ရိက္ခာမကောင်းရင် ဖြင့်

1

ဗုဒ္ဓလက်ထက်တော်အခါက သေနိယ အမည်ရှိသောသူသည် လူသားစင်စစ်ဖြစ်ပါလျက် ခွေးတစ်ကောင်ကဲ့သို့ ကျင့်သုံးတယ်။ ကိုယ်ခန္ဒာမှာ အ၀တ်မ၀တ်ခြင်း မြေမှာပစ်ကြဲထားသော အစားအစာများကိုသာစားလေ့ရှိခြင်း၊ လူအများကခေါ်လျင် ခွေးတစ်ကောင်ကဲ့သို့ လိုက်ခြင်း၊အူခြင်း၊ ဟောင်ခြင်းတွေပြုလုပ်လေ့ရှိပါတယ်။

လူစိတ်ဖျောက်ပြီးခွေးစိတ်ပေါက်အောင် လေ့ကျင့်နေထိုင်သည့်အပြင် သေနိယ လို့အသံပေး ပြီးလက် ဖြောက်လေး တီပြီးခေါ်လိုက်လျင် အင်..အင် ဟူသော အသံကိုပြုကာ  ခုန်ပေါက်ပြေးလွားနေတတ်သည်။ အိပ်သောအခါခွေးတစ်ကောင်ကဲ့သို့ ခွေခေါက်အိပ်တတ်၏။။ မြင့်သောမြတ်သောနေရာတွင်နေထိုင်လေ့မရှိပဲ လှေခါးရင်းတွင်သာနေထိုင်ခြင်းများကို နှစ်ပေါင်းများစွာကျင့်ကြံနေထိုင်ခဲ့ပါတယ်။

ယင်းသို့ နေထိုင်ကျင့်သုံးခြင်းကိုပင် မြတ်သော အကျင့်ဟု ယူဆထားသည်။ လူသားအချို့ကလည်း ထူးကဲစွာကျင့်ကြံသူကိုသာလျင် အရှင်ကောင်းအရှင်မြတ်လို့ သတ်မှတ်ကြသော ခေတ်အခါဖြစ်၍ သေနိယကျင့်သုံးနေသော အကျင့်သည်  လူတို့မလုပ်နိုင်သော အကျင့်သာဖြစ်ကြောင်းလက်ခံထားကြပေသည်။
ဒါကြောင့်လည်း ထင်ရှားသူတစ်ယောက်ဖြစ်လာပြီး ခွေးအကျင့်ကို ခုံမင်သည် အပေါင်းအသင်း များပင်ပေါ်ပေါက်လာခဲ့ပါတယ်။


ခွေးအကျင့်ဖြင့်ထင်ရှားသော သေနိယကိုကြည့်ပြီး နွားအကျင့်ကျင့်သူတစ်ယောက်လည်း ပေါ်ပေါက်လာ ပြန်တယ်။ အမည်ကား ပှုဏ္ဍဟု အမည်ရပါတယ်။ ပုဏ္ဍသည်လည်း ဦးချိုမပါသည်မှ တစ်ပါးနွားအကျင့် နွားတစ်ကောင်နဲ့မခြား နေထိုင်လေတယ်။ ခွေးအကျင့် နှင့် နွားအကျင့်ကျင့်သူတို့ ပေါင်းမိကြသောအခါမှာ မိမိတို့ဝါဒကျယ်ပြန်မှုဖြစ်လာစေရန်...ဗုဒ္ဓမြတ်စွာထံ ၀ါဒရေးရာ ဆွေးနွေးမေးမြန်းဖို့ ရောက်ခဲ့ကြတယ်။

ရှင်တော်မြတ်ဘုရား..အ၀တ်မ၀တ်ဘဲ ခွေးအကျင့်ကို ကျင့်နေသည့် သေနိယ၏ လာရာဂတိကား အဘယ်ပါနည်း မြတ်စွာဘုရား..။

မြတ်စွာဘုရားက..ပုဏ္ဍ ဤမေးခွန်းကို မေးရန်မသင့်တော်သဖြင့် မမေးပါနှင့်....မြတ်စွာဘုရားတားမြစ်သော် လည်းမရ ။ ပု ဏ္ဍက သုံးကြိမ်တိုင်တိုင် လျောက်ထားလေသည်။ ဗုဒ္ဓကလည်း သုံးကြိမ်တိုင်တိုင် တားမြစ်တော်မူလေတယ်။ လေးကြိမ်မြောက်တွင်တော့ ပုဏ္ဍငါဘုရားက မသင့်တော်ဘူးမမေးပါနှင့် ဟုဆိုသော်လည်း မရ။ ယင်းသိုဆိုလျင် ငါဘုရားဖြေကြားအံ့။

ပုဏ္ဍ ..ခွေးကျင့်၊ ခွေးကြံ၊ ခွေးစိတ်၊ခွေးအမူအရာ၊ ခွေးအလေ့အထတို့ကို မပြတ်မလပ် ပွားများအားထုတ်နေသောသူသည် ခန္ဒာကိုယ်ပျက်စီးရာအခါမှနောက်၌ ခွေးတို့၏ အပါင်း အဖော်လည်း ဖြစ်ရာ၏။ ခွေးကျင့်သော အကျင့်ကို လောကကောင်းကျိုး တမလွန်ကောင်းကျိုးအတွက်ဖြစ်၏ဟု အကယ်၍အယူအစွဲရှိငြားအံ ထို အယူအစွဲသည် မှားသော  အယူအစွဲသာဖြစ်သည်။ မှားသောအယူအစွဲရှိသူသည် ငရဲ၊ တိရိစ္ဆာန်ဟူသော လားရာ ဂတိနှစ်မျိုးတို့တွင် တစ်မျိုးမျိုးကိုသာရောက်ရာ၏။ သို့ဖြစ်၍ ခွေးအကျင့်ခွေးကြံသည် ခွေးဖြစ်ခြင်းနှင့် ငရဲ ရောက်ခြင်းသာ အဆုံးရှိ၏ ဟုမိန့်ကြားတော်မူလိုက်သောအခါ သေနိယ မျက်ရည်ပေါက်ပေါက်ကျအောင်ငို      ကြွေးလေသည်။

သေနိယငိြုေ့ကွးရင်းခဏ၌ပင် ပုဏ္ဍ၏ နွားအကျင့်ကို ဆက်လက်လျောက်ထားပြန်ရာ ပုဏ္ဍလည်း ငိုကြွေးရရှာသည်။

နှစ်ဦးစလုံး ငိုကြွေးပြီးကြသောအခါ ဘုရားရှင်က အချိုသောသူသည် ဆင်းရဲသော နှုတ်ဖြင့် ယုတ်ညံ့သည့်လုပ်ဆောင်ချက် ကာယသင်္ခါရကိုပြောဆို၏။ ဆင်းရဲသော နှုတ်ဖြင့် ယုတ်ညံ့သည့် ၀စီသင်္ခါရကိုပြောဆို၏။ ဆင်းရဲသော စိတ်ဖြင့် ယုတ်ညံ့သော အတွေးအခေါ် မနောသင်္ခါရကို ကြံစည် တွေးတော၏။ ထိုသူ၏ ကိုယ်နှုတ် စိတ်တို့ကြောင့် ဆင်းရဲသော လောကသို့ရောက်ရ၏။ ဆင်းရဲသော အတွေ့အထိ၊ ဆင်းရဲသည့် ဝေဒနာကို ခံစားရမည်ဖြစ်၏ဟု ဟော်တော်မူလိုက်သောအခါ နှစ်ဦးစလုံး အကျွှတ်တရား ရသွားပါတော့တယ်။

လူသားတို့သည် ကံသုံးပါးကို နေ့စဉ်ပြုလုပ်ကြပါတယ်။ထိုပြုလုပ်သော ကံတရားတို့ဟာလည်း မိမိတို့ပြန်လည်းအသုံးချရမည့် အမွေပစ္စည်းများဖြစ်ကြတယ်ဆိုတာ  ယခု ကက္ကုရ၀တီသုတ်တော် က သက်သေပြသွားပါတယ်။ ခရီးအဝေးသွားလိုသူတို့ဟာ မကောင်းသည့် ရိက္ခာများကို သယ်ဆောင်သွားကြလျင် အသုံးချသော အခါ မျက်နှာငယ်ရမှာဖြစ်ပါတယ်။ ထို့ကြောင့် အကျင့်ကောင်း (ရိက္ခာကောင်း)များကို  စုဆောင်း ပြီး သံသရာခရီးကို သွားကြရန်လိုပါတယ်။


ညခင်း

တရားအစစ် အမှန်ချစ် နှစ်ခြိုက် ကျင့်သုံးနိုင်ပါစေ။

နေရာတကာ မနောက်ပါနဲ့.....

0

မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာဝတီမိဖုရားထံဝယ် ခါးကုန်းနေသော ကျွန်မ တစ်ယောက်ရှိ၏။ ၎င်းအမည်မှာ ခုဇ္ဖုတ္တရာ မည်၏။ ၎င်းအား မိဖုရားမှ နေ့စဉ် ရှစ်အသပြာဖိုး ပန်းကိုဝယ်ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏။ တစ်နေ့ ပန်းသည်၏ အိမ်၌ မြတ်စွာဘုရားကြွ၍ တရားချီးမြှင့်တော်မူစဉ် ကြုံကြိုက်၍ ပန်းဝယ်လာသူ ကျွန်မသည် တရားတော်ကို ရိုသေစွာ နားကြားခွင့် ရလိုက်လေသော် အလွန်ဉာဏ်ပညာ ကြီးရင့်ထက်မြက်သော ကျွန်မ ဖြစ်သဖြင့် ချက်ခြင်းပင် သောတာပန် တည်လေ၏။

သူဟာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ဗဟုသုတ ဧတဒဂ် ရပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါးရဲ့ ခိုင်းဖတ် ကျွှန်ဖြစ်နေရပြီး ခါးကုန်းနေပါတယ်။ ဘာကြောင့် ဖြစ်ရတာလည်း လို့ မေးစရာရှိပါတယ်။

သူဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက  သူဌေးသမီးတစ်ယောက်ဖြစ်ခဲ့တယ်။  ညနေခင်း ရေချိုးပြီး တဲ့အချိန် သနပ်ခါးလူးပြီးတော့ မှန်ရှေ့မှာ အလှပြင်နေတယ်။ အဲဒီအချိန်မှာ ရဟန္တာ ဘိက္ခူနီမတစ်ပါး၊  အိမ်ရောက်လာတယ်။  ဘိက္ခုနီမ ရောက်လာတော့  သနပ်ခါးလူးနေရင်းနဲ့ သူ့ရဲ့ ပေါင်ဒါဘူး၊ မိတ်ကပ်ဘူးလေး က သူနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ အဲဒီ နေရာကလည်း ခုန ဘိက္ခုနီမနဲ့ နီးတယ်။ အဲဒီတော့ သူက ထပြီးမယူချင်တာနဲ့ ပျင်းတာနဲ့...

အရှင်မ၊ အဲဒီ မိတ်ကပ်ဘူးလေး၊ အလှပြင်ဘူးလေး ခဏလှမ်းလိုက်စမ်းပါ လို့ ဘိက္ခုနီမကို လှမ်းပြီးတော့ ခိုင်းလိုက်တယ်။ အဲဒီမှာ... ဘိက္ခုနီမက...

တကယ်လို့ ငါမယူပေးဘူးဆိုရင်တော့ ငါ့ကို စိတ်ဆိုးလိမ့်မယ်၊ ရဟန်းမ တစ်ပါးကို စိတ်ဆိုးလို့ရှိရင် သူသေရင် ငရဲရောက်လိမ့်မယ်။ တကယ်လို့ ယူပေးလိုက်မယ်ဆိုရင်တော့ဖြစ်လေရာ ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်။ ငရဲကျတာထက်စာရင်တော့ ကျွှန်ဖြစ်ရတာက တော်ပါသေးတယ်။..ဆိုပြီး မိတ်ကပ်ဘူးလေးကို ယူပေးလိုက်ပါတယ်။

အဲဒီလို ဘိက္ခုနီမတစ်ပါးကို  ကိုယ်ထက်မြင့်မြတ်တဲ့ သာသနာနွယ်ဝင်ပုဂ္ဂိုလ်ကို ခိုင်းခဲ့တဲ့ အတွက်ကြောင့် ကျွှန်ဖြစ်ရပါတယ်။


ခါးကုန်းရတာကတော့ ဘုရားမပွင့်မီ ဘ၀တစ်ခုမှာ ဗာရာဏသီပြည် နန်းတော်ထဲက ရံရွှေတော်တစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီ ဗာရာဏသီနန်းတော်ထဲမှာ ပစ္စေက ဗုဒ္ဒါအရှင်မြတ် ရှစ်ပါး နေ့စဉ် ဆွမ်းခံကြွပါတယ်။ အဲဒီထဲက တစ်ပါးက နည်းနည်းခါးကုန်နေတယ်။  အဲဒါကို ခုဇ္ဖုတ္တရာလောင်းလျာ ရံရွှေတော်က သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲပြီး တော့ စကြနောက်ကြ ပြီးဆိုရင် တစ်ခါတရံမှာ သူက  ကမ္ဗလာအနီကြီးကို သင်္ကန်းလို လုပ်ပြီး ခြုံ၊ ရွှေဖလားကြီးကို သပိတ်လိုပိုက်ပြီးတော့ ငါတို့ နန်းတော်ထဲ ဆွမ်ခံကြွတဲ့ ဟို အရှင်မြတ်က ဒီလိုဒီလို ကုန်းတယ်ဆိုပြီးခါးကုန်တဲ့ပုံလုပ်ပြပါတယ်။ ကွယ်ရာမှာ အပျော်သဘောနဲ့ ပျောင်လှောင်ခဲ့ပါတယ်။ ကာယကံရှင်ကို လက်ညှိုးထိုး  စွတ်စွဲပြောဆို စော်ကားမှ  အကျိုးပေးတာမဟုတ်ဘူး ၊ ကွယ်ရာမှာ အချင်းချင်းပြောဆိုရင် ၊ ကိုယ်တစ်ကိုယ်တည်း ပြောဆိုနေရင်လည်း အကုသိုလ်ကံ အထမြောက်တဲ့အကြောင်း တွေ့ရပါတယ်။

အဲဒီလို ပစ္စေက ဗုဒ္ဒါကို ရည်ညွန်းပြီး ကွယ်ရာမှာ နောက်ပြောင်လိုက်တဲ့အတွက် အဲဒီကံအကျိုးပေးက ဘ၀တိုင်းမှာ ခါးကုန်းရပါတယ်။

ကျွန်အဖြစ်နေရပြီး ခါးကုန်းနေရ ပေမဲ့ ဥာဏ်ကောင်းပြီး  ဗဟုသုတပြည့်စုံပါတယ်။

အဲဒီ လိုပြည့်စုံတာကတော့ ပစ္စေက ဗုဒ္ဒါအရှင်မြတ်ရှစ်ပါး နန်းတော်ကို ဆွမ်းခံကြွတာ တစ်နေ့တော့ ပူနေတဲ့ နှို့ဃနာဆွမ်းတွေ လောင်းလှူလိုက်တယ်။ နို့ဃနာဆွမ်းတွေက ပူနေတော့ သပိတ်ကလည်း ပူတေယ် အဲဒီတော့ ပူနေတဲ့ သပိတ်ကို အရှင်မြတ်များ အေးဆေးပုံမှန်အတိုင်းမကိုင်နိုင်တော့ဘဲ ဟိုဘက်သည်ဘက် ပြောင်းလိုက်နဲ့  ဣနြေ္ဒမရဖြစ်နေချိန် မှာ ခါးကုန်းတာပြောင်ပြတဲ့ ရံရွှေတော်မလေးက သူ့လက်မှာ ပတ်ထားတဲ့ ရွှေလက်ကောက်ရှစ်ကွင်းကို ချွတ်လိုက်ပြီးတော့...အရှင်မြတ်တို့...သပိတ်အောက်မှာသပိတ်ခြေအဖြစ်နဲ့ အသုံးပြုပါလို့ အပြီးအပိုင် လှူခဲ့ပါတယ်။  အပူဒဏ်သက်သာအောင် ရွှေလက်ကောက် လှူခဲ့တဲ့ကောင်းမှုကြောင့် ကိလေသာအပူတွေ ငြိမ်းပြီးတော့ ဥာဏ်ပညာ ထက်မြက်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်လာခဲ့ရပါတယ်။
 မြတ်စွာဘုရား၏ သာသနာတော် နှင့်တွေ့ကြုံနေခိုက် အကျင့်မှန်ကို ကောင်းစွာ ကျင့်ကြံပွားများခွင့်ရသောအချိန်အခါ ဖြစ်ပါတယ်။ ယခုသုတ္တန် အားကြည့်ခြင်းအားဖြင့် မကောင်းသော ၀ဋ်ဒုက္ခအပေါင်းမှ မတွေ့ကြုံစေရန် အလို့ငှာ ကိုယ်၊ နှုတ်၊ စိတ် တို့ကို ကောင်းစွာထိန်းသိမ်းကြရန်လိုပါသည်။


ညခင်း

တရားအစစ် အမှန်ချစ် နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers