အားယို့ယို့……( ချစ်သူများနေ့အမှတ်တရ)

0


ဒီနေ့ ဖေဖော်ဝါရီ (၁၄)ရက်နေ့ ချစ်သူများနေ့လို့ မနက်မိုးလင်းကထဲက စိတ်ထဲအလိုလိုသိနေခဲ့တာ …အော်..ကိုယ်နဲ့ က ဆိုင်ပါဘူးလေ…ဒီနှစ်လည်း မဆိုင်သလိုအရင်နှစ်တွေကလည်းဆိုင်ခဲ့ပါဘူး…အဲလိုနဲ့ မြန်မာစံတော်ချိန် ၉း၃၀ ရောက်တော့ အိမ်စောင့်နတ်က နှင်တယ်လေ…နေ့တဒူဝ လုပ်ငန်းစဉ်ကြီးလည်ပတ်ဖို့ စက်ယန္တရားကြီးများရှိရာ မြန်းခဲ့ရတာပေါ့….စက်ရုံကြီးမှာ လူစုံတော့ ရောင်းရင်းများက နောက်ကြ…ပြောင်ကြတယ်..ချောကလက်လေးတော့ဝေမျှပါတဲ့….အမှန်တော့ အထင်ကြီးလို့ မဟုတ်ဘူး…ဖဲ့ချင်လို့…အဲဒါနဲ့ညခင်းလည်းပြောလိုက်တယ်…ကိုယ်ပါကိုယ်ဘဲဝယ်စားလိုက်ပြီလို့…(အမှန်ကတော့ရှက်ကွယ်လေး ကွယ်တာပါ) ပေးမဲ့လူရှိဘူးလို့ဝန်ခံဘူး….

အဲလိုနဲ့ ညခင်း အလုပ်ပြီးတဲ့ အခါမှာတော့ internet ထဲဝင်ဦးမှ ညခင်း blog လေး ဘယ်သူတွေများလာသွားကြလဲပေါ့…တဘက်ကဖွင့်ရင်း…တဘက်က email ဖွင့်လိုက်တော့…ညခင်းရဲ့တူလေး ကတော့ ကဒ်လေးပို့ထားရှာပါတယ်…(တီလေး ပျော်ရွှင်တဲ့ ချစ်သူများနေ့ ဖြစ်ပါစေတဲ့)…အားပေးတဲ့စာလေးပေါ့…ဆုတောင်း ပေး ထားတာ ကို…ကြည့်ရင်းပြုံးမိပါတယ်…ကိုယ်ဝမ်းနာ ကိုယ်သာသိကိုး…ညခင်း လည်းကျေးဇူးတင်တဲ့ အကြောင်း ၊ ပေးတဲ့ဆုနဲ့ ပြည့်ပါစေဆိုတာ…ပြန်ပို့ပေးခဲ့တယ်။

နေ့ခင်း၂း၀၀လောက်ကြတော့…ဖုန်းလာတယ်…ညခင်းနဲ့တွေချင်လို့တဲ့…ဟုတ်ကဲ့ပြောပါဆိုတော့…

ကျွန်တော်….ဘယ်သူပါတဲ့…ညခင်းရှိတဲ့နေရာကိုမနေ့ကသူရောက်လာတယ်...ဆိုတာရယ်…

လက်ဆောင်တစ်ခုထားခဲ့တာရယ်တဖက်ကပြောပါတယ်…ဘယ်သူလဲဆိုတာညခင်းမသိပါဘူး…

ညခင်းလဲ သူ့ကို စကားပြန်မပြောနိုင်ခင်မှာဘဲ…အခန်းရှေ့က မိတ်ဆွေတစ်ယောက်ရောက်လာလို့…ပြုံးပြရင်း…သူသိချင်တာကို မေးလာ လို့ တစ်ယောက်နဲ့ လွဲပေးချိန် မှာဘဲ တစ်ဖက်က ဖုန်းချသွားပါတယ်…

အဲဒီသူဘယ်သူလဲဆိုတာ ညခင်းမသိလိုက်ပါ…အော်…လူတွေ..လူတွေတော်တော် ရှုးပါလား…လို့ပြုံးမိတယ်…

အဲလိုနဲ့ ညနေ ၅း၃၀ ရောက်တော့ ညခင်းကို ရုံးစောင့်နတ်ကြီးက နှင်ပြန်ရော…အင်း…အိမ်ပြန်ရ ပေဦးမပေါ့….

အိမ်ပြန်တဲ့လမ်းမှာ…သူငယ်ချင်းကဆေးခန်းဝင်တော့ နည်းနည်းနောက်ကျမှ အိမ်ပြန်ဖြစ်တယ်…. အိမ်ပြန်မျက်နှာပန်းလှအောင်…အိမ်က လူကြီးတွေ အတွက် မုန့်ဝယ်ဦးမှဆို ပြီး…မုန့်ဆိုင်ဝင်ဖြစ်ခဲ့တယ်…ညခင်းလိုချင်တဲ့မုန့်ကို…မှာနေတဲ့အချိန်မှာဘဲ…ဆိုင်ရှင်ရဲ့သမီးလေး ၆နှစ်ခန့် က…သူ့အဒေါ်ကိုအော်ပြောလိုက်တာကို…ညခင်းဒီလိုကြားခဲ့ ရတယ်…

****ဒီနေ့ ချစ်သူများနေ့ သမီးချစ်သူတွေကို လက်ဆောင်ဝေမယ်တဲ့*****ညခင်း…ဟိုက်ခနဲ့ကို ဖြစ်သွားတာဘဲ။

ညခင်းတို့ ငယ်ငယ်က ချစ်သူများနေ့ ဆိုတာကြားတောင်ကြား ဘူးဘူး။အလုပ်ခွင်ထဲရောက် မှ…သိတာပါ…၃၀ကို ၁နှစ် ၂နှစ်စွန်းတဲ့ ညခင်း…တော်တော်အသုံးမကျမှန်း..ခုမှကိုယ်ပါကိုယ်သိတော့တယ်…သိတော့သိတာပေါ့နော်…အဲလောက်… ကွက်ကွက်ကွင်းကွင်းမမြင်မိဘူး….

အဲဒီကလေးအသံကို ကြားပြီး…ညခင်းစိတ်ထဲ ရှိတာသာ အော်ပလိုက်ရရင်…ရဲလေး..VeVe(ဒူးရင်း) ကြော်ညာလိုဘဲ…****အားးးးးးးးးးပါးပါးးးးးးးးးးယို့..ယို့***လိုသာအော်လိုက်ချင်တော့တယ်….။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers