ဗုဒ္ဓဘာသာအပိုင်း(၁)

0

ဗုဒ္ဓဘာသာအပိုင်း(၁)

မိမိတို့ မြန်မာလူမျိုးတွေအတွက် ဗုဒ္ဓဘာသာအကြောင်းလေးကို
မှတ်ဖွယ်မှတ်ရာ ဗဟုသုတလေး အဖြစ်တင်ပေးလိုက်ပါတယ်။

ဗုဒ္ဓဆိုတာ ဘုရား။ဘာသာဆိုတာ စကား။ပေါင်းလိုက်တော့ ဗုဒ္ဓ
ဘာသာဆိုတာ ဘုရားစကား။ဘုရားစကားဆိုတာ ဘုရားရှင်ရဲ့ မိန့် 
ကြားချက် ဟောကြားချက်တွေပဲ။

ဘုရားရှင်မိန့် ထား ဟောထားတဲ့ တရားတော်တွေဟာ ပီဠကအနေနဲ့ 
သုံးပုံ။နိကာယ် အနေတဲ့ ငါးရပ်။ဓမ္မကန္ဓာပေါင်း ရှစ်သောင်းလေး
ထောင် ။ဒါတွေဟာဗုဒ္ဓဘာသာပါပဲ။

ဒီဗုဒ္ဓဘာသာတွေရဲ့  အနှစ်ကို ချူပ်လိုက်တော့ သုံးမျိုးပဲကျန်တော့ တယ်။
(၁)မကောင်းမှု မှန်သမျှကို မပြုနဲ့ မလုပ်နဲ့ ရှောင်
(၂)ကောင်းမှုမှန်သမျှလုပ် ပြည်စုံအောင်လုပ်
(၃)မိမိစိတ်ကို ဖြူစင်အောင်၊သန့် ရှင်းအောင်၊စင်ကြယ်အောင်လုပ်၊ဗုဒ္ဓဘာသာ
ဆိုတာ လိုရင်းအချုပ်က ဒီသုံးမျိုးပဲ။

ဗုဒ္ဓရဲ့ အဆုံးအမတွေကို ယုံကြည်လေးစားလို့  မကောင်းမှုတွေကို
မပြုလုပ်ဘဲရှောင်မယ် ။ကောင်းမှုတွေကို ပြည့် စုံအောင် လုပ်မယ်
မိမိစိတ်ကို ဖြူစင်အောင် သန့် ရှင်းအောင် လုပ်မယ်ဆိုရင် ဒီပုဂ္ဂိလ်
မျိုးကို ဗုဒ္ဓအဆုံးအမ အရိပ်အာဝါသအောက်မှာ ၀င်နေလို့ ဗုဒ္ဓအဆုံးအမ
စည်းဝိုင်းအတွင်းမှာ ၀င်နေလို့  ဗုဒ္ဓဘာသာဝင်လို့ ခေါ်တယ်။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers