မိန်းမမျက်စိ

0

ယဉ်ကျေးမူရာ ပျူငှာဟန်ကြောင့်

မယ့်အား ချစ်ခွင့် မပန်စေလိုပါ။

စက္ခုအစုံ ရူပါရုံညွတ်သောကြောင့်

မယ့်အား မဆွတ်စေလိုပါ။

မယ့်ပတ်ဝန်းကျင် အထင်ကြီးသောကြောင့်

ဇနီးကြင်ရာ မရွယ်စေလိုပါ။

နှလုံးသားတွင် ရိုးသားဖြူစင်သောကြောင့်

မယ့်အား မခင်တွယ်စေလိုပါ။

ထိုအရာများသည်…..

ရိုးအီသွားတတ် ပြောင်းလဲတတ်သည်။

အချစ်ပြတ်စဲ ကွဲကွာတတ်သည်။

သို့အတွက်…..

မိန်းမမျက်စိ ရှိတတ်ပါစေ

ဘာကြောင့်မသိ ချစ်မိသည့်ဓလေ့။

ဘယ်ရွှေ့ မသိ ချစ်မိမှသာ

တစ်မိဆို တစ်မယ် တစ်သက်လုံးတွယ်တာမှာ။


ဒီကဗျာလေးကတော့ ကြံကြံဖန်ဖန် ရှာဖွေတွေ့ ရှိတဲ့ ကဗျာလေးပါဘဲ။ ရေးသူလည်း အမည်မသိပါ။ အမျိုးသမီးတစ်ဦးက သူ့ရဲ့ အမျိုးသားကိုပြောဆိုလိုဟန်နဲ့ရေးသားထားပါတယ်။ကျွန်မကိုယဉ်ကျေးဖွယ်ရာတွေ့မြင်ခြင်းကြောင့်မချစ်ပါလေနဲ့တဲ့။ အမျိုးသမီးတစ်ဦးက သူ့ရဲ့ အမျိုးသားကိုပြောဆိုလိုဟန်နဲ့ရေးသား ထားပါတယ်။ကျွန်မကိုယဉ်ကျေးဖွယ်ရာ တွေ့မြင်ခြင်းကြောင့်မချစ်ပါလေနဲ့တဲ့။ ဒါဖြင့် ဘာကိုချစ်ရမှာလဲ၊
ယောက်ျားတစ်ယောက်ကမိန်းမတစ်ယေက်ကို ချစ်တယ်ဆိုတာချောလို့ချစ်တယ်၊ လှလို့ချစ်တယ်။တောင့်လို့ ချစ်တယ်၊ဖြောင့်လို့ချစ်တယ်၊ယဉ်ကျေးမှုရာရှိလို့ချစ်တယ်၊ပိုက်ဆံပေါလို့ချစ်တယ်၊ဂုဏ်ရှိလို့ချစ်တယ်၊ဘာလို့ချစ်တယ်၊ညာ လို့ချစ်တယ်ရယ်လို့ အကြောင်းတစ်ခု မဟုတ်တစ်ခုရှာလို့ရှိရစမြဲပါ။ဒါပေမဲ့ မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို ချစ်မိပြီဆိုရင်တော့ သူ့ဟာသူ ဘာကြောင့်ဒီယောကျာ်းကိုချစ်မိတယ်ဆိုတာကျေနပ်လောက်တဲ့အဖြေကို မပေးတတ်အောင် ဖြစ်နေတယ်။
သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ရုပ်ကတော့ဆိုးသလားမမေးနဲ့၊ မင်းကုသက အဘခေါ်ရမယ်၊ ပျင်းသလားဆိုတော့ ဘာအလုပ်မှလက်ကြောတင်းအောင်မလုပ်ဘူး၊အရက်ကိုမိုးမလင်းသောက်တယ်။မိန်းမလုပ်စာနဲ့လဲထိုင်စားနေသေးတယ်။အရက်ဖိုးမရရင်လဲ ဂျစ်တိုက်တတ်သေးတယ်။စကားကလဲ အပေါ်စီးကမာရေကြောရေပြောသေးတယ်။သူ့မိန်းမက ရုပ်ရည်မှာလဲ သူနဲ့ အပြတ်အသတ်ကွာတယ်။ချောလိုက်တဲ့မိန်းမ၊သိမ်မွေ့လိုက်တဲ့မိန်းမ၊သူ့ယောကျာ်းကို ချစ်လိုက်တာမှတုန်နေတာဘဲ။ ကြောက်လိုက်ရတာလဲ ငပိဆိုဖုတ်ပြီးသားပါဘုရားဘဲ၊ လောကမှာ ယောကျာ်းရှားသမို့လား၊ဒီငနာကို ဘာကြောင့်များ ဒီလောက်ချစ်ကြောက်ရိုသေနေရသလဲဆိုတာ စဉ်းစားလို့ကို မရဘူး၊ ချစ်တာဟာ ချစ်တာပဲကိုးလို့ ပြောရှာတယ်။ မိန်းမတွေ စိတ်ဟာ ဆန်းကြယ်တယ်။ သူတို့စိတ်ကိုသူတိုကိုယ်တိုင်လဲ နားမလည်းဘူး။
အဲဒီမှာ မိန်းမအချစ်ဟာ ယောကျာ်းထက်ပိုပြီး ခိုင်မြဲတော့တာပဲ၊ဘာကြောင့်ချစ်တယ်ဆိုတာ မသိတော့ ဘာလို့မုန်းရမှာလဲပေါ့၊ အဲဒါကို စံနမူနာယုပြီး မိန်းမတစ်ယောက်က သူ့ကို ချစ်ရင် မိန်းမတစ်ယောက်ရဲ့ အချစ်မျိုးနဲ့ချစ်ပါ။ မိန်းမချစ် ချစ်တာဟာ ဖြေဆေးကို မရှိလို့ ဒီအချစ်မျိုးကို ပိုပြီးစွဲမြဲပါတယ်လို့ ကဗျာရှင်က စာဖွဲ့လို့ တင်ထားခြင်းဖြစ်ပါတယ်။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers