်တယ် ။

အဲဒီသင်္ဘောပေါ်မှာငါ တို့ ဘိုးဘွားဘီဘင်တွေ ပါသွားတယ်ကွလို့ ဒေါသတကြီးပြန်ပြောလိုက်တယ်။

Spielberg.းက အဲဒါငါမဟုတ်ဘူးကွ Icebergက နစ်မြုတ်လိုက်တာကွ ဟုဆိုတယ်။

ဒီမှာတော့  တရုတ်ကောင်ကဟေ့ကောင် Iceberg, Spielberg, Carlsberg,

မင်းတို့ အားလုံးအတူတူပဲတဲ့

Spielberg.း ခဗျာလည်း ဘာမှပြန်မပြောနိုင်ရှာတော့ ပါဘူး

သူသိသူတတ်

0

စန်းစန်းက လေးတန်း မအောင်ရှာဘူး။ ဝဲလောင်တောင်သာနယ်ကနေ ရန်ကုန်တက်လာပြီး အိမ်ဖော်လုပ်နေတယ်။ ကျောင်းစာသာ သိပ်မတတ်တာ၊ နေရာတကာသူသိ သူတတ်ချည်းပဲ။
စန်းစန်းနေရတဲ့ အိမ်က လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းနိုင်ဦးရဲ့ အိမ်ခင်ဗျ။
ဦးသန်းနိုင်ဦးက သူ့တိုက်ခန်းထဲမှာတော့ လျှပ်စစ်အန္တရာယ်နည်းအောင် တတ်နိုင်သမျှ စီမံထားတာပေါ့။ ဒါပေမဲ့ သူမတတ်နိုင်ဘဲ မျက်စိမှိတ်နေရတာကတော့ အိမ်ရှေ့ ဝရန်တာနဲ့ မလှမ်းမကမ်းမှာ လမ်းမီးတိုင်နဲ့ လျှပ်စစ်မီးကြိုးလိုင်း ရှိနေတာပါပဲ။
တစ်ညနေခင်း ဦးသန်းနိုင်ဦး ရုံးဆင်းလို့ အိမ်ပြန်အလာမှာ လျှပ်စစ်မီးကြိုးတန်းမှာ အဝတ်ရေစိုတွေ လှန်းထားတာ အသည်းယားစရာ တွေ့ ရပါလေရော။ စန်းစန်းလက်ချက်ပေါ့။
ဦးသန်းနိုင်ဦးလည်း ချက်ချင်းပဲ စန်းစန်းကို အဝတ်တွေရုပ်ဖို့ ခိုင်းတယ်၊ ဓာတ်လိုက်တတ်တဲ့အကြောင်း ရှင်းပြတယ်။ စန်းစန်းကတော့ အေးဆေးပါပဲ။ 'အန်ကယ်က အခုမှတွေ့ပြီး စိတ်ပူနေ၊ စန်းစန်းဖြင့် လှန်းနေတာ ကြာလှပေါ့၊ ဘာမှဖြစ်ပေါင်' တဲ့။
'နင်တော့ သေတော့မှာပဲ' လို့ ဦးသန်းနိုင်ဦးက ဒေါသနဲ့ ပြောတော့ စန်းစန်းကတော့ ခပ်ပြုံးပြုံးပါ။ 'လမ်းမီးဆိုတာ နေ့မလာဘူးလေ' လို့စန်းစန်းပြန်ပြောတယ်။

မဖြစ်နိုင်ပါ

0

မဖြစ်နိုင်ပါ။
အသက်အရွယ် ကြီးလှပြီဖြစ်သော သူဌေးကြီးတဦးသည် နာမကျန်း ဖြစ်နေရာ ငယ်ရွယ်သူ ဇနီးလေးအား အနားသို့ခေါ်၍ နောက်ဆုံးမှာကြားစရာရှိသည်များကို မှာကြားလျှက်ရှိသည်။'ငါသေသွားတဲ့အခါကျတော့ မင်းနောက်အိမ်ထောင်ပြုပေါ့ကွာ''အို ဒီလို မပြောနဲ့လေ''မင်းရဲ့ လူကို ငါ့ရဲ့ အဝတ်အစားတွေအကုန်ပေးလိုက်ပါ၊ ဒါမှ မင်းတို့နှစ်ယောက် အပြင်ထွက်ရင် မင်းလူက သားသားနားနား ဖြစ်တော့ မှပေါ့''အိုရှင်၊ ဒီလိုလဲ မဟုတ်ပါဘူး၊ ဖြစ်လဲမဖြစ်နိုင်ပါဘူး''ဟ ဘာလို့ မဖြစ်နိုင်ရမှာလဲ''အို - ဘာဖြစ်လို့လဲဆိုတော့ ရှင်က အင်္ကျီအရွယ်အစား နံပါတ် ၄ဝ ပဲ ဝတ်တယ်မဟုတ်လား၊ ကျွန်မလူက နံပါတ် ၄၂ မှ တော်တာရှင့်' ။

ဟောက်သဟေး

1

ဟောက်သလေလေ့
မောပန်းနွမ်းနယ်လာတဲ့ ခရီးသည်တစ်ယောက် ညအိပ်ရပ်နားဖို့အတွက် ညသန်းခေါင်ယံမှာ ဟိုတယ်တစ်ခုကိုရောက်လာတယ်။ ပြဿနာကဟိုတယ်မှာ အခန်းလွတ်မရှိဘူး။တစ်နည်းနည်းနဲ့ ဖြစ်အောင်တော့လုပ်ပေးပါလို့ခရီးသည်ကမေတ္တာရပ်ခံပါတယ်။တကယ်လို့ တစ်ခုတင်ကိုပဲ မျှအိပ်ရတာဖြစ်ဖြစ်ပေါ့ဗျာလို့ ဆိုတယ်။
ဟိုတယ်မန်နေဂျာက တအောင့်စဉ်းစားလိုက်ပြီးတော့ 'ဟုတ်ပြီး။ ခုတင် အပိုတစ်ချပ်တော့ရှိတယ်။ ဒါပေမဲ့ ခက်တာက အဲဒီအခန်းထဲမှာ အိပ်တဲ့ငနဲက တကယ့်ကိုလော်စပီကာတပ်ပြီး ဟောက်တာဗျ။ သူ့ဟောက်သံနားမခံနိုင်လို့ တိုင်ကြတောကြတာလည်း နားမဆံ့တော့ဘူး' လို့ပြောတယ်။ ခရီသည်က ' ရပါတယ်ဗျာ။ အဲဒီအခန်းပဲယူမယ်' လို့စိတ်သက်သာရာရသွားတဲ့ပုံစံနဲ့ပြောတယ်။
နောက်မနက်မှာ မနက်စာစားဖို့ ခရီးသည်ဆင်းလာချိန်မှာ သူ့မျက်လုံးတွေက အိပ်ရေးဝဝအိပ်ပျော်ခဲ့လို့ ကည်လင်နေပြီးလူကလည်း လန်းဆန်းနေတယ်။
'ဖားဖိုကြီးနဲ့ အိပ်ရတာဒုက္ခမရောက်ဘူးလား' လို့ဟိုတယ်မန်နေဂျာက တအံ့တသြမေးတယ်။
'အဆင်ပြေပါတယ်ဗျာ။ ကျွန်တော်တို့အိပ်ရာဝင်ကြမယ်လည်းဆိုရော ကျွန်တော်ကသူ့ကို ကုန်းနမ်း လိုက်ပြီးမင်္ဂလာညချမ်းကိုလူချောရယ်လို့ပြောလိုက်တယ်။ ငနဲတစ်ညလုံး မအိပ်တော့ဘဲ ကျွန်တော့ကို ငုတ်တုတ် ထိုင်ကြည့်နေတော့တာပေါ့'

စာမဲ့ ကာတွန်းများ

1





<ဟား ဟားဟား ရီသောသူ အသက်ရှည် သည်>

နွေရင်ခွင်ထဲ ကြွေတဲ့….ကိုယ်

5


ရသေ့ သူတော်တိုင်မှ

ဥာဏ်မခိုင် ဈာန်ယိုင် လျှောရသတဲ့။

ကဲ……

တောင်ပြန်လေရှုး က

ကိုယ့်ကို ဦးဦးဖျားဖျား ခိုးနမ်းသွားခဲ့ပြီ။

ကံကော်ကို ချစ်တဲ့သူတွေ

ပိတောက်ကို ချစ်တဲ့သူတွေ

ငုကို မှ ချစ်တဲ့သူတွေ

ကိုယ်ကတော့

အဲဒီ ပန်းပွင့် ကလေးတွေ အားလုံး

ပါဝင် ထုံမွှမ်းထားတဲ့

နွေကို ချစ်တယ်။

လွမ်းတတ်တဲ့ ဥ သြလေးကို ချစ်တယ်။

တောင်လေ ခေါ်ရာ လွင့်ပါနေကြတဲ့

ရွက်ဝါ ကလေးတွေကို ချစ်တယ်။

ရိုးတံ ပြိုင်းပြိုင်းထ

ပင်အိုတွေရဲ့ အလှကို ချစ်တယ်။

ဘယ်တုန်းကမှ ပါဝင် မဆင်နွှဲ ခဲ့ဖူးတဲ့

သင်္ကြန်ကို ချစ်တယ်။

နောက်ပြီး

အဲဒီ နွေရဲ့ အနုပညာထဲမှာ

ခံစား ပျော်ဝင်သွားတတ်တဲ့

ကဗျာဆရာတစ်ယောက် ရဲ့ ဖြစ်တည်မှုကို ချစ်တယ်။

ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်

နှစ်တွေ ဘယ်လို ပြောင်းပြောင်း

နွေတပေါင်း ရောက်တိုင်းမှာ

ကဗျာ ရင်ငွေ့ထဲ နှစ်မောလို့

ကိုယ့် နှလုံးသားလေး မျောပါရမြဲလေ။

မှန်ကြိုက်သူများဖြစ်စေဖို့

0

မြန်မာ အမျိုးသမီးများ ဖြစ်ကြရခြင်းသည် အမွန်မြတ်ကြီးမွန်မြတ်လှပါ၏။ ဂုဏ်လည်းယူပါ၏။ ကျေနပ်လှပါ၏ အဘယ်ကြောင့် ထိုသို့ ဖြစ်ရ ပါသနည်း။

မြန်မာနိုင်ငံ ၌ ရှေးရှေးမြန်မာ ဘိုးဘေးဘီဘင်ကြီးများ လက်ထက်ကတည်းက မြန်မာအမျိုးသမီးများသည် ယောက်ျားများ နှင့် တန်တူဆောင်ရွက် လုပ်ကိုင်ခွင့် ရခဲ့ ကြသည်။မြန်မာယောကျာ်းသားတို့၏ ပင်ကို စိတ်သည် အမျိုးသမီးများကို ဖိနှိပ်ထားချင်စိတ်မရှိ။ အထင်အမြင်မသေး၊အခွင့်အရေးပေးတတ်ကြပါသည်။ထို့ကြောင့်မောင်တစ်ထမ်းမယ်တစ်ရွက်ဟူသည် တာာဝန်ယူမှုမျိုးရှိခဲ့သည်။ရှိနေဆဲဖြစ်သည်။ နောင်လည်းရှိပေဦးမည်မုချဖြစ်၏။

ယခုခေတ်တွင် မောင်တစ်ထမ်းမယ်တစ်ရွက် မက မောင်တစ်ထမ်း မယ်နှစ်ရွက် ဖြစ်နေကြပါပြီ။ အိမ်ရှင်မများလည်း တစ်ဖက်က အိမ်ထောင်ထိန်သိမ်းရင်း တစ်ဖက် က နိုင်ငံ အကျိုး ကို အားကြိုးမာန်တက် ထမ်းရွက်နေကြပြီ စာသံ ပေသံ ဖြင့် ပြောရလျှင် ခရေလည်းကောက်၊ စာလည်းခြောက် .နိုင်ကြပါပေရဲ့ ဟူချီးကျူးပါ၏။ ထိုမျှမက.

အဆင်းရှုပ၊ အချင်းမူလဖြစ်သည်။ဟု....နီတိ စကားအရ မိန်းမတို့၏ ဥစ္စာသည် အဆင်းရှုပဖြစ်သည်။ သို့ ရာတွင် ရှုပထက် မိန်းမကောင်း ၊ မိန်းမတော် ဖြစ်ရန်ကား အရည်အချင်းသာ မူလတန်ဖိုးထားအပ်သောအရာ၊ အရင်းခံ ဟုဆိုလိုရင်းဖြစ်၏။

မိန်းမမျာကို အလှကြိုက်သူ၊ မှန်ကြိုက်သူများ ဟုလည်း သရော်ပြောင်လှောင်တတ်ကြသည်။ မှန်ပါ၏။ မှန်ကြိုက်ပါ၏။ ယခုခေတ် မြန်မာအမျိုးသမီး၊ မြန်မာမများ ပို၍ သာ၍ မှန် ကြိုက်ကြပါသည်။ ၀န်ခံပါ၏။ အဘယ်ကဲ့သို သော မှန်မျိုးကို အဘယ်မျှလောက် ကြိုက်ပါသနည်း။ ဟုတ်ကဲ့....မှန်တစ်မှန်သာ မဟုတ်၊ မှန်လေးမှန်အထိကြိုက်ပါ၏။ ထိုမှန်လေးမှန်တို့ကား အလှကြည့်မှန်မဟုတ်။ မှန်. အမှန်တရားများသာဖြစ်ပါ၏။

ယင်းတို့ကား

(၁) အဖြစ်မှန်၊

(၂) အသိမှန်၊

(၃) ခံယူချက်မှန်၊

(၄)ရပ်တည်ချက်မှန်၊

တို့ ဖြစ်ပါ၏။ ယခုခေတ်မြန်မာအမျိုးသမီး၊ မြန်မာမ များသည် မှန်ကန်နေအောင် မျက်စိဖွင့်နားကိုစွင့် လျက် ရှိနေကြလေပြီ၊ ထို့ကြောင့် မြန်မာ့အမျိုးသမီးများသည် အစဉ်အလာ အဆုံးအမကောင်း၊ အခွင့်ရေးကောင်း၊ ပတ်ဝန်းကျင်ကောင်းများ ရရှိထားကြသဖြင့် မြန်မာအမျိုသမီးဖြစ်ရ မွန်မြတ်စွဟု ၀မ်းသာကြည်နှုး မိပါသည်။

မြန်မာမလေးဆိုပါလျှင်

2


မြန်မာမလေး ဆိုပါလျှင်

မြင်ရုံနဲ့ သိ

နုညက်စင် သနပ်ခါး

ပါးပြင်ကို ကြည့်။

မြန်မာမလေး ဆိုပါလျှင်

မြင်ရုံနဲ့ သိ၊

ချိတ်လှိုင်းဆင် ရောင်စုံသွေးနဲ့

ယဉ်ကျေးပါဘိ။

မြန်မာမလေးဆိုပါလျှင်

မြင်ရုံနဲ့ သိ။

စောင့်စည်းက္ကနြေ္ဒနဲ့

သိန်သရေ မျိုးဂုဏ်မြှင့်

တင့်ကြသည်ချည်း။


မိန်းမမြတ်အပြုံး

0

နန်းဒေ၀ီ ဥဒုမ္ဗရကိုဖြင့်

လှမ်းမခြွေပြီ လူ့ သုညပါကလား

ယခုကြုံရတာ မလျော်ပါချေသမို့

တော်ရာနေ တော်ရာပြေးတော့မယ်တဲ့

အတွေးအိမ် သိမ်နုတ်လှပါဘိ

ပိဂုတ္တရ ထိုလုလင်။

အတောင်နှစ်ဆယ်သာ ထုံးနှောင်ဝတ်ခဲ့သော်လည်း

ရှောင်ဖယ်ရှာ သုံးတောင်ဝတ်တောင်မှ

ဇွတ်ရှောင်ကာ လွတ်အောင်ပြေးခဲ့လေတော့

ဝေးခဲ့ပြီ မခင် မကြင်လည်း

ရှင်ဘုရင် တော်ကောက်ပြန်တော့

တစ်ယောက်သခင် မိဖုရား အဖြစ်ရယ်နဲ့

ပွားသစ်ဂုဏ်အင်။

ခရီးဖော်အစဉ် ဘုရင်အတွက်ပေမို့

စီးတော်ဆင် ယာဉ်အထက်ဆီက

တစ်ရက်ခါ အသိုင်းအ၀န်းတွေနဲ့

တိုင်းခန်းလှည့်လည်စဉ်ပေါ့

ခွေဆံပင် နှောင်လိမ်ရှုပ်ကယ်နဲ့

သွေမခင် မောင်ပိန်ဂုတ်ကိုတဲ့

ရုတ်တရက် လှမ်းလို့မြင်

အသွင်အပြင်က ညှိုးခွေနုန်း။

သြော်ဆင်ခြင်ပြန်တော့ မိုးမြေတစ်နှုန်း။

အပေးနဲ့ အယူ

ပေးတဲ့သူ ကြည်ဖြူပါလည်း

ညီ မတူ သည်လူအမိုက်ရယ်နှင့်

ဘုန်းမတန် ကံမထိုက်လေတော့

အသုံးခံ မပန်ထိုက်တဲ့ပြင်

ပန်ခိုက်ကယ် မဆုံချေဘူး

ကြုံပလေ ဘုံဗွေရှုလိုက် ပြန်တော့

အမှုစုံ ယခုကြုံရတယ်လို့

ဥဒုမ္ဗရ ဒေ၀ီတစ်ပါးကတော့ဖြင့်

(အများအလယ်မှာ စကားအကျယ် မပွားချင်သမို့)

သြော်သနားတယ်လို့ ပြုံး။

အပင်စိုက်သူ

0

စေတနာဖြူစင်

အပင်စိုက်သူ

ရယူနိုင်ရေး

လုံးဝ သူမတွေး။

စိုက်ပျိုးအပင်

သန်ရှင်စေကြောင်း

ရေကိုလောင်းလို့

ပေါင်းကို နုတ်သင်

ထာဝစဉ်

အပင်လန်းဆန်း ညွန့် လူအကြွ

ရင်ထဲတမ်းတ အိမ်မက်လှ

ဖူးလွင်ဝေမည့် သမယ

တွေးမြင်မှန်းဆ အပြုံးဆင်သ

မလိုချင်တော့ ဘာကိုမျှ။

ကန်တော့ ဆွမ်းဆိုတာဘာလဲ(၄)

1

အမျိုး ဘာသာ သာသနာနဲ့ ပတ်သက်လို့ တစ်နှစ်, နှစ်နှစ်တင် ကြည့်လို့ မရပါဘူး။
လေးငါးခြောက်နှစ်တင်လည်း ကြည့်လို့ မရပါဘူး။ နှစ်ပေါင်းများစွာ မျိုးဆက်ပေါင်းများစွာ
မျှော်ကြည့်ရပါမယ်။ အနာဂတ်မျိုးဆက် ကောင်းစားဖို့ လူငယ်တွေ အရေးကြီးပါတယ်။
လူငယ်တွေ ပညာရေးမှာ စိတ်ဝင်စားဖို့ လိုပါတယ်။ အနာဂတ်ကို ဦးဆောင်မယ့် လူငယ်တွေ
ပညာရေးမှာ စိတ်ဝင်စားနေရပါမယ်။ အနာဂတ်သာသနာတော် တင့်တယ်ဖို့ သာသနာ့
မျိုးဆက်သစ် ကိုရင်လေးတွေကို ဂရုစိုက်ပေးကြရပါမယ်။

ဝိပဿနာအလုပ်ပဋိပတ္တိသာသနာတော်ဆိုတာကိုရင်လေးတွေအတွက်အဆင့်
မြင့်လွန်း နေပါသေးတယ်။ပရိယတ္တိသာသနာတော် ဆိုတာကတော့ ဗုဒ္ဓစာပေဖြစ်လို့
ကိုရင်လေးတွေစိတ်ဝင်စားလာအောင်ဆွဲဆောင်သိမ်းသွင်းရမယ့်ပညာရေးပါပဲ။
ပရိယတ္တိစာပေကိုကိုရင်လေးတွေစိတ်ဝင်စားလာအောင်ဆရာသမားတွေကထိန်းကွပ်
ပေးရပါမယ်။ဆရာကောင်းသမားကောင်းတို့ကကိုယ့်တပည့်ကိုသနားတဲ့ကရုဏာ
ချစ်ခင်တဲ့မေတ္တာနဲ့နုငယ်တဲ့အရွယ်မှာပဲ့ပြင်ပုံသွင်းပေးရမှာဖြစ်ပါတယ်။ဆရာ့တာဝန်ကို
သိမြင်ကျေပွန်ရမှာ ဖြစ်ပါတယ်။

အရုပ်ဆိုးတဲ့ 'ကန်တော့ဆွမ်း'တွေနဲ့ အများဆုံး ကြုံတွေ့နေကြရတဲ့ ကိုရင်လေးတွေရဲ့
စိတ်ဝင်စားမှု ကို ဝတ္ထုငွေကြေး လာဘ်လာဘကနေ စာပေဘက် ပညာရေးဘက် ဦးတည်ရာ
ပြောင်းပေးလိုက်နိုင်ရင် အရုပ်ဆိုးတဲ့ 'ကန်တော့ဆွမ်း'တွေ နည်းပါးလာပါလိမ့်မယ်။
တဖြည်းဖြည်း ပျောက်ကွယ်သွားဖို့ မျှော်လင့်နိုင် ပါတယ်။
ဒကာဒကာမတွေဘက်ကလည်း ဆွမ်းခံကိုယ်တော်ကို ဘာမှလောင်းလှူစရာမရှိလို့
မတတ်သာတဲ့ အခါမျိုးမှာ 'ကန်တော့ဆွမ်းပါဘုရား'ဆိုတဲ့ စကားတစ်ခွန်းကို လေးစားမှုတွေ
အားနာမှုတွေ ထည့်သွင်းပြီး ယဉ်ယဉ်ကျေးကျေး ပျူပျူငှါငှါ ပြောဆို လျှောက်ထား
သင့်ပါတယ်။ ဒီထက် ပိုပြီး ယဉ်ကျေးချင်သေးတယ် ဆိုရင်တော့ လက်အုပ်ပါ ချီလိုက်ဖို့ 
ဝန်မလေးသင့်ပါဘူး။
အရုပ်ဆိုးဆိုး 'ကန်တော့ဆွမ်း'များ ကွယ်ပျောက်ပါစေသတည်း။

ဆရာတော်ဆီကို ဆက်သွယ်ချင်အောက်ကလိပ်စာနဲ့  ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
တီလေး ရေတူလေး ဒီနေအပြိးရေးတင်လိုက်ပါပြီနော်.စိတ်ကောက်မနေနဲ့ တော့ .


ရှင်အာစာရဖိတ်ခေါ်ချက်..
ဗုဒ္ဓဓမ္မကို စိတ်ဝင်စားသူတိုင်း စိတ်ဝင်စားသော
ဓမ္မအချက်အလက်ကို စာတိုက်မှဖြစ်စေ၊E-mail ဖြင့်ဖြစ်စေ
(အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ)
အောက်ပါ လိပ်စာသို့ ပေးပို့ ပြီး
ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်ကြပါရန်
လေးစားစွာ ဖိတ်ခေါ်ပါသည်။
အရှင်အာစာရ
အခန်း ၂ဝ၁၊ အမျိုးသားဆောင် - အေ
အပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊
မရမ်းကုန်း၊ ရန်ကုန်။
acr@sailormoon.com

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers