ချစ်ခြင်းကို မခွဲပါနဲ့

1


ဆရာတော် အရှင်ဆန္ဒဓိကမှ အကောင်းကံချစ်မှ အချစ်ကံကောင်းမယ် စာအုပ်လေးမှာ အတိတ်ပစ္စုပ္ပန် အကြောင်းအကျိုးဆက်စပ်ပြီး အချစ်ကံ ကောင်းစေရန် နှင့် အချစ်ကံဆိုး အတွက်ရှောင်ကျဉ်ရန်တို့ကို ပုံဝတ္တုလေး ဥပမာပြရေးသားထားပါတယ်။

ကဿပ ဘုရားရှင် လက်ထက်တုန်းက သူဌေးသမီးတစ်ဦးသည် ခင်ပွန်းလောင်းသူဌေးသားရဲ့ အိမ်ကိုအ၀င် တံခါးအတွင်းဘက် ခြေစုံရပ်မိတာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်က အပုပ်နဲ့တွေ တထောင်းထောင်းထွက်လာတဲ့အတွက် သူဌေးသားနဲ့ လက်ဆက်ခွင့်မရဘဲ မိဘအိမ်ပြန်လာခဲ့ရပါတယ်။ တခြားသူဌေးသား ခြောက်ဦးနဲ့လည်း ဒီအတိုင်းချည်းပဲဖြစ်နေလို့ သူဌေးသမီးခမျာ အချစ်ကံခေသူဘ၀နဲ့ စိတ်ဆင်းရဲနေရရှာပါတယ်။

ဒီလိုအချစ်ကံခေရတဲ့အကြောင်းကတော့ အတိတ်ဘ၀တုန်းက ယောက်မဖြစ်သူနဲ့ ရန်ဖြစ်နေတုန်း ပစ္စေကဗုဒ္ဓါတစ်ပါး ဆွမ်းခံကြွလာတော့ ယောက်မက ဆွမ်းလောင်းပြီး ဒီလို အမိုက်မမျိုးကို ယူဇနာတစ်ရာအဝေးက ရှောင်ကြဉ်နိုင်ပါရစေ လို့ ဆုတောင်းလိုက်တယ်။ ယောက်မရဲ့ ဆုတောင်း မပြည့်စေချင်တဲ့စိတ်နဲ့ သပိတ်ထဲက ဆွမ်းတွေသွန်ပစ်ပြီးရွံ့ညွန်တွေ အပြည့်ထည့် ပေးလိုက်သတဲ့ အဲဒီ အကုသိုလ်ကံကြောင့် ခင်ပွန်းလောင်းတွေရဲ့ အိမ်ရောက်တိုင်း အခုလို အပုပ်နံ့ထွက်ပြီး အချစ်ကံခေနေရရှာတာပါ။

သူဌေးသမီးဟာ ယောက်ျားမရတော့မဲ့အတူတူ မထူးဘူးဆိုပြီး လက်ဝတ်ရတနာတွေ အကုန်လုံး ထုခွဲရောင်းချ၊ ရတဲ့ငွေနဲ့ ကဿပ ဘုရားရှင်ရဲ့ ဓာတ်တော်ဌာပနာရာ စေတီတော်မှာ ရွှေအုတ်တစ်ချပ်နဲ့ ကြာပန်းရှစ်ပွင့် လှူဒါန်းလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ပထမဆုံးလက်ထပ်ဖို့ ကြံရွယ်ခဲ့တဲ့ သူဌေးသားက သူဌေးသမီးကို သတိရပြီး အိမ်ကိုခေါ်ဆောင်သွားတဲ့အခါ အိမ်အတွင်း ၀င်ဝင်ချင်း သူဌေးသမီးရဲ့ကိုယ်က စန္ဒကူးနံ့သာတွေ သင်းပျံ့ကြိုင်လှိုင်စွာ ထွက်ပေါ်လာပါတယ်။ သဌေးသမီးစကားပြောလိုက်တိုင်းလည်း အာခံတွင်းက ကြာညိုရနံ့ သင်းပျံ့လို့နေပါတယ်။ (ခန္ဓာကိုယ်က အပုပ်နံ့ထွက်ခြင်းဆိုတဲ့ အားနည်းချက်ကို သင်းပျံ့မွေးကြိုင်တဲ့ ကြာပန်းလှူခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုက ချေဖျက်ပေးလိုက်တဲ့အတွက် အားနည်းချက် ပျောက်သွားပြီး အချစ်ကံကောင်းသွားတာ လို့ ပြောနိုင်ပါတယ်။)

လောကမှာ အဆိုးတွေ ကြုံကြုံနေရတယ်ဆိုတာ အကောင်းကံ မရှိလို့ မဟုတ်ပါဘူး။ အဆိုးကံရှိနေလို့ပါ။ အဆိုးကံသာ မရှိရင် အဆိုးတွေ လုံးဝ မကြုံတွေ့ရပါဘူး၊ အဆိုးမကြုံတွေ့ချင်သူတစ်ယောက် အဓိကလုပ်ရမယ့် အလုပ်ကတော့ အဆိုးကံရှောင်ကြဉ်တဲ့အလုပ်ပါပဲ။ဒီလိုပဲ အချစ်နဲ့ပတ်သက်လို့ အဆိုးကြုံတွေ့ရတယ်ဆိုတာ အချစ်နဲ့ ပတ်သက်တဲ့ အဆိုးကံတွေ အတိက်က ကျူးလွန်ခဲ့လို့ပါ။

အချစ်ကံခေစေတဲ့ အဓိက အကျဆုံး အဆိုးကံတော့ အချစ်ရေးမှာ သစ္စာမရှိခြင်း၊ တစ်နည်းအားဖြင့် အချစ်ရေးဖောက်ပြန်ခြင်း၊ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောက်ဖက်အပေါ်မှာ သစ္စာမရှိဘဲ တခြားတစ်ယောက် သို့မဟုတ် တခြားအယောက်များစွာနဲ့ ဖောက်ပြန်နေတာဟာ အချစ်ကံခေစေတဲ့ အဆိုးကံကို ထူထောင်နေတာပါ။ အဲဒီကံ အကျိုးပေးတဲ့ ဘ၀ သေချာပေါက် အချစ်ကံခေမှာပါ။

တစ်ဖက်သားအပေါ် ရင်ထဲက တကယ်မချစ်ပါပဲ ချစ်ဟန်ဆောင်တာမျိုး၊ တစ်ဖက်သား ရင်ထဲခံစားရအောင် ကလိတာ၊ ရိတာမျိုး။ရည်းစားထည်လွဲတွဲပြီး အပျော်ကြံတာမျိုး၊ ယုံလွယ်တတ်သူတွေအပေါ် ပုံပြောကောင်းပြီး မျက်နှာများတာမျိုး။ မဆွတ်ခင်က ညွတ်ချင်နေတဲ့ အညှာလွယ်သူတွေအပေါ် ပလီပလာချွဲပြိး ကျောရရုံကြံတာမျိုး၊ တစ်သက်တာယုံမှတ်လို့ အရှက်ပါပုံအပ်သူတွေအပေါ် စားပြီးနားမလည် မသိချင်ယောင်ဆောင်တာမျိုး၊ လက်မထပ်သေးခင် ကြိုပွိုင့်ရိုက်တာမျိုး...စတဲ့ အချစ်သူခိုး အလုပ်တွေ အကုန်လုံးကို တည်ကြည်ခိုင်ခံ့တဲ့ စိတ်ဓာတ်နဲ့ မြင့်မြတ်စွာ ရှောင်ကြဉ်နိုင်ရပါမယ်။ အိမ်ထောင်ကျပြီးသူတွေ အနေနဲ့တော့ အချစ်ရေးဖောက်ပြန်မှုတွေ သာမက အိမ်ထောင်ရေးဖောက်ပြန် ခြင်းကိုပါ ရှောင်ကြဉ်ရပါမယ်။

အချစ်ကံခေစေတဲ့ နောက်အဆိုးကံတစ်ခုက သ၀န်တိုခြင်းပါ။ ကိုယ်ချစ်တဲ့သူက တခြားတစ်ယောက်အပေါ် ကျယ်ပြန့်သန့်ရှင်းတဲ့ ချစ်ခြင်းမေတ္တာတွေ မျှဝေနေတာ အပေါ် မနာလိုမရှုဆိတ်ဖြစ်ပြီး ဟိုလူကိုမချစ်ရ၊ ဒီလူကို မခင်ရ၊ ဘယ်သူနဲ့မပေါင်းရ၊ မပတ်သက်ရလို့ ၀န်တိုမိန့်တွေ ထုတ်ပြန်နေတာဟာ အချစ်ကံခေကြောင်း မကောင်းမှုအကုသိုလ်တွေ ဆည်းပူးစုဆောင်းနေတာပါပဲ။ ချစ်ခြင်းကိုမခွဲပါနဲ့ ဆိုတဲ့ ၀စီသုစရိုက် သိက္ခာပုဒ် (ပိသုဏ၀ါစာဝိရတိ သိက္ခာပုဒ်)ဟာ ချစ်သူရည်းစားချင်း ဇနီးခင်ပွန်းချင်းရဲ့ ချစ်ခြင်းကိုသာ မခွဲဖို့ပြောတာ မဟုတ်ပါဘူး။ မိဘနဲ့သားသမီး၊ ဆရာတပည့်၊ ဆရာ နဲ့ ဒကာ၊ ညီကိုမောင်နှမ၊ ဆွေမျိုးသားချင်း ချစ်ခင်ကြသူချင်းရဲ့ ချစ်ခြင်းကို မခွဲဖို့ပြောတာပါ။

အချစ်ကံကောင်းစေတဲ့ အဓိကအကျဆုံး အကောင်းကံကတော့ မေတ္တာတရားလက်ကိုင်ထားခြင်းပါပဲ။ သူတစ်ပါးအပေါ် စစ်မှန်သန့်စင်တဲ့ မေတ္တာတရားတွေ များများပေးနိုင်လေ ချစ်ခြင်းမေတ္တာ နဲ့ပတ်သက်ပြီး ကံအကျိုးပေး ပိုကောင်းလေပါပဲ။
ချစ်ခြင်းမေတ္တာဆိုတာ လူသားတိုင်း မကင်းနိုင်ကြပါဘူး။ မကင်းနိုင်ကြတဲ့အတူတူ...ကောင်းသောအချစ်တွေကိုသာ ပေးကြရအောင်.....။


နားလည်သလိုခံစားဖော်ပြပါသည်-ကောက်နှုတ်ချက်-(အရှင်ဆန္ဒဓိကမှ အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်)

ညခင်းရွှင်လန်းချမ်းမြေ့ကြပါစေ။

ပုံပြင်ထဲက တောထွက်ကြီး။

8



တစ်ခါတုန်းက တောရွာကျောင်းတစ်ကျောင်းမှာ တောထွက် ကိုယ်တော်ကြီးတစ်ပါးရှိတယ်။ တစ်နေ့မှာ ကျောင်းထိုင်ဆရာတော် မရှိခိုက် အသုဘသရဏဂုံတင် လာပင့်တယ်။ တောထွက်ကိုယ်တော်ကြီးက ရေစက်ချမရ ဘူးတဲ့။ မလွဲမရှောင်သာတော့ လိုက်သွားရတာပေါ့။ ကြွသွားရင်းနဲ့ ရေစက်မချရအောင် ဘယ်လိုလုပ်ရပါ့လို့ စဉ်းစားရင်းလိုက်လာခဲ့တယ်။

သုသာန်ရောက်တော့ ထုံစံအတိုင်း သရဏဂုံတင်သီလ ပေးတာပေါ့။ ဆုပေးရင်း ရှေ့မှာချထားတဲ့ ရေစက်ခွက်ကို မြင်နေရတယ်။ ဒါနဲ့ "ယမဟံ ၀ဒါမိ တံ ၀ဒေထ- ဒကာကြီးရေဆာလိုက်တာဗျာ၊ အဲဒီရေခွက်ကပ်စမ်း လို့. . . " ပြောလိုက်တယ်။

ဒကာတွေမှာလည်း သုသာန် အသုဘချခဏလာတာဆိုတော့ ရေတကောင်းတို့ ဘာတို့ မပါလာဘူးပေါ့။ ရေစက်ချဖို့ ဖန်ခွက်ကလေးနဲ့ ရေပဲပါလာတာ။ မငြင်းသာဘူး။ ကပ်လိုက်ရတာပေါ့။ သီလလည်းပေးပြီးရော ကိုယ်တော်ကြီးက ကဲဒကာတို့ ဒကာတို့လည်း ရေစက်ချဖို့ရေလည်း မရှိတော့ဘူး။ ရေမရှိရင် ရေစက်ချလို့လည်း မဖြစ်တော့ဘူး ဆိုပြီးကျောင်းကို ပြန်လာခဲ့တော့သတဲ့။



ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers