0


ဟတ်ချိုး*******ဟတ်ချိုး….......နှာတောင်ချီတယ်...
အော် မ၀င်နိုင်တာကြာလို့ ဘလော့လေး ဖုန်တက်နေပါလား...

ပစ်ထားမိတာကြာပြီ ဘလော့လေးရေ ...လာလည်သူတွေကိုလဲ

တာဝန်မကျေမိလို့ တောင်းပန်ပါတယ်... ညခင်းအလုပ်ရှုပ်နေလို့ပါ...

စိတ်တွေလဲ...ရှည်လျားထွေပြားနေလို့ပါ…လူပျက်တွေပြောသလိုပြောရရင်…

အားရပါးရ နင်လားငါလား ကပြချင်ပါသော်လည်း ကျန်းမာရေးကမကောင်း…

ဆိုတာမျိုးဖြစ်နေတယ်…ကျန်းမာရေးကမကောင်းတာ…လူရော…

နက်ကြီးရောပေါ့…စိတ်ကူးထဲတော့စာတွေရေးနေတာ အများကြီးဘဲ။

ခဏနားထားမယ်နော်...။

လွမ်းရေး

1


လွမ်းရေး

လွမ်းတတ်သမျှ

လွမ်းပါရစေ

လွမ်းစရှည်မျှော

လွမ်းနွေတောမှာ

လွမ်းမောလှိုက်ဖို

လွမ်းခိုက်ပိုကဲ

လွမ်းရင်ထဲ၌

လွမ်းသည်းလှိုက်ဆူ

လွမ်းမြိုက်ပူပြင်း

လွမ်းစိတ်တင်း၍ေ

လွမ်းရင်းနေ့တွေ လွန်မြောက်သည်

လွမ်းသင့်သမျှ

လွမ်းခွင့်ရစေ

လွမ်းညဥ့်လွန်နက်

လွမ်းထက်ဝက်နှင့်

လွမ်းသက်ရင့်ရော်

လွမ်းမပျော်စဉ်

လွမ်းစဆင်ကာ

လွမ်းပြေရာသို့

လွမ်းဘာသာနှင်း

လွမ်းစိတ်တင်းမှ

လွမ်းရင်းညတွေ လွန်မြောက်၏…..။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers