ဦးနှောက်ထိခိုက် ပျက်စီးစေတဲ့ အမူအကျင့်တွေ..။

0

ဦးနှောက်ကို ထိခိုက်ပျက်စီးစေတဲ့ အမူအကျင့်တွေ ကို ကျွမ်းကျင်သူတွေက ဒီလိုဖော်ပြထားပါတယ်။ ညခင်း ဖတ်ရသည်များကို ပြန်လည်မျှဝေပါသည်။

နံနက်စာ မစားသုံးခြင်း။
နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏနည်းပါးတတ်ပါတယ်။သကြားဓာတ် ပမာဏ နည်း လို့ ဦးနှောကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်လို့ ဦးနှောက်ကို ယိုယွင်းစေပါတယ်။

အစားအလွန်အကျွံစားသုံးခြင်း။
အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီး စိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။

ဆေးလိပ်သောက်ခြင်း။
ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။

သကြားအများအပြားစားသုံးခြင်း။
သကြားစားသုံးမှုများလွန်တာဟာ ပရိုတိန်းနဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေလို့ အာဟာရ ဓာတ် ချို့ တဲ့ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့် အယှက်ဖြစ်စေပါတယ်။

လေထုညစ်ညမ်းခြင်း။
ခန္ဒာကိုယ်ထဲမှာ ဦးနှောက်ဟာ အောက်စီဂျင်ကို အများဆုံးသုံးစွဲသူဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ လေထုကို ရှူလိုက် တဲ့ အခါ ဦးနှောက်ကို အော်စီဂျင်ပို့လွှတ်မှုလျော့နည်းသွားလို့ ဦးနှောက်စွမ်းရည် လျော့ကျမှုဖြစ်ပွားတတ် ပါ တယ်။

အိပ်ရေးပျက်ခြင်း။
အိပ်စက်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။တာရှည် အိပ်ရေးပျက်တာဟာ ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကို တိုးပွားစေပါတယ်။

ခေါင်းစွပ်နှင့်အိပ်ခြင်း။
ခေါင်းစွပ်နှင့် အိပ်စက်တာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုကိုတိုးမြင့်စေပြီး အောက်စီဂျက်စုစည်းမှုကို လျော့ကျစေတဲ့အတွက် ဦးနှောက်ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။

နေမကောင်းစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း။
နေမကောင်းတုန်း အလုပ်တို ပင်ပင်ပန်းပန်းလုပ်မယ်၊ စာကြိုးစားမယ်ဆိုရင် ဦးနှောက်စွမ်းရည်လျော့ကျပြီး ဦးနှောက် ကို ထိခိုက်စေပါတယ်။

နိုးကြားတဲ့ အတွေးအခေါ်မရှိခြင်း။
ဦးနှောက်ကို လေ့ကျင့်ပေးဖို့ တွေးခေါ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဦးနှောက်ကို နှိုးဆွတဲ့ အတွေးအခေါ်မရှိတာဟာ ဦးနှောက်ကျုံတတ်ပါတယ်။

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ညခင်း

လုပ်ဆောင်ချက်မှန်ကန်ကောင်းမွန်ဖို့

0

ဘုရားသခင် လူသားကို ဖန်ဆင်းစဉ်က ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အချင်းချင်းအငြင်းအခုံ ဖြစ်ပွား စကားများခဲ့ ကြလေသည်။

သူတို့ထဲမှာ ဘယ်သူက ဆရာကြီး ဘောစ့် ဖြစ်သနည်း ပေါ့။


ဦးနှောက်က အရင် စ စကားများသည်။

”ကိုယ်ခန္ဓာ အစိတ်အပိုင်း အားလုံးကို ငါကထိန်းချုပ်ထားတာကွ၊ ဒါကြောင့် တစ်ကိုယ်လုံးမှာ ငါသာလျှင် ဘော့စ်”

ခြေထောက်က ပြန်ချေပသည်။

”တစ်ကိုယ်လုံး ဘယ်သွားသွား ဘယ်လာလာ ငါက ပို့ဆောင်ပေးတာကွ၊ ဒါကြောင့် ငါသာလျှင် ဘော့စ်”

အစာအိမ်က ခုလို အကြောင်းပြသည်။

”မှီဝဲ စားသောက်လိုက်သမျှ အစာရေစာတွေကို ကျေညက်အောင် ငါက ခြေဖျက်ပေတာကွ၊ ဒါကြောင့် ငါသာလျှင် ဘော့စ်”

မျက်လုံးတွေကလည်း သူ့ အကြောင်းပြချက်နဲ့သူ။

”ငါတို့သာ မရှိရင် လူဆိုတာ ခိုကိုးရာမဲ့ ဒုက္ဇိတ ဘ၀ရောက်သွားမှာကွ၊ ဒါကြောင့် ငါတို့သာလျှင် ဘောစ့်”

သို့လျှင် နှလုံးသား ၊ လက်များ၊ နားရွက်များနှင့် အဆုတ်များကပါ သူတို့သာလျှင် ဆရာကြီးဖြစ်ထိုက်သည်ဟု အသီးသီး အကြောင်းပြကြ၏။

နောက်ဆုံး စအိုဝ အလှည့် ရောက်သည်။ သူကလည်း ဘော့စ်ရာထူးတွင် ၀င်အရွေးခံသည်။

ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးက စအိုဝအား တ၀ါးဝါး ၀ိုင်းဟားကြသည်။ စအိုဝ မခံမရပ်နိုင် ဖြစ်ပြီး သူ့တာဝန်၊ သူ့လုပ်ငန်း သူ မထမ်းတော့ ဘဲ ဆန္ဓ္ဇပြ ရပ်ဆိုင်းလိုက်သည်။

မကြာပါ။ တစ်ရက် နှစ်ရက် အတွင်းမှာ ဦးနှောက်တစ်ခု လုံး အူကြောင်ကျားဖြစ်စ ပြုလာသည်။ ခြေထောက်တွေ ကောင်းကောင်း လျှောက်လို့မရတော့။ မခိုင်ခန့် ချည့်နဲ့စ ပြုလာသည်။ အစာအိမ် အလုပ်မလုပ်၊ ၀မ်းချုပ်လာသည်။ မျက်လုံးတွေ မမြင်မစမ်း ကန်းချင်လာသည်။

နောက်ဆုံး စအိုဝအား အားလုံးက ၀ိုင်းတောင်ပန်ပြီး ဆရာကြီး အဖြစ် ရွေးကောက် တင်မြှောက်လိုက် ကြရလေသည်။

ဘော့စ် ဖြစ်ဖို့ ဦးနှောက် ကောင်းဖို့မလို၊ စအိုဝ ၏နေ့စဉ်လုပ်ဆောင်ချက်မှန်ကန်ကောင်းမွန်ဖို့သာ လိုသည် ဟူသောစကား မှန်ကန်ကြောင်း ခိုင်လုံဆုံး အထောက်အထားဖြစ်သတည်း။





ကွယ်ဝှက်လို့မရအောင် ဖြစ်တတ်တဲ့ အချစ်ဆိပ်တက်ချိန်

0

မိန်းကလေး တစ်ယောက်ကို ရင်ခုန်ခံစား ချစ်မိပြီဆိုရင် ကိုရွှေယောက်ျားတော်တော်များများဟာ ဟန်ဆောင်ဖုံးကွယ်ထားပါစေ၊ သူ စိတ်လှုပ်ရှားခံစားနေတယ်ဆိုတာ ပေါ်နေတတ်ပါတယ်။ အဲလို အမူအရာတွေ လှုပ်ရှားမှုတွေက ဘာတွေလဲ။

၁။ ချစ်မိပြီဆိုတာ သိစေတဲ့ အချင်းအရာ။
အနာဂတ်အစီအစဉ်တွေ လုပ်စရာတွေ စဉ်းစားလိုက်တိုင်း သူကလေး က အဲဒီအစီအစဉ်တွေထဲမှာ တွဲလျက်ပါနေတာ၊ သူကလေး နဲ့ ဆက်စပ်နေတဲ့ အလုပ်ကိစ္စတွေကိုပဲ ရှေ့ဆက်လုပ်ဖို့စဉ်းစား နေတာ၊ သူကလေးနဲ့အတူတကွ သွားလာလည်ပတ်ဖြစ်တဲ့အခါ ဆက်ခါဆက်ခါ ဟိုသွားမယ် ဒီသွားမယ် ဟိုပွဲဒီပွဲတွေ နှစ်ယောက်သား ဆင်နွဲမယ်ဆိုတာပဲ တွေးဖြစ်တာတွေဟာ သင် သူအပေါ် ချစ်မိနေတာတွေပေါ့။

၂။ တခြားအရေးကြီးတာတွေ သူကလေးနဲ့ယှဉ်လိုက်ရင် အားလုံးနောက်ဆုံးမှာပါ။
အရင်က ဘယ်လို ကိစ္စတွေကိုပဲ ဦးစားပေးခဲ့ပေးခဲ့ သူ့ကိုတွေပြီးချိန်မှာ အားလုံးနောက်ကောက်ကျသွားပြီ။ သူကလေးက ကော်ဖီဆိုင်ထိုင်ဖို့ ပြောရင် အလုပ်တွေပစ်ပြီး လစ်ဖို့ အဆင်သင့်.။

၃။ လိုက်လျောဖို့သိပ်ပြောမနေရပါ။
နှစ်ယောက်တွေဆုံတဲ့အခါ ကိုယ်စီရှိကြတဲ့ အစီအစဉ်တွေက တခြားစီဖြစ်နေကြစေဦး။ သူ့ဘက်က သိပ်တောင်းဆို ညှိနှိုင်းမနေရဘဲ သင်ကအမြဲ သူ့အစီအစဉ်နဲ့ အဆင်ပြေအောင် အလျှော့ပေး လိုက်လျော နေဖြစ်တာ။

၎။အမြဲသူကလေးနဲ့တွေ့ဆုံအချိန်ဖြုန်းရတာကို ပျော်နေတာ။
သူနဲ့တွေ့ဖို့သာ စဉ်းစားတယ်။သူနဲ့တွေ့ဖို့ပဲ စီစဉ်တယ်။ တခြားဘာမှ အဲဒါလောက် အရေးမ ကြီးတော့ဘူး။ လှပသာယာတဲ့ ညနေခင်းတိုင်း သူကလေး ဆီက တီတီတာတာ စကားသံလေးတွေပဲ နားထောင် ရင် လမ်းလျှောက်ကြမလား၊ခုံတန်းကလေးပေါ်ပဲထိုင်ကြမလား။ အဲလို အမြဲအချိန်ဖြုန်းချင်တဲ့အခါ။

၅။သူကလေး လွဲရင် ဖွဲနဲ့ ဆန်ကွဲဖြစ်နေတာ။
သင့်မျက်စိ သင့်ရင်ခုံသံမှာ သူကလွဲရင် တခြားသူနေရာမရှိ၊ သိပ်ချောသိပ်လှတဲံ မိန်းကလေးတွေနဲ့ အလုပ်လုပ်ကိုင်နေသည့်တိုင် သင်သတိမမူဖြစ်၊ အလွန့်အလွန်ဆုံးသင် သတိထားမိရင်တောင် သူကလေးရဲ့ အလှကို မီဘူး။ဘယ်နေရာမှာ ပိုသာတယ်ဆိုတာပဲ သင်တွေးနေတတ်တာ။

၆။သင်နေလို့ထိုင်လို့သိပ်ကောင်းနေပြီး သင့်မျက်လုံးတွေ တောက်ပနေမှာ။
သင့်ဆီမှာ ချစ်ဆိပ်ချစ်သွေးတွေ ပြည့်နေချိန်မှာ သင့် ခန္ဒ္စာကိုယ်က ဓာတ်သဘာဝ မျှတနေပြီး သင့်မျက်ဝန်းမှာလည်း ချစ်ရည်ရွှန်းတဲ့ မျက်ဝန်းလဲ့ပြာပြာဆိုလောက်အောင် တောက်ပနေမှာ၊တက်ကြွလန်းဆန်းနေမှာ သေချာပါရဲ့။

၇။သူကလေးရဲ့ ချစ်စရာကောင်းပုံတွေကို သင်ရှာဖွေဖြစ်နေတာ။
အချိန်တိုင်း သူကလေး ရဲ့ အများနဲ့ မတူ တစ်မူထူးတယ်လို့ ယူဆရတာလေးတွေကို ရှာဖွေ စဉ်းစားပြီး သင့်တစ်ယောက်တည်း ပြောမပြတတ်အောင် ကျေနပ်ပျော်ရွှင်နေတတ်တာ။

၈။သူကလေးနဲ့ပတ်သက်သမျှ သင်သိချင် ပတ်သက်ချင်နေတတ်တာ။

ချစ်မိတဲ့အခါ သူကလေး အကြောင်း ဆံစ မှ ခြေဖျား အဆုံး သင်သိချင်တော့တာ၊ သူ ဘာတွေတယ်။ သူဘာကြိုက်တယ်။ သူဘာ နှစ်သက်တယ်။ ဘာတွေလုပ်ပေးရင် သူကျေနပ်မယ်။ ပြုံးပျော်မယ် ဆိုတာတွေ အားလုံး သင်သိချင် ဖြည့်ဆည်းပေးချင်နေတော့တာ။

၉။ သူ့အကြောင်းတွေးတာ ရပ်လို့မရအောင်ပါ။

ဘာကြောင့်ရယ်လို့ ဆင်ခြေမရှိဘဲ သူ့အကြောင်း စဉ်းစားတိုင်း ပျော်ရွှင်ကြည်နှုးနေတတ်တာ၊ သူက သင့်တစ်ဝက်တောင် သင့်ကို သတိရမနေတဲ့တိုင် သင်ကတော့ တွေ့ဖို့တွေးနေတာ၊ တွေ့ခဲ့တာတွေ တွေးမ၀နိုင်၊ အမြဲသတိရနေတာ။

၁၀။ သူ့ရှေ့က ကြုံဖူးတဲ့ ရင်ခုန်စရာတွေကို မေ့လိုက်နိုင်တာ။

သင်ဟာ လှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ နီးစပ်တွေ့ဆုံနေပါလျက်နဲ့ ။အဲဒီ မိန်းကလေးရဲ့ ရှေ့က သင်ရင်ခုန်ဖူးသူတွေကို သတိရနေသေးရင် ဒါအချစ်မဟုတ်သေးဘူး။ သင်အခုဆုံနေတဲ့ သူကလေးကို တွေ့မိချိန်ကစပြီး ရှေ့က ကြုံခဲ့ဖူးသူတွေ တစ်ယောက်မှ သတိမရတော့အောင် ပျောက်ကွယ်ကုန်ကြတဲ့အခါ
သင်ဟာ အချစ်စစ်ကို တွေ့နေပြီဆိုတာ ပါပဲ။
ပျော်ရွှင်စေရန်ရည်ရွယ်ပါသည်။ အားလုံးပြုံးပျော်နိုင်ကြပါစေ။


မိမိအိပ်တဲ့ပုံစံနဲ့ စိတ်နေစိတ်ထား

0

မိမိအိပ်တဲ့ပုံစံနဲ့ စိတ်နေစိတ်ထား

လူတစ်ယောက် အိပ်တဲ့ ပုံစံကို ကြည့်ပြီး သူ့ရဲ့ စိတ်နေစိတ်ထားကို အကဲခတ်လို့ ရတယ်ဆိုရင် ယုံမလား။ အချို့ က ဘေးတစ်စောင်း၊ အချို့က မှောက်လျှက်၊ အချို့က ပက်လက် အနေအထားနဲ့ တစ်ယောက်နဲ့ တစ်ယောက် အိပ်ပုံခြင်း၊ မတူကြပါဘူး။ အခုဖော်ပြပါ အိပ်တဲ့ပုံစံအလိုက် စိတ်နေစိတ်ထား ဘယ်လှိုရှိတယ်ဆိုတာကို ဟုတ်မဟုတ် တိုက်ဆိုင် ဆန်းစစ်ကြည့်ပါဦး။


၁။ ဘေးတစ်စောင်း အနေအထား။
သုတေသနပြုလုပ်ချက်အရ လူအတော်များများ ဘေးတစ်စောင်း အိပ်တတ်ကြပါတယ်။ လူတွေအားလုံးရဲ့ ၄၁ % လောက် ဒီပုံစံမျိုး အိပ်တတ်ပြီး အမျိုးသမီး အရေအတွက် အမျိုးသားများထက် ၂ ဆ ပိုတယ်လို့ ဆိုပါတယ်။ ဘေးတစ်စောင်း အိပ်တတ်တဲ့သူတွေ ဟာ အပြင်ပန်းက ကြည့်ရင် ခပ်တည်တည် တင်းတင်း ဖြစ်နေပေမယ့် သူတို့ရဲ့ အတွင်းစိတ်ကတော့ နှုးညံ့နေတတ်ပါတယ်။ သူတို့တွေကို တစ်စုံ တစ်ယောက်နဲ့ မိတ်ဆက်ပေးတဲ့အခါ အစပိုင်းမှာ ရှက်နေတတ်ပေမယ်။ ဒါပေမယ့် ခင်သွားပြီးရင်တော သူတို့တွေဟာ နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး ပေါင်းသင်းလို့ကောင်းတဲ့လူမျိုးတွေဖြစ်ပါတယ်။

၂။ ပက်လက်အနေအထား။
အချို့သူများဟာ ပက်လက်အနေအထားနဲ့ လက်နှစ်ဖက်ကလည်း ခေါင်းအုံးအနားမှာထားပြီး အိပ်တတ်ကြပါတယ်။
သူတို့တွေကတော့ သူငယ်ချင်းကောင်းဖြစ်နိုင်ပါတယ်။ သူများပြောသမျှကို စိတ်ရှည်လက်ရှည် နားထောင် ပေးတတ်ကြတယ်။ သူတစ်ပါးကို အချိန်ပေးပြီးကူညီဖို့ ၀န်မလေးတတ်သူတွေပေါ့။ အတူလက်တွဲ ပြီး အလုပ်လုပ် လို့ကောင်းတဲ့လူတွေလဲဖြစ်တယ်။ အတွေးအခေါ် အယူအဆ သစ်တွေကိုလည်း လက်ခံတတ်တယ် ဆိုတာ သူတို့ အိပ်နေတဲ့ ပုံစံ အနေအထား ဖော်ပြပေးနေပါတယ်။နောက်ပြီး သူတို့ဟာ လူအများရဲ့ အာရုံစိုက်ခံရမှုကို မနှစ်သက်ဘဲ ဘေးကနေ ပံ့ပိုးပေးနေရတာကိုပဲ ကျေနပ်နေတဲ့ လူစားမျိုးပါ။

၃။ပက်လက်အနေအထားဖြင့် ခပ်တောင့်တောင့်ပုံစံ အိပ်တတ်သူများ။
လူတွေရဲက ၈% ကတော့ ဒီပုံစံမျိုး အိပ်တတ်ပါတယ်။ သူတို့ရဲ့ ခပ်တောင့်တောင့်အိပ်တတ်တဲ့ အနေ အထားက ဘာကိုဖော်ပြသလဲဆိုရင် သူတို့ဟာ အနေအေးတယ်။ ကိုယ်ရဲ့ခံစားချက်ကိုလည်း သိပ်မဖော်ပြ တဲ့ လူစားမျိုးပေါ့။ နောက်ပြီး သူတို့ စိတ်မ၀င်စားတဲ့အရာ၊ အဖက်မတန်ဘူးဆိုတဲ့ဟာတွေကို လုံးဝလှည့်မ ကြည့်တတ်ဘူး။ ထင်ထင်ပေါ်ပေါ်နေတတ်တဲ့ လူမဟုတ်ပေမဲ့ ရည်မှန်းချက်မြင့်မြင့်မားမား ထားတတ်တယ်။ တခြားသူတွေကိုလည်း သူတို့လို ဖြစ်စေချင်ကြတယ်။ သူတို့ ညွှန့်ကြားချက်အတိုင်း အတိအကျ လိုက်နာစေချင် ကြတယ်။

၎။ မှောက်လျက်ပုံစံ။

မှောက်လျက်အိပ်တတ်သူတွေဟာ ခေါင်းအုံးပေါ်လက်တင်ထားတတ်ပြီး ခေါင်းတစ်ဖက်ဖက် ကိုလှည့်စေ စောင်းထားတယ်။ မှောက်ရက် အိပ်တာ အစာကြေလွယ်တယ်လို့ သိရပါတယ်။
ဒီလိုအိပ်တတ်တဲ့အမျိုးသမီးတွေဟာ အပေါင်းအသင်းဆံ့ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပါတယ်။ သူတို့ကို ဝေဖန်ပြောဆိုတာမျိုး လုံးဝ မကြိုက်ပါဘူး။ အခက်အခဲပြသသနာတွေကို ရင်ဆိုင် ဖြေရှင်းတဲ့အခါမှာလည်း သိပ်မကျွမ်းကျင်ဘူးလို့ ဆိုပါတယ်။




ဖား နဲ့ ကျား

0

ဒီတစ်ခါ အလှည်ကျတာ တော့ ပုံပြင်လေးပါပဲရှင်....

     ဟိုးရှေးရှေးတုန်းက တောအုပ်ကြီးတစ်ခုရဲ့ ရေကန်ကြီးထဲမှာ ဆိုရင် ကြားမျိုးငါးပါး၊ ပွင့်ဖူးနေကြလို့ လှပ မွှေးကြိုင်နေသတဲ့
ကြည်လင်း အေးမြတဲ့ရေ ကို တောအုပ်ထဲမှ ရှိကြတဲ့ တိရိစ္ဆာန်အပေါင်းက လာရောက် သောက်ကြတယ် ပေါ့ကွယ်။
      အဲဒီ ရေကန်ထဲမှာ ဖားထီးနဲ့ ဖားမ စုံတွဲရှိကြတယ်။ အဲဒီ ဖားလင်မယားဟာ ကြာပန်းထဲက ၀တ်ရည်တွေကို စားပြီး ကြီးထားလာကြတာပေါ့။ တစ်နေ့ ဖားမဟာ ဖားထီးကို ပြောတယ်။

ှရှင်ဟာ သိပ်ပြီး ခွန်အားဗလနဲ့ ပြည်စုံတဲ့သူပဲ။ ရှင်သာအင်အားအကြီးဆုံးဖြစ်မယ်ထင်တယ်။ ဒါကြောင့်ရှင်အစွမ်းကို ကြည့်ချင်တယ်။

     ဖားမရဲ့ စကားကို ကြားတဲ့ ဖားထီးက ဘ၀င်မြင့်သွားတာပေါ့ကွယ်။ ဟုတ်လား ငါလည်း အဲလို ထင်ထားတာ။ကဲ ပြော ငါဘာလုပ်ပြရမလဲ၊ မိုးပေါ်က ကြယ်ကို တက်ဆွတ်ပေးရမလား။အလိုတော် အယ်လောက်မကြီးဘူးရှင် ဟောဒီရေကန်မှာ ရေလာသောက်နေကြတဲ့ တိရိစ္ဆာန်တွေထဲက အကောင်ကြီးတစ်ကောင်ကို သတ်ပြစမ်းပါ။

ငါ...ငါက ဘယ်လို အကောင်မျိုးကို သတ်ပြရမှာလဲ..။ရှင်ကြိုက်တဲ့ အကောင်ပေါ့။ ခြင်္သေ့ဖြစ်ဖြစ်၊ ကျားဖြစ်ဖြစ်၊ ဆင်ဖြစ်ဖြစ် ကျားသားစားရရင် ပိုကောင်းမယ်။

ဟယ်ဒီ ဂန်းမ နင်ရှုးနေလား ငါလို လက်တစ်ဆုပ်ကောင်က အဲဒီဧရာမကြီးတွေကို သတ်နိုင်တယ်လို့ နင့်ဘယ်သူပြောလဲ..။

ပုံပြင်တွေထဲမှာ ဖတ်ဖူးတာပဲ။

ပုံပြင်ဆိုတာ တကယ်မှ မဟုတ်တာ မဖားမရယ်၊ မဖြစ်နိုင်တာ မတောင့်တစမ်းပါနဲ့။
ှရှင်က မိုးပေါ်က ကြယ်တောင် ဆွတ်ပေးဦးမလို့ဆို။ ဒီမှာရှင့် လောကမှာ အကောင်ကြီးတာ သေးတာ အဓိက မကျဘူး။ အကြံဥာဏ်နဲ့ စွမ်းရည်သတ္တိ သာ အရေးအကြီးဆုံးပဲ။ ရှင်ကို အထင်ကြီးခဲ့မိတာ မှားတာပဲ၊ ရှင်ဟာ ဘာ အစွမ်းမှမရှိတဲ့လူ (အဲလေ) ဖားပဲ..။ အဲလိုနဲ့ ဖားမ က ချွဲချွဲနွဲ့နွဲ့ ရှိုက်သံလေးနဲ့ပြောတော့ ကိုကို ဖားထီးက အတော့်ကို စိတ်ထိခိုက်သွားတော့တာပဲ။

အိုမိုင်...ဆွိ ငါကို အထင်သေးသွားပြီလား၊ မင်းလိုသမျှငါစွမ်းဆောင်ပြမယ်ဆိုပြီး။ အကြံထုတ်ပါတော့တယ်။

အဲလိုနဲ့ တစ်နေ့မှာ ရေသောက်ဖို့လာတဲ့ ကျားတစ်ကောင်ကိုမြင်တော့ ကြာဖက်ပေါ်ထိုင်နေရင်းက လှမ်းမေလိုက်သတဲ့။ဟေ့ကောင် ကျားကြီး..မင်းနဲ့ငါ အသံချင်းပြိုင်မလား။

ဘာ...ဘာ မင်လို မလောက်လေး မလောက်စားဖား သတ္တ၀ါက ငါလို တောဘုရင် နဲ့ပြိုင်ပြီး ဟိန်းချင်တယ်။
ဟုတ်တယ်.. အသံချင်းပြိုင်ဟိန်းလို့ ကျုပ်သေသွားခဲ့ရင် ခင်းဗျားနိုင်ပြီ၊ ကျုပ်မသေဘူးဆိုရင် ခင်ဗျားရှုံးပြီ။
ဟေ့ကောင် ငါတစ်ချက်ဟိန်းလိုက်တာနဲ့ မင်းလိုဖားမပြောနဲ့ ဆင်တို့ ခြင်္သေ့တို့တောင်မခံနိုင်ဘူး။ အခြားအကောင်တွေဆို နားအုံကွဲပြီး သေပွဲဝင်ကြရတယ်။

အပိုတွေပြောမနေစမ်းပါနဲ့ ဒါစမ်းကြည့်မှာ သိမယ့် ကိစ္စပဲ။အဲလို နဲ့ဖားက အသင့်ပြင်ထားလိုက်တယ်။ ကျားက ဟိန်းဟောက်ဖို့အတွက် ဦးခေါင်းကိုမော့ ပြီး ပါးစပ်ကြီး ဟလိုက်တယ် ဆိုရင်ပဲ ဖားက ရေကန်ထဲကို စွတ်ကနဲ ငုပ်ဆင်းသွားတယ်။ ပြီးတော့ ကြည်လင်နေ  တဲ့ရေအောက်က နေ ကျားကို လှမ်းကြည့်နေသတဲ့။  ဟိန်းပြီး တဲ့အခါမှ ဖားက ကြာဖက်ပေါ် အသာပြန်တက်ထိုင်ပြီး စောစောက ပုံစံအတိုင်း နေနေ၏။

ဒါကိုမြင်တော့ ကျားက အံ့သြသွားတယ်။ သူဟိန်းတာကို ဖားက ဘာမှမဖြစ်သလိုနေပြနိုင်တယ် ဆိုတော့ မကျေမနပ်နဲ့ ဒေါသဖြစ်သွားရတာပေါ့။ ဒါကြောင့် ကြိတ်မနိုင်ခဲမရနဲ့ နောက်ထပ်တစ်ခါ ဟိန်းဟောက်ဖို့ လုပ်ပြန်တယ် ။ဖားကလဲ အရင်အတိုင်းပဲ ရေထဲ ငုပ်ဆင်းတယ် ပြီးမှ ပြန်ထိုင်နေလိုက်တယ်။

အဲလိုနဲ့ ကျားက ဟိန်းလိုက် ဖားက ရေငုပ်လိုက်နဲ့ အကြိမ်ပေါင်းများစွာ ဟိန်းရဟောက်ရလွန်းလို့ ကျားဟာ မကြာခင်မှာပဲ ရင်ကွဲပြီး သေသွားတော့တာပေါ့။ အကောင်ကြီးပေမဲ့ စဉ်းစားဥာဏ်မရှိတော့ သူတစ်ပါးပြောတာ ယုံလွယ်ပြီး လိုက်လုပ်တဲ့  ကျားငမိုက်ရဲ့အသား ကို ဖားမ ဟာ မြိန်ရေရှက်ရေနဲ့စားတော့ သတဲ့။

အကောင်သေးပေမဲ့ ဖြတ်ထိုးဥာဏ်ကောင်းပြီး သူ့အလိုကို ဖြည့်ဆည်းပေးတဲ့ လင်တော်မောင်ဖားထီး ကို ဂုဏ်ယူလိုမဆုံးပေါ့ကွယ်...။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။


ညခင်း အတွေး နှင့် အရေး

0

အိပ်ရာက ဆတ်ခနဲ လန့်နိုးလာ၏။ နာရီကြည့်လိုက်တော့ ည ၂နာရီတိတိ။ အင်းအိပ်ရာဝင်တာ ၁၂နာရီဆိုတော့ အိပ်တာ ၂နာရီပဲ ရှိသေးတာပဲ။ အိမ်မက်ထဲတွင် အိပ်မက်ဆိုးမြင်မက်ပြီ လန့်နိုးလာခြင်းပင်။ အဲဒီမှာတင် ဆက်အိပ်လို့မရတော့ပါ အတွေးနယ်ချဲ့နေမိလေသည်။

အချစ်ဆိုသည်မှာ အဘယ်နည်း။ လောကတွင် လူတိုဟာ မည်သူ့ကို အချစ်ဆုံးလဲ။ အခြားတစ်စုံတစ်ယောက်ကို အချစ်ဆုံးဟု ဆိုလျှင်တော့ ဒါညာတာ သေချာသည်။ မိမိကိုယ်ကို လောက်ဘယ်သူ့ကို ပိုချစ်နိုင်ပါမည်နည်း။ ဟုတ်သည်။ မိမိကိုယ်ကို မိမိ အချစ်ဆုံး။ဒါကရော သေချာသတဲ့လား။

မနက်က ဖုန်းသတင်းအရ ကျွန်မ ဆွေမျိုးတစ်ဦးနာရေး သတင်းကို ကြားခဲ့ရပါတယ်။ ထိုသူနှင့် ဆက်စပ်မိတဲ့အကြောင်းအရာများဆီအတွေးရောက်သွားပါတယ်။ကျန်းမာရေးပညာပေး ဟောပြောပွဲ များတွင်ပညာပေး ဟောပြောခဲ့ဘူးသ တစ်ဦး အကြောင်းပါ…။

သူပြောခဲ့ဘူးသည့်စကားများကို ပြန်လည်ကြားရောင်မိပါသည်။ အဆုတ်နာရောဂါ ၊ နှလုံးသွေးကြောကျဉ်း၊ နှလုံးပုပ်ရောဂါ ကင်ဆာရောဂါပေါင်းစုံ ရစေတတ်တဲ့အဲဒီလောက် ကြောက်စရာကောင်းလှတဲ့ ဆေးလိပ်ကို လူသတ်ကောင် တစ်ယောက်လို သဘောထားပြီး ဝေးဝေးက ရှောင်ဖို့ လိုမယ်။ အင်း ဒီလိုပြောတော့ ခင်ဗျားတို့က မယ်။ သူများကို ကျတော့ ဒီလိုရှောင်ရမယ်၊ ဟိုလို ရှောင်ရမယ်နဲ့ ဆရာကြီး ကျတော့ ခုနတုန်းက ဟောပြောပွဲ မစခင် တစ်လိပ်ပြီး တစ်လိပ် သောက်နေကျတော့ ဘယ်လို ပြောရမလဲ ဆိုပြီးတော့ပေါ့။ မှန်တယ်။ ကျွန်တော်လည်း သောက်တယ် ငယ်ငယ်ကတည်းက သောက်လာတော့ဖြတ်လို့ မရတော့ဘူး။ အရမ်းစွဲနေပြီ၊ ကျုပ်တင်မကဘူး၊ ဟိုရှေ့နားထောင့်နားက အဘိုးကြီးတွေလည်း ဆေးလိပ်လေးတွေကိုယ်စီ ကိုယ်စီနဲ့ဖင်ထဲက မီးခိုးထွက်အောင် ဖွာရှိုက်နေကြတာ၊ ကိုင်း ကျုပ်တို့ ခင်ဗျားတို့ ဆေးလိပ်ချိုးတွေကတော့ သေမထူးနေမထူးဖြစ်ပြီ၊ အခုမှတော့ဖြတ်လို့လည်းမရတော့ဘူး ၊ သေခါနီးပြီ မဟုတ်လား။ အဲဒီတော့ ဆက်သောက်ကြ၊ ရဲဘော်တို့ ခင်ဗျားတို့ရော ကျုပ်ရော ဒီဆေးလိပ်က ပေးတဲ့ ရောဂါတစ်ခုခုနဲ့ မကြာခင်မှာ မာကလီးယားမှာ သေချာတယ်။ ဒီတော့ အားမလျှော့နဲ့ မသေခင် လေးမှာ အးရပါးရ ဆက်သောက်၊ ဒါပေမဲ့ ဆေးလိပ် မသောက်တတ်သေးတဲ့ လူငယ်လူရွယ်တွေ အားလုံး ဆေးလိပ်ရဲ့ ဘေးဆိုးကြီးတွေကနေ လွတ်အောင် ဆေးလိပ်ကို ဝေးဝေးက ရှောင်ကြဖို့၊  ကျွန်တော်တို့လို မမိုက်မဲကြဖို့ အထူးသတိပေးလိုပါတယ် …။ ကဲ ဒီလို  ကျန်းမာရေး ဟောပြောပွဲတွေမှ စိတ်ဝင်စားဖွယ်ပျော်ရွင်ဖွယ်  အာဝဇ္ဖန်း ရွှင်ရွှင်နဲ့ ကျန်းမာအောင်၊ အသက်ရှည်အာင် မည်သို့နေထိုင် စားသောက်လေ့ကျင့်ခန်း တွေလုပ်ရမည်ကို အကွက်ကျကျ ဟောပြောခဲ့သူ…။ ထိုကဲ့သို့လူမျိုးပင် ….မိမိအချစ်ဆုံးဆိုသော မိမိကိုယ်ကို မသေသေအောင် သတ်နေတာ မဟုတ်လို့ ဘာလုပ်တာလဲ၊ ဒါဟာ ကိုယ်ကိုယ်ကိုယ် ချစ်တာလား။

ဒီလိုနဲ့ ဆက်တွေးဖြစ်တော့ မေးခွန်းပေါင်းများစွာနဲ့ပေါ…။လူတို့သည် ဘ၀တွင် တစ်ခုမဟုတ်တစ်ခုကိုတော့ စွဲလန်းမိတတ်၏။ စွဲလမ်းရင်းမှ ချစ်သွားကြ၏။ မျက်ကန်းချစ်ဖြင့် တစ်စုံတစ်ရာကို ချစ်သွားကြသည်မှာ မိမိအသက်ကိုတောင် မိမိ မငဲ့ကွက်လောက်အောင်ပင်။ အံ့သြဖို့ မကောင်းဘူးလား။ လောကတွင် သိသည်က တခြား၊ ကျင့်သည်က တစ်ခြား၊ အသိနှင့်အကျင့် တို့ တစ်ထပ်တည်းကျဖို့သည်မျှလောက်အောင်ပင်ခက်ခဲနေသလား။ ပညာတတ်သည်က တစ်ခြား ပညာရှိသည်ကတစ်ခြား၊ ပညာတွေ ဘယ်လောက်တတ်ပါစေ တကယ့်လက်တွေ့ မကျင့်သုံးနိုင် လျှင်ထိုသူကို ပညာရှိသည်ဟု မခေါ်နိုင်ပါ။

သူများတွေကိုတော့ ပြောနေသည်။ မိမိကရော ပညာရှိလား ပညာတတ်လား၊ လောကကြီးသည် ကမောက်ကမ နိုင်၏။သူများကိုကြည့်သည့်မျက်လုံး နှင့် ကိုယ်ကိုယ်ကို ပြန်ကြည့်သည့်မျက်လုံး တူပါ့မလား။ ကိုယ့်ကိုယ်ကိုယ် ကျတော့ အဟုတ်အမှန်ဟုသာ ထင်တတ်သည်။ မိမိကို ဝေဖန်ကြလျှင်လည်း မိမိမှန်ကြောင်း ပညာတတ်ပီပီ လှပသော ဆင်ခြေများကိုလည်း ကတ်သီးကတ်သတ် ပေးတတ်သည် မဟုတ်ပါလား။

တွေးနေ၊ ငေးနေ၊ ရေးနေသည်မှာ ဘယ်လောက်ကြာတယ်မသိဘူး၊ သူအချစ်ဆုံးကတော့ ဆေးလိပ်ပေါ့။ ကျွန်မ အချစ်ဆုံးကရော….။

ကာရန်မမီသော မေတ္တာ (အမေများနေ့)

0

ပြာသိုလပြည့် အမေများနေ့ အားဂုဏ်ပြုခြင်း။


နေပူတံလျှပ်မျှမခပ်ရလေအောင်...မှက်ခြင်ယင်၊ပျားတို့ မနားသက်ရအောင် အရိပ်တကြည့်ကြည့် ပိုးမွေးသလို မွေးခဲ့ရသည့် မိနှင့်ဖ အား ဦးချ ကန်တော့ပါသည်။

ကလလရေကြည် သန္ဒေတည်ဦးစကပင် ပူ-ငန်-စပ်-ခါး ရှောင်ရှားကာ အာဝေဏိက ဒုက္ခများကို ရင်နှင့်အမျှ ပေါင်းစပ် သိမ်းရုံး မပျက်သော အပြုံးဖြင့် နို့ရည် နို့သွေးတိုက်ကျွေးခဲ့သူ အမေ။

စားဝတ်နေမှုအစုစုနှင့် လူရေးလူရာ သိစိမ့်ငှာဟု လူမှုရှင်မှု နှစ်ဖြာစု ၌ မချို့ ရအောင် ဆိုရေးဆိုရာ ဆိုအပ်စွာသော လောကသခင် ကျေးဇူးရှင်ကား အဖေ။

သန့်စင်သော အရောင်အဆင်း ပြည့်ဝသည့် ရွှေစင်သည် ရွှံ့နွံ၌ ပစ်သော်လည်း မြူမတင်လေဘိသို့၊ သားတို့အပေါ် အပြစ်မြူတစ်စမထင်၊ အချစ်ဟူသမျှလွှမ်းဆုံ သက်လုံးပုံရှာသော မိဘတို့ ။

ခပ်သိမ်းကုန်သော သတ္တ၀ါတို့၏ တည်ရာမှီရာသည် ပံသု ပထ၀ီ မဟီမြေကြီးဖြစ်ဘိသကဲ့သို့၊ သားသမီးတို့၏ အားထားရာ မှီခိုရာ ကျောက်တောင် ထုသည် မိဘနှစ်ပါး။

မြစ်ကြီးငါးစင်း တို့သည် သမုဒ္ဒရာ သို့ရောက်လျှင် အမည်ကို စွန့်သကဲသို့ သားသမီး ၌ ရောက်သော မိဘမေတ္တာသည် မိမိကိုယ်ကျိုး၊ အတ္တအလုံးစုံကို စွန့်၏။

မြင်မိုရ်တောင်သည် ရွှေငွေမြဖန် အရောင်လေးတန်ဖြင့် ထွန်းလင်းသကဲ့သို့၊ မိဘတို့ နှလုံးသားမြင်မိုရ်ဝယ် သားတို့အပေါ် ကိုယ်နှင့်အမျှ ချစ်သော မေတ္တာ၊ စာနာသနားခြင်း ဂရုဏာ၊ ကောင်းစားသည်ကို ၀မ်းမြောက်သော မုဒိတာ၊ အရာတိုင်းတွင် ခြိုးခြံသော အနစ်နာ မေတ္တာရောင်တို့ဖြင့် လှပပါဘိ။

ဒီနေ့ဟာ ပြာသိုလပြည့် အမေများနေ့ ဖြစ်တဲ့အတွက် အမေမေတ္တာ အနန္တတို့အား ပူဇော်လျှက်....


သားဦးမြေးဦး
အရှုးရှုးတဲ့
ကမ္ဘာဦးရှေးထုံး
အထွေးဆုံးမို့ ပို ချစ်သတဲ့လေ။

အမေရယ်
မဦးမနှောင်း
သားသမီးပေါင်းများစွာထဲ
စာမတင်  မထင်ရှားလဲ
အလယ်သားသမီးဖြစ်က
အချစ်မ၀ မ၀င့်ထည်
မျက်မှာငယ်လည်း ချစ်နိုင်လွန်းသတဲ့လေ။

အမေ့နား အနေနှီး
ရင်တွင်းသမီးအဖြစ်နဲ့
အမေ့ရဲ့ချစ်မေတ္တာ
ရင်မှာ တစ်ဝကြီး
အပိုင်စီးချင်စမ်းရဲ့လေ။

နွေးထွေးတဲ့ အမေရင်ခွင်
ချိုလွင်တဲ့ အမေ့စကား
အသက်တွေဘယ်လောက်ကြီးကြီး
ပျက်စီးမသွားခဲ့
အံသြ နပန်း
လန်းဆန်းနေတာ
ယုံကြည်လျှက်ပါအမေ။

အမေပေးတဲ့အား
အမေ့နှုတ်မြွက်စကားနဲ့
အမေ့ကိုယ်ပွားရင်သွေးအဖြစ်
အမျိုးချစ်တာဝန်ကျေ
စေတနာတွေ ပေးဝေရင်း
မွေးမေ ပီတိဆေး လွှမ်းလို့
ရင်မှာ ၀မ်းသာစမ်းပါအမေ။

မလိမ်ချင်ဘဲ လိမ်ရတာပါ။

1

သစ်ခုတ်သမားတစ်ယောက် မြစ်ကမ်းနံဘေး တွင် သစ်ခုတ်နေရင်း ပုဆိန်မြစ်ထဲ ပြုတ်ကျသွားသဖြင့် မြစ်စောင့်နတ်ကို ပုဆိန်ပြန်ရအောင် စောင့်ရှောက်ပါရန်တိုင်တည် လေသည်။ သနား ညှာတာတတ် သော မြစ်စောင့်နတ်ပေါ်လာပြီး မြစ်အတွင်းမှ ရွှေ ပုဆိန် တစ်လက်ကို ဆယ်ယူ၍ ဒါမင်းပုဆိန်လား ဟု သစ်ခုတ်သမားကို မေးရာ သစ်ခုတ်သမားက မဟုတ်ကြောင်း ငြင်းဆိုသည်။ ထိုနောက် ငွေပုဆိန်၊ ပြရာ သစ်ခုတ်သမားက သူ့ပုဆိန်မဟုတ်ကြောင်းငြင်းပြန်သည်။
နောက်ဆုံးတွင် ကြေးပုဆိန်ကို ပြသောအခါမှ သစ်ခုတ်သမားက ဟုတ်မှန်ကြောင်းပြောဆိုသည်။ သစ်ခုတ်သမား၏ ရိုးသားမှုကို သဘောကျသော မြစ်စောင့်နတ်က ငွေပုဆိန် နှင့် ရွှေပုဆိန်၊ ကြေးပုဆိန် ၃ခုစလုံးကို ပေးလိုက်လေသည်။
ရက်အတော်ကြာသောအခါ သစ်ခုတ်သမား နှင့် မိန်းမဖြစ်သူ မြစ်ကမ်းနံဘေး တွင် လမ်းလျှောက်လာစဉ် မိန်းမ ဖြစ်သူ မြစ်အတွင်း ပြုတ်ကျသွားရာ သစ်ခုတ်သမားက မြစ်စောင့်နတ်ကို ကယ်တင်ပါရန် တိုင်တည်ပြန်သည်။ မြစ်စောင့်နတ် ပေါ်လာပြီး သစ်ခုတ်သမားအား အိန်ဂျယ်လီနာဂျိုလီကို ပြ၍ ဒါမင်းမိန်းမ လားဟု မေးရာ သစ်ခုတ်သမားက ဟုတ်ပါတယ်ဟု ပြန်ဖြေသဖြင့် မြစ်စောင့်နတ်က မင်းအရင်တစ်ခါတုန်းကတော့ ရိုးရိုးသားသားဖြေရဲ့သားနဲ့ အခု ဘာလို့ လိမ်ရတာလဲ ဟုမေးသည်။
သစ်ခုတ်သမား က ကျွန်တော် အမှန်အတိုင်း ပြောလို့ အရင်တစ်ခါလို လုပ်ရင် မိန်းမသုံးယောက်ယူနေရမှာပေါ့။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers