HAPPY NEW YEAR 2009 စလိုက်ရှိုး

3

၂၀၀၈ ခုနှစ်ကုန်ဆုံး ၍ နှစ်သစ် ဖြစ်တဲ့ ၂၀၀၉ခုနှစ် ကို မကြာမီအချိန်မှာ ရောက်ရှိတော့  မှာပါ…။နှစ်သစ်ကူးညအတွက် ကြိုတင်ပြင်ဆင်ပြီး ရင်ခုန်နေကြပြီလား။ ညဆယ်နှစ်နာရီ မထိုးမချင်း ရင်တွေခုန်ပြီးတော့ စိတ်လှုပ်ရှားနေရတာ၊ စက္ကန့်တွေရေတွက်ပြီး နှစ်သစ်ကို ကြိုဆိုရတဲ့ အရသာက အရမ်းပျော်စရာကောင်းပါတယ်…။ဒီနှစ်တော့ ဘလော့ကာ မောင်နှမတွေ ရဲ့ ဓာတ်ပုံလေးတွေ မ၀ါ ကဖိတ်ခေါ်ထားတဲ့ အတွက် စိတ်ဝင်စားစရာ လည်းကောင်း၊ ခင်မင်သူများရဲ့ ပုံရိပ်လေးများကို မြင်ရမယ်ဆိုတော့ ပျော်စရာကောင်း၊ New Year Night လေးက တော်တော် ပျော်ဖို့ကောင်းမှာပါ…။ဘလောဂ်မှ မောင်နှမများ ပျော်ရွှင်စေရန်ရည်ရွယ်ပါတယ်။

မမ၀ါရဲ့ ဘလော့မှ စလိုက်ရှိုးကို ကြည့်ရှုပြီးမှ ညခင်း တို့ ရဲ့ စလိုက်ရှိုးကို ကြည့်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဟဲဟဲ…ပြီးရင်တော့…အဖြေထွက်လာမှာပါ။
ဘလော့ကာ ကိုကိုများသည် ရုပ်အလွန်ဆိုး ၍ မမနဲ့ ညီမလေးများသည် ချောမေလှပကြောင်း သိရှိပြီးသကာလ…. မနာလို မဖြစ်ကြပါရန်တောင်းပန်အပ်ပါသည်။



ဒီစလိုက်ရှိုးလေး ကတော့ အစ်မ၀ါဝါခိုင်မင်း ရဲ့ စလိုက်ရှိုးလေးပါ။ ဘလော့ကာမောင်နှမ အချောအလှလေးတွေပေါ့။


စိတ်ကူးယဉ်သက်သက်

0

စိတ်ကူးယဉ်သက်သက်

စိတ်ကူးယဉ် ဆိုတဲ့ ခေါင်းစဉ်လေးကို ညခင်းရဲ့ လမင်းကို တက်စ်ပိုစ်(4)ခုမြောက် လေးအနေနဲ့ တက်စ်လာသူလေးတွေကတော့ ဖိုးဂျယ်လေး နဲ့ ညီမငယ် မယ်ဂုမိ လေးဘဲ ဖြစ်ပါတယ်။ မောင်လေးညီမလေး တွေ ရဲ့ စိတ်ဆန္ဒကို ဖြစ့်စည်းပေးတဲ့အနေနဲ့ ရော ပြောပြချင်ရက် လက်တို့ ဖြစ်နေတာနဲ့ရော... ရောပြီး...လျှာကြော ရှည်ကြည့်ပါမယ်...။

ညခင်းရဲ့ စိတ်ကူးယဉ်ခဲ့ဖူးတာ ၊ အိမ်မက်တွေဖြစ်ခဲ့ဖူးတာ ဒီလိုပါ...။ စိတ်ကူးယဉ်တယ် ဆိုတာ မဖြစ်နိုင်တာ၊ အဓိပ္ပာယ်မရှိဒါတွေကို ခဏ တစ်ဖြုတ်
စိတ်ချမ်းသာရုံလေး တွေးပဲ တွေးတာနော်။
စိတ်ကူးတယ်ဆိုတာကရော....လက်တွေ့အကောင်အထည်ဖော်ဖို့ အစပျိုးတာ၊ ဘယ်လောက်ကြီးကျယ်တဲ့ လုပ်ငန်းမျိုးမဆို စိတ်ကူးတွေက စခဲ့တာမျိုးပါ။
ညခင်းစိတ်ကူး နဲ့ စိတ်ကူးယဉ်ခြင်း ၂မျိုးစလုံး ရေးပြမှာပါ။

ညခင်းငယ်စဉ်အခါက ....
စိတ်ကူး များက ကျွန်မရဲ့ ဘ၀အလင်းရောင်များ ဖြစ်လာခဲ့တယ်။ ဆယ်တန်းတောင် မအောင်သေးတဲ့ ကာလတွင် ကိုယ်ခြေတောက်ပေါ် ကိုယ် မရပ်နိုင်သေးတာမို့ တစ်စုံတစ်ရာလိုအပ်ချက်ကြုံတိုင်း ဘယ်သူ့ကို အားကိုးရမှာပါလိမ့် လို့ ဆောက်တည်ရာမဲ့ ဖြစ်ခဲ့ရတယ်။ စိတ်ညစ်လို့ ငိုကြွေးရသောနေ့များမှာ အိမ်ရှေ့ ပိတောက်ပင်လေးအောက် မှာ ထိုင်ရင်း အဆုံးအစမဲ့ ကောင်းကင်းကြီးကို မော့ကြည့်ရင်း စိတ်ကူးအိမ်မက်တွေ မက်ခဲ့ရတယ်။ ကောင်းကင်ပြာကြီးလိုဘဲ...ကျွန်မရဲ့ စိတ်ကူးတွေက အဆုံးအစမရှိခဲ့ပါဘူး...။ကျွန်မအတွက် လည်းစိတ်ကူးလေးတွေ ဟာထွက်ပေါက်တစ်ခု ဖြစ်လာခဲ့ရတယ်...။ဒီလိုနဲ့
ရည်မှန်းချက်လေးအနေနဲ့ စိတ်ကူးခဲ့ခြင်းကလဲ လက်တွေ့မှာ အောင်မြင်ခဲ့ဘူးတယ်။ အခွင့်အခါ ကြုံတိုင်း စိတ်ကူးအိမ်မက်လေးများကို သူငယ်ချင်းများကို ပြောပြဖြစ်ခဲ့တယ်။ သူငယ်ချင်းများက ကျွန်မကို အံ့သြတကြီး စိုက်ကြည့်ရင်း....
စိတ်ကူးတွေသိပ်မယဉ်နဲ့နော်...ရှုးသွားလိမ့်မယ်တဲ့...။ ငါ့အဖေက ပြောတယ် ရှုးသွားတဲ့လူတွေက စိတ်ကူးယဉ်လွန်းလို့တဲ့...။ငါက စိတ်ကူးယဉ်တာ မဟုတ်ပါဘူးဟာ စိတ်ကူတာပါလို့ ပြန်ပြောဖြစ်ခဲ့တယ်။ဒါက စိတ်ကူးလေးပေါ့။

နောက်တစ်ခု
စိတ်ကူးယဉ်တာ....
ပြာလွင်သန့်စင်နေတဲ့ ကောင်းကင်ကြီးရဲ့ တိမ်လွှာ တိမ်တိုက်ဖြူလွှလွတွေကို မော့ ငေးပြီး စိတ်ဝင်တစားကြည့်ခဲ့ရတဲ့ ငယ်ဘ၀ အိမ်မက် အပိုင်းအစလေးတွေက သိပ်ကြည်နှုးဖွယ်ရာပါပဲ။
ညနေဆည်းဆာ မှာ တိမ်ဂွှမ်းစိုင်ကြီးတွေက တရွေ့ရွေ့ နှင်နေကြတယ်။ အဲဒီမြင်ကွင်းလေးကို အကြိမ်ကြိမ်ကြည့်ခဲ့ဘူးသလို...အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဘူးပါတယ်။ ငါ အသက်ကြီးလာရင် ပန်းချီရောင်စုံတွေ ရေးမယ်လို့ တွေးခဲ့ဘူးတယ်။ ငါသာ ပန်းချီရေးဖြစ်ခဲ့ရင်...ဒီလောက်သာယာ လှပတဲ့ ကောင်းကင်ကြီးကို ဆေးချယ်မယ်ပေါ့။ ကောင်းကင်ကျယ်ကြီးမှာ ခရီး ရွေ့ရွေ့နှင်နေတဲ့ တိမ်ဂွမ်းစိုင်ဟာ အချို့ က လူရုပ်လိုလို ဘာလိုလို၊ တချို့ ကျတော့ ကြောင်ကလေးနဲ့ တူပြန်တယ်။ တချို့ က ငှက်ကြီးဝံပိုကြီးလိုလို၊အိမ်ပုံတွေနဲ့လည်း တူလိုက်တာ။ ဟော..ဟိုမှာ မီးရထားကြီး။
တစ်နေ့တစ်နေ့ အဲ့ဒီ ဆည်းဆာတိမ်လွှာတွေကို ငေးရတာ ပျင်းရိဖွယ်ရာလို့ မထင်ခဲ့ပါဘူး။
တစ်ကိုယ်ရည်အတွေးနဲ့ ပျော်လို့တောင်မှ နေပါသေးတယ်။ အတွေးဆိုတာ အဖော်သဟာမလိုတဲ့ အရာပါ။ တစ်ယောက်တည်း ငေးရ တွေးရတာ ဘယ်သူနဲ့မှလည်း အငြင်းပွားစရာ မရှိတော့ဘူး။
အဲဒါမို့လို့ တစ်ယောက်တည်းငေးမောရင်း ပန်ချီတွေ အတွေးနဲ့ ရေးနေခဲ့ပါတယ်။
ပန်းချီတွေ ရေးဖြစ်တဲ့ အခါကျရင် ဘသာဝတိမ်တွေကို အရမ်းရေးချင် မိခဲ့တယ်။

တစ်နေ့နေ့ကျ အားပါးတရ ပန်းချီထိုင်ရေးမယ် ဆိုတဲ့ ညခင်းရဲ့ စိတ်ကူးယဉ်အိမ်မက်ကြီး ဘယ်ရောက်သွားပါလိမ့်။အခုတော့ ...အချိန်ရယ်၊ ကာလရယ်...ဘ၀တာရယ် အလုအယက်ပါဘဲ။ အသက်ကလေးလည်း တကယ့်ကို ငွေ့ငွေ့လေးရယ်သာ....။ ရင်ထဲက အိမ်မက် ပန်းခက်တွေရယ်...။တကယ်ခံစားရပါတယ်။ အော်...ဒါတွေက စိတ်ကူးယဉ်သက်သက်ဖြစ်ခဲ့ပါပြီ...။
့တတ်ဂ်ပိုစ်လေး ရေးပေးစေချင်တဲ့ မောင်ညီမလေးများ ကျေနပ်ကြလိမ့်မယ် လို့ ယုံကြည့်ပါတယ်။
နှစ်သစ်မှာ အောင်မြင်မှုတွေ ထာဝရ ပိုင်ဆိုင်နိုင်ကြပါစေ...လို့ ဆုတောင်းပေးရင်း....။

ညခင်း




အရှိုက်ခက်

0



ဝေးကွာပြီဆိုတဲ့ အသိ ရင်မှာရှိလည်း မသိစိတ်ရဲ့ အမှတ် ရင်မှာဟပ်လျှက် ဆိုးနှောင့်ဗျာဗွေ စောင့်လေမိ၏။ ရှေးဟောင်း စကား မပယ်ရှားဘဲ ကြားယောင် မိတာ အငိုလွယ်ကာ အရှိုက်ခက်၏ လက်တွေခံစားသိရငြားသော် မရှိုက်မိ ခင် ထွက်ပြေးချင်၏။ စိတ်အစဉ် နဲ့လက်တွေဘ၀ ဟပ်စပ်မရတာ ငါပြောခဲ့စဉ်က နင်ရယ်မောခဲ့ ဇွတ်မှိတ်လို့ ငါယုံကြည်ခိုက် လက်တွေ့ ဆိုတဲ့ ဘ၀ ဆိုက်ရောက်လာတော့ ဆိုခဲ့ဘူးတဲ့ သစ္စာ ထားခဲ့ဘူးတဲ့ မေတ္တာ ဘာနဲ့ကုစား လို့ နေခဲ့ရမလဲ ချစ်သူ...။

နှောင်းတစ်နေ့

0

မျှော်လင့်ဖူးသားပဲလေ

ဘာမှဖြစ်မလာတော့လည်း

ဘယ်သူကိုမှ မပြစ်မတင်နိုင်ပါဘူး....


ယုံကြည်ဖူးသားပဲလေ

ပြိုလဲသွားတော့လည်း

ဘယ်လို မှမတတ်နိုင်ပါဘူး.....


တပ်မက်ခုံမင်ဖူးသားပဲလေ

အချိန်တွေအများကြီး မစတေးနိုင်တာတော့

ခွင့်လွတ်နားလည်ပေးပါ.....


ကြားဖူးသားပဲလေ

အခွင့်အရေးဆိုတာဟာ တံခါးနှစ်ခါမခေါက်ဘူးတဲ့

ခုမှပဲ.......သဘောပေါက်တော့တယ် ..




ဥပါဒါန်

0

မလွမ်းချင်လည်း…
စိတ်တွင်ခဏ၊ သတိရသော်
တ သ ဖိုလှိုက်၊ လွမ်းမိလိုက်၏။
မတွေးချင်သော်လည်း…
အိပ်စဉ်အိပ်ဆဲ၊ အိပ်ခက်စွဲသော်
ရင်ထဲခိုက်ခိုက်၊ တွေးမိလိုက်၏၊
စိတ်လက်ပေါ့ပါး ၊ အချိန်များတွင်
နှုတ်ဖျားတီးတိုး၊ အသံပျိုး
တေးချိုတစ်ပိုဒ်၊ သီမိလိုက်လျှင်
စိတ် တွင်မုန်တိုင်း၊ ကဆုန်စိုင်းသည်
တစ်ပိုင်းတစ်စ၊ ရပ်ခဲ့ရ၏။
စိတ်လိုလက်ရ ၊ တစ်ခဏတွင်
လက်မှလင်္ကာ၊ သီမိပါလည်း
ကဗျာတစ်ကြောင်း၊ သူ့အကြောင်းမို့
လက်ညောင်းအောင်မျှ၊ မရေးရခင်
ရသမဖွဲ့၊ တန့်ရပ်ခဲ့၏။

ပန်းပျိုးလက်

1

မေတ္တာမိုး
ပန်းပျိုးလက်သာ ၊ဖြစ်လိုပါ၏၊
မေတ္တာညှိုး
ပန်းချိုးလက်လျှင်၊ မဖြစ်ချင်ပါ။
ကျေးငှက်ပေါင်စုံ၊ ချမ်းမြေ့လှုံကြ
ရိပ်မြုံတင့်မော၊ သာပြန့်ပြောသည့်
သစ်တောဘ၀၊ ဖြစ်လိုလှ၏။
နိုင်ရာစားသည့်“
ကျားရဲမင်းမူ၊ သွေးပွက်ဆူစွ
ဘေးထူထပ်သော၊ ရန်ထူပြောသည့်
တောရိုင်းအသွင်၊ မဖြစ်ချင်ပါ။
လောကလှုပ်နိုး၊ အလှပျိုးသည့်
မိုးမုတ်သုံသာ၊ ဖြစ်လိုပါ၏။
ချောင်းမြစ်လျှံဖြိုး၊ ဆည်တာကျိုးသည့်
ဖျက်မိုးအသွင်၊ မဖြစ်ချင်ပါ။
ပန်းနံ့သင်းကြည်၊ မွှေးပျံ့စည်သည်
လေပြည်ညင်းသာ၊ ဖြစ်လိုပါ၏။
တွေ့ရာခုတ်ပိုင်း၊ တိုက်ခတ်ရိုင်းသည့်
မုန်တိုင်းအသွင်၊ မဖြစ်ချင်ပါ။
လောကအကျိုး
သယ်ပိုးထမ်းရွက်၊ ပန်းပျိုးလက်ဖြင့်
ပျော့ပြောင်းညှင်သာ၊ ကံစီရာသို့
လွင့်မျောစီးရင်း၊အားသစ်မွေးရင်း
နောက်မဆုတ်တမ်းလှမ်းချင်သူ။






ယောက်ျားမာယာကိုးပါး

0

၁။ အမျိုးဂုဏ်ကိုဖော်ပြတတ်ခြင်း၊
၂။ ပညာဂုဏ်ကို ပြတတ်ခြင်း၊
၃။ ပစ္စည်းဂုဏ်ကို ပြတတ်ခြင်း
၎။ ၀မ်းသာဟန် ၀မ်းနည်းဟန်ပြုတတ်ခြင်း
၅။ အစဉ်တစိုက် နောက်ယောင်ခံလိုက်တတ်ခြင်း
၆။ လက်ဆောင်ပစ္စည်း စားသောက်ဖွယ်ရာ ပေးကမ်းခြင်း
၇။ မြှောက်ပင့်ချီးမွမ်းခြင်း
၈။ အ၀တ်အစားမျိုးစုံ လဲလှယ်ဝတ်ပြခြင်း
၉။ ကိုယ်ခန္ဒာတောင့်တင်းကျန်းမာမှုကို ဖော်ပြတတ်ခြင်း

ရင်ခုန်သံရောင်စုံ

0

တစ်နေ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ သူငယ်ချင်းတစ်ယောက်ကိုတွေ့ဖို့ ချိန်းထားတာနဲ့ ကျွန်တော် လက်ဖက်ရည်သောက်ရင်းထိုင်စောင့်နေရင်းလက်ဖက်ရည်ဆိုင်ဖွင့်လိုက်တဲ့ ကော်ဖီခါးခါးသီချင်းကပျံ့လွှင့် နေခဲ့တယ်။အဲဒီသီချင်းကို ကြားတော့ အငဲဆိုထားတဲ့”အချစ်ဟာခါးခါး”သီချင်းက ကျွန်တော့်အတွေးထဲဝင်လာတယ်။ဘာဆိုင်လဲတော့မမေးပါနဲ့ တိုက်ဆိုင်တာလေးတွေရှိ
နေတယ်။။ကော်ဖီခါးခါး ကချစ်ကောင်း ဆိုထားတာလေ။အဲဒီ သီချင်းထဲဘ၀ဟာ “ကော်ဖီခါးခါး” ရင်ခုန်သံတွေတောင် မချိုမြိန်ဘူးလို့ ပြောတယ်။
“အငဲ”ဆိုထားတာက အချစ်ကခါးလွန်းတယ်တဲ့။ သူတို့နှစ်ယောက်က ခါးတာခြင်း တူတယ်ဆိုပေမယ့် မတူတာလေး တစ်ခုတော့ ရှိနေတယ်။ သူတို့ နှစ်ယောက်နဲ့ မတူတဲ့၊ကျွန်တော့်
သူငယ်ချင်းရဲ့နှုတ်ဖျားက ထွက်ကျတာတဲ့စကားက”ဘ၀ခါးခါး”တဲ့ အချိုးအစားမပြယ်၊အချဉ်စားလို့
မပျောက်၊ဆေးခါးကြီးသောက်နေရသလိုလိုပဲလို့တဲ့။သူပြောသေးတယ်။သူပြောတဲ့ စကားက ကဗျာဆန်တယ်။
“ဘ၀ကခါးသက်သက်၊အိမ်မက် မျက်နှာကျက်ပေါ်မှာ၊စိတ်ကူးယဉ်ခဲ့မိတာ…….လူဖြစ်ခဲ့တဲ့ ခဏငါ့ဘ၀ခါးသက်သက်ကိုမှ ကံကြမ္မာကပါ၊လိုက်ပြီးခါးနေတယ်။သူခါးတော့ ဥက္ကရာဇ်တွေ ၊ရာသီတွေ၊နာရီတွေကအစငါ့ဘ၀အတွက်အားလုံး ခါးသက်နေခဲ့တယ်”
ကျွန်တော့်သူငယ်ချင်းပြောတာကို ကျွန်တော်ဦးလေး ကြားသွားပြီထင်တယ်။ကျွန်တော်တို့နှစ်ဦး
နားကို ရောက်လာတယ်။ပြီးတော့ စကားတစ်ခွန်းပြောခဲ့တယ်။ သူပြောတဲ့စကားကိုကြားလိုက်
တော့ ကျွန်တော့်သူငယ်ချင်းပြောတာနဲ့ တခြားဆီဖြစ်နေတယ်။ကျွန်တော့်ဦးလေးရဲ့ စကားက
အားလုံးနဲ့ဆန့်ကျင်ဘက်တော့ဖြစ်နေတယ်။သိုပေမယ့် သူပြောတဲ့စကားကိုနားထောင်နေတဲ့
ကျွန်တော့်သူငယ်ချင်းကို အမှတ်တမဲ့ကြည့်လိုက်တော့ ဟိုးဝေးဝေးကိုမျှော်ငေးနေတယ်။
သူတွေဝေသွားတာလား။စဉ်းစားချင့်ချိန်
နေတာလား။ ဦးလေးပြောတဲ့စကားလေးကတော့ 
ရိုးရိုးလေးသာဖြစ်ပါတယ်။သူပြောတဲ့စကားက—-
“ဘ၀ကို ခါးတယ်ဆိုတာမင်းမှားနေတယ်၊တကယ်တော့ ဘ၀ကခါးသီးဖို့၊နာကြည်းဖို့မဟုတ်ဘူး
ခုနက မင်းပြောတဲ့စကားက ဘ၀ကိုနာကြည်းနေသလိုပဲ၊ကိုယ်တွေ့ကြုံနေရတဲ့ ဘ၀အခက်အခဲ
တွေကို မင်းသင်ခန်းစာ ယူတတ်ရင်မင်းပြောပြောနေတဲ့ ဘ၀ခါးခါးဆိုတာ မဖြစ်လာတော့ဘူး
အဲ့တော့မှ ဘ၀ကချိုမြိန်တယ်ဆိုတာမင်း သိလာလလိမ့်မယ်”ဦလေးပြောသလိုဆိုရင် သူတို့ရဲ့
ခါးသီးမှုတွေက ချိုမြိန်နေလိမ့်မယ်လို့ ထင်မိတယ်။သို့ပေမယ့် အတ္တနှလုံးသားရှိသူတွေဖြစ်နေ
တော့ ခက်တယ်။ရင်ခုန်သံတွေတောင် ဘ၀မှမချိုမြိန်ဘူး၊အချစ်ဟာ ခါးလွန်းတယ်ဆိုတဲ့
ချစ်ကောင်းနဲ့ အငဲပြိးတော့ ဘ၀ခါးခါးလိုပြောတဲ့ ကျွန်တော့်သူငယ်ချင်း၊သူတို့ရဲ့ခါးသီးမှုတွေက
ဘယ်ဟာပိုခါးတယ်ဆိုတာ ကျွန်တော် မတွေးတတ်တော့ပါ၊သေချာတာ တစ်ခုတော့ သူတို့မှာခြားနားခြင်း တစ်ခုစီတော့ ရှိနေကြပါတယ်။

မိန်းမလက်နက် ရှစ်ပါး

0

၁။ ပြုံးစစလုပ်ပြခြင်း
၂။ ခနိုးခနဲ့ပြောခြင်း
၃။ ရှက်စနိုးဟန်ပြခြင်း
၎။ မျက်စောင်းထိုးခြင်း
၅။ အသံထွက်အောင်ရယ်ခြင်း
၆။ ကြောက်ဟန်ဆောင်ခြင်း
၇။ မပွင့်တပွင့်ပြောခြင်း
၈။ ငိုခြင်း

မိတ်ဆွေကောင်းဟုသိရသောအခါ ခြောက်ပါး

0

၁။ အနာရောဂါ ခံစားရသောအခါ
၂။ စည်းစိမ်ဥစ္စာ ပျက်စီးသောအခါ
၃။ ငတ်မွတ်ခေါင်းပါးသောအခါ
၎။ ရန်သူ့လက်သို့ကျရောက်သောအခါ
၅။ မင်းအိမ်တံခါးဝသို့ရောက်သောအခါ
၆။ သုသာန်တစပြင်သို့ရောက်သောအခါ

ပန်းနုရောင်ဘဝ

0

ညခင်းတို့
ငယ်ဘ၀ လေးနဲ့ လျှောက်လမ်းနေရတဲ့ ယခုဘ၀လေး နှိုင်းယှဉ်ကြည့်ရအောင်နော်…
ငယ်ကဆို…အပူအပင်မရှိ ဆော့လို့ကောင်းတုန်း ။ ဘာမှ သိပ်အများကြီး မသိသေး။ ဘာမှလည်း မစဉ်းစားတတ်။ လူငယ်ဘ၀ အရသာအပြည့် လွတ်လပ်ခြင်းတွေနှင့် ပျော်ရွှင်လို့၊ ဘ၀ဆိုတာလည်း ဘာမှန်းပင် မသိနိုင်အောင်။
လူတွေကလို့ ….သိမ်းကျုံး ရစ်ပတ်နာကျင်စွာ မဖွင့်အန်တတ်သေး…
ပီတိ ကလေးဘ၀…
ပျော်စရာကိုသာတွေး….
ပျော်စရာကိုသာ ရွေးတတ်ခဲ့ချိန်တွေ။
အခုတော့ လုပ်ငန်းခွင်ထဲမှာ ဘ၀တတ်လမ်း အတွက် စီးမျော၊ ပညာနှင့် ဥစ္စာနောက် ကောက်ကောက်ပါအောင် လိုက်နေကြရတဲ့ ဘ၀ထဲမှာ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း အရသာတွေ ပျောက်ဆုံးခဲ့ပါပြီ။
ကြမ်းတမ်းတဲ့ လောကဓံ။
ခက်ခဲ ကျပ်တည်းတဲ့ လူမှု ဆက်ဆံရေးများ အကြား ဘ၀နှင့် ဆန္ဒဟာ ထပ်တူမကျခဲ့ပါ။
အသားမကျခြင်းတွေနှင့်ပဲ အသားတကျ ပျော်ဝင်ရင်း လူကြီးဖြစ်ခဲ့ရပြီ။
လောကဓံလှိုင်းတွေ…နဲ့ဆုံတွေ ရတိုင်း ငယ်ဘ၀ လေးပြန်ရချင်မိတယ်။
ရတော့ဘူးနော်…

ကြိုးစားတာ အချည်းအနှီးမဖြစ်ပါ

0

ဒို့အားလုံးသိကြတယ်
ဘယ်လောက်များတဲ့တိမ်တိုက်တွေ
ရှေ့မှာရှိနေနေ၊
နေမင်းကြီးဟာ ဆက်လက်တောက်ပနေမှာပဲ။
သူ့ရဲ့အလင်းတန်းတွေကို
အကြိမ်ဘယ်လောက်အများကြီး
ဒို့ရဲ့မြင်ကွင်းက ပိတ်ဆို့ထားပါစေ
နေမင်းကြီးက ပြန်ထွက်လာလိမ့်မယ်
နောက်တစ်နေ့ကျရင်လေ
အရင်ကထက်တောင်ပိုပြီး
ထွန်းလင်းတောက်ပနေဖို့ပေါ့။
တစ်ခါတစ်လေ ဘ၀ထဲကို
ဝင်လာတတ်တဲ့
တိမ်မည်းကြီးတွေကို
ကျော်လွှားအနိုင်ယူဖို့
ခိုင်မြဲတဲ့ သန္မိဌာန်ရှိဖို့လိုတယ်။
ကိုယ့်ရှေ့မှာ ဘာတွေပဲရှိနေနေ
ဆက်လက်တောက်ပနေစေဖို့အတွက်
စိတ်ရှည်ရှည်ထားဖို့လိုတယ်။
အချိန်တန်ရင်အသီးအပွင့်ကို
ခံစားရစမြဲပဲ။
အခက်အခဲတွေကို ကျော်ဖြတ်ဖို့
အင်အားတွေ အတွင်းမှာရှိနေတာကို
သင်အမြဲတမ်းတွေ့ရပါလိမ့်မယ်၊
ဘာကြောင့်ဆိုတော့ သင်နဲ့နေမင်းကြီးမှာ
တူညီတာတွေအများကြီးရှိနေတယ်လေ
ဘာပဲဖြစ်နေနေ
သင်တို့နှစ်ဦးစလုံးဟာ
ထွန်းလင်းတောက်ပနေကြမှာမို့ပဲ။






ဗေဒင်

3

ညခင်းတို့
တစ်ပတ်စာ ဗေဒင်လေးတွက်ကြည့်ရအောင်…ဘယ်ကရလဲ…ဆိုတာတော့ ညခင်းမမှတ်မိတော့ပါဘူး။ ညခင်း ၁၀ခါ ထက်မနည်း တွက်ကြည့်တဲ့ အခါ…မှန်နေတာလေး တွေ့လို့ ဝေမျှတာပါ။ကောင်းတာကို တော့ခံယူချင်ကြပေမဲ့…မကောင်းတာလေးဆို …ရှောင်ကွင်းနိုင်အောင် တွက်ကြည့်ပါ။
မတွက်ကြည့်ခင် သိရှိရန်လိုအပ်တာကတော့ နေ့များရဲ့ ဂြိုလ်သက်ဖြစ်ပါတယ်။

တနလာင်္ဂြိုလ်သက် -၁၅ နှစ်
အဂါင်္ ဂြိုလ်သက် -၈နှစ်
ဗုဒ္ဒဟူးဂြိုလ်သက် -၁၇နှစ်
ကြာသပတေးဂြိုလ်သက် -၁၉နှစ်
သောကြာဂြိုလ်သက် -၂၁နှစ်
စနေဂြိုလ်သက် -၁၀နှစ်
တနင်္ဂနွေဂြိုလ် -၆နှစ်

တွက်နည်း
၁)ရောက်ဆဲ အသက်ကိုတည်၊
၂)မွေးနေ့ ဂြိုလ်သက် နဲ့ ပေါင်း၊
၃)မေးတဲ့ နေ့ ရဲ့ ဂြိုလ်သက် နဲ့ပေါင်း၊
၎) ရလဒ်ကို ၇ နှင့်စား။
ရရှိတဲ့အကြွင်း က အဖြေ ဖြစ်ပါတယ်။

(၁) ကြွင်းက -ကံကောင်းနေတယ်။
(၂) ကြွင်းက -အချင်းချင်းရန်ဖြစ်တတ်။
(၃)ကြွင်းက -အကောင်းအဆိုးမျှတနေတယ်။
(၄)ကြွင်းက -ခရီးယာယီရှိနေတယ်။
(၅)ကြွင်းက -စိတ်ဆင်းရဲရမယ်။
(၆)ကြွင်းက -ကျန်းမာရေးချို့တဲ့မယ်။

ထိုထိုလူ

0

ညခင်းဘ၀မှာ…သင်ဆရာများစွာ ရှိသလို၊ ယခုလို သွားရင်းလာရင်းမှတ်သားစရာ၊ ဗဟုသုတများသင်ကြားပေးတဲ့ ကြားဆရာများလဲ
ရှိခဲ့ ပါတယ်။ ယခု ကြားဆရာတစ်ယောက်ပြောပြတဲ့ လူ့ အကြောင်းပြောပြပါမယ်။ ညခင်း ရုံးပိတ်ရက်လေးမှာ…ဆံပင်သွားညှပ်တော့၊
ဆိုင်မှာ…အန်တီကြီး တစ်ယောက်နဲ့ ဆုံမိတော့ ထွေရာလေးပါးပြောဆိုရင်း လောကတွင် လူ(၅)မျိုး ရှိတယ်ဆိုတဲ့အကြောင်းပြောပြပါတယ်။
ပထမတစ်မျိုးက အ၀တ်အစား ၀တ်ထားတဲ့ တိရိစ္ဆာန်သာသာလူစားတဲ့၊ အဲသလိုလူမျိုးတွေက အိပ်၊စား၊ကာမ ထိုသုံဝနဲ့ဘဲ ဘ၀ကို
အချိန်ကုန်နေကြ၊ တိရိစ္ဆာန်လိုပဲ စိတ်ကုးထဲပေါ်တာတွေ အကုန်လုံးလျှောက်လုပ်ကြ၊ အာရုံရရင် ရသလို ထင်ရာစိုင်းလိုက်ကြနဲ့
တကယ်တမ်းမှာ အ၀တ်အစားဝတ်ထားတဲ့ တိရိစ္ဆာန်ပါတဲ့။
လူငါးမျိုးထဲမှာ အနိမ်ဆုံးမျိုးအစားလို့ သရုပ်ခွဲပြပါတယ်။
ဒုတိယတစ်မျိုးကတော့ ပထမထက် အနည်းငယ်သာပါသတဲ့။ အဲဒါကတော့ အခွင့်အရေးသမားတွေတဲ့။သည်အမျိုးအစားကတော့
ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်အခွင့်အရေးအတွက် ဘာမဆို လုပ်ကိုင်ဆောင် ရွက်ဖို့ ၀န်မလေးသူတွေပါတဲ့။
တတိယတစ်မျိုးကကျပြန်တော့လည်း ဒုတိယအမျိုးထက် နည်းနည်းသာသွားပြန်ရောတဲ့။ အဲဒီတစ်မျိုးကတော့ ဘ၀ရပ်တည်မှုအတွက်အား
ထုတ်သူများပါတဲ့။သူတို့ကတော့ အတတ်ပညာ၊အသိပညာ၊ ၀ါသနာ၊အစွမ်းအစတစ်ခုခုကို ထုတ်သုံးပြီး ဘ၀ရပ်တည်ရေး အတွက်
ဆောင်ရွက်နေသူများဖြစ်ပါသတဲ့။သူတို့တွေကလည်း သူ့တို့ရပ်တည်မှုနဲ့ သူတို့ရဲ့ နေရာအတွက် ဘာကိုမဆိုလုပ်ကိုင်ဆောင်ရွက်ဖို့
ဝန်မလေးကြပြန်ဘူးတဲ့။
စတုတ္တတစ်မျိုးကတော့ စာရိတ္တမဏိုင်ကိုခိုင်အောင် ထိန်းသိမ်းသူများဖြစ်ပါတယ်။လျှာမှာ မြက်ပေါက်ပါစေ၊ သည်လိုအလုပ်ကိုဖြင့်
မလုပ်ဘူး၊ မိုးပြိုချင်ပြိုပါစေ၊ မတရားကတော့ မလုပ်ဘူးစသဖြင့် မိမိရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်ကိုအပွန်းအပဲ့မခံသူများဖြစ်ပါသတဲ့။
အဲ…နောက်ဆုံးတစ်မျိုးကတော့ သူတော်စင်များပါတဲ့။ မိမိရဲ့ ကိုယ်ကျိုးကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိတော့ဘဲ အများအတွက်
ဆောင်ရွက်နေတာ၊ အများသူငါအပေါ် မေတ္တာစေတနာသန့်စင်စွာ ထားနိုင်တာ၊အတ္တအနည်းဆုံးနေနိုင်တာများနဲ့ပြည့်စုံနေသူ
သူတော်စင်များပါတဲ့။
အဲသလို(၅)မျိုးခွဲခြားပြသပေးတဲ့ အန်တီကြီး၏ စကားအဆုံးမှာ….ညခင်း ငိုင်ပြီးကျန်ရစ်ခဲ့ပါတယ်။သူ့စကားကို တနုံနုံစဉ်းစားနေမိတယ်။
အသေချာဆုံးကတော့ သူတော်စင်မဟုတ်တာပါ။ အတ္တမာန၊ဘ၀င်မိုးထိနေတဲ့ ပုထုဇဉ်တစ်ယောက်ပါ။ ဒါဖြင့် စတုတ္တတစ်မျိုးရော…ဒါလဲ ရဲရဲမပြောနိုင်ပြန်ဘူး။မျှတမှုကို ဂရုထားတတ်ပြီး၊ နိုင်လိုမင်းထက် မပြုချင်သူ ထဲပါတယ်လို့လဲ ထင်မိသေးတယ်။ တစ်ခါတစ်လေတော့လဲ ထင်ရာစိုင်းတဲ့အခါစိုင်းမိနဲ့…အော် ဟိုငြိ ၊ သည် ငြိပါလား………။




ယတြာ

0

လွယ်လွယ်ကူကူ ယတြာယူ။
ညခင်း တစ်ပတ်စာ…ဗေဒင်လေးတွက်ကြည့်ပြီး…ဒီ ယတြာလေးကို လည်း…လုပ်တယ်နော်…။
ယခုအသက်အပိုင်းအခြားမှာ…တွက်ကြည့်ပြီး…အမြဲလုပ်ရမယ့် ယတြာလေးပါ။
ညခင်း တို့ က ဘာမှ မတတ်တော့…ပညာရှင်များ…သချာင်္သင်ခန်းစာလေးလို ပေးထားခြင်းကို …ပြန်လည် မျှဝေတာပါ။

၁) ရောက်ဆဲ အသက်ကို တည်။
၂) ခန္ဒာ ၅ပါးအရ ၅ နဲ့မြောက်။
၃) မြောက်လို့ရတဲ့ကိန်းကို ၇ နဲ့စား
အကြွင်းကို ယူရန်….

(၁) ဘုရားမှာဆီမီးသက်စေ့လှူ။
(၂) ငါးသက်စေ့လွတ်ရန်။
(၃) တံတားခင်း၊ လမ်းခင်းရန်။
(၄) ဘုရားမှာ ရေ၊ ရွှေသင်္ကန်းကပ်ရန်။
(၅) ဘုရားမှာ ပန်းလှူရန်။
(၆) ဘုရားမှာ သစ်သီးဆွမ်းလှူရန်။
(၇/၀) အနောက်မြောက်အရပ်မှာ တံတားခင်းရန်။

ကော်ဖီမှုန်လိုလူ

0

တစ်ခါတုန်းက အလွန်ရည်မှန်းချက်ကြီးတဲ့ လူငယ်တစ်ယောက်ရှိတယ်။ငယ်စဉ်ဘ၀ထဲက ကြိုးစား လာလိုက်တာ…
ပညာပြည့်စုံလို့…လူလောကအလည် ခြေချ နိုင်ငံတကာအတွေ့အကြုံ လိုချင်တယ်ဆိုပြီး နှို်င်ငံတစ်ခုကို အလုပ်သွား
လုပ်ခဲ့တယ်။ သုံနှစ်ကျော်ကြိုးစားလုပ်ကိုင်ပြီးတဲ့ နောက်မှာ ထိုက်သင့်တဲ့ အကျိုးခံစားရပြီး..လစာကောင်းပေမဲ့ အလုပ
်ဒဏ်ကြောင့် စိတ်ဖိစီးမှုဒဏ် ကြောင့် ဘ၀ကို စိတ်ပျက် ငြီးငွေ့ လာတယ်။ ကမ္ဘာကျော်ဖြစ်ချင်တဲ့ ငယ်ငယ်က သူ့အိမ်မက်
ကိုတောင်ပြန်မမက်နိုင်တော့ဘူး။ သူဘာေ့ကြာင့် ဒီလောက် စိတ်ဖိစီးမှုဒဏ်ခံပြီး အလုပ်လုပ်နေရသလဲ ဆိုတာ
တွေးကြည့်မိလာတယ်။အဖြေက မရေရာဘူးတဲ့။နောက်ဆုံးတော့ အဖေ့အိမ်ပြန်ပြီးနားချင်စိတ်နဲ့ အလုပ်က ထွက်ပြီး
အိမ်မှာ အဖေနဲ့ စကားတွေတ၀ကြီးပြော၊ လျောက်လည်၊ မောင်နှမတွေနဲ့ ပျော်လို့ရွှင်လို့၊ စိတ်ဖိစီးမှု တွေ သက်သာ
လာပြီးပျော်သွားတယ်။
ဘ၀ဆိုတာ ဒီလိုဆိုတော့လည်း ဘယ်ဆိုးလို့ တုံးလို့ တွေးမိသွားရတယ်။
တစ်နေကျတော့ အဖေက သူ့ ကို မီးဖိုထဲခေါ်သွားပြီး အိုးတစ်လုံးထဲမှာ ရေထည့်ပြတယ်။ ပွက်ပွက်ဆူအောင် တည်တယ်။
အဲ ဒီအိုးထဲကို ကုလားပဲတွေထည့်တယ်။နာရီအတော်ကြာတော့ ကုလားပဲတွေ ပျော့ပြဲသွားတယ်။ မူလကတော့ လက်နဲ့
ချေလို့မရတဲ့ ကုလားပဲတွေ ရေနွေးပူပူနဲ့ တွေ့တော့ မခံနိုင်ဘဲ ဘ၀ပြောင်းသွားတယ်။
အဖေက နောက်တစ်ကြိမ် ရေနွေးအိုးထဲကို ကြက်ဥထည့်ပြုတ်ပြန်တယ်။ နာရီဝက် လောက်ကြာတော့ အင်မတန်မာကျော
သွားတဲ့ ကြက်ဥပြုတ်တစ်လုံး ဖြစ်သွားရတယ်။
နောက်တစ်ကြိမ်မှာတော့ ဆူပြီးသား ရေနွေးထဲကို ကော်ဖီမှုန့်တွေ ထည့်မွှေလိုက်တယ်။ ရေနွေးအိုးထဲကို ကော်ဖီတွေ
ပျော်ဝင်သွားပြီး တစ်အိုးလုံး ကော်ဖီရနံ့ မွှေးပျံ့သွားတယ်။
ငါ့သား အဖေပြောချင်တာ ဒါပဲ။
***အချို့ က ကုလားပဲလိုပဲ။*** သူ့ကိုသူမာကျောတယ်ဆိုပေမယ့် လောကဓံ ရေနွေးပူနဲ့ တွေ့တော့ ပျော့ပြဲသွားတယ်။
***တချို့ က ကြက်ဥလိုပဲ။***အခွံအောက်မှာအရည်အနှစ်တွေရှိလို့ ပျော့စိစိထင်ရပေမယ့် လောကဓံရေနွေးပူပူကြောင့်
မာကျောခက်ထန်သွားတယ်။ ရေနွေးပူလေ ပိုမာလေပဲ။
***တချိုလူကတော့ ကော်ဖီမှုန့်နဲ့တူတယ်။***ရေနွေးပူကိုမကြောက်ဘူး။သူ့ထဲမှာ အလွယ်တစ်ကူပျော်ဝင်နိုင် ပြီး
ရေနွေးကိုတောင် အရောင်ပြောင်းပစ်နိုင်တယ်။ ပြီးတော့ သူ့ ရဲ့ ကိုယ်ပိုင်ရနံ့ကို မွှေးပျံ့ စေနိုင်ခဲ့တယ်။
အဲဒီတော့ လူသားတွေထဲမှာ သားက ဘယ်လိုလူစားမျိုးဖြစ်ချင်သလဲတဲ့။ ကိုယ်ဘာသာစဉ်းစားရွေးချယ်ပြီး ကိုယ်ဖြစ်ချင်တာကို
ဖြစ်အောင်ကြိုးစားပါ လို့ ပြောလိုက်တဲ့ အခါ သားဖြစ်သူက…***ကျွန်တော် ကော်ဖီမှုန့်လိုလူ…ဖြစ်ရမယ်***ဆိုပြီး သှု့
အလုပ်ရှိရာသို့ ပြန်သွားခဲ့တယ်တဲ့…။

တစ်နေ့ဆယ်ခါ

1

တက္ကသိုလ်တွင် ဖြစ်သည်၊ ပါမောက္ခက သင်တန်းပို့ချနေသည်။
***ကြက်ဖဟာ ကြက်မကို တစ်နေ့ဆယ်ခါ ခေါင်းကို ဆိတ်သည်။***
အိမ်ထောင်သည် ကျောင်းသူတစ်ယောက် ထမေးသည်။
***ကျွန်မယောက်ျား ကြာရအောင် အဲဒီစကားကို ပြန်ပြော ပါဦးလား ဆရာ***
ပါမောက္ခက ထပ်ပြောသည်၊ စောစောက ကျောင်းသူ၏ ယောက်ျားက ထပြောသည်။
***ဆရာ ၊ ကြက်ဖဟာ ကြက်မတစ်ကောင်တည်းကိုပဲ တစ်နေ့ဆယ်ကြိမ်ဆိတ်သလား ခင်ဗျာ***
***ဟာ တစ်ကောင်တည်းကို ဘယ်ဟုတ်မလဲ***
***အဲဒါဆို ကျွန်တော့်ဇနီး ကြားရအောင် အဲဒီစကားကို ထပ်ပြောပါဦးဆရာ***

သူရဲကောင်း

0

လူရွယ်က ဓာတ်ပုံဆရာကို ပြောသည်။
***ကျွန်တော့်ကို သူရဲကောင်းပုံစံဖြစ်အောင် ရိုက်ပေးပါ***
ဘယ်လိုရိုက်ရ မှာလဲ ဗျ…..
***ဒီစားပွဲပေါ်မှာ ၀ီစကီပုလင်းကို တင်ထား၊ ဒီပုလင်းကို ကျွန်တော် မကြည့်ဘဲ မျက်နှာလွဲထားမယ်****

အကြံပိုင်တဲ့ရွှေကျီး

0

ရေဆာလွန်းလို့ သေလုမျောပါး ဖြစ်နေတဲ့ ကျီးတစ်ကောင်ဟာ ကရားတစ်ခုကို တွေလေရာ၊ ဒီကရားမှာအရင်ကတော့
ရေအပြည့်ပဲ ပေါ့၊ ဒါပေမယ့်ကျီးငှက်ဟာ ကရားထဲနှုတ်သီးသွင်းလိုက်တဲ့ အခါ ရေနည်းနည်းပဲ ကျန် တာတွေ့သတဲ့။
ရေကိုသောက်ဖို့ သူမတတ်နိုင်ဘူးလေ၊ အခါခါကြိုးစားပေမယ့် နောက်ဆုံးမှာ စိတ်ပျက်စွာ လက်လျှော့လိုက်ရတယ်။
ဒါနဲ့ အကြံတစ်ခုရပါရော၊ သူဟာကျောက်စရစ်ခဲ တစ်ခုကို ယူပြီး ကရားထဲချလိုက်သတဲ့။

ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။
ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။
ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။
ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။
ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။

နောက်ဆုံးမှာ
ရေဟာသူနဲ့ နီးလာတာတွေရသတဲ့။ နောက်ထပ်ကျောက်စရစ်ခဲ နှစ်လုံးသုံးလုံး ချလိုက်ရင်ပဲ
ရေဆာလောင်နေတာကို အငတ်ပြေသွားရပြီး သူအသက်ရှင်ခဲ့လေသတဲ့။
တဖြည်းဖြည်းဖြင့် အောင်နိုင်ရာသည်။

မင်းသိနိုင်မှလား

0

စိတ်ညစ်တယ် --

ဒီစကားတွေ ရင်မှာတော့

မရေတွက်နိုင်အောင် ရွှတ်နေမိတယ်...

စာရွှက်ပေါ်မှာရေးချဖို့  ခံစားချက်မရှိတဲ့

ဒီနေ့  စိတ်ညစ်တယ်ဆိုတာကို

အကြိမ်ပေါင်းများစွာရေးနေမိတယ်

ငါစိတ်ညစ်နေတယ်

မင်းသိနိုင်မှလား

ငါကုစားနေတဲ့  စိတ်ညစ်မှုတွေ ဒီနေ့ 

ဗလပွနဲ့ပြန်ရနေတယ်

ဘယ်တော့ ပျော်ရွှင်မှာ ငါကိုငါမေးနေမိတာ

ငါမယုံကြည်တဲ့အရာတွေ

မျှော်လင့်ခြင်းတွေက

ငါပြောခဲ့တဲ့စကားတွေက အလကားလား

ငါဘယ်သူကို ယုံကြည်ရမှာလဲ

ငါ သိပ်မုန်းတဲ့ စရိုက်

မင်းသိအောင် ပြောပြခဲ့

အကြိမ်တိုင်းမရေတွက်နိုင်ဘူး

မင်းနားလည်ပေးတယ်ဆို

ငါဘ၀နဲ့  အမှောင်ဆုံး အချိန်တွေကိုတောင်

ငါ မင်းရှေ့မှာ ဒူးထောက်ပြောခဲ့ဘူးတာ

ငါဘယ်လိုထပ်ပြီးယုံကြည်ရမှာလဲ

ပြောပြရမှာလဲ၊ပြောပြရဲမှာလဲ

ငါ စိတ်ညစ်နေရင် အမြဲအားပေးနေမယ်တဲ့

မင်းရဲ့စကားသံတွေ

အခုတော့ဘာတွေ လဲ

မင်း ယုံကြည်ထားတာဘာလဲ

ဝေးလွင့်ခြင်း

ငါစိတ်ညစ်တယ်

ငါစိတ်ညစ်တယ်

ငါစိတ်ညစ်တယ်....။




လူတစ်ယောက်အတွက်တနေ့တာ ကိုယ်ခန္ဒာအတွင်းလုပ်ဆောင်မှုများ

0

လူတစ်ယောက်ရဲ့ကိုယ်ခန္ဒာအတွင်းမှာ၂၄ နာရီအတွင်း ဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာကို

ဗဟုသုတဖြစ်ဖွယ်တင်ပြလိုက်ပါတယ်..ဟုတ်မှဟုတ်တော့ ကိုယ်တိုင်စမ်းသပ်မှပဲရမယ်နော်

ကဲ.စာရေးသူပြောထားတာကတော့ ၂၄ နာရီအတွင်းမှာဒါတွေဖြစ်ခဲ့တယ်လို့ ပြောထားပါတယ်။

၁။ နှလုံးက ၁၀၃၆၈၉ ကြိမ်ခုန်ပါတယ်တယ်။

၂။ အဆုတ် အတွင်းလေရှူထုတ်တာက ၂၃ ၀၄၅ ကြိမ်ရှိတယ်။

၃။ သွေးတွေကတော့ မိုင်ပေါင်း ၁၆၈၀ ၀၀၀ စီးဆင်းပါတယ်။

၎။ လက်သည်း၊ခြေသည်းတွေရဲ့ ကြီးထွားနုန်းက ၀.၀၀၀၀၇ လက်မရှိပါတယ်။

၅။ ဆံပင်တွေရဲ့ကြီးထွားနုန်းကလည်း ၀.၀၁၇၁၅ လက်မရှိပါတယ်။

၆။ ပျော်ဝင်တဲ့ရေတွေ အားလုံးကတော့ ၂.၉ ပေါင်ရှိပါတယ်။

ရ။ သုံးစွဲတဲ့အစားအစာကတော့ ၃.၂၅ ပေါင်စားသုံးပါတယ်။

၈။ ၀င်ထွက်နေတဲ့လေ ကတော့ ၄၃၈ ကုဗ တောင်ရှိပါတယ်။

၉။ ဆုံးရှူံးသွားတဲ့ ကိုယ်ခန္ဗာအပူချိန်ကတော့ ၈၅.၆၀ ရှိပါတယ်။

၁၀။ချွေးကတော့ ၁.၄၃ ပိုင့် ထွက်ပါတယ်။

၁၁။စကားလုံးပေါင်း ၄၈၀၀ ပြောကြားခဲ့ပါတယ်။

၁၂။အိပ်စက်နေရင်းနဲ့  ၂၅.၄ ကြိမ်လှုပ်ရှားပါတယ်။။

ဒါလေးကတော့ဝက်ဆိုက်ဒ်တစ်လေးထဲကတွေ့တာပါ။သင့်တော်သလိုဘာသာပြန်ထားတာဖြစ်ပါတယ်.

လူအမျိုးအစား

0

လူတစ်ယောက်သည် ဆီအပြည့်ပါသောပုလင်းတစ်လုံးကို သယ်လာ၏။လမ်းတွင် ခလုတ်တိုက်မိ၍ ထိုလူလဲလေသည်။ လက်မှ ဆီပုလင်း လွတ်ကျ၍ ဆီတို့ ဖိတ်စင် ကျကုန်သည်။ ထိုလူလည်းဆီပုလင်းကို အလျင်အမြန် လိုက်လံဖမ်းဆွဲ၏။သို့သော် ပုလင်းထဲ၌ ဆီတစ်ဝက်သာ ကျန်တော့သည်။ တစ်ဝက်သောဆီတို့မှမြေသို့ ဖိတ်ကုန်လေသည်။
ထိုလူသည် အဆိုးမြင်သမားတစ်ယောက်ဖြစ်ခဲ့ပါမူ…..
ဖိတ်ကျကုန်သော ဆီအတွက် နှမြောတသ၍ ယူကြုံးမရဖြစ်မည်။ တိုက်မိသော ခလုတ်ကိုလည်းပြစ်တင်မောင်းမဲဆဲရေါ်ပေမည်။ မိမိကိုယ်ကိုလည်း အသုံးမကျတဲ့ကောင် ဟူ၍ ငြူစူပေမည်။ အဆိုးမြင်သမားတို့သည် ဒေါသကြီးတတ်၏။ လောဘကြီးတတ်၏။ အတ္တကြီးတတ်၏။ ကြမ်းတမ်းခက်ထန်တတ်၏။ ပရဟိတနည်းတတ်၏။ လောကကြီးကို မကျေနပ်တတ်၊ ဘ၀ ကို မကျေနပ်တတ်၊ ပျော်ရွှင်ရယ်မောခြင်း နည်းတတ်၏။ ဘ၀ကို ပူလောင်စွာ နေထိုင်တတ်သူတည်း။
ထိုလူသည် အကောင်းမြင်သမားတစ်ယောက်ဖြစ်ခဲ့ပါမူ…..
တော်ပါသေးရဲ့၊ ငါ မြန်မြန်လိုက်ဖမ်းနိုင်ပေလို့၊ ပုလင်းထဲမှာ ဆီတစ်ဝက်ကျန်နေသေးတယ်။ ဟု မှတ်ချက်ပြုပေမည်။ မည်သူ့ကိုမှ အပြစ်မတင်။ အကောင်းမြင်သမားတို့သည် ဒေါသနည်းတတ်၏။ လောဘနည်းတတ်၏။ အတ္တနည်း၏။ လောကကိုလည်းကျေနပ်တတ်၏။
ဘ၀ကိုလည်းကျေနပ်တတ်၏။ နူးညံ့ပျော့ပြောင်းတတ်၏။ တစ်ခါတစ်ရံ ပျော့ညံ့သူဟုပင် ဆိုနိုင်၏။ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်၏။ ပရဟိတလုပ်ငန်းတို့တွင် တတ်ကြွစွာ ပါဝင်တတ်၏။ ဘ၀ကို အေးချမ်းစွာ နေထိုင်သူတည်း။
ထိုလူသည် ပကတိ အမှန်မြင်သမားဖြစ်ခဲ့ပါမူ….
ပုလင်းထဲ၌ ဆီပုလင်းတစ်ဝက်ကျန်နေသေးသည့်အတွက် ကောင်း၏။ တစ်ဝက်ဖိတ်ကျကုန် သည့်အတွက် မကောင်း၊ ဖိတ်ကျကုန်သော ဆီတစ်ဝက်ကို မည်သို့ ပြန်ဖြည့်ရမလဲ စဉ်းစား၏။
နောက်နောင် ခလုတ်တိုက်မလဲရအောင် သတိထားရမည်ဟု ဆင်ခြင်၏။ ထိုလူသည် အကောင်းကို အေးဆေးစွာ လက်ခံနိုင်သလို၊ အဆိုးကိုလည်း တည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းနိုင်၏။ လောဘ၊ ဒေါသ၊ အတ္တ၊ ပရကိုလည်း မျှတစွာ ချိန်ဆတတ်၏။ လောကကို၎င်း၊ ဘ၀ကို၎င်း ကျေနပ်တတ်၏။ ပျော်ပျော်ရွှင်ရွင် နေထိုင်တတ်၏။ ဘ၀ကို တည်ငြိမ်စွာ နေထိုင်တတ်သူတည်း။
သင်သည် မည်သည့်လူအမျိုးအစားတွင် ပါဝင်ပါသလဲ၊ မိမိကိုယ်ကို မေးကြည့်ပါ…။

အဆိပ်သင့် ပျားရည်

0

……………အဲဒီနေ့
နှစ်လုံးသားက စည်းချက် မမှန်
ရင်ခုန်သံတွေမြန်လို့
ချန်ထားခဲ့ရမှာတောင် နှမြောတယ်။
သူ့ရဲ့ အပြုံး တစ်ပွင့်
ကြွေအလွင့်မှာ
တစ်ကမ္ဘာလုံးက ပန်းတွေ
ပွင့်ကုန်ပြီထင်ရဲ့။
ငါ နားလည်လိုက်ပါတယ်။
သူ့ အပြုံး အောက်မှာ
ငါ့ မာနတွေ ကြွေကျမယ် ဆိုတာ
ငါ့ အတ္တတွေ မြေခမယ် ဆိုတာ
ငါ့ နှလုံးသားက အဖြေ ပြမယ် ဆိုတာ
ဘယ်အချိန်မှာ ဘယ်လို မုန်းမုန်း
အခု သူ့အပြုံးမှာ
တစ်ဘ၀လုံး အတွက်
အရှုံးပေးလိုက်ရတယ်။
သူ့ရဲ့ အပြုံး တစ်လွှာဟာ
ငါ့ နှလုံးသား ကမ္ဘာမှာ
လမင်း တစ်ရာ သာစေမှာကို
အသေအချာ သိလိုက်ရတယ်
အဲဒီ နေ့မှာပေါ့။
ငါ ကြောက်တာ တစ်ခုက
သူ့ရဲ့ အပြုံး အောက်မှာ
အိပ်မက် ပျောက်သူတွေ
ဘယ်လောက် များပြီလဲ ဆိုတာ။
ဒါပေမဲ့လည်းကွယ်….
နှလုံးသား ကွဲကြေ
မျက်ရည်တွေ ဝေလည်း
ငါ ဒူးထောက်နေတယ်
သူ့ အပြုံးတွေ အတွက်။

စိတ်စမ်း

0

စိတ်ဆိုတာ မမြင်နိုင်တဲ့ အရာဖြစ်တယ်။စိတ်မှာ တိကျရေရာတဲ့ ပုံသဏန်တွေ
ဖွဲ့စည်းပုံတွေ မရှိဘူး။ ဒါကြောင့် စိတ်ကို စမ်းကြည့်လို့ မရနိုင်ဘူး နော်။
လူတချို့ဟာ စိတ်ကို စမ်းကြည့်နိုင်တယ်လို့ လွဲမှားစွာ ယူဆနေကြတယ်။ သူစိတ်ကို
စမ်းကြည့်တာ ပါ၊ သူဘယ်လိုခံစားရမလဲဆိုတာ သိချင်လို့ပါ ဆိုတဲ့ စကားမျိုး သူငယ်ချင်းတို့
မကြာခဏ ကြားဖူးကြမယ်ထင်တယ်။ တကယ်တော့ သူရရှိတဲ့ အဖြေဟာ
မှန်ကန်လိမ့်မယ်လို့ တစ်ထစ်ချ ပြောလို့မရဘူးနော်။၅၀ ရာခိုင်နှုန်းမှန်ကန်ဖို့ ခက်ခဲပါတယ်။
မျက်မမြင် ပုဏ္ဏား ခြောက်ယောက်က ဆင်သေတစ်ကောင်ကို ရုပ်လုံးဖေါ်သလိုမျိုး
ဖြစ်မှာဘဲ။ လိုရာကို ဆွဲတွေးပြီး ကောက်ချက်ချလိုက်မိနိုင်တယ်။ လောကကြီးကို
ဘယ်လိုသိပ္ပံပညာရဲ့ တီတွင်မှုတွေကမှ လိုက်မမီနိုင်တာ စိတ်ရဲ့ လျင်မြန်မှုဖြစ်တယ်။ စိတ်ရဲ့
အမြန်နှုံးဟာ လျှပ်တစ်ပြက်တောင် မရှိဘူးနော်။ ဒါကြောင့် စိတ်ကို ဖမ်းဖို့ မိဖို့မလွယ်နိုင်ဘူး။
လူ့စိတ်ဆိုတာ မျောက်စိတ်လိုပဲ၊ အပြောင်းအလဲ မြန်တယ်လို့ ဆိုကြတယ်။( လမင်းလဲ
မျောက်စိတ်….ဟိဟိ)
ကိုယ်စိတ်ကိုယ်တောင်မှ လွတ်ထွက်မသွားအောင် ထိန်းသိမ်းနိုင်ဖို့ ခက်လှတာ
သူတစ်ပါးရဲ့ စိတ်ကို စမ်းသပ်ကြည့်ဖို့ ပိုလို့တောင်မလွယ်ကူဘူး။
လူတစ်ယောက်ရဲ့ စိတ်ခံစားမှုဆိုတာ သူကိုယ်တိုင် ဖွင့်ဟ၀န်ခံချက်လောက် တိတိကျကျ
ဘယ်သူမှ မသိနိုင်ဘူး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါ။

စိတ်ချမ်းသာ

0

စိတ်ချမ်းသာရင် ကိုယ်ကျန်းမာတယ်တဲ့ သူငယ်ချင်းတို့ရေ။ ဒါပေမယ့် ကိုယ်ချမ်းသာတိုင်းတော့ စိတ်က ကျန်းမာချင်မှ
ကျန်းမာလိမ့်မယ်။
ချမ်းသာ တယ်ဆိုတာ ဘာကို ခေါ်တာလဲ။ သူငယ်ချင်းတို့ သိထားတဲ့ ချမ်းသာခြင်းဆိုတာ ငွေကြေးနဲ့တိုင်းတာထားတဲ့
သတ်မှတ်ချက်ဖြစ်တယ်။
ပြည့်စုံကြွယ်ဝ တင့်တယ်လှပတဲ့ ဘ၀အခြေအနေကို ချမ်းသာတယ်လို့ သုံးနှုံးလေ့ ရှိကြတယ်နော်။
ကဲ…ဒါဖြင့် စိတ်ချမ်းသာတယ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုကြမလဲ။ စိတ်ဆန္ဒတွေ ပြည့်စုံပြီး ကြံစည်သမျှ
အောင်မြင်လိုသမျှ ဖြည့်ဆည်းနိုင်တဲ့ မျက်ရည်ကင်းသော ဘ၀ကို စိတ်၏ ချမ်းသာခြင်းသုခ ခံစား ရတယ်လို့ ပြောရလိမ့်မယ်။
မိမိစိတ်ထဲက ဖြစ်ချင်တဲ့အရာ၊ လိုချင်တဲ့အရာ တွေဖြစ်လာရတဲ့အခါ ဘယ်လောက် စိတ်ချမ်းမြေ့ စရာကောင်းသလဲနော်။
အဲဒါကို ငွေနဲ့ ၀ယ်လို့ရမယ်လို့ သူငယ်ချင်းတို့ မထင်လိုက်လေနဲ့။
ငွေပုံပေါ်မှာ ထိုင်နေပြီး စိတ်ချမ်းသာခြင်းသုခကို မရရှိနိုင်ကြသူတွေ လောကမှာ အများကြီးရှိတယ် သူငယ်ချင်းတို့ရ။
မေတ္တာ၊ အကြင်နာ၊ စေတနာတွေကို ငွေနဲ့ဝယ်လို့ မရသလို ငွေနဲ့တန်ဖိုးဖြတ်လို့လည်း မရဘူး။ အဲဒီအရာ တွေဟာ
စိတ်ချမ်းသာမှု အတွက် လိုအပ်သော ဆေးဝါး တွေပဲ ဖြစ်ပါတယ်။ အဲဒါတွေကို ငွေနဲ့ သွေးဆေးလို့ ဘယ်တော့မှ
မရနိုင်ဘူးပါဘူး။
ဒါကြောင့် လူ့ဘ၀ အရေအကြီးဆုံးငွေမဟုတ်ဘူးဆိုတာကို လက်ခံလားဟင်…
စိတ်ချမ်းသာမှုရှိစေဖို့ မေတ္တာသည်သာ အရေးအပါဆုံး ဖြစ်တယ်။ လူတိုင်းအပေါ် မေတ္တာထားတတ် ကြရမယ်လို့
ညခင်းထင်မြင်မိပါတယ်။

ငါ့အိမ်မက်

0

အနားသတ် မရှိတဲ့ အပြာရောင် ကောင်းကင်မှာ
ငှက်တစ်ကောင်လို ပျံလိုက်ချင်တယ်….
အဆုံးမရှိတဲ့ ပင်လယ်ပြင်မှာ
ငါးတစ်ကောင်လို ကူးခတ်ချင်တယ်….
တူညီမှု မရှိတဲ့ ဘ၀မှာ
အရာရာတိုင်းကို ပေးဆပ်ချင်တယ်….
ဒါပေမဲ့လည်း
ပိုင်ဆိုင်မှု ဆိုတာ ခပ်ဝေးဝေးမှာ ထင်ပါရဲ့…..။

စိတ်လိုအင်

0

သံသယတွေရဲ့ ခင်မင်မှု
ပူလောင်မှုကြားက မကျေနပ်ခြင်း
နွေးထွေးခြင်းမဲ့တဲ့ ဒီချစ်ခြင်း
ရမ္မက်ပါတဲ့ မျှော်လင့်ခြင်း
အတ္တဆန်တဲ့ တွေးတောခြင်း
ကဗျာမဆန်တဲ့ ရိုးသားခြင်း
ယုံကြည်ချက်မရှိတဲ့ စကားလုံး
အဓိပ္ပါယ်မဲ့တဲ့ အနာဂတ်
ယုတ်တိမရှိတဲ့ ပစ္စုပ္ပန်
မေ့လို့ မရတဲ့ အတိတ်
ကာရံမသိတဲ့ ကဗျာစပ်ခြင်း
ကိုယ်တိုင်မသိတဲ့ လောက
ကျောခိုင်းချင်တဲ့ ငါဆန္ဓ
ရန်လို နေတဲ့  ဒီဘဝ

စိတ်ရှုပ်

0

စိတ်ရုပ်တယ်ဆိုတာကတော့ စိတ်မရှင်းတာ၊ မကြည်လင်တာ ပေါ့နော်။ မပြတ်သားတာကို ခေါ်တယ်။ မဖြောင့်ဖြူးတာကို
ခေါ်တယ်။ မချောမွေ့တာကို ခေါ်တယ်။ မသန့်ရှင်းတာကို ခေါ်တယ်။ မသပ်ယပ်တာကို ခေါ်တယ်။ ဒါကြောင့် ရှုပ်တယ်ဆိုတဲ့
ဝေါဟာရဟာ အနုတ် သဘော ဖြစ်နေပြီ ဆိုတဲ့ သဘောပါ။ စိတ်ချမ်းမြေ့မှုတွေ လျှော့နည်း သွားပြီ ဆိုပါစို့နော်။
ဘာကြောင့် စိတ်ရှုပ်ရတာလဲ၊ စိတ်ကို အနှောက်အယှက်တစ်စုံတစ်ရာ ပြူမူခြင်းခံရတဲ့ အခါ စိတ်ရှုပ်ရတာပေါ့။ စိတ်ကို
ဘာကနှောက်ယှက်သလဲ။ စဉ်းစား ကြည့်ရအောင်နော်။
အဓိက ကတော့ စိတ်ကို စိတ်ကပဲ နှောက်ယှက်တာပါ။ ဟုတ်ရဲ့လား။
မခံချင်စိတ်၊ သ၀န်တိုစိတ်၊ သံသယစိတ်၊ နာကြည်းစိတ်၊ တက်မက်စိတ်၊ အများကြီးပါဘဲ။
အဲဒီစိတ်တွေဝင်လာတဲ့ အခါ ပင်ကိုယ်စိတ်ရင်းခမျာ ရှုပ်သွားရတော့တာပါပဲ။
တစ်ခါတလေတော့လည်း စိတ်ကို ကံတရားက နှောက်ယှက်တတ်ပါတယ်။ ဘ၀ရဲ့ဆုံးရှုံးမှု၊ နစ်နာမှု၊ လွဲချော်မှု၊
ဒုက္လ္ခ္ခ္လ နဲ့သောကတွေဟာလည်း စိတ်ကို ရှုပ်ထွေးစေပါတယ်။
စိတ်ရှုပ်မှုရဲ့ ရလဒ်တွေက တော့ အလုပ်လုပ်ရတာ မလန်းဆန်း၊ မဖြတ်လတ်၊ မတတ်ကြွ၊ မတိကျ၊ မမှန်မကန် မှုတွေနဲ့
အနှုတ်သဘော တွေကိုပဲရှိမှာပါ။ စိတ်ရှုပ်ရှုပ်နဲ့ လုပ်မှတော့ မှားတော့တာပေါ့။
ကဲ ရှုပ်နေတဲ့ စိတ်ကို ပြေအောင် ဖြေတတ်ဖို့လိုတယ်နော်။

ရက်စက်သူသို့

0


အလှမဲ့တဲ့နေ့ရက်

အရောင်ပြယ် ချစ်ခြင်းနဲ့အတူ

ရက်စက်ခြင်းကို ပေးတဲ့

အသဲခွဲတဲ့ ကြင်နာသူ။


ဝေးသွားမှာ ငါသိတယ်

ဘယ်ဆီမှာ ဆုံခွင့်ရမှာလဲ

စိတ်ကူးတွေနဲ့ မျှော်ငေးနေတဲ့

ငါ..အချစ်နဲ့ ဒီနေ့စွဲတွေ

ငါတွေး ဆွေးမိမှာကြောက်ခဲ့သေးတယ်။


ဟားဟား....ရီရသေးတယ်

"နားလည်ပေးပါဆိုတဲ့

ကြင်နာသံပါ ဖျော့တွဲ့ဟန်နဲ့ 

ကျွန်မစိတ်တွေ ရှုပ်ထွေးကျေးဇူးပြုပြီး

ခဏဝေးဝေး တစ်ယောက်ထဲနေပါရစေတဲ့"

သနားမှုနဲ့ ငဲ့ညှာ ယုံကြည်မှုကို အချိန်ပေးပြီး

ငါဘေးက စောင့်ကြည့်နေခဲ့တယ်။


မင်းကတော့ဒီလိုမဟုတ် ယုံကြည်မှုကို ခြေခင်း

အချစ်တွေကို ချနင်းပြီး

ငါရင်ကိုဖယ် နောက်တစ်ယောက်နောက်

ကောက်ကောက်ပါခဲ့တယ်။


ရင်မှာခါးသီး နာကျင်ခြင်းနဲ့အတူ

မင်း ပုံရိပ်တွေကို မေ့ပစ်

ငါနှလုံးသားကို ပဲ့ကိုင်ရင်း

ငါလျှောက်တဲ့လမ်း ဘ၀ကြမ်းကြမ်းမှာ

ရွံ့ ရှာစိုးထိတ် မင်းလိုစရိုက်မျိုး

နောက်နောင် မမြင်တွေ့လို ဘုရားရှေ့မှာ ဒူးထောက်

တောင်းဆုပန်တယ် ...မိန်းကလေး

တွေ့ခဲ့သည်ရှိ ရင်ကို အစိမ်းခွဲ

ငါနှလုံးသားကို ဖောက်ထုတ် မီးသဂြိုဟ်ပစ်မယ်။ ((လမင်း))

ရင်ထဲက ခံစားချက်တစ်ခုလေးပါ ဘာရယ်တော့ မရည်ရွယ်ပါဘူး.တိုက်ဆိုင်မှုလေးတစ်ခုကို
အကြောင်းပြုပြီး ကဗျာလေးအဖြစ် ဖန်ဆင်းထားပါတယ်။ကဗျာလေးလိုပဲ ခံစားပေးပါလို့တောင်းဆိုပါတယ်။


ကော်ဖီလွမ်းသူ

0

အက်စ်ပရက်ဆို သောက်မလား…
ကာပူချီနို သောက်မလား…
လက်တဲ့ သောက်မလား….
ကယ်ဖင်းဓာတ်ပါနေတာမို့
ဘာပဲသောက်သောက် စွဲမက်နေတယ်…
ကော်ဖီကို စွဲစွဲလန်း သောက်ရင် မကောင်းဘူးဆိုတဲ့
ချစ်သူရဲ့ စွဲမက်စရာ စကားလေးကြောင့်
ကော်ဖီရဲ့ ဝေးဝေးမှာ
တိတ်ဆိတ်စွာနေနေပါပြီ…။

အပျိုကြီး ကျွန်မ

2

ညခင်းရဲ့ သူငယ်ချင်းတို့ရေ….တူလေး လမင်း ပေးပိုလာပါတဲ့ သီးချင်းလေး တစ်ပုဒ် အကြောင်းပြောပြဦးမယ်နော်..…အမှန်တော့ ညခင်းကို နာနာလေး ဆော်ချင်တာလဲ ပါတာပေါ့နော်…။ တစ်တစ်တူး တီးဝိုင်းက မိုးမိုး (ရေး၊ ဆို)ထားတဲ့ သီးချင်းလေးကို ပို့ပေးပြီး နှိပ်ကွပ်ပါတယ်..… ငယ်ချစ်ဦးနဲ့ ဝေးခဲ့လို့…ဘာညာကွိကွပေါ့လေ။အမလေး အသက်၄၀ လောက်သာ ရောက်ရင် ဘယ်လို တွယ် မလဲ မသိဘူး…ခံပေဦးတော့ ညခင်းရေ…။ သီချင်းစာသားလေးကို ဖတ်ကြည့်ဦး။
******အသက်လေးဆယ်……လူတွေမေးတယ်….ဘယ်တော့များမှ စားရမှာလဲ….. ဟန်ဆောင်ရပြီ….လူတွေမသိအောင်….အပြုံးလေးနဲ့…လိမ်ရပြီ…။ရာသီတွေ……..အချိန်တွေလဲ…. မြူလို …တရွှေ့ရွှေ့ ကူးပြောင်ဲးနေပြီ…စွန့်ပစ်သွားခဲ့ …တာအချိန်ကြာပြီ… စွန့်ပစ်ခဲ့တဲ့ ငယ်ချစ်ဦးရေ …အစဉ်သာ…. ရင်မှာ အမြဲသာ…..ဘာမှမပြောင်းလဲဘူး…ချစ်မေတ္တာတွေ…. ယုံနိုင်မလားနော်…ကိုယ် အချစ်ဆုံးရေ……………….ဒီချိန်ထိ.. မင်းသာ ..မင်းဘဲ ….အချစ်ရေ******။
ကဲကောင်းသေးလား….။ငယ်ချစ်ဦးပစ်သွားလို့
တဲ့အဲတော့ ညခင်းကလဲ ကဗျာပြန်ရေးတာပေါ့။ဖတ်ကြည့်နော်…။

အပျိုကြီး ကျွန်မ
နှစ်ကိုယ် မနီးပေမဲ့
အို- ငိုလို့ ညည်းမနေပါဘူး
ဝေဒနာ ရင်မှာ သိမ်းပါလို့
ခပ်စိမ်းစိမ်းနေခဲ့တယ်။
ခင်မင်သူ လူအရင်းတွေက
အပျင်းပြေ လှောင်ပြောင်ရယ်ကြ
ယောင်လည်လည် အပျိုကြီး….ပါတဲ့
စပ်ဖြီး ပြီတီတီနဲ့
မထီတရီ သည်မျက်လုံးတွေက
ပြုံးလှောင်ကြကွယ်။
အပျိုကြီး ကျွန်မမှာတော့
တစ်ကိုယ်တည်း ဘ၀ပေမဲ့
အသည်းကတော့ မငယ် မငယ်
တကယ့် တကယ်တော့ အားမာန်ခဲ။
ဘ၀လမ်းမှာဖြင့်
ခရောင်းမြေတွင် လေသရမ်းပါလို့
လှိုင်းကြမ်းလေထန်ပေမင့်
ရေဆန်ကို ရွက်ကုန်ဖွင့်ကာ
အညာ အကြေ မကျန် တက်စုံလွင့်နိုင်ငဲ့
ရင့်ကျက်ကြည်ကြည်လင်နဲ့
ထီမထင် အပျိုကြီးပါဟဲ့
တစ်ကိုယ်တည်း ဖော်မလိုပါဘူး
ပျော်သလို ဘ၀ခရီးမပန်းကာ
(ကွယ်) လှမ်းခဲ့သည်ပဲ။ ။
ဘ၀တူအပျိုကြီးများသို့………..။


သူ…

0

တစ်ခါက တက္ကသိုလ်…..

ကျွန်မအတန်းအားလုံးပြီးသွားတော့ သူ့ကိုတွေ့လိုဇောနဲ့ ကားဂိတ်ကို အပြေးတစ်ပိုင်းလေး လျှောက်သွားမိပါတယ်။ ကားဂိတ်ရောက်တော့ သူ့ကို ရှာကြည့်မိတယ်၊ မတွေ့ရပါဘူး၊ ကျွန်မ စိတ်နည်းနည်းတို သွားတယ်။

တကယ်ဆိုရင် ကျွန်မတို့အတန်းက ဒီအချိန်ဆို အမြဲပြီးနေကျဆိုတာ သူသိလျက်နဲ့ အချိန်မီ လာမကြိုတာ ဘာသဘောလဲ။

ကျွန်မမှာတော့ အတန်းချိန်မကုန်ခင် ကတည်းက သူရောက်နေပြီး ကျွန်မကို စောင့်နေရတာ ပျင်းနေမှာပဲလို့ တွေးမိတိုင်း သူ့ကို စာနာလိုက်ရတာ၊ စိုးရိမ်မိတာလဲ အရမ်းပဲလေ။

မတော်…ပြောင်တတ်နောက်တတ် တဲ့ ကျောင်းသူတွေက ..ဟေ့တစ်ယောက်တည်းလား၊ အဖော်မပါဘူးနော်၊ ဘယ်သူ့ လာကြိုတာလဲဟင်၊ တို့ကိုလား…နောက်ပြောင်ကြရင် သူကသိပ်ရှက်တတ်တာ…ဘာမှလဲ ပြန်ပြောတတ်တာ မဟုတ်ဘူး။

သူ့အတွက် စိုးရိမ်မိတဲ့ ကျွန်မကိုယ် ကျွန်မ ဒေါသဖြစ်မိတယ်။

ဂျင်းစိမ်းနဲ့ မိသသလင်၊ သူကြင်မှ ကိုယ်ကြင်မှာပေါ့…မဟုတ်ဘူးလား။

သူကတော့ ကျွန်မကို ဂရုမစိုက်ဘူး၊ အချိန်မီ လာမကြိုဘူး၊ အရင်နေ့ တွေတုန်းကတော့ ကျောင်းသွားရင် လိုက်ပို့၊ ကျောင်းပြန်တော့ လာကြိုနဲ့ အချိန်ကို မှန်နေတာပဲ။

ဒီနေ့တော့ ကျွန်မကို ကျွန်မတွေးရင်း တွေးရင်းနဲက ငိုချင်လာမိတယ်။

ကားဂိတ်မှာ တစ်ယောက်တည်း ထိုင်စောင့်ရတဲ့ ကျွန်မကို ကျောင်းသား တစ်ချို့က မကြားတကြား နောက်သွားကြတယ်။

တို့လိုက်ပို့ပေးမယ်လေ…။

တစ်ယောက်တည်းလား၊ တို့ဘာကူညီရမလဲဟင်…။

ပြန်လာခဲမယ်နော် ခဏလေးသိလား…။

စောင့်မနေနဲ့ လာမှာလဲ မဟုတ်ဘဲနဲ့…။

အို…စုံနေတာပါပဲ၊ သူနောက်ကျလို အိမ်ပြန်နောက်ကျရင်လဲ အမေက မေးလာခဲ့ရင် ဘယ်လို ဖြေရ မလဲ၊
စိတ်ရှုပ်လိုက်တာ မပြောပါနဲ့တော့၊ သူငယ်ချင်းတစ်ယောက်ကလည်း အလိုက်မသိ မေးလာခဲ့သေးတယ်လေ…။

ကြိုပို့ ကြီး မလာသေးဘူးလား…တဲ့၊ ငို ချင်စိတ်ကို ထိမ်းရင်း ခေါင်းခါပြလိုက်ရတယ်၊

ကြာလာတော့ ကျွန်မ သူ့ကို ဒေါသဖြစ်လာတယ်။ စဉ်းစားကြည့်လေ ကျွန်မ စောင့်ရတာ တစ်နာရီ နီးပါး ရှိပြီ၊
ခုထက်ထိ ပေါ်မလာသေးဘူး ရောက်လာမှ ရန်တွေ့ပြီး စိတ်ကောက်ပစ်လိုက်ဦးမယ်…။

ဟော….. သူလာပြီနဲ့တူတယ်၊ အစစ်ပေါ့ သူလာနေပြီလေ။

သူ့ကိုမြင်လိုက်ရတော့လည်း ကျွန်မရဲ့ဒေါသတွေ ဘယ်ရောက်ကုန်တယ် မသိဘူး..။ ကျွန်မသူရှိရာ အပြေးလေးသွားမိတယ်၊
သူကတော့ သူကိုယ်ပိုင် ဟန်အတိုင်း အပြုံးမရယ် ခပ်တည်တည်ရပ်နေလေရဲ့…။

အိမ်ပြန်နောက်ကျမှာ စိုးလို့ပေါ့၊ နို့မဟုတ်လို့ကတော့ ကျွန်မ စိတ်ကောက်ပြီး သူနဲ့ ပြန်လိုက်သွားဖို့ ငြင်းဆန်မိမှာ အမှန်ပဲ…။
အော.်…..သူ…..သူ….သူ….သူဆိုတာကတော့ တက္ကသိုလ်နဲ့ အိမ်ဘက်ကို ပြေးဆွဲပေးနေတဲ့ ကားပါပဲရှင်……..။

ယောင်္ကျားဟူသည်

0

ကောင်မလေးနှင့် ကောင်လေး ချိန်းတွေကြ၏။ ကောင်းကင်မှာ ငှက်ကလေးတွေက တကျီကျီမြည်တမ်းလျက် ပျံသန်းသွားကြသည်။ ငှက်ကလေးတွေကို ကြည့်ပြီး ကောင်မလေးက မေးခွန်းတစ်ခု မေးလိုက်၏။

***ဘာငှက်လေးတွေလဲ မသိဘူးနော် မောင်ရော သိရဲ့လား***

***အချစ်ငှက်လေးတွေပေါ့ အချစ်ရာ***ကောင်လေး က ချိုသာသော အသံဖြင့် ပြန်ဖြေသည်။ ချစ်ရည်ရွှန်းသော အကြည့်တို့ဖြင့် တစ်ဦးကို တစ်ဦး ကြည့်၍ ပြိုင်တူ ပြုံးလိုက် ကြ၏။

အိမ်ထောင်ကျပြီးစ……

ကောင်မလေးက သူ့ယောင်္ကျားကို ခေါ်ပြီး ရည်းစား ဘ၀က အတူတူထိုင်၍ ကြည်နှုးခဲ့ ဖူးသော နေရာဟောင်းလေးသို့ အတူတူသွား၍ ထိုင်ကြသည်။ ကောင်းကင်ထံမှာ လည်း ငှက်ကလေးတွေ တချို့ပျံသန်းသွားကြပြန်သည်။ ကောင်မလေးက ကြည်နှုးစွာမေးခဲဖူးသော မေးခွန်းတစ်ခုကို အသစ်လုပ်ကာ ပြန်မေးလိုက်၏။

***ဘာငှက်လေးတွေ လဲ မသိဘူးနော် မောင်ရော သိရဲ့လား***

***စာငှက်တွေလေကွာ***

ယောင်္ကျားဖြစ်သူက စိတ်မပါစွာ ပြန်ဖြေလိုက်၏။ ကောင်မလေးက မဲ့ပြုံးလေးတစ်ချက် ပြုံးသည်။

ကလေးတစ်ယောက်ရပြီးသောအခါ…..

သည်တစ်ခါလည်း သူတို့ အတူတူထိုင်ဖူးသော နေရာမှာပင် ထိုင်နေကြပြန်သည်။ သို့သော် အရင်နှင့်မတူတော့။ ကောင်မလေး ရင်ခွင်မှာ ကလေးငယ်တစ်ယောက်ကို ထွေးပွေ့ထား၏။ ငှက်ကလေးများကတော့ မပြောင်းလဲစွာ ပျံသန်းသွားကြပြန်သည်။ ကောင်မလေးက မေးခွန်း တစ်ခု မေးလိုက်ပြန်တယ်။

***ဘာငှက်တွေလဲ မသိဘူးနော် တကျီကျီနဲ့***

ထိုအခါ ယောင်္ကျား ဖြစ်သူ၏ အဖြေစကားကြောင့် မိန်ကလေးမှာ မျက်ရည်များ ဝေ့သမ်းလာလေသည်။ ယောင်္ကျားဖြစ်သူ ပြောလိုက်သည်ကား……

***ဟ ….ဒီငှက်ကလေးရဲ့ နာမည်မှ မသိဘူးလား၊ မသိရင် မသေမချင်းမှတ်ထား၊ လဒ တဲ့ ဟေ့၊ လဒ ငှက်တဲ့***ဟူသတည်း။

အိမ်မက်အပိုဒ်ခွဲ (၂)

0

ငါ့ ရင်ထဲက
လတစ်စင်းကို အတင်းထိုးပေးနေတာတောင်
မီးအိမ်တစ်ခုကို လက်ညိုးထိုးပြီး
ပူစာနေတဲ့ ကောင်မလေးရေ….
ငါ့ မာနနဲ့ သိက္ခာကို
လမ်းခင်းပြီး မင်းဆီလာတာတောင်
လှည့်မကြည့်ဘူး….(လုပ်ရက်တယ်နော်)
ဆားမခတ်တဲ့ ဟင်းတခွက်လို
အချစ်မပါတဲ့ ဘ၀တစ်ခုကို
ပေါ့ပျက်ပျက်ဘဲ စားသုံးချင်လာတယ်….
ဒီတစ်ခါတော့ ငါ့ကိုငါ
မောင်းပြန်တင်ပြီး
ခပ်ဟဟ တော့ရီချင်မိတယ်….
ငါ ဆုတောင်းပါတယ်….
ငါ့ ရင်ထဲမှာ နေကြတ်တဲ့နေ့ 
မရောက်ပါစေနဲ့  ။

အထင်သေးမယ် မကြံနှင့်

1

ဘုရားသခင် လူသားကို ဖန်ဆင်းစဉ်က ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အချင်းချင်းအငြင်းအခုံ ဖြစ်ပွား စကားများခဲ့ ကြလေသည်။
သူတို့ထဲမှာ ဘယ်သူက ဆရာကြီး ဘောစ့် ဖြစ်သနည်း ပေါ့။
ဦးနှောက်က အရင် စ စကားများသည်။
”ကိုယ်ခန္ဓာ အစိတ်အပိုင်း အားလုံးကို ငါကထိန်းချုပ်ထားတာကွ၊ ဒါကြောင့် တစ်ကိုယ်လုံးမှာ ငါသာလျှင် ဘော့စ်”
ခြေထောက်က ပြန်ချေပသည်။
”တစ်ကိုယ်လုံး ဘယ်သွားသွား ဘယ်လာလာ ငါက ပို့ဆောင်ပေးတာကွ၊ ဒါကြောင့် ငါသာလျှင် ဘော့စ်”
အစာအိမ်က ခုလို အကြောင်းပြသည်။
”မှီဝဲ စားသောက်လိုက်သမျှ အစာရေစာတွေကို ကျေညက်အောင် ငါက ခြေဖျက်ပေတာကွ၊ ဒါကြောင့် ငါသာလျှင် ဘော့စ်”
မျက်လုံးတွေကလည်း သူ့ အကြောင်းပြချက်နဲ့သူ။
”ငါတို့သာ မရှိရင် လူဆိုတာ ခိုကိုးရာမဲ့ ဒုက္ဇိတ ဘ၀ရောက်သွားမှာကွ၊ ဒါကြောင့် ငါတို့သာလျှင် ဘောစ့်”
သို့လျှင် နှလုံးသား ၊ လက်များ၊ နားရွက်များနှင့် အဆုတ်များကပါ သူတို့သာလျှင် ဆရာကြီးဖြစ်ထိုက်သည်ဟု အသီးသီး အကြောင်းပြကြ၏။
နောက်ဆုံး စအိုဝ အလှည့် ရောက်သည်။ သူကလည်း ဘော့စ်ရာထူးတွင် ၀င်အရွေးခံသည်။
ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးက စအိုဝအား တ၀ါးဝါး ၀ိုင်းဟားကြသည်။ စအိုဝ မခံမရပ်နိုင် ဖြစ်ပြီး သူ့တာဝန်၊ သူ့လုပ်ငန်း သူ
မထမ်းတော့ ဘဲ ဆန္ဓ္ဇပြ ရပ်ဆိုင်းလိုက်သည်။မကြာပါ။ တစ်ရက် နှစ်ရက် အတွင်းမှာ ဦးနှောက်တစ်ခု လုံး အူကြောင်ကျားဖြစ်စ ပြုလာသည်။
ခြေထောက်တွေ ကောင်းကောင်း လျှောက်လို့မရတော့။
မခိုင်ခန့် ချည့်နဲ့စ ပြုလာသည်။ အစာအိမ် အလုပ်မလုပ်၊ ၀မ်းချုပ်လာသည်။ မျက်လုံးတွေ မမြင်မစမ်း ကန်းချင်လာသည်။
နောက်ဆုံး စအိုဝအား အားလုံးက ၀ိုင်းတောင်ပန်ပြီး ဆရာကြီး အဖြစ် ရွေးကောက် တင်မြှောက်လိုက် ကြရလေသည်။
ဘော့စ် ဖြစ်ဖို့ ဦးနှောက် ကောင်းဖို့မလို၊ စအိုဝ ၏နေ့စဉ်လုပ်ဆောင်ချက်မှန်ကန်ကောင်းမွန်ဖို့သာ လိုသည် ဟူသောစကား မှန်ကန်ကြောင်း ခိုင်လုံဆုံး အထောက်အထားဖြစ်သတည်း။

အိမ်မက်အပိုဒ်ခွဲ (၁)

0

အိမ်မက်အပိုဒ်ခွဲ (၁)
ကောင်မလေးရေ….
နှစ် ဟာ တစ် ရဲ့ နောက်မှာနေပေမဲ့
တန်ဖိုးပိုကြီးတယ်ဆိုတာ
အခုထိမင်းမသိသေးဘူးနော်….
ငါ့ ရင်ခွင်ကို
သာလာယံ ဇရပ်သာသာ
ခဏတာ မခိုအောင်းချင်ပါနဲ့ ကွာ….
ငါ မဟုတ်တဲ့ သူ အတွက်
ဘာမှမဟုတ်ပေမဲ့
ဘ၀နဲ့ ချီထားတဲ့ ငါ့အတွက်
နဲနဲတော့ စဉ်းစားပေးပါနော်….
ငါ့ မှာ….
အားငယ်ဝမ်းနည်းမူတွေကို
ကျိတ်မှိတ်ဝါးမျိုပြီး (အဟာရတစ်ခုလို)
အလုံးစုံ ပျော်ရွှင်ရမဲ့ နေရက်ဆီကို
လက်ချိုးရေနေတာ
မင်းသိပါစေကွာ ။


သဘာဝ ကို လက်အုပ်ချီ တောင်းပန်ခဲ့တဲ့ သစ်ရွက်ကလေး

0

ဒီညနေဟာငွေကြေးနည်းနည်းညနေ…။ စွယ်တော်ပင်အောက်မှာ ကဗျာဆရာ….ထိုင်တယ်။ဒါကို စွယ်တော်ပင်ကသဘောမတူဘူး။ ကဗျာဆရာ ဖွဲစည်းနေပုံက တကယ့်ဇာတ်ကြမ်းပဲ…ကြယ်မပါ ဘာမပါ။ ငွေကြေးမပြည့်စုံသူရဲ့ ကြယ်မမြည်းတဲ့ ဘ၀ ဆိုတော့…ဒီလိုဘဲ ဇာတ်ကြမ်းကားရိုက်ရ တော့တာပေါ့….။
***တို့ဟာ…နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရတာပါ ကလေးရယ်…***
ကဗျာဆရာဖြစ်ပြီးဒီလောက် ဟောင်းတဲ့ လူတစ်ကာ သုံးပေါင်းများလှပြီဖြစ်တဲ့ ဒီနှစ်လွှာပေါင်း တစ်ရွက်ကို
ဘာဖြစ်လို့ ဖက်နေရတာလဲ၊ ဘာဖြစ်လို့မက်နေရတာလဲ…
လို့ စွယ်တော်ရွက်က ကဗျာ ဆရာကို ရန်ထောင်တယ်။ဒီတော့ ကဗျာဆရာက….
***နှစ်လွှာပေါင်း တစ်ရွက်ဆိုတာ…ပေါင်းဖက်ခြင်းရဲ့ပြယုဂ် မဟုတ်လား***
ကဗျာဆရာမေးခွန်းအတွက် စွယ်တော်က နိုး လို့ ပြောတယ်။ ကဗျာဆရာက ရှည်ရှည်ဖြေပေးပါ…လို့
တောင်းပန်တော့ စွယ်တော်က….
***နှစ်လွှာပေါင်းတစ်ရွက် အယူအဆဟာ ကွဲကွာခြင်း ပြယုဂ်သက်သက် ဒါထက် ဘာမှမပိုဘူး…မပိုဘူး…***
အမြည်းမပါ ဘာမပါ ညနေမှာ ကဗျာဆရာခံနေရတယ်…တစ်ရွက်ထဲ အတူတူဖြစ်နေတာတောင်.. ဘာကြောင့်…..။
ကဗျာဆရာရင်ထဲဖြစ်နေတာကို စွယ်တော်က ရိပ်မိတယ်။ ဒီတော့ စွယ်တော်က လည်း မေးခွန်းတစ်ခု ပြန်မေးလိုက်တာပေါ့..။
***မင်းကဗျာဆရာ လုပ်နေပြီး…စွယ်တော်ရွက် တစ်ရွက် ဖြစ်လာပုံကို ..တစ်ခါမှ အစအဆုံး ထိုင်မကြည့်ဖူးဘူးလား..***
ဒီတော့ ကဗျာဆရာက ရက်စ် လို့ ဖြေတယ်။ ဒီတော့မှ စွယ်တော်က ကြေကြေကွဲကွဲကြီးပြန် ပြောရှာတယ်…။
***တို့ စွယ်တော်လေးတွေဟာ… ချစ်ခြင်းကို မခွဲဖို့…သဘာဝ ကို လက်အုပ်ချီ တောင်းပန်ခဲ့တဲ့ သစ်ရွက်ကလေးတွေပါ…***
ဒီအခါ ကဗျာဆရာက စွယ်တော်ပင်ကို ကြင်နာစွာ မော့ကြည့်လိုက်တယ်…စွယ်တော်ရွက် မဖြစ်ခင်က စွယ်တော်ရွက် ဖြစ်လာကြတော့
မယ်…သစ်ရွက်လွှာ ရင်ချင်းအပ်ကလေးတွေကို တွေ့ရအခါ… ရွက်လွှာလေးနှစ်ရွက်အရွက်ချင်း မျက်နှာချင်းဆိုင်ပူးနေပုံက
လက်အုပ်ချီထားတဲ့ ပုံလေးတွေမျိုး ဖြစ်နေတာလည်း ကဗျာဆရာတွေ့ရတယ်။ ဒါကိုဘဲ စွယ်တော်က ပြောတာနေမှာ…ချစ်ခြင်းကို
မခွဲဖို့ သဘာဝဆိုတာကြီးကို ရှိခိုးတောင်းပန်ခဲ့တဲ့ သစ်ရွက်…လို့ ။ ဒီအချိန်မှာ စွယ်တော်က ခပ်ရှင်းရှင်းပဲ ပြောလိုက်တယ်…။
***ရင်ချင်းအပ်ထားတဲ့ နေရာထဲ…သဘာဝက ကြားဝင်လိုက်လို့ ဒီမှာဖြင့် ဘေးတိုက်ကြီး ဖြစ်သွားတာကို မင်းတို့က လာပြီး
ကဗျာဆန်နေသေး…ငါမှာ ဘေးတိုက်ကြီး…ဘေးတိုက်ကြီး…။
အလွမ်းဓာတ်ခံရှိလား….မငိုကြေး…။

လူနဲ့ နတ်နဲ့ ဖက်စပ်

0

လူနဲ့ နတ်နဲ့ ဖက်စပ်

ဟို ပုံပြင်လေးကြားဘူးလားမသိဘူးနော်…ဒီလိုပါ…
တစ်ရက်မှာ နတ်နှစ်ပါးက လူတွေအကြောင်း ပြောကြသတဲ့….။
***လူတွေက တို့ထက်သာတယ်ကွ။ ဥာဏ်နီ ဥာဏ်နက်သိပ်များတာ***
***လူပဲကွာ၊ နတ်ထက်တော့ မသာနိုင်ပါဘူး၊***
***မင်း မယုံရင် သွားစမ်းကြည့်ပါလား***ပေါ့။ အဲသလိုပြောတော့ နတ်တစ်ပါးက လူပြည် ဆင်းလာပြီး ရွာအစွန်းမှာ နေတဲ့ လူတစ်ယောက်ကို တွေ့ပြီး ကိုယ်ထင်ပြသတဲ့။ မြင်စေဗျား…. ပေါ့လေ… ။ ဒီတော့ လူက…..
***ခင်ဗျား ဘယ်သူလဲ***
***နတ်ကွ***
***နတ် ဟုတ်လား။ ဘာကိစ္စရှိလို့ လာရတာလဲ***
***ငါ မင်းနဲ့ အလုပ်အတူလုပ်ချင်လို့၊ မင်းဘာလုပ်တတ်သလဲ***
***သစ်ပင်ဆိုက်တတ်တယ်***
***ဒါဆို ငါတို့ ဖက်စပ် လုပ်မယ်။ ငါက ငွေပေးမယ်။ မင်းက လုပ်အားစိုက်။ ရတာ တစ်ယောက်တစ်ဝက်***ဆိုပြီး အလုပ်လုပ်ကြတယ်..။
ဒီတော့လူက ***ကဲ တစ်ယောက်တစ်ဝက်ယူမယ်ဆိုရင် ပြော၊ ခင်ဗျားက မြေကြီးအပေါ်ပိုင်းယူမလား၊ မြေအောက်ပိုင်းယူမလားလို့ မေးတယ်..။ ဒီတော့နတ်က အဲသလို ခွဲမှာ ဆိုရင်တော့ မြေအပေါ်ပိုင်းယူမယ်ပေါ့…။ အဲဒီတော့ လူက မုန်လာဥတွေ စိုက်သတဲ့…။အချိန်တန်လို့ နတ်လည်းရောက်လာရော …အပေါ်ပိုင်းတွေဖြတ်ပေးပြီး သူကတော့ မြေထဲက ဥတွေဖော်ယူသတဲ့။နတ် အတော်အောင့် သွားတာပေါ့…။ ဒီတော့ နောက်တစ်ခါ ထပ်ပြီး လုပ်ဦးမယ်ဆိုသတဲ့…။
ဒီတစ်ခါတော့ နတ်က ငါမြေအောက်ပိုင်း တစ်လှည့်ယူရ လိမ့်မယ်လို့ ရွေးချယ်လိုက်တယ်..။ ဒီတော့ လူက ပန်းမုန်လာတွေချည်း စိုက်သတဲ့..။ အချိန်တန်တော့ လူက အပွင့်တွေခုတ်ယူပြီး နတ်ကို အမြစ်တွေ ပေးလိုက်သတဲ့။ ဒါ လူတွေရဲ့ အတ္တကို သရော်ထားတဲ့ပုံပြင်လေးပါ..။ ညခင်း နဲ့လမင်းမှာ…ဘယ်သူက နတ်လဲ ဘယ်သူက လူလဲ…ပြောပြပေးပါ…….။ သိပ်မပြုံးနဲ့ ပါးရေတွန့်မယ်…ဟီးးး။

ပန်းကိုလူပျိုလှည့်တဲ့ လိပ်ပြာ

0

လိပ်ပြာ….
မင်း ပန်းကို လူပျိုလှည့်တာတော့ ဟုတ်ပါပြီ
မင်းမှာ….ကဗျာ ပါခဲ့ရဲ့လား…။
ကဗျာမပါရင်လား No ပဲ လိပ်ပြာ။ မင်းရဲ့ ရွှေတောင်ပံတွေ…ငွေတောင်ပံတွေနဲ့ ပန်းအနီးမှာ လွန်းပျံရွက်ဖွင့် မင်းပျံတာ မနည်းဘူး လိပ်ပြာ။ အဲဒါဟာ ကဗျာ လို့တောင် ထင်စရာကောင်းပါ ရဲ့…။ ဒါပေမယ့် အဲဒါ ကဗျာ မဟုတ်ဘူး လိပ်ပြာ။
အဲဒီလောက်လေးနဲ့ မင်း ပန်းကို လူပျိုလှည့်ရင် ပန်းရဲ့အဖြေက No ပဲ လိပ်ပြာ…။
ကြည့်စမ်း ပန်းအနားမှာ မင်း ပျံဝဲ ရစ်ခွေတွေနဲ့ အတောင်ပံ အနှုတ်အသိမ်းတွေဟာ …. လေကျသာ…ပါရဲ့။ မင်းလှုပ်ရှားပုံ လေ တစ်စက်တောင် လှုပ်သွားမယ်မဟုတ်ဘူး။ ဒါလောက်လေးနဲ့ မင်းပန်းကို လူပျိုလှည့်ရင် ပန်းအဖြေက No ပဲ လိပ်ပြာ။
ပန်းတွေ ဘက်ကတော့ လိပ်ပြာဖြေရမယ့် မေးခွန်းတွေ ရှိနေတယ်။ ပန်းတွေက ကဗျာ ကို အရမ်းချစ်ကြတယ်။ ပန်းတွေဆိုတာ ကလည်း ကဗျာနဲ့ပဲ နေထိုင်ကြတယ်ဆိုတာ…မင်း သိရဲ့လား လိပ်ပြာ။
အတောင်ပံမှာ…ကဗျာ ဝေ မဝေ
ပျံဝဲခြင်းမှာ…ကဗျာ ကြွေ မကြွေ
လိပ်ပြာပေါ်မှာ ….ကဗျာ နေ မနေ…….
ပန်းပွင့်ဆို တာ ဒါပဲ စဉ်းစားကြတယ်….ကဗျာ ရှာကြတယ် လိပ်ပြာ။ ပန်းပွင့်လေး ငယ်ပေမယ့် ပွင့်ဖတ်ကတော့ ခိုင်မာတာ ချည်းပဲ လိပ်ပြာ။
မေးရဦးမယ်…မင်းမှာ သော့ ရှိသလား။ ပွင့်ဖတ်တွေ ပွင့်ဖို့ ကဗျာမရှိရင် …သော့တော့ ရှိရမယ် လိပ်ပြာ။
တစ်ခုတော့ ပြောလိုက်မယ် လိပ်ပြာ။ သော့နဲ့ အဖွင့်ခံရတဲ့ ပန်းဟာ ဘယ်တော့မှ မမွှေးဘူး လိပ်ပြာ။
တစ်ချို့က ဆိုရင် ခူကောင်တွေ…။ ဒီခူကောင်တွေကလည်း အတောင်ပံ အတုတွေနဲ့ သော့တွဲသံ
တချွင်ချွင်အသံပေးရင်း ပန်းတွေကို လူပျိုလည့်ကြတာ ပဲ။ ခူကောင်က ပန်းတွေကို သော့တွဲ အပ်ချင်လို့တဲ့။
သော့တွဲမျိုးစုံ ရှိလို့ကတော့ ဘယ်ပန်းဖွင့်ဖွင့်ရတယ်လို့ သူတို့ထင်ကြတယ် လိပ်ပြာ။ သံပွင့်ဖတ်…မျိုး မတွေ့
သေးခင်တော့ ထင်ကြပေါ့။ ထင်…ကြ။
အဲဒီ သံပွင့်ဖတ်တွေကတော့ သော့တွဲလေးတွေနဲ့ ပန်းကို လူပျိုလှည့်ရင်…ပန်းရဲ့ အဖြေက No ပဲ လိပ်ပြာ။
ထပ်မေးလိုက် ဦးမယ်…။
လိပ်ပြာ
မင်း ပန်းကို လူပျိုလှည့်တာတော့ ဟုတ်ပါပြီ
မင်းမှာ ကဗျာ ပါခဲ့ရဲ့လား…။
ပြောရဦးမယ်..။ အိနြေ္ဒမ ရဲ့ အလှရောထည့်ထားတဲ့ ရှက်ပြုံးလုလု မျက်နှာမျိုး မြင်ဖူးလား။ ကဗျာ ဆိုတာ အဲဒီ
မျက်နှာမျိုးထက် ဖမ်းရခက်တယ် လိပ်ပြာ။
လိပ်ပြာ…မင်း အတောင်ပံအခတ်မှာ…လေဟပ်ပြီး ပွင့်ဖတ်ကလေး အသည်းအေး သွားရင် ကဗျာပြိုးပြက်ပြီသာ
မှတ်လိုက်…လိပ်ပြာ။
ပန်းကလေးတွေက သိတယ်။
ကဗျာဆရာမှာ သော့တွဲ မှရှိဘူး…ဆိုတာကို…။
လိပ်ပြာရေ….
ကဗျာ ရပြီလား။ မင်းဟာ ကဗျာမပါဘဲ ပန်းပွင့်ကို လူပျိုလှည့်တုန်းလား..။ ပန်းပွင့်လေးက ကဗျာမပါ No နော်။

ဂွတ်မောနင်း

1

ဟိုး ရှေးရှေးတုန်းက မဟုတ်ပါဘူး… ၂၀၀၅ခုနှစ် အစောပိုင်း ကာလမှာပေါ့။ လိပ်ကြီးတစ်ကောင်ဟာ ရှေးဘုရင်ရဲ့
နန်းတော်ထဲမှာ မနေပါဘူး။ မန္တလေးက နန်းတော်တွင်းထဲမ၀င်ခင်…်ကျုံးဘေးကရေထဲမှာနေသတဲ့။ လိပ်ကြီးဟာ
မနက်တိုင်း ၆ နာရီထတယ်။ ၆နာရီထိုးတာနဲ့ကျုံးထဲကတက်ပြီး ၇၃ လမ်းမ ကြီးအတိုင်း တရွေ့ရွေ့ နဲ့လာလိုက်တာ…
လမ်း ၃၀ ရောက်တော့ မီးပွိုင့်မှာ မီးနီနေတာနဲ့ ကြုံလို့ ရပ်စောင့်ရတယ်…။ မီးနီစောင့်ရင်း ဘေးကိုငဲ့ကြည့်လိုက်တော့
ဟဲလို ကိုပက်ကျိ ပါလား….. အညာက ဆေးရိုး….ကိုလိပ်(စ်) ခင်ဗျားဘယ်သွားမလို့တုန်း…
ကျွန်တော် မိန်းထဲမှာ UFL ပြင်သစ် သွားတတ်မလို့ဗျ …ဟာ အတော်ပဲဗျာ ကျွန်တော် ကိုရီးယားဘာသာတတ်မလို့ပါ….
ခင်ဗျားလမ်းကြုံလိုက်ချင်ရင်ကျောပေါ်တက်လေ….။ အချင်းချင်းတွေပဲ ၅၀၀ ပဲပေးပါ ….လိပ်ကြီးက
ပက်ကျိကိုကျောတင်ပြီး မီးစိမ်းတာနဲ့ တလှမ်းချင်း လာလိုက်တာ ကံဆိုးချင်တော့ ၃၅လမ်းမှာ မီးနီ မိ ပြန်သတဲ့။
လမ်းသွားရင်း မီးနီမိတာလောက် ကံဆိုးတာမရှိဘူး….တောက် တောက်ခေါက်သံကြားလို့တဲ့ ဘေးမှာရပ်နေတဲ့
ခရုက မော့ကြည့်တယ်…. အလို လိပ်ကျောပေါ်မှာ ပက်ကျိပါလား။ ဂွတ်မောနင်း…ကိုလိပ်(စ်)…ကိုပက်(စ်)
(လိပ်နှင့် လိပ်ကျောပေါ်မှ ပက်ကျိကိုပါ တပြိုင်နက် နှုတ်ဆက်ခြင်း။) အလို ကိုခရုပါလား ဘယ်တုန်းဗျ..
ကျွန်တော်လား ဆရာကျော်စွာဝင်းရဲ့ L.C.C.I (UK) သင်တန်းကို သွားမလို့ဗျ သြော်….. နီးတော့ နီသားပဲ
လမ်းကြုံလိုက်ချင် လားလိုက်မယ်ဗျာ…ဒါဖြင့် ၃၀၀ တော့ပေး… ခရုက ဈေးဆစ်တော့ ၂၀၀ နဲ့တည့်သွားတယ်။
ခရု လိပ်ကျောပေါ်ရောက် တော့ ပက်ကျိဘာလှမ်းပြောတယ်ထင်တုန်း။ မြဲမြဲကိုင်ထား ကိုယ့်လူ ဒီလိပ်ကသိပ်မြန်တာ…။

ပေါ့ကျနဲ့ ဂိတ်ဆုံး လမ်းခွဲ

0

ကောင်းတော့ မကောင်းဘူးပေါ့
ဒီလိုပြောမှ ရမှာ ဆိုတော့
မင်း
ဒီအကြောင်းမပြောနဲ့ကွာ……

ကောင်းတော့ မကောင်းဘူးပေါ့
ဒီလိုပြောမှ ရမှာဆိုတော့
မင်း
ပြောလေကဲလေ မပြောတော့နဲ့ ဆိုနေမှ….
ကောင်းတော့ မကောင်းလှဘူးပေါ့
ဒီလိုပြောမှ ရမှာဆိုတော့
မင်း…
ငါရှိတဲ့နေရာ ၀င်မလာရင်ကောင်းမယ်…..

ကောင်းတော့ မကောင်းဘူးပေါ့
ဒီလိုပြောမှ ရမှာဆိုတော့
ဟေ့
မင်းကို ငါ…………။
ဒီလိုနဲ့
အဲဒီနေ့က
သူက ပေါ့ကျ**
ကျွန်တော်က ဂိတ်ဆုံး***
သူကလည်း ခပ်တုံးတုံး
ကျွန်တော်ကလည်း ခပ်မုန်းမုန်း
သူက ဂဏန်းတစ်လုံးနဲ့
အဖျင်းစကား….
ကျွန်တော်က စာတစ်လုံးနဲ့
တင်းထား….
သူရင်းထားတာက ဗလာ
ကျွန်တော်ရင်းထားတာက ကဗျာ
ဘယ်မှာ အဆီအငေါ်တည့်မှာလဲ…။ ။
……………………………………………………..။ ။……………………………………………….
**ပေါ့ကျ လက်ဖက်ရည်ဖျော်နည်းတစ်မျိုး။
***ဂိတ်ဆုံး လက်ဖက်ရည်ဖျော်နည်းတစ်မျိုး။

မှို့ တစ်ပိသာ နှင့် ခဲ တစ်ပိသာ

0

မှိုက တစ်ပိသာ။
ခဲက တစ်ပိသာ။
တစ်ပိသာချင်း အတူတူ မှို့နဲ့ ထုရင် မနာပါဘူး။ ခဲနဲ့ ထုရင် အီစလံဝေ သွားပါမယ်။ မှို့က တစ်ပိသာ ပေမယ့် သိပ်သည်းဆ
အနှစ်သာရ မရှိဘူးလေ။ ဒါဖြင့် မှို့ဟာ အလကားပဲလို့ သတ်မှတ်လို့ရမလား။ တစ်ယောက်ယောက်ကို ထုဖို့ မဟုတ်ဘဲ
အေးအေးချမ်းချမ်း အပန်း ဖြေနားနေရင်း ခေါင်းခုအိပ်ဖို့ ဆိုရင် တစ်ပိသာ ချင်းအတူတူ မှို့ကို ယူမလား၊ ခဲကို ယူမလား၊
ဒီနေရာမှာတော့ မှို့က အသုံးကျသွားပြန်ပါပြီ။
…..သူငယ်ချင်းတို့ ဟာ မှို့လား၊ ခဲလား။
ဘာပဲဖြစ်ဖြစ် ကျေနပ်စရာပါ။ ကိုယ်ဘ၀ကိုယ် စိတ်သက်တောင့်သက်သာဖြစ်အောင်နေတတ် ဖို့ ကြိုးစားခြင်း
ဟာ အသက်ရှည်စေဖို့ လိုအပ်ချက်တစ်ခုပါ။ လူသက်တောင့်သက်သာ နေနိုင်ဖို့ အတွက် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုကို ပဲ
ပိုင်ဆိုင်ဖို့ ကြိုးစားနေကြတာ များပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုအတွက် ကြိုးစားဖို့ မေ့နေသူများပါတယ်။
စိတ်ချမ်းသာအောင်နေနည်းက လွယ်လွယ်လေးပါ။ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံ အောင်နေနိုင်ဖို့ ကြိုးစားတယ်၊ ပြည့်စုံခြင်း၊
မပြည့်စုံခြင်းကို တော့ ကံ လိုပဲ သတ်မှတ်လိုက်ပါတယ်။ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာရင် ဖြစ်နေတာကို ကျေကျေနပ်နပ်
လက်ခံလိုက်တာပါပဲ။ကြုံဆုံ လာရတဲ့ ဖြစ်လာရတဲ့ အနေအထားကို မကျေမနပ်ဖြစ်နေရင်၊ လက်မခံနိုင်ရင် စိတ်ပင်ပန်းမှာပေါ့။
စိတ်မချမ်းသာဖြစ်နေရမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့၊ စိတ်သက်တောင့် သက်သာ ထားတတ်ဖို့၊ အားငယ်စိတ် မမွေးဖို့၊
ဒေါသကို ထိမ်းချုပ်နိုင်ဖို့၊ ပျော်ပျော်ရွင်ရွင် နေနိုင်ဖို့၊ လိုအပ်တာက တော့ ကိုယ်ဘ၀ကိုယ် ကျေနပ်နိုင်ဖို့ပါ။
နေ့စဉ် ရင်ဆိုင် ကြုံတွေ့ ရပ်တည်နေရတဲ့ ဘ၀တွေ၊ အဖြစ်အပျက်တွေ ဘယ်လိုပဲ ကွဲလွဲခြားနားနေကြ ပေမဲ့ ကျွန်မတို့
ပိုင်ဆိုင်ထားတဲ့ အချိန်ဆိုတာ ကတော့ အားလုံအတူတူပါပဲ။ လူတိုင်းဟာ တစ်ရက်ဆိုတဲ့ သတ်မှတ်ချက် ၂၄နာရီလှုပ်ရှားခွင့်
ရှိပါတယ်။ ၂၄နာရီချင်းအတူတူ ရရှိတဲ့ အကျိုးအမြတ်တွေက တော့ မတူပါဘူး။
သူငယ်ချင်းတို့ရဲ့ ဘ၀ဟာ မှို့တစ်ပိသာလား။
ခဲတစ်ပိသာလား။
တစ်ပိသာချင်းအတူတူမှာ အနှစ်သာရချင်း ကွဲလွဲနေပေမဲ့ သူ့နေရာနဲ့သူ အသုံးဝင်နေပါတယ်။ ကြုံဆုံထိတွေ့ နေရတဲ့
အကြောင်းအရာကို ပြောင်းလို့ မရပေမဲ့ အဲဒီက ပေးမယ့် ခံစားမှုကို တော့ ပြောင်းလဲ လို့ရပါတယ်………။

သစ်ရွက်မှ ပျားရည်

0

ညခင်း တို့ ကျင်လည်ရာ သံသရာကြီး၌ သတ္တ၀ါ ဟူသမျှ မွေးလာကတဲက မွေးဖွားခြင်း သေဆုံးခြင်း
ရှင်သန်ခြင်းနှင့် အတူ သေဆုံးခြင်းက ပခုံချင်းယှဉ် ၍ပါလာခဲ့သည်သာ။ လက်တစ်ကမ်းအလိုမှာ
ရှိနေသော သေခြင်းတရားသည် ဘယ်အချိန် နောက်ကျောကို အလစ်ဝင်ထိုးမလဲ မသိနိုင်။ သေမည့်နေ့
ကို ကြိုတင်သိရှိ ရလျှင်တော့ ကောင်းတာ..အကျိုးရှိတာတွေချည်းဘဲ…ဆောင်ရွက်သွားမှာပေါ့…။
ကျွန်မတို့ မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားက ရှင်သန်ခြင်းတွင်နေရသမျှကာလပတ်လုံး ရှင်သန်ခွင့်က
တန်ဖိုးထားရဦးမည်။
ညခင်းဖတ်ဖူးတဲ့ ၀တ္တု တစ်ပုဒ်မှ တော်စတွိုင်း ၏ အဘိဓမ္မာလေးအရ ဘ၀ ဆိုတာ…… ကန္တာရထဲမှာ
ခရီးသွားရခြင်းဖြစ်သည်တဲ့..။
ထိုကန္တာရထဲ ခရီးသွားနေရသော လူ့ နောက်မှ ၀ဍ်ဆင်းရဲတည်းဟူသော သတ္တ၀ါဆိုးကြီး လိုက်ရာတွင်….
ထွက်ပြေးရင်း ….ရေတွင်းတစ်တွင်းထဲကို ခုန်ချလိုက်ရ၏… ရေတွင်းအောက် မရောက်ခင် …ဘေးမှ
တွယ်ပေါက်နေသော သစ်ပင်မှ အကိုင်းလေးကို ဆွဲခိုဖက်ထားမိ၏…။အောက်မှ သေမင်းတည်းဟူသော
နဂါးကြီးကလည်း ပါးစပ်ဖြဲကာ စောင့်လျှက်ရှိ၏။ ဆွဲထားသော သစ်ကိုင်းကိုလည်း နေ့ နှင့် ည ဟူသော
ကြွက်ဖြူ နှင့် ကြွက်မည်းက တစ်လှည့်စီ ကိုက်ဖြတ်ပြန်၏။ ထိုအချိန်မှာ သစ်ကိုင်းခိုထားသော လူသည်ကား
အကြောက်အလန့်မှမရှိ၊
သစ်ကိုင်းပေါ်ရှိ သစ်ရွက်မှ ပျားရည်စက် ကို လျက်နေလျက်ရှိသည်တဲ့။ ထိုအတိုင်း ညခင်းတို့သည်လည်း
သေခြင်းတရားကို စောင့်စားနေရသည့်တိုင် လူထဲက လူပေမို့ နောက်ဆုံးထွက်သက်တိုင် သစ်ကိုင်းပေါ်ရှိ
သစ်ရွက်မှ ပျားရည်ကို တပ်မက်စွာ လျက်ရပေဦးမည်။

လူတွေကြားထဲ မနေချင်သူ

0

ညခင်းတို့ ဘလောလ့် လေးမှာ တင်တဲ့ စာလေးတွေက ဗဟုသုတ ရစရာ လေးတွေ များပါတယ်…ဒီ တစ်ခါတော့ ပုံပြင်လေး တစ်ခုတင်ပေးပါရစေ…။

တစ်ခါတုန်းက တောထဲမှာ ကလေးငယ်လေး တစ်ယောက် စွန့်ပစ်ထားခြင်း ခံရတယ်။ ဘယ်သူက စွန့်ပစ်သွားမှန်းမသိဘူး…။နတ်သမီးတစ်ပါးက မမျှော်လင့်ဘဲ တွေ့ပြီး ကောက်ယူမွေးစားလိုက်တယ်။ကံဆိုးတဲ့ ကလေးက မိန်းကလေးဖြစ်ပြီး မွေးစားမိခင်နတ်သမီးက အရမ်း ချစ်တယ် … လိုလေသေးမရှိအောင်
ပြုစု စောင့်ရှောက်ထားတယ်။ဒါပေမယ့် ဒီကလေးရဲ့ မွေးရာပါဗီဇက မကောင်းဘူး။ ခေါင်းမာတယ်။သူ့အမှားကို ဘယ်တော့မှ ၀န်မခံဘူး။သူများပေါ် အပြစ်ပုံချတတ်တယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ မယ်တော်နတ်သမီးက သူ့ရဲ့ ဘုံဗိမာန်ကိုလိုက်ပြ တာပေါ့..။အခန်းပေါင်း
များစွာရှိတယ်။ အခန်းတိုင်းဟာဆန်းကြယ်စွာ ပြင်ဆင်မွမ်းမံထားတယ်။ ဖျော်ဖြေရေးရှိသလိုပျော်ရွှင်စရာ
တွေလည်းရှိတယ်ပေါ့။ အဲလိုအခန်းပေါင်း၂၀ရှိ သတဲ့။ဒါပေမဲ့ အခန်း၁၃ ကို မဖွင့်ဖို့လည်းအသေအချာ
မှာခဲ့တယ်။သူကလည်း မဖွင့်ပါဘူးလို့ ပြောတယ်။သူ့မယ်တော်က မဖွင့်ဖို့ အတန်တန်မှာထားတာမို့ ဖွင့်ရမှာ လက်မရဲ့ဘူး၊ ဒါပေမဲ့ မလုပ်ပါနဲ့ ဆို လုပ်ချင်တဲ့လူ့သဘာဝကို မလွန်ဆန်နိုင်တာကြောင့် အခန်း၁၃ ကို ဖွင့်ကြည့်မိတယ်။

တစ်ခန်းလုံးမည်းမှောင် နေတယ်။အထဲရောက်တော့ ရုတ်တရက် မီးတောက်မီးလျှံတွေ ပေါ်လာတယ်။
သတ္တ၀ါတွေမီးလောင်ကျွမ်းပြီး မချိမဆန့်အော်ဟစ်နေကြတာမြင် ပြီးအရမ်းလန့်ပြီး ထွက်ပြေးသွားတာ…
အခန်းတံခါးသော့ခတ်ဖို့ မေ့သွားတယ်…။တစ်နေ့ မယ်တော်သိသွားတော့ မေးတယ်..အခန်း၁၃ ကို ဖွင့်သလား ပေါ့။ သူ့သမီးကို သေသေချာချာမေးပါတယ်…။ဖွင့်မိသလား။အကြိမ်ကြိမ်ငြင်းဆန်ပြန်တယ်။

ဒီတော့ နတ်သမီးက သူ့သမီးရဲ့လိမ်လည်မှု၊အပြစ်ဝန်မခံမှုတွေအတွက် အပြစ်ပေးတဲ့ အနေနဲ့တောထဲကို
ပြန်ပို့လိုက်တယ်။တောထဲမှာ ၁၃ ရက်လောက်ငတ်ပြတ်ဆင်းရဲ ဒုက္ခခံရ ရှာတယ်။ကံအားလျှော်စွာ တောကစားထွက်လာတဲ့ မင်းသားတစ်ပါးနဲ့ တွေ့ပြီး တော်ကောက်ခံ ရတယ်။နန်းတော်ထဲမှာ မိဖုရားအဖြစ်နဲ့ ကောင်းကောင်းမွန်မွန်နေရတယ်။တစ်နှစ်လောက်ကြာတော့…သမီတော်လေးတစ်ပါးမွေးတယ်။

အဲ့ဒီအချိန်မှာဘဲ မယ်တော် နတ်သမီးကအိမ်မက်မေးတယ်။…သမီးတော်အခန်း၁၃ ကို ဖွင့်ခဲ့ သလား။မှန်တဲ့ အတိုင်းဝန်ခံပါ… ၀န်မခံရင်သမီးတော်ရဲ့ ကလေးကို ခေါ်သွားရလိမ့်မယ်။မဖွင့်ဘူးလို့ ငြင်းဆန်ပြန်တယ်။ အိမ်မက်ကလန့်နိုးလို့ ကလေးကြည့်လိုက်တော့ မရှိတော့ ဘူး။သူ့ယောက်ျားမင်းသားက အရမ်းစိတ်ဆိုး သွားတယ်။ဒီလောက် အစောင့်အကျပ်တွေများတဲ့ ကြားကကလေးပျောက်တာ ထူးဆန်းတယ်။ ကလေးအမေကြည့် ရတာ ကလေးပျောက်သွားရတဲ့အကြောင်းအရင်းလဲ သိပုံရသလိုဘဲ။ အကျိုးအကြောင်းမေးတော့ သူ ဘာမှမသိဘူးလို့ ငြင်းတယ်။မင်းသားလဲ စဉ်းစားတယ်။ တောနက်ထဲမှာလဲ တစ်ယောက်ထဲတွေ့တယ်။လူအစစ်ရောဟုတ်ရဲ့လား။သူ့ကလေးသူပြန်စားပစ်လိုက်တာလားပေါ့။ တော်ကြာ ငါ့ကို ပါ စားပစ်လိုက်ရင် ဒုက္ခ…လို့တွေးပြီး ****သုသသန်ထုတ် ဓားခုတ်သတ်စေ****လို့အမိန့် ပေးလိုက်တယ်။

မင်းသားလေးကို တစ်ခွန်းမှ ပြန်မတောင်းပန်ဘူး။ပြေရာပြေကြောင်းလေးတောင် မပြောဘဲ ဘူးခံနေတယ်။
နောက်ဆုံး သုသသန်ရောက်လို့ လည်ကုတ်ပေါ် ဓားတင်တော့ မှ…မယ်တော် သမီးမှားပါပြီ…အခန်း၁၃ကို
သမီးဖွင့်ခဲ့ပါတယ်။ မသေခင်မှာ ၀န်ခံခဲ့ပါရစေ…။လို့ငိုယိုတောင်းပန်လိုက်တယ်။အဲဒီတော့မှ မယ်တော် နတ်သမီးဟာ သူ့ကို လာကယ်ပြီး နတ်ပြည်ခေါ်သွားသတဲ့။နတ်ပြည်ရောက်တော့ သူကလေးနဲ့ ပေးတွေ့ပြီး လူပြည်ပြန်ပို့ ပေးရမလားလို့ မေးတယ်။မပြန်ချင်တော့ဘူး…၊အခုချစ်…အခုမုန်းပြီး အဆုံးစီရင် တတ်တဲ့ လူ့စိတ်ဓာတ်ကို သူကြောက်သွားပြီ။လိုရင်တစ်မျိုး..မလိုရင် တစ်မျိုး သဘောထားတွေ ပြောင်းလဲ ဆက်ဆံ တတ်တဲ့ လူတွေကြားထဲမှာသူ မနေပါရစေနဲ့…တဲ့။ ပုံပြင်လေးကတော့ ဒါပါပဲ။

ဖြစ်သလိုစားလိုက်တယ်

0

လမင်းကို ဘယ်သူမှလာမတက်ဂ်ဖူးလို့ထင်နေတာ

လွန်ခဲ့တဲ့တစ်ပတ်ကမမ၀ါတက်ဂ်ထားတဲ့အကြောင်းလေးရေးပါတဲ့

ဟင်ငါကိုလာတက်ဂ်သွားပြီပေါ့။ဟာ…ဘာအကြောင်းတက်ဂ်သွားတာလဲမသီဘူးပေါ့..မမ၀ါဘလောဂ့်က

ပြေးကြည့်လိုက်တတော့..ဟောတွေ့လိုက်ပါပြီဗျာဖြစ်သလိုစားခြင်းတဲ့..ညီလေးမိုးသောက်ကလဲလာပြီး

တက်င်္ဂ်သွားပြန်တယ်.အဲဒီအကြောင်း ကိုစွမ်းကလဲအကိုတက်ဂ်တယ်ဗျာတဲ့..ကဲ မင်းရေး

ပေတော့ပေါ့။။ဖြစ်သလိုစားခြင်းအကြောင်းဖြစ်လာပုံကဒီလို..ညီလေးသီဟညိမ်းကညမှာလာခေါ်တယ်

အကိုပို့စ်အဟောင်းတွေကိုမမြင်ရလို့တဲ့…ဟင်ဟုတ်လားဆိုပြီးလိုက်ကြည့်တော့.သူလိုချင်တာကစာမျက်နှာ

အောက်ဆုံးမှာNewer posts >>နေရာမှာ Older postsပေါ်စေချင်လို့တဲ့ ဒါနဲ့သူကိုလုပ်ပေးလိုက်တယ်..

ရသွားတယ်.
.
ပြန်လာတော့ည၁၁နာရီလောက်ပေါ့..ဒါနဲ့ ငါစာတမ်းအတွက်Power ISO၀မ်းရမယ်ဆိုပြီးလိုက်ရှာတော့ Lan

Shareထဲမှာ WIn ISOတွေ့တာနဲကောက်ဝမ်း လိုက်တာHarD Hiskပါ ပျောက်သွားရောဘာအတွက်လဲဆိုတော့

ကျွန်တော်ကMATLADတင်မယ်ပေါ့..အိမ်စာလုပ်မယ်.အဲဒီမှာစတာပဲဗျာ..တညလုံးတောင်လုပ်မြောက်လုပ်နဲ့ရှုပ်ရှက်

ခပ်ပြီးမိုးလင်း၇း၃၀မှအိပ်ဖြစ်သွားတယ်..အိပ်ရာကနိုးတော့နာရီကြည့်တော့နေ့လည်၁း၃၀ဟိုက်မျက်စီ ကိုပွတ်ပြီး

ဂျီတော့ကောက်ဖွင့်တီတီလေးဆီကမေးလ်ဖတ်….တီလေးနဲ့စကားပြောနေရင်းကျောင်းကလဲနီးလာ

ပြီလေ.မျက်နှာလဲမသစ်ရသေးဘူး..တီလေးကလဲဟိုဘက်ကနေအော်နေပြီ.ခွေးကောင်လေးထတော့

မျက်နှာသွားသစ်စမ်း...တီလေးကသာမျက်နှာသစ်ခိုင်းနေတာတူလေးကဗိုက်ထဲမှာဂျော်ဂျီယာကိုဗုံးခွဲနေပြီ

ဖြစ်ချေဘူးတီလေးကိုပစ်ထားခဲ့ပြီးရေခဲသေတ္တာကောက်ဖွင့်တော့ဘာမှလဲရှိဘူး..ဒါနဲ့ထမင်းစားပွဲပေါ်က

မနေ့ညကအကျန်လေးကြည့်တော့ ဟင်း.မောသွားတာပဲ ထမင်းရော၊ဟင်းတွေရောချဉ်ကုန်ပြီ..တီလေး

အော်နေတယ် တတောင်တောင်နဲ့မြန်မြန်သွားစားလေး..ခွေးကောင်လေးနဲ့ .ကဲအောက်ထပ်ပြေးဆင်း

တယ်..ဗိယက်နမ်ပစ္စည်းရောင်းတဲ့သူငယ်ချင်းဆီက အာလူးဘူးလေးကောက်ဆွဲလိုက်တယ်…ပြီးတော့

ရေနွေးလေးကောက်တယ်..ကော်ဖီမစ်လေးပါဖျော်ထားလိုက်တယ်…အော်မြန်ချင်ပါတယ်ဆိုမှာ ၁၄ထပ်

ရောက်မှ ကျွန်တော်ခင်ရသော အစောင့်ဘွားတော်က .ဟဲ့.စဗျက်စသာ့..နင်လက်ထဲကဘာလဲ..

အင်နာမည်သိဘူးလို့…အာဘူးဘူးလို့ပြောတော့..လူပျင်းစားတာတဲ့..နင်ကလူပျင်းလားတဲ့..အာ ..ဒုက္ခ

အရေးထဲသူကရစ်နေပြန်သေးတယ်..အင်း..ငါကျောင်းသွားခါနီးမို့လို့ပါလို့ပြောတော့..ရှင်းပြနေသေးတယ်

ကမယ်ကယ်တွေပါတယ်ရောဂါဖြစ်မယ်မစားနဲ့တဲ့..ဟုတ်ကဲ့်ပေါ့..အသာလေးလှည့်ထွက်လာရတယ်…
အချိန်ကြည့်တော့နီးနေပြီ တီလေးကလဲအော်နေတုန်း..မျက်နှာသစ်ပြီး အာလူးဘူးလေးဖောက်..ကြက်ဥ
တစ်လုံးခေါက်ထဲ့ ခပ်ပျစ်ပျစ်လေးဖျော်ပြီးတော့ဆီလေးနည်းနည်းဆမ်းတယ်..အငန်ကြိုက်တော့ ဆား
နည်းနည်းလေးခပ်လိုက်တယ် အိုကေ..စားလိုက်ပြီး အဘွားကြီးကမကောင်းဘူးပြောလဲ..ဒါလေးစားလို
ကတော့
နည်းနည်းတော့ခံနိုင်ရည်ရှိသွားတယ်..သူပြောတဲ့ ကမယ်ကယ်တွေတော့မသိဘူး..ကျောင်းသွားဖို့ တော့
အိုကေသွားတယ်..ကျောင်းရောက်မှ ချောကလက်ကော်ဖီတစ်ခွက်ထပ်သောက်မယ်…ကဲဒါနဲ့

တီလေးကိုတတာ့လုပ်ပြီး လစ်တော့တာပါပဲ..စားဖြစ်တဲ့ ဖြစ်သလို မနက်စာပါမမ၀ါရေ ..အာလူးဘူးလေး
တော့ ညီလေးတွေက တော့ကောင်းကောင်းစားဖူးမယ်ထင်ပါတယ်..၅ မိနစ်သာကြာသောရယ်ဒီမိတ်ဘူး
လေးကတော့ မိုးသောက်နေရဲ့ လက်စွဲဖြစ်သလိုအစားအစားလေးပါ..မမ၀ါ၊ညီလေးမိုးသောက်၊ကိုစွမ်း
ရေးလိုက်ပါပြီး…ရေးဖို့နောက်ကျသွားတဲ့အတွက်ဆောရီးပါ..အားလုံးကိုခင်မင်လေးစားလျက

ချဉ်ပေါင်ကို ကာပြန်

0

မင်းတုန်းမင်းလက်ထက် ….သင်္ဂဇာဆရာတော်ဘုရားကြီး သည် တရာဓမ္မ ဟောပြလေတိုင်း ဥပမာ၊စကားပုံပြင် အတုယူမှတ်သားဖွယ်ရာများ ပါလေ့ရှိသည်။ဖတ်မိသမျှလေးကို မျှဝေ ပါရစေ။
ဆရာတော် မော်လမြိုင်မြို့၊ မန်ကျည်းတောကျောင်းတွင် သီးတင်းသုံးနေခိုက် ဖြစ်ပါသည်။
***အရှင်ဘုရား…၊ တပည့်တော်နေအိမ် သို့ မနက်ဖြန် အရုဏ်ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါ ဘုရား….***
၎င်းမြို့နေ သူဆင်းရဲ တစ်ဦးက ဆွမ်းစားပင့်သည်။ ထို့နောက် ဆရာတော်နှင့် စကားလက်ဆုံ ကျနေသည်။
ထိုစဉ် မြို့တွင်းမှ ချမ်းသာ ကြွယ်ဝသော ပွဲစားကြီးတစ်ဦးရောက်လာသည်။
***အရှင်ဘုရား….။နက်ဖြန်နံနက် အရုဏ်တတ်အချိန်တွင် တပည့်တော် ၏ နေအိမ်သို့ ဆွမ်းစား ကြွတော်မူပါဘုရား….***
ဆွမ်းပင့်ချင်း ဆိုင်နေသည်။
ထိုအခါ သင်္ဂဇာ ဆရာတော်ဘုရားက….
***ဆွမ်းပင့်တာချင်းဖြင့် တူနေပြီ…၊ အင်း…ချဉ်ပေါင်ကို ကာပြန်လို့ ၀က်သားထံ ခြေကန်ရုန်း သွားရော့ ကတုံး…. ဆိုတဲ့ ဥပမာလို ဖြစ်နေရော့မလားပဲ….***
ဥပမာလေး အားရှင်းလင်း ဟောကြားပေပါရန် လျှောက်ထားတော့…။
***ဟို……ရှေးက ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ရှိတယ်။ ဘုန်တော်ကြီးကို ကြည်ညိုတဲ့ ဒကာသူ
ဆင်းရဲတစ်ဦးက နက်ဖြန်နံနက် အရုဏ်ဆွမ်းစား ကြွပါလို့ စာလွှာနဲ့ ပင့်တယ်***
ဒီလိုနဲ့ …ဥစ္စာဓန ပြည့်စုံတဲ့ ဒကာ တစ်ဦးက တစ်ဖန် အရုဏ် ဆွမ်းစားကြွပါရန်… စာလွှာနဲ့ ပင့်ပြန်တယ်။
ကျောင်းထိုင်ဘုန်းကြီးက နှစ်ခုစလုံး လက်ခံလိုက်တယ်။ ညဘက်ကျတော့ စဉ်းစား တယ်။ ပထမ ပင့်တဲ့
ဒကာက ဆင်းရဲတယ်။ ချဉ်ပေါင်ကလွဲ လို့ ၀က်၊အမဲ၊ သားငါးချက် နိုင်မှာ မဟုတ်ဘူး။ ဒုတိယ ပင့်တဲ့
ဒကာကတော့ ချမ်းသာတယ်။ ဒီတော့ ဟင်းမျိုးစုံ လိမ့်မယ်။ ငါ….ဘယ်လိုကြံရမလဲ လို့ စဉ်းစားသတဲ့….။
စားချင်ဇော လောဘကြောင့် နောက်ပင့်သူနောက် လိုက်ပြန်လည်း မသင့်လျှော်။ ပထမ ပင့်သူနောက်
လိုက်ကြွပြန်ရင်လည်း ချဉ်ပေါင်နဲ့ ကြုံရတော့မှာ ပဲလို့ စဉ်းစားရင်း ကျိန်းစက်တော်မူတယ်…။
နံနက်အရုဏ်တတ်ချိန်ကျတော့ ဒကာနှစ်ဦးဟာ…တစ်ပြိုင်နက်တည်း ရောက်လာတယ်။ ဆွမ်းစားကြွဖို့
အချိန်တန်ကြောင်း ပင့်လျှောက်တယ်…။
ဒကာတို့ နှစ်ဦးစလုံးဟာ သဒ္ဒါကြည်ညိုစိတ်နဲ့ဖိတ်ကြတယ်။ပထမ ဒကာထံလိုက်ရင် ဒုတိယဒကာ
စိတ်မကောင်းဖြစ်မယ်။ဒီတော့…ဒီလိုလုပ်….
***ငါ့ ဘယ်ညာနှစ်ဖက်ကို တစ်ဖက်စီဆွဲကြ၊ ပါတဲ့သူနောက် ငါလိုက်မယ်လို့ ပြောတော့ ဒကာ နှစ်ဦးလည်း
လက်တစ်ဖက်စီထ ဆွဲကြတယ်..။***
အဲဒီအခါမှာ ဘုန်းကြီးကိုယ်တိုင်က ဒုတိယလူနောက်လိုက်ချင်တော့ ပထမလူဘက် မပါအောင် ခြေကန်ပြီး
ရုန်းသတဲ့…။
ပထမလူ လဲ ဘုန်းကြီးမနောကို သဘောပေါက်ပြီး ကဲ….ဒီလောက်တောင်ဖြစ်လှတာ ဆိုပြီး အားတင်းဆွဲရာ
က ရုတ်တရက် လွှတ်ချလိုက်တယ်။ အရှိန်နဲ့ဆိုတော့ ဘုန်းကြီးကော၊ ဒုတိယ ပင့်တဲ့ ဒကာရော အားလွန်ပြီး
လဲ ပြိုကုန်ရော….
***အဲဒီအခါမှာ ဆင်းရဲတဲ့ ပထမပင့်သူ ဒကာက အားရ၀မ်းသာနဲ့ သီချင်းလေးဆိုပြီး က ရောတဲ့…။***
***ချဉ်ပေါင်ကို ကာပြန်၊ ၀က်သားထံ ခြေကန်ရုန်း၊ သွားရော့ ကတုံး…***
အဲသလို….အားရပါးရ ဆို သတဲ့။
အခုလဲ ဒီလိုဘဲ ဒကာနှစ်ဦးဆုံပြန်ပြီ။ နောက်လူထံ လိုက်ရင် ဖြင့် ၀က်သားဘက် ပါရာကျတော့မယ်။
သည်းခံပေတော့ ဒကာ…။
ဆင်းဆင်းရဲရဲ နဲ့ လှူရတဲ့အထဲ ဆရာတော်နဲ့ လွဲရလေခြင်းလို့ ၀မ်းနည်းစရာ ဖြစ်ပေတော့မယ်။
ဝိနည်းတော်အရ လဲ ပင့်ပြီးတဲ့ ဒကာထံ လိုက်ရပေမယ်…ဒကာတို့…။လို့ ဆို သတဲ့။

အင်တာနက်မှာ တင်ပြီး မေးခွန်းထုတ်ရင်….

0

သူငယ်ချင်းတို့ ပေါက်တတ်ကရ တွေးတတ်လား…။ နဲနဲ ခေါင်းစားအောင် လုပ်ပါရ စေနော်…။

ညခင်း မသိတာလေး မေးမလို့ ပါ…။

ညခင်းတို့ ခန္ဒ္စာကိုယ်ထဲ မှာ အစိတ်အပိုင်းအလိုက် နာမည်တွေ ရှိတယ်နော်…။
***ဟုတ်***
မသိတဲ့ နာမည်တစ်ခု ရှိနေတယ်။ အဲဒီနေရာကို ဘယ်လိုခေါ်ရမှန်း မသိဘူး…။
***ဘယ်နေရာ ပါလိမ့်***
***နှာခေါင်းအောက် နှုတ်ခမ်း အထက်က ချိုင့်ကလေး ပေါ့….***

ပေါက်ပေါက်ရှာ ရှာ လို့ မပြောနဲ့နော်… ညခင်းတွေးတာ မဟုတ်ဘူး…ဆရာကံချွန်တွေးတာ။
ဒီချိုင့် နှာခေါင်းအောက်ကချိုင့် (နှုတ်ခမ်းပေါ်က)ကို တကယ်ဘဲ နာမည်မရှိဘူးလား၊ နာမည်မရှိဘဲ နဲ့
တော့ မဖြစ်သင့်ဘူးပေါ့နော့်။ ခြေထောက်ဘု (အဖု)ကို တောင် ခြေမျက်စိလို့ နာမည်ပေးထားသေးတာပဲ။
ညခင်းလဲ လိုက် စဉ်းစားတာ…ဘယ်လိုမှ မစဉ်းစားတတ်ဘူး…။ဆရာကံချွန်က လည်း သူနာပြု ဆရာမလေး
မကျန်လိုက်မေးပါတယ်တဲ့။ ဦးနှောက်ပုံမှန် အလုပ်လုပ်သေးရဲ့လား ဆို တဲ့ အကြည့်နဲ့ ကြည့်ခံ ရတယ်တဲ့။
ဒါဟာ အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စပါ။ သတင်း ခေတ်ကြီးမှာ ကိုယ်နှာခေါင်း အောက်က
ချိုင့်နာမည် ကိုယ်မသိတာကို မကျေမနပ် ဖြစ်မိ ပါတယ်တဲ့။ အဲဒါနဲ့ ထောင့် ပေါင်းစုံက နေတွေးတတ်တဲ့…
သူများ သတိမထားမိတာဆို သူမြင်ပြီး သတိထားမိလို့ လည်း မကြာခဏ ဆရာရဲ့ အရိုက်ခံ ရလေ့ရှိတဲ့
ဆရာ့သူငယ်ချင်း ကို မေးကြည့်တယ်တဲ့။ ဆရာသူငယ်ချင်းဆို သူကလည်း….ဒီလိုလူမျိုး….
ဆရာ…. ဘာမေးချင်လို့ လဲ…

ဘီယူတီကို ဘတ်လို့ အသံထွက်ပြီး။ ပီယူတီ ကျတော့ ဘာလို့ ပတ် လို့ အသံမထွက်တာလဲ ဆရာ…။
သိချင်တာ ဒါဘဲလား…။ရှိသေးတယ် ဆရာ…အိုအန်အီး…၀မ်း ဆိုတာလည်း သဘာဝမကျဘူး။ အိုအန်အီး…အုန်းပဲ ဖြစ်ရမှာ…။

တစ်တန်းလုံး တ၀ါးဝါးနဲ့ ရယ်ကြ တော့တာပေါ့။ အဲဒီကောင် ကို ဆရာမေးကြည့်တော့… အေးကွ။
ငါ စိတ်ဝင်စားတယ်တဲ့။ လက်ကောက်ဝတ်တို့ ခြေကျင်းဝတ် တို့ဆို တာ တွေကျတော့ ခန္ဒ္စာကိုယ်
အစိတ်အပိုင်းနေရာ ဒေသကို ဆင်ယင်တဲ့ပစ္စည်းအစွဲပြုပြီး နာမည်ပေးထားတာ။ အဲဒီ ချိုင့်က
ဝတ်လို့မရတော့ အစဉ်းစားရ ကျပ်နေတယ်။

အဲလိုနဲ့ နောက်တစ်နှစ်ကျော်လောက် ကြာလို့ ပြန်တွေ့တော့။
***ဟိုချိုင့်နာမည်ရပြီလား***

အေးကွာ။ဒီချိုင့် နာမည်က တစ်ယောက်တစ်လေ မှာ ရှိတာမျိုး မဟုတ်ဘဲ။လူတိုင်းမှာ ရှိနေတာ…
နာမည်ရှိသင့်တယ်…။ကဲ ဆရာ ကံချွန်ရော သူ့သူငယ်ချင်းပါ စဉ်းစားလို့ မရ ဘူးတဲ့…။
****အင်တာနက်မှာ တင်ပြီး မေးခွန်းထုတ်ရင်….**** ကဲ……။

လိမ် ကြည့်ရအောင်နော်

0

လိမ် ကြည့်ရအောင်နော်
(၁) အလိမ်ဖြူ (White lie)

တစ်ပါးသူကြည်နှုးအော်၊ ပျော်အောင်၊ မနာကျင်ရအောင် မုသားလေး တစ်တို့လောက် ထည့်ပြောတာမျိုး ကိုယ်အကျိုးထက်သူများ အကျိုးကို ရှေ့ ရှုပါတယ်။ ကိုယ်အပြစ် ပေါ့ချင်တာ၊ အထင်ကြီး ခံချင်တာမျိုး လည်းပါတတ်တယ်။ ဒါပေမဲ့ လိမ်လည်ခြင်းဖြင့် အမြတ်ထုတ်လိုသော စေတနာ မပါဘူး…။

***ဖြေနိုင်ရဲ့လား၊ ဖြေနိုင်ပါတယ် မေမေ***
အောင်စာရင်း မထွက်ခင်ထိ စိတ်ချမ်းသာပါစေ။ ဆိုတာမျိုး…။
(၂) ကောင်းကျိုး အလိမ် (Beneficial Lie)

ပေါင်းသင်းဆက်ဆံရေး ချောမွေ့ စေရုံမဟုတ်ဘူး၊ သူတစ်ပါး အကျိုး စီးပွားဖြစ်ထွန်းးမှု အတွက်
ကိုယ်ကျိုးမဖက် လိမ်ရတာမျိုး…။

***ဂျပန် စစ်သား ၀ှက်ထားပေးသော ရွာသား အဖြေမျိုး**** ****မသိဘူး****
(၃) လိမ်လည်လှည့်ဖြားခြင်း (Deceptive Lie)

ကိုယ်အကျိုး၊ သူ့ အကျိုးအတွက် လိမ်တာ…. ပစ္စည်း ၊ အခွင့်အရေး၊ သူတစ်ပါး အကျိုး တားဆီး
ဘို့ အတွက် လိမ်တာ၊ ဘယ်လိုတွေးတွေး၊ မကောင်းပါဘူး၊ ယုတ်ညံ့ ပါတယ်…ရှောင်ရှားသင့်ပါတယ်…။

(၄) မလိုတမာ အလိမ် (Wily)

ကိုယ်အကျိုးလည်း မရှိနိုင်ပါဘဲ နှင့် သူတစ်ပါး ပျက်စီးလျှင်ပြီးရော စိတ်ထားနှင့် လုပ်တာမျိုး
သူများအောင်မြင်တာ ၊ ကောင်းစားတာ၊ မနာလိုလို့ မဟုတ်မမှန် သတင်း ထုတ်လွင့်တာမျိုး၊
ယုတ္တိ ယုတ္တာ ရှိတာမရှိတာ အပထား၊ ၁၀ ချက်ပစ် ၁ချက်ထိ…။

ညခင်းဖတ်မိ မှတ်သားထားတာ လေး ဖြစ်ပါတယ်…။ နေ့စဉ် မြန်မာလူမျိုး အများစုက မုသား
မပါ လင်္ဏာ မချောဆိုသော စကားပုံလေး ဆိုစကားလေး ကို လက်ကိုင်ထားပြီး လိမ်ဖြစ်ကြပါ တယ်။
လူအချင်းချင်းစတွေ့ စအခါတွေမှာ ပို ပြီးလိမ်တတ်ကြ၊ ဟန်ဆောင်တတ်ကြ တယ်။ အထင်မသေး
စေချင်လို့၊ အထင်ကြီးအောင်ပေါ့လေ။ ဒါပေမဲ့ ဘယ်လို့ လိမ်နည်းမျိုး မဆို ကောင်းတယ် လို့
မဆို နိုင်ပါဘူး။ ညခင်းတို့ ဗုဒ္နဘာသာ မှာ ငါးပါးသီလ ထဲ က မုသာဝါဒ ဆိုတဲ့ တစ်ပါးသီလ ကို
ချိုးဖောက်တာ ဖြစ်ပါတယ်။ ညခင်းတို့ သူငယ်ချင်းတွေ ပြောနေကျက တော့ လိမ်တာမှန်းသိ နေရင်…
မုန့် ကြိုးလိမ် စားမလား၊ လိမ္မော်သီးစားမလား၊ အာလိမ် ငါးဆင့်ရောက် ဖူးလား၊ နှစ်ပင်လိမ် ဇာတ်ကား
ကြည့်ဖူး လားလို့ စ ကြ နောက်ကြ ပါတယ်။ နင်ကလဲ ဟယ် လိမ်စရာ မရှိ ကိုယ်ပေါင်ကိုယ် ပြန်လိမ်ပါလား။
ဒါမျိုး လာမလိမ်နဲ့ လို့ ပြောကြပါတယ်။ ဆိုလိုတာက တော့ ဘယ်လို စေတနာမျိုးနဲ့ ဘဲ လိမ်လိမ် လိမ်မှန်း
သူများသိသွားရင်တော့ ရှက်စရာ ကောင်းပါတယ်။ ဒါပေမဲ့ လိမ်ဖြစ်နေကြ ဦးမှာပါ…။လူ ဆို တဲ့ အမျိုး က
အသိခေါက်ခက် အ၀င်နက် တယ်လေ…။ဟုတ်တယ်…ဟုတ်..။

ဖြေပါ

0


ချစ်သူ.......


ထားရစ်ခဲ့ လိမ့်မယ်လို့

မတွေးမိလို့လည်း

အသည်းနင့်အောင်

ဖြူစင်စွာ ချစ်ခဲ့မိတာ။

ရက်စက်လိမ့်မယ်လို့ 

မထင်မိလို့လည်း

ချစ်သူစကားကို

ရိုးသားစွာ ယုံကြည်နေခဲ့မိတာ

ရိုးအတဲ့ သူတစ်ယောက်မို့ 

လှည့်စားရက်တာလား ချစ်သူရယ်။


အနာတရ လိပ်ပြာ

0

ကျွန်တော့်မှာ
လောင်ကျွမ်းခြင်း တစ်ဝက်
အက်ကွဲခြင်းတစ်ဝက်နဲ့
အချစ်ကို တပ်မက်ဆာလောင်ခဲ့ဖူးတဲ့
ဒဏ်ရာရ နှလုံးသားလေး ပဲရှိတယ်
ဘယ်လိုမှ အဆင်မပြေဘူး….။
ကျွန်တော့်မှာ
အိမ်မက်တွေပျောက်ဆုံးသွားတဲ့
နံရံပါးပါးတစ်ချပ်ရှိတယ်
တုံဆိုင်းရပ်တန့်နေတဲ့
သက်ငြိမ် ပင်လယ်ရှိတယ်
ဘယ်လိုမှ အဆင်မပြေဘူး….။
ကျွန်တော့်မှာ
သတိတရ ဖိတ်ခေါ်ခြင်းမရှိဘဲ
တ၀ဲဝဲလည်လာတဲ့ အတိတ်ရှိတယ်။
စိတ်သွေးကို ရိုင်းကြွစေတဲ့
နွေမုန်တိုင်းရှိတယ်
ဘယ်လိုမှ အဆင်မပြေဘူး….။
ကျွန်တော့်မှာ
မ၀တ်ချင်ဘဲ ၀တ်လိုက်ရတဲ့
မာနမဲ့ ၀တ်စုံတစ်စုံရှိတယ်
လမင်းမရှိတဲ့ ညတွေမှာ
လရောင်လွမ်းတဲ့ ဝေဒနာရှိတယ်
ဘယ်လိုမှ အဆင်မပြေဘူး….။
ကျွန်တော့်မှာ
လွမ်းဆွတ်ပဲ့တင်သံ မရှိဘူး….
ဂီတနဲ့ ခြယ်မှုန်းထားတဲ့
ပန်ချီကားမရှိဘူး…
ဆည်းဆာဆီ
ငေးရီဖို့ရာ တောင်ပံတွေ မရှိဘူး….။
ကျွန်တော့်မှာ
လက်ရုံးနဲ့ ဆောက်တည်ထားတဲ့
အသက်ရှုသံ ပဲရှိတယ်
ဘယ်လိုမှအဆင်မပြေဘူး….။

တိုင်၎တိုင်

0

ဗေဒင်မေးဘူး ကြလား…။
ဒီမေးခွန်းလေး ရော… မေးဖူးကြလား…။
ကံအလှည့်အပြောင်း ဘယ်တော့ ဖြစ်ပေါ်မလဲ….ချမ်းသာလာနိုင်ပါ့မလား … ဆိုတာမျိုးပေါ့။
လူတစ်ယောက်၏ဘ၀မှာ ချမ်းချမ်းသာသာ နေရဖို့ ဆိုတာ ကုသိုလ်ကံ က အဓိကကျသည် မဟုတ်ပါလား။ကံခိုင်ဖို့ လိုလေသည်။ ကံမခိုင်ဘဲနှင့်တော့ လူချမ်းသာ ဖြစ်ဖို့မလွယ်။ ဘ၀တွင်အေးအေးဆေးဆေးနေနိုင်ဖို့ လမ်းမမြင် ဆင်းရဲတွင်းထဲ တ၀ဲလည်လည် ဖြင့်သာ…။
ကံကောင်း မကောင်း ကံခိုင်မခိုင် ဆိုသည်ကို တွက်ကြည့်လို့ ရပါသည်။ တွက်ကြည့်ရအောင် နော်…။

မိမိ မြန်မာမွေးသက္ကရာဇ် ကို သိရှိဖို့တော့လိုသည်။ မသိလျှင် ညခင်း နှစ်တစ်ရာ ပြက္ခဒိန်မှာ ကြည့်ပေးမယ်…။အင်္ဂလိပ်လို နှစ်၊လ ကို ကွန့်မန့် မှာရေးပေးခဲ့နော်။ ၁၉၉ လုပ်ပါမည်။

ကဲစတွက်မယ်….
(က) မိမိ၏ မွေးသက္ကရာဇ်ကို တည်ပါ။
(ခ) ၄ ဖြင့် စားပါ။ ထိုအခါ…..

၁ ကြွင်းပါက ရွှေတိုင်
၂ ကြွင်းပါက စပါးတိုင်
၃ ကြွင်းပါက ဖွဲတိုင်
၎ ကြွင်းပါက ဆန်တိုင် ဟူ၍ ခေါ်လေသည်။

ဥပမာ… ၁၃၁၄ ခုနှစ် မွေးဖွားသူကို တွက်ကြည့်လျှင်….. ၁၃၁၄ ကို ၄ ဖြင့်စား ပါ က ၂ကြွင်း။ ဒါကြောင့်
စပါးတိုင်ရရှိသူဖြစ်သည်။

တိုင်လေးတိုင်အဟော…..

ရွှေတိုင်….။
ရွှေတိုင်ရပါမူ အလွန်ကောင်း၏။ ဘ၀ခရီးတစ်လျှောက်လုံး ချမ်းချမ်းသာသာ နေထိုင်ခွင့် ကြုံရအံ့။ ဆင်၊မြင်း၊
ရထား၊ အခြွေအရံများလည်း ပေါများအံ့။ လူတစ်ကာတို့၏ အားထား ကိုးကွယ်ရာ ဖြစ် လတ္တံ။
ရွှေတိုင်ရသူများမှာ ဇာတာခိုင် သူများ ကံခိုင်ကြသူများ ဖြစ်ကြလေသည်။

စပါးတိုင်….။
ကံကောင်းကြသူများ ဖြစ်ကြပြီး မိမိတို့ ပြုလုပ်သလောက် အကျိုးခံစားရအံ့။ မိတ်ကောင်း ဆွေကောင်း
တို့၏ အကူအညီကို ရရှိလတ္တံ။

ဆန်တိုင်….။
ကံ အသင့်အတင့် ကောင်းကြသူများဖြစ်သည်။ လောကဓံ၏ ဒဏ်ကိုသင့်ရုံမျှခံကြရအံ့။ စီးပွားဥစ္စာ မှာ
မရှိမရှားထဲတွင် ပါဝင် လတ္တံ။

ဖွဲတိုင်…..။
ကံမခိုင်သူများ၊ ဇာတာစန်းလဂ်ညံ့သူများဖြစ်ကြသည်။ဘ၀ တစ်လျှောက်လုံး ခက်ခက်ခဲခဲ ရုန်းကန် ရှာဖွေအံ့။
ပစ္စည်းဥစ္စာ မမြဲ၊ ဆင်းရဲတတ်၏။ အခြွေအရံလည်း နည်းပါးလတ္တံ။

တိုင်၎တိုင်မှာ မပါဘဲ… ကြွင်းတဲ့လူတွေလဲ ရှိတယ်နော်…အားမငယ်နဲ့။ တွက်နည်းလေး တစ်ခုအနေနဲ့
တွေ့လို့ ဝေမျှတာပါ…ဘုရားဟော မဟုတ်တဲ့ အတွက် တထစ်ချ မှန်ကန်ရမည်ဟု လည်း မဆိုသာပါ…။
ညခင်းဒီပိုစ့်လေး ရိုက်နေတုန်းမှာ ဘဲ…ညခင်း အသိ..မောင်လေး တစ်ယောက်ရောက်လာပါတယ်…
သူလဲ တွက်ကြည့်ပေးပါ တဲ့… တွက်ကြည့်လိုက်တော့…ဖွဲတိုင် ရပါတယ်…ဒါပေမဲ့ လက်ထဲမှာတော့
ဟန်းဖုန်းနဲ့ ကား၂စီးလောက်ပဲ ပိုင်ရှာတယ်…။ကဲ ဘယ်လိုလုပ်မလဲ…. ဆိုလိုတာ က အတိတ်ကံ
အထောက်အပံ့ ညံ့ ပေမဲ့…လက်ရှိဘ၀မှာ ကိုယ့်ရဲ့ကြိုးစားမှုပေါ်လည်း မူတည် တယ်ဆိုတဲ့ အကြောင်း
ပြောချင်တာပါ။ အားလုံးကျေးဇူးနော်…။ ဖတ်ပေးလို့။

မဟတ္တမ ဂန္ဒီ ရဲ့ ဖိနပ်တစ်ရံ

0

တစ်နေ့ မဟတ္တမ ဂန္ဒီကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက်
သံလမ်းပေါ်ကျ လေသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူ မကောက်ယူနိုင် တော့။
ဘေးလူတွေ ငေးကြည့်နေကြစဉ် ဂန္ဒီက အေးအေး ဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်
တစ်ဖက်ကို ချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။
***ဟာ …ဘာလုပ်တာလဲ..*** ခရီးသည် တစ်ယောက်က မေးသည့်အခါ ဂန္ဒီကြီးက ပြုံးပြီး ***
စောစောက တစ်ဖက်တည်း ကောက်ရမယ့်လူ အခုတော့ တစ်ရံ ရသွားမှာ ပေါ့ဗျာ။ အဲဒါဆို သူ စီးလို့
ရသွားပြီ ***ဟု ဖြေလေသည်။

မိုးမမြင်လေမမြင်

0

ချစ်စရာနွေ တစ်နေ့ပေါ့…အေးမြသော မြစ်ကမ်းပါးပေါ် ချစ်သူ နှစ်ဦး ယှဉ်တွဲ ၍ထိုင်လျှက် ချစ်တေးလေးတွေ
သီနေကြသည်။

***တို့ကို မောင်သိပ်ချစ်တာ ပဲလားကွယ်***

***သိပ်ချစ်တာပေါ့အချစ်ရယ်***

***ဧ၀ ကို အာဒံချစ်တာထက် ပိုမှာပေါ့နော်***

***အို….အများကြီးကိုပိုတာပေါ့…တကယ်ပေါ့***

***ဘာလို့…တကယ်ပါလဲ…***

***ဘာလို့ရမှာလဲအချစ်ရဲ့…အာဒံမှာက ရွေးစရာ မရှိဘူးလေ…***

ဒီည…ဘာညလဲ?

0

ဆေးပေါင်းခတဲ့ည ပေါ့ကွယ်
ဒီမှာ ကိုယ့်အနား မင်းရှိနေပါတယ်
ဒါဏ်ရာတွေ အကုန်လုံး အဝေးသို့ လွင့်စဉ်
ကြင်နာသူ အချစ်များ / (မင်းရဲ့အချစ်များ) ဆေးဘက်ဝင်
ဆေးပေါင်းခတဲ့ည ပေါ့ကွယ်
အာကာပြင် မှာလည်း နက္ခတ်စုံညီတယ်
ဒီကမ္ဘာမြေပေါ်က အချစ်ရဲ့သစ်ပင်
ရှင်သန်ရင် ထာဝရ ဆေးဘက်ဝင်
ဝေဒနာတွေ ကုစားပေးမဲ့ အချစ်တွေ
ကမ္ဘာမြေတည် နေသမျှ တည်ပါစေ
ဒါဆိုဒီညအတိုင်း အမြဲတို့ဘ၀ဟာ / စွဲမြဲတဲ့သစ္စာနဲ့ တို့ဘ၀ဟာ
ဆေးပေါင်းခတဲ့ည
ကတိသစ္စာများ မြဲတဲ့အခါ
နွယ်ပင်မြက်ပင်တောင် ဆေးဘက်ဝင်တယ်တဲ့
ဒီအစဉ်လာ ဆိုရိုးစကားလေး အတိုင်းကွယ်
ကြင်နာသူ အချစ်များ အစွမ်းပြတယ်
ဆေးပေါင်းခတဲ့ည ….
ဆေးပေါင်းခတဲ့ည ….


တန်ဆောင်တိုင်မီးထွန်းပွဲတော် ကို ဘုရားမပွင့်မီအခါက ဂြိုလ်နက္ခတာရာများကို အစိုးရသော နတ်ဘုရားများ
အားဂုဏ်ပြုသော အားဖြင့် ကြတ္တိကာပွဲ ဟုခေါ်ဝေါ်ကြောင်း သိရပါတယ်။
တန်ဆောင်တိုင်မီးထွန်းပွဲတော်မှာ…မြန်မာပြည်တွင်းရှိသူများအဖို့တော့ ပျော်ရွှင်ကြမှာပါ…
ပျော်ရာမှာမနေတော်ရာမှာ နေနေရသူများအဖို့တော့… လွမ်းလောက်ပါရဲ့နော်…
အလွမ်းတွေ စုပုံလာအောင် လုပ်လိုက်ဦးမယ်နော့်…။ ကဲ …လပြည့်ညကြီး (ဆေးပေါင်းခတဲ့ည)
လည်း ပြီးသွားပြီ…. ဒီတစ်ညတော့ ကျန်သေးတယ်နော်….ဘာညလဲ…..?????
ညခင်းကတော့…သူငယ်ချင်းတွေနဲ့…ဘုရားကို သွားဖြစ်ပါတယ်….ညခင်းတို့မြို့မှာ…
မသိုးသက္ကင်္န်း ရက်လုပ် လှူတန်းပွဲရော…ကုသိန္ဒာရုံဘုရားပွဲရော ရှိနေလို့…ဒီလ တန်ဆောင်တိုင်လ
မှာ အထူးစည်ကားနေတာပေါ့….နိဗ္ဗာန်ဈေးတွေလဲ အိမ်တိုင်းလိုလိုမှာ ရှိကြတယ်။
ညရောက်တော့..သူငယ်ချင်းတွေစုပြီးထမင်းချက်စား၊ မယ်ဆလီဖူးသုတ်ကြတဲ့… ညီမလေးတွေကို
လိုအပ်တာလုပ်ပေးရင်း၊အပျော်တွေတော့ ကူးစက်တာပေါ့လေ။
ကဲကဲ…အားလုံးပဲ….တန်ဆောင်မုန်းလပြည့်နေ့မှာ..ပျော်ရွှင်ချမ်းမြေ့မယ်လို့ ယုံကြည်ပါတယ်ရှင်…
ဒီနေ့လည်း….ပစ္စည်းများသေချာသိမ်းထားပါလို့…။

ကွန်ပျူတာစက်တွက်ပြပါ။

0

ရင်တွင်းအရှိ
လူမိမခံ နောက်ပြန်လှည့်ပြေး
ဘာကြောင့်များလဲ……။
မယုံတဲ့ လိပ်ပြာ
ရင်မှာ ပုန်းရှက်
ဘာကြောင့်များလဲ……။
တွယ်ရာမဲ့ရင်ခုန်သံ
မြန်မြန်ရွှေ့လျား
ဘာကြောင့်များလဲ……။
မှန်နေတဲ့ ခြေလှမ်းများ
အလိုလိုတုံနှေးသွား
ဘာကြောင့်များလဲ……။
စကားပြောတတ်တဲ့ နှုတ်ခမ်း ကလေးများ
အားစေးထည့်ထား
ဘာကြောင့်များလဲ……။
အထီးကျန်ည
စိတ္တဇ နဲ့မိုးလင်း
ဘာကြောင့်များလဲ……။
လောကတစ်ခုထဲက
ဘ၀နှစ်ခု အစွန်းနှစ်ဖက်
ကွာဟချက်ကို
ဒြပ်မဲ့ ကြိုးတစ်ချောင်းနဲ့ ဆက်
အဖြေထွက်အောင်
ကွန်ပျူတာ စက်တွက်ပြပါ……။

စိတ်ပျော်ရွှင်အောင်မြှင့်တင်နည်း

0

စိတ်ပျော်ရွှင်အောင်မြှင့်တင်နည်း

-စိတ်ပါဝင်စားရာကို လုပ်ဆောင်ပါ။ ဥပမာ-ချက်ပြုတ်ခြင်း၊ ၀တ်ဆင်ခြင်း၊ သစ်ပင်ဝယ်ခြင်း။
-ဆန္ဒရှိရာကို စာရွက်ပေါ်ရေးချလိုက်ပါ။ (ခေါင်းခဲနေရင်၊ အတွေးများပြီး စိတ်ရှုပ်နေရင်)
-စိတ်ပျက်အားငယ် အထီးကျန်ဆန်နေရင် ဗီရို၊ စာအုပ်စင်၊ အိပ်ခန်းရှင်းတာမျိုး ထလုပ်လိုက်ပါ၊
-သက်တောင့်သက်သာထိုင်ခုံနဲ့ ထိုင်ပါ။
-သန့်ရှင်းသပ်ရပ်တဲ့ အခန်းလေးက စိတ်ပျော်စေဖို့ အချက်တစ်ချက်ပါ။
-လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ (တစ်ပတ်မှာ ၃ကြိမ်၊ တစ်ကြိမ်မှာ နာရီဝက်)
-ကိုယ့်ကို နားလည်ပေးမယ့် သူငယ်ချင်းနဲ့ အဆက်အသွယ်လုပ်ပါ။ စကားစမြည်ပြောပါ။ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေလိုက်ပါ။
-စိတ်မပါ ပေမယ့် အပြုံးကျင့်ဖြစ်အောင်ကျင့်ပါ။ မျက်နှာအကြောတွေ လျော့လာမယ်။ အကြောတွေက ဦးနှောက်ကို သတင်းပို့မယ်။ လုပ်ရင်းနဲ့ပျော်လာပါလိမ့်မယ်။
-တတ်နိုင်သမျှအကောင်းမြင်ပေးလိုက်ပါ။ ဥပမာ…သူဘာကြောင့် ဒီလောက်ရိုင်းပါလိမ့်… အစား …အော်…သူဒီလို ရည်ရွယ်တာ မဟုတ်လောက်ပါဘူးလို့ တွေးပေးလိုက်ပါ။

ကျန်းမာစွာ စားသုံးပါ။
-အာဟာရပြည့်တဲ့ အစာတွေဖြစ်ပါစေ။
-အချိန်မှန် ၊ ပမာဏမှန်စားပါ။
စိတ်တည်ငြိမ်အောင် လေ့ကျင့်ပါ။ (ဥပမာ-တရားထိုင်ခြင်း)
-စွမ်းအားတွေ တိုးတက်လာ။
-စိတ်ရှုပ်စရာတွေ လျော့ပါးလာမယ်။
-ကိုယ်ခံစွမ်းအား ကောင်းလာမယ်။
-နားနေမှု၊ ငြိမ်းချမ်းမှု တိုးတက်မယ်။
-ကိုယ်ကိုယ်တိုင် နားလည် သိမြင်မှု ရရှိ၊
-မသေချာမှုနဲ့ စိတ်ကျမှုကို လျော့စေ၊
-စိတ်နဲ့ ၀ိညာဉ်ကို အာဖြည့်ကြံ့ ခိုင်စေပါတယ်။

တကယ်လို့များ မပျော်မရွှင်ဖြစ်နေခဲ့ရင် ကြိုးစား ပြီးလုပ်ဆောင်ကြည့်စေချင်ပါတယ်။ ပျော်ရွှင်ကျေနပ်မှု စိတ်ပေါ့ပါးမှုကို တကယ်ရရှိပါတယ်။

ပျော်ရွှင်စွာနေထိုင်ခြင်း

0

ကျွန်မအပါအ၀င် လူတွေဟာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို လိုလားကြပါတယ်။ တစ်ခါတစ်လေးမှာ ပျော်ရွှင် စေဖို့ ဖန်တီးလုပ်ဆောင်နိုင်တဲ့ အချက်တွေကို မေ့လျော့ ကျော်လွှားနေကြသလို ပျော်ရသလိုလိုနဲ့ မပျော်ရတဲ့ အချိန်မျိုးတွေလည်း တွေ့ရတတ်ပါတယ်။ ပျော်ရွှင် ကျန်းမာစွာ နေထိုင်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို သတိထားသိရှိမှတ်သားရင်း အသုံးချနိင်စေဖို့ ကျွန်မ သိရှိသမျှလေးကို မျှဝေပါရစေ….။
၁။ သင့်မနက်ခင်းကို ဒီလိုစပါ။
-ရေ၊ ဒါမှမဟုတ် ပျားရည်နဲ့ သံပုရာရည် ရောမွှေထားတဲ့ ရေတစ်ခွက်ကို မနက်အိပ်ရာထမှာ သောက်ပါ။ အစာခြေလုပ်ငန်းကို ပုံမှန်ဖြစ်စေပါတယ်။
၂။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှောချတဲ့ အကျင့်လုပ်ပါ။
-စိတ်ညစ်တတ်လေ ပိုညစ်လေ တဲ့။
၃။ အားပြည့် လန်းဆန်းဖို့
-တစ်နာရီမှာ တစ်မိနစ် နားပါ။
-လက်ဝါးနှစ်ဖက်နဲ့ မျက်လုံးကို အုပ်၊ အသက်၀၀ ရှူ ခေါင်းထဲက မကြည်တာတွေကို လေ နဲ့
အတူရှူထုတ်ပစ်ပါ။
-အားနည်းသလို၊ အားမရှိသလို နွမ်းနေရင် ဖျော်ရည် လတ်လတ်ဆတ်ဆတ် တစ်ခွက် သောက်လိုက်ပါ။
-တစ်ယောက်ယောက်ကို မျက်နှာသာပေးတဲ့နည်းနဲ့သူ့ပျော်ရွှင်မှုတွေကို ကိုယ်ဆီ ရောက်ပါစေ။
၎။ ပျော်ရွှင်သူတွေရဲ့ အကျင့်
-အချိန်မှန်မှန်စားပါ။ ဒါပေမဲ့ အများကြီးမစားပါနဲ့။
-အလုပ်ကြိုးစားလုပ်ပါ။ ဒါပေမဲ့ နားချိန်လညှ်းရှာထားပါ။
-လေ့ကျင့်ခန်းလုပ်ပါ။ ဒါပေမဲ့ အပြင်းအထန် မဖြစ်ပါစေနဲ့။
-လူတွေကို ချစ်ပါ။ ဒါပေမဲ့ တွယ်ကပ်မထားပါနဲ့။
၅။တန်ဖိုးရှိသော ပေါင်းသင်းဆက်သွယ်မှုများ
-ဆန့်ကျင် ဘက်တွေ၊ ထိပ်တိုက်တွေ့မှုတွေ လျှော့၊ အပြုသဘောကို ဆောင်ပါ။
-ပေးဆပ်ပါ၊ ပြန်လည်ရယူဖို့ တော့မမျှော်နဲ့ပေါ။
-ကိုယ်မလုပ်နိုင်တာကို ကတိမပေးနဲ့။
-နှလုံးသားခံစားချက်ကို လျစ်လျှူမရှုပါနဲ့။
-အမှန်တရားရဲ့စွမ်းအားကို ယုံကြည်ပါ။ သစ္စာရှိပါ။
နောက်……မှ စိတ်ပျော်ရွှင်ရန်မြှင့်တင်နည်း။ အလှအပဆိုင်ရာ စိတ်ပျော်စရာ၊ ကျန်းမာစွာစားသုံးနည်းနဲ့
စိတ်တည်ငြိမ်အောင်လေ့ကျင့်နည်း တင် ပေးပါမယ်။ အားလုံးပျော်ရွှင်ကြပါစေ။

ချိုးငှက်လေ လား…? ကြွက်လေ လား…?

3

ညခင်းစာရေး..ရမှာ …ပျင်းနေလို့ အသစ်မတင်သေးတဲ့ အချိန်မှာ ပဲ…အစ်မတစ်ယောက်မှ ပို့လိုက်တဲ့ ဗေဒင် လေးကို မျှဝေပေးချင်စိတ်ဖြစ်လာပါတယ်… (အပျင်းရောဂါ ကို ကွယ်ဝှက်ခြင်း) တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး ကိုယ်ရဲ့ အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ ပြောပြထားတာပါ။ သူများရှိက လက်ဆင့်ကမ်းဖြစ်တဲ့ အတွက် သိပြီးသူများလဲရှိမှာပါ… လိုက်ရှာကြည့်လိုက်တော့… www.htoomyat.blogspot.com ၊ www.mysuboo.com ၊ www.shwemintharlay.blogspot.com မှာလည်း တင်ထားတာတွေ့ရပါတယ်။

လမင်းနဲညခင်း က.. ချိုးငှက် နဲ့ ကြွက်ပါ…။ ဘယ်သူက ဘာကောင်လေးလဲ ဆိုတာ ပါ… ထင်ကြေး ပေးခဲ့ကြပါ … မှန်တဲ့လူကို မုန့်ဝယ်ကျွေးမယ်။

ဖတ်ပြီးသူများလည်း ဒီတိုင်းပြန်သွားလို့ ရဘူးနော်…ဘာကောင်လေး လဲ ဆိုတာပါ…ကွန့် မှာ အော်ခဲ့နော်….

၂၀၀၅၊ နိုဝင်ဘာ၊ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းမှာ ဆောင်းပါးရှင် ၀င်းကိုကို
တင်ပြတာ ဖြစ်ပါတယ်။

ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်ခ်ျ
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်

၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူ
ဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကိုစိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့်ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို
ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့်အ၀တ်အစား များကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့်ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင်ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနျင့်သာပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက် ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား
နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များသင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီးလူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော်သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများကစကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်ကစကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်
ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကိုရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ်ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့်ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။

၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ် ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ် ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု မရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့် ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ် သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့် ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင် ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး ဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့် အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင် ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်း မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ ဖြစ်သည်။

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကို လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို စမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။

မိန်းမသားဆိုတာ….

1

ဘလော့က ညီမလေးများနဲ့ မမများရှင်…ညခင်းဘက်က ပါမလား…ပါမယ်ဆို လာထား…။

မိန်းမသားဆိုသည်မှာ….ပင်ကိုသဘာဝ အားနွဲ့တဲ့ ခန္ဒာကိုယ် တည်ဆောက်ပုံရှိကြပြီး မိခင်စိတ်နဲ့ ပုခက်လွဲသော လက်ကို ပိုင်ဆိုင်ကြသူတွေပါ။မိန်းမတွေနဲ့ပတ်သက်လို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ အမြင်မတူနိုင်ပါဘူး။ ဆင်တစ်ကောင်ကို မျက်မမြင် ပုဏားတွေ စမ်းသပ်သလိုဖြစ်နေလိမ့်မယ်လို့ ထင်မိပါတယ်။ ပန်းချီဆရာ တစ်ယောက် အဖို့မိန်းမတွေရဲ့ ကောက်ကြောင်းဟာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နိုင်သလို …အာရုံ လိုက်စားသူတွေ အတွက်တော့ မိန်းမဆိုတာကို ဖျော်ဖြေခံ ရုပ်ဝတ္တူပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ချင် သတ်မှတ်မှာပါဘဲ..။

ချမ်းမြေ့သာယာတဲ့ မိသားစုတစ်ခုဖြစ်ဖို့ ကြင်နာတဲ့ နှလုံးသားနဲ့ မိန်မတစ်ယောက်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ သားသမီးငယ်တွေအတွက်တော့ မိခင် ဆိုတဲ့ မိန်းမတစ်ဦးရဲ့ ရင်ခွင်ဟာ အလုံခြုံဆုံးဆိုတာကို ဘယ်သူမှ ငြင်းလိမ့်မယ် မဟုတ်..။

မိန်းမသားတွေနဲ့ပတ်သက်တဲ့ စာတွေ၊ အလကာင်္တွေ၊ စကားပုံတွေ၊ ဆိုရိုးတွေဆိုတာလည်း အကုန်အစင်ရေတွက်ဖို့ တောင်မလွယ်လှပါဘူး။

-မိန်းမဟူဘိ ထိုက္ကုထိ သည် မရှိမကောင်း ရှိမကောင်းတည်း။

-မိန်းမသဘော မြစ်ရေကြောသို့

-မိန်းမ မာယာ သဲကိုးဖြာ

-မာယာတစ်သိန်း အပလိန်း အနန္တ…စသည်ဖြင့် မိန်းမတွေနဲ့ ပတ်သက်ပြီး မှတ်လောက်သားလောက် တနင့်တစ်ပိုးထိခိုက်ခံစားခဲ့ရသူတွေရဲ့ အသုံးအနှုန်းတွေပါ..ပြောင်မြောက်လှတယ်နော.။

ဒါပြင် ရှိပါသေးတယ်…ဆူးပေါ်ဖက်ကျလဲ ဖက်၊ ဖက်ပေါ်ဆူးကြလဲ ဖက် တဲ့။ ဂရုဏာနဲ့ယှဉ်တဲ့ တင်စားမှုပါ။ (ဆူးကျိုးတဲ့ဖက် ရှိတတ်ပါတယ်လို့ ဆိုသူကလဲ ရှိသေးတယ်နော်)

တစ်ခါ

-မိန်းမတို့ အိနြေ္ဓ ရွှေပေးလို့မရ

-ဆင်မယဉ်သာလို့

-ပုခက်လွဲသောလက်သည် ကမ္ဘာ ကို ကိုင်စိုး၏…….

ဟုလဲဆိုကြပြန်ပါတယ်…။ ဒါက မိန်းမတို့ရဲ့ သိမ်မွေ့မှုနဲ့ ကျက်သရေကို ခံစားနားလည်တဲ့ သူတွေရဲ့တင်စားမှုဖြစ်ပါလိမ့်မယ်။ မထင်ပါ။လူရယ်လို့ ဖြစ်လာရင် မိခင်ရင်ခွင်ကနေ ထွက်သွားကြတဲ့ သူတွေချည်းပါ။ ဘယ်လောက်စွမ်းတဲ့လူဖြစ်ပါစေ သူဖြစ်ဖို့အတွက် မိခင်ဖြစ်လာမယ့် မိန်းမသား တစ်ဦး ဟာရှိနှင့် ပြီးဖြစ်ရ ပါတယ်..။ ဒါဟာဖြစ့် မိန်းမသားတွေရဲ့ ဘယ်သူကမှ တုယှဉ်လို့ မရတဲ့ ဂုဏ်ထူး ၀ိသေသတစ်ခုပါ။

တကယ်တော့ မိန်းမများသည် လောက၏ ပါရမီဖြည့်ဖက် စွမ်းအားရှင်များဖြစ်ကြသည်။

တစ်ချို့က မိန်းမများကို ပန်းပွင်များ အဖြစ်တင်စားကြသည်။

ပန်းတစ်ပွင့်ကဲ့သို့…အဆင်းလှခြင်း၊ ဂုဏ်သတင်းသင်းပျံ့ခြင်း၊ နှုညံ့သိမ်မွေ့ခြင်း ကြောင့် လား။
ဒါမှမဟုတ်ပန်းတစ်ပွင့်ကဲ့သို့ အလွယ်တစ်ကူခူးယူချင် ၍ ကြာရှည်မလန်းဆန်းနိုင်ဟု ထင်မြင်ကြ၍လား
မသိပေ။သို့သော် သဘာဝမှ ပန်းကို အလှထားလိုသူအတွက် ပန်းအိုး ကောင်းကောင်းတော့ရှိသင့်သည်ဟု
ကျွန်မထင်ပါသည်။ထို့အတူ ပန်းခူးသူလား၊ပန်းစိုက်သူလား၊ တန်ဖိုးထားမည့်သူလားခွဲခြားရပေဦးမည်။
ပန်းတစ်ပွင့်ကဲ့သို နှုးညံသိမ်မွေ့ လှပသင်းပျံမှုကို ကြိုက်သော်လည်း…ပန်းတစ်ပွင့်ကဲ့သို့ လောကဓံနှင့်
နေရောင်ခြည်ကို အလွယ်တကူ အရှုံးပေးကာ ကြွေကျပေးလိုက်သော ပန်းများမဖြစ်စေချင်ပါ…။

တစ်ချို့က…မိန်းမများသည် ဆောင်းလေမညီ ဟုဆိုကြသည်။

တကယ်တော့ လေ သည် အရောင်အဆင်းမရှိ၊ အနံ့အရသာမရှိသော အပြစ်ကင်းစင်သည့်ဒြပ်စင
် တစ်ခုသာဖြစ်သည်။ ကံကြမ္မာ ၏ စေစားရာသို့ လွင့်မျောရင်း တစ်ချို့သည် လေနုအေး၊ လေညှင်း၊
နွေလေပူ၊ နှင်းဆွတ်လေ၊ လေနီကြမ်း၊ တစ်ချိုက မုန်တိုင်း။ ဘယ်သူက မုန်တိုင်းထန်ချင်ပါမည်နည်း။
လေဖိအားနည်းရပ်ဝန်းတစ်ခုကြောင့်သာ မုန်တိုင်းဖြစ်သွားရသည်ကို သတိပြုသင့်သည်။

တစ်ချို့ က မိန်းမများကို ရေ နှင့်တင်စားကြသည်။

ရေကြည်ကို သောက်ဖူးပါသည်။သန့်စင်မှုအတွက် ရေကြည်တစ်ခွက်ကို အသုံးချဖူးလိမ်မည်။
နောက်ကျိ ညစ်ထေးသော ရေသေများကိုလည်းမြင်ဖူးကြလိမ်မည်။ အမြဲလို လေးလံမောဟိုက်ကာ
ကမ်းစပ်ကို လာလာ ဦးခိုက်နေတတ်သော ပင်လယ်လှိုင်းများ၏ ခက်ထန်သော ဂီတသံကိုလည်းကြား
ဖူးလိမ်မည်။ ကံကြမ္မာ၏ စေစားရာတွင် ဖြစ်တည်ရသောဘ၀ တွင်မည်သူသည် အချိန်ပြည့်လှိုင်းထန်
ချင်မည်နည်း။အားလုံးလိုလို ရေကြည်ရေသန့်ဖြစ်လိုကြသည်။

ကမ္ဘာတွင် မိန်းမ ကြောင့်စစ်ပွဲ များဖြစ်ခဲ့ရဖူးသည်ဟု တစ်ချိုက ဆိုသည်။ သို့သော်သေချာတွေးကြည့်လျှင်
ကလီယိုပါထရာ၊ ဟယ်လင်မင်းသမီး၊ စစ်ပွဲကို ဆင်နွဲကြသူများမဟုတ်ပါ။ သူတို့ကို ပိုင်စိုးလိုသူတို့၏
အတ္တကြောင့်ဖြစ်ရသည် ကို တွေ့ရ ပေလိမ်မည်။ မိန်းမသား ဘ၀ကို တစ်ခါမှ စိတ်မပျက်ခဲ့ဖူးသူ
တစ်ယောက်အနေနဲ့တော့ မိန်းမများအားလုံးကို သံမဏိပွင့်ဖတ်များလို ကြံ့ခိုင်စေချင်သည်။
ကြည်လင်သန့်စင်သော သဘာဝရေကြည်အေးလေးဖြစ်စေချင်သည်။အရောင်အနံ့ကင်းမဲ့သော
လေနုအေးလေး ဖြစ်စေချင်သည်။ ကမ္ဘာကို အုပ်စိုးခွင်မရတောင် ကိုယ်ပိုင်ဆိုင်ရာ ကမ္ဘာလေး
တစ်ခုကိုတော့ ငြိမ်းချမ်း အေးမြအောင် အုပ်စိုးပြုပြင်စွမ်းစေချင်သည်….။ဖတ်ပေးလို့ ကျေးဇူးပါ…။

အချစ်မြို့

0

***အချိန် နှင့် အချစ်***
ကမ္ဘာပေါ်မှာ… ၀ယ်လို့မရနိုင်တဲ့ အရာ (၂) ခုပါ…
ဒါပေမဲ့…. သုံးပစ်လို့တော့ ရပါတယ်။
ဘ၀လမ်းပေါ် လျှောက်လာကြတဲ့ လူတိုင်း အချစ်ဆိုတဲ့နေရာ တစ်ခုကိုတော့ မလွဲမသွေ တွေ့ဆုံ
ကျော်ဖြတ်ကြရတယ်..။ တကယ်တော့ အချစ်ဆိုတဲ့ နေရာလေးဟာ အင်မတန် သန့်စင်တဲ့ အဖြူရောင်
လွင်ပြင်လေး တစ်ခုပါပဲ…။
ဒီနေရာကို ဖြတ်သန်းတဲ့အခါမှာ သယ်ဆောင်သွားတဲ့ ပစ္စည်းတွေက တစ်ယောက်နဲ့ တစ်ယောက
် မတူကြဘူး..။
အချို့က -သစ္စာတရားကို သယ်သွားကြတယ်။
အချို့က -မုဒိတာ နဲ့ ဥပေက္ခာ တရားတွေကို သယ်ဆောင်သွား ကြတယ်။
အချို့က -တဏှာ ရာဂတွေ သယ်ဆောင်သွားကြတယ်။
အချို့က -လောဘ ၊ ဒေါသ ၊ အတ္တ ၊ မာန်မာန တွေ သယ်ဆောင်သွားတယ်….။
သင်ရော - အချစ်မြို့ ကို ဖြတ်တော့မယ် ဆိုရင် ဘယ်အရာ ကို သယ်ဆောင်သွားမှာလဲ…။
ဘ၀ အတွက် အချစ်ဆိုတာ ဦးစားပေးရမယ့် အရာ မဟုတ်ပေမဲ့ တန်ဖိုးထား လေးစားရမယ့် အရာ
တစ်ခုတော့ ဖြစ်ပါတယ်…။

ပြုံးစီစီ

1

ဘ၀ကိုခက်ခက်ခဲခဲ ရုန်းကန်းနေရသော သရုပ်ဆောင်တစ်ဦးသည် အလုပ်လိုက်ရှာရင်းဖြင့်
တိရိစ္ဆာန်ဥယျာဉ် တစ်ခုအတွင်း ရောက်လာသည်။ဥယျာဉ် မန်နေဂျာက ပြောသည်။လူတွေ
စိတ်အ၀င်စားဆုံး တိရိစ္ဆာန်တွေထဲက ဂေါ်ရီလာ မျောက်ဝံတစ်ကောင် သေသွားတာမကြာ
သေးဘူး ကွ။ မင်း ဒီမျောက်အရေခွံ ၀တ်စုံကို ၀တ်ပြီး သူ့ဟန်ဆောင်ပေးရင် ငါတစ်ရက်ကို
ဒေါ်လာ ၃၀၀ ပေးမယ်…။သရုပ်ဆောင်က သဘောတူလိုက်ပြီးနောက်…မိနစ် အနည်းငယ်
အတွင်းလာကြည့်သူ ဧည့်သည်တွေ ကို စိတ်ရွှင်လန်းစေ သော မျောက်တစ်ကောင် အဖြစ်
လှောင့်ချိုင့်ထဲ ရောက် သွားသည်။သို့သော်လည်း သိပ်မကြာမီမှာပင် ဧည့်သည်များက
သူ့အပေါ် ငြီးငွေ့သွားကြပြီး ကပ်လျက်လှောင်အိမ်မှ ခြင်္သေ့ ဆီ ရွှေ့သွားကြတယ်…။
ရထားသော အလုပ်သစ်ပြုတ်မသွားစေရန် အန္တရာယ်ကို ထည့်မတွက်တော့ဘဲ…နံရံကို
ကျော်တက်ပြီး ခြင်္သေ့မမီနိုင်သော အမြင့်မှ တန်းကိုခိုနေလိုက်သည်။ သူ့လုပ်ရပ်က
တစ်ဖက်လှောင် အိမ်မှ ခြင်္သေ့ကို စိတ်ဆိုးအောင်ဆွ သလိုဖြစ်သော်နေသည်။ လာကြည့်
သူများလည်း သဘောကျကြသည်။ သရုပ်ဆောင်က ထိုစတန့်ကို နေ့တိုင်း လုပ်ပြရာ
လာကြည့်သူပရိသတ်တို့များ လာသည်။ သူ့မန်နေဂျာက နေ့တွက်ခကို ၅၀၀ ထိတိုး ပေးသည်။
သို့ဖြင့် တစ်ရက်တွင်သရုပ်ဆောင်သည် လက်ဆုပ်ထားရာမှ ပြုတ်၍ ခြင်္သေခြေရင်း သို့ကျ သည်။
သူထအပြေးတွင် ခြင်္သေ့က လှောင်အိမ်ကို ပတ်ချာလည် လှည့်လိုက်လေသည်။ နောက်
ဆုံး သူငယ်သံပါအောင်အော်သည်။ကယ်ကြပါ၊ ကယ်ကြပါ..။ထိုတွင် ခြင်္သေက သူ့ကို
ခုန်အုပ်လိုက်ပြီး ပြောသည်။
တိတ် တိတ် နေ ငတုံးရဲ့ ..ငါတို့ နှစ်ကောင် အလုပ်ပြုတ်သွားမယ်.. တဲ့။

ပညာရှိက လိုရာရ

0

ညခင်း မှတ်စု လေးမှ ကူးယူ ဖော်ပြခြင်းပါ…။
မာဃဒေ၀ လင်္ဏာမှာ ဆိုမိန့် ထားပါတယ်။
ပညာရှိက လိုရာရ
ပညာပြည့်ဝ ၊ နှလုံးလှသော်
ကိစ္စ ကြီးငယ်၊ ဆောက်သဖွယ်လျှင်၊
ကျဉ်းကျယ် ထွင်းဖောက်၊
ဖြတ်တောက် လိုရာ ပြီးနိုင်စွာ၏..။
ထေရ၀ဂ် အာနန္ဒာ သုတ်မှာ….
ကျင့်ကြံအားထုတ် ကျိုးကုတ်လိုက်နာ နာခံယူရာမှာလဲ….
(၁) ယုံကြည်မှု ခိုင်မြဲရမယ်၊
(၂) သီလစောင့်ထိန်းမှု ရှိရမယ်၊
(၃) အကြားအမြင် များပြားရမယ်၊
(၄) ဆိုဆုံးမလွယ်သူ ဖြစ်ရမယ်၊
(၅) မိတ်ကောင်းဆွေကောင်း နှီးနှောတိုင်ပင်ဖော် ရှိရမယ်၊
(၆) ထက်မြက်တဲ့ လုံ့လ ဥသဟနဲ့ အားထုတ်ရမယ်၊
(၇) သတိထင်ထင် ဥာဏ်အမြင်ရှိရမယ်၊
(၈) အနေအစား အ၀တ်အဆင်က စပြီး ရောင်ရဲလွယ်ရမယ်၊
(၉) အလိုရမ္မက် နည်းရမယ်၊
(၁၀) အယူမှန်မှု ရှိရမယ်လို့ ဆိုပါတယ်။
ဒီအချက်တွေကို သတိချပ် ဆင်ခြင်တရားထား၊ လမ်းညွန်မှုကို ရယူ….ကျင့်စဉ် ကျင့်ရပ်
အထပ်ထပ် တို့မှာ… မလစ်မဟာ.. အပြစ်နည်းနည်း ချွတ်ချော်မှု ကင်းဝေးပါစေမယ်။

မျက်နှာများသူ

0

နေ့အခါ လမရှိခိုက်
နေသာလိုက်စဉ် လကို မေ့လျော့
နေရောင်ခြည်မှာ ဒီကမ္ဘာ က
ပျော်မွေ့လျက်ပါ။
ညအခါ နေမရှိခိုက်
လသာလိုက်စဉ် နေကို မေ့လျော့
လရောင်အောက်မှာ ဒီကမ္ဘာက
ကြည်နှုးလျက်ပါ။
နေလည်းမသာ လလည်းမသာ
ကြယ်ကလေးတွေသာ လင်းကြစဉ်
နေရော လပါ မေ့လို့
မှုန်ပျပျ ကြယ်ရောင်မှာ ပဲ
ဒီကမ္ဘာက သာယာလျက်ပါ။
ဒီကမ္ဘာက
နေနဲ့လည်း ပျော်မွေ့
လနဲ့လည်း ကြည်နှုး
ကြယ်နဲ့လည်း သာယာတော့
တစ်ချုံကွယ် တစ်မယ်မေ့တဲ့
မျက်နှာများတဲ့ ချစ်သူလို ဖြစ်နေပြီ…။

အကြွားပိုစ်လေး

0

အစ်မ၀ါ ရဲ့ ကြိုက်နှစ်သက်တာ လေးများ အကြွားပိုစ့်လေးကို ဆက်လက်ပြီး ကြွားပါပြီ… ညီမလေးများကို တက်စ်တယ်တဲ့…ညခင်း ဟဲ့ ပလုပ်တုတ် လို့တောင်အော်မိပါတယ်…။ ကြိုက်နှစ်သက် စုဆောင်းတတ်တာ ငါမှာ ဘာရှိလဲ စဉ်းစားရတာ အမောဘဲ..။ ဟိုတစ်ခါ တက်စ် တုန်းကတော့ ဖြစ်သလိုစားခြင်းကို လမင်းက ရေးတဲ့ အတွက် အေးဆေးပေါ့။ သူ့ကို တောင်ပြောင်ပြ လိုက်သေးတယ်။ ကဲ ညခင်းအလှည့် …အင်း ဖြစ်ညစ်စဉ်းစား လိုက်တော့……….

ညခင်း Crazy ဖြစ်တာပေါ့နော့်။ သီးသန့် ကြီးမရှိပါဘူး။ မရှိမဖြစ်လိုအပ်တဲ့ အရာလေးများကိုသာ ၀ယ်ယူသုံးစွဲဖြစ်ခဲ့ပါတယ်။မရှိမဖြစ်လိုအပ်ဆုံးက မိသားစု…ဒါက ၀ယ်လို့ရဘူးနော်…။ မိဘမေတ္တာ စေတနာတွေက အလိုအပ်ဆုံးတွေဘဲလေ။

ညခင်း ဘာ ၀ါသနာပါလဲ ကြိုက်လဲ စုဆောင်းလဲ စဉ်းစားတဲ့ အခါကြတော့…။ ညခင်း ရဲ့ အန်တီလေး ပြန်ပြောပြ တာကို သွားသတိရမိပါတယ်။ ညခင်းငယ်ငယ်တုန်းက ဆိုရင် သနပ်ခါးတုံးလေးနဲ့ ကျောက်ပျဉ် ချပေးလိုက် ရင် ငြိမ်ငြိမ်လေး သနပ်ခါးသွေးနေတတ်ပါတယ်တဲ့။ အခုကြီးလာတော့ ရော…ငယ်ငယ်က တည်းက သနပ်ခါးကို စိတ်ဝင်စားခဲ့တဲ့ သူက ဘာတွေ ကြိုက်မလဲ စဉ်းစားစရာတောင် လိုမယ်ထင်ဘူး။ အလှပြင်ပစ္စည်းလေး တွေ စိတ်ဝင်စားတာပေါ့။

အခုဆို အသက်အရွယ်အရ အသားရေ ထိမ်းသိမ်းရမဲ့ အရွယ်ကို ရောက်လာပါပြီ။ အဲဒါမို့လို့ အခု လက်ရှိ Skin Care ပစ္စည်းလေးတွေ အထူးပြုဝယ်ဖြစ်ခဲ့ပါတယ်။ ညခင်း အသားအရေက ရောထွေးအသားအရေပါ။ ဒါကြောင့် L’OREAL ရဲ့ DEMO EXPETISE ကို စီးရီး အလိုက် ၀ယ်ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ ပစ္စည်းလေးများလဲ အစုံအလင်ပေါ့နော်…။ရောက်တတ်ရာရာ မှာ အလှပြင်ကောင်တာ ဘက်ဆီသို့ ခြေဦးလှည့်တတ်ပါတယ်။ နေ့စဉ် မျက်နှာသစ်ပြီးရင် TONER & MOISTURIZING CREAM လေးကို လိမ်းပြီး…သနပ်ခါးပါးပါးလေး လူးတတ်တာ ညခင်း ရဲ့ အကျင့်ပါ။ အပြင်သွားစရာ ရှိတဲ့ အခါမှ မိတ်ကပ် ပါးပါးလေးလူးတတ်ပါတယ်။


ကြိုက်သလောက်ယူကျသလောက်ရှုင်း

ဒါပြင် ကြိုက်နှစ်သက်ပေမဲ့ မသုံးဖြစ်ခဲ့တာ၊ မ၀ယ်ဖြစ်ခဲ့တဲ့ ပစ္စည်းလေးတွေလဲ ရှိပါတယ်။ နားဆွဲလေးများနဲ့ဒေါက်ဖိနပ် မြင့်မြင့်လေးတွေပါ။ နားဆွဲလေးတွေကတော့ မလိုက်တာရော. ..မဆွဲ ရဲတာရောပေါ့။ သူများတွေများ ဒေါက်ဖိနပ်မြင့် လေးနဲ့ စမတ်ကို ကျလို့ လှနေတာဘဲ..။ ညခင်း စီးကြည့်ပါတယ်။ ဟန်နဲ့ပန်နဲ့ မနေတတ်တာ လား တုံးတာလား တော့ မသိဘူး…။ မစီးတတ်ခဲ့ဘူး။ အခု အမြဲလိုလို စီးတာ ကတော့ ၁လက်မ အနေဒေါက်လေးမျိုး၊ အပါး လေးတွေ ဘဲ စီးဖြစ်ပါတယ်။
ဖိနပ်လေးများ


အဲ ကြိုက်တာ တစ်ခုရှိသေးတယ်…လက်သည်းနီလေးတွေလဲ ဆိုးဖြစ်တယ်။

ညခင်း SKIN CARE လေးတွေ ကြိုက်တတ်မှန်းသိလို့ လွန်ခဲ့ တဲ့ ၃လလောက်ကတည်းက လမင်း ၀ယ်ပေးထားပါတယ်။ လူကြုံ က ပြန်မလာဖြစ်သေးလို့ ညခင်းရှိ ရောက်မလာသေးပါဘူး။ အော်ဒါနဲ့ ပြောရအုံးမယ်…။ ဟိုနေ့ က လမင်းမျက်နှာ ကို ကြည့်လိုက်တော့…။ တော်တော် သပ်သပ်ရပ်ရပ်နဲ့ ချောလာပါတယ်…အခုမှတွေးမိတယ်…ညခင်း မိတ်ကပ်ဘူးလေး တွေများ ဒင်း ယူလူးနေလား မသိဘူး။ လုပ်ကြပါအုံး…ညခင်း ရှိ အခွံ့ဘဲ ရောက်လာတော့မယ်။ ဟိ…တန်တန်န်န်

ကဲ …မမ၀ါဝါ ရေ မမရဲ့ တက်စ်လေး ပိုစ့်လေးမျိုးကို ရီစရာ လေး နဲ့ အဆုံးသတ်လိုက်ပါတယ်…ကျေနပ်တော့နော်.

အားလုံးဘဲ လိုချင် တောင့်တ သမျှ ရကြပါစေ။

ရေစက်

0

ညခင်းမှတ်စု မှ ကူးယူဖော်ပြပါသည်။
ရေစက် ရှေးရှေးဘ၀ များက အတူ ကုသိုလ် ကံပြုခဲ့ ၊ ဆုတောင်း ဆုယူပြုခဲ့ ဖူးကြသည် ကိုပင်
ရေစက်ဆုံသည်ဟု ပြောဆိုကြပါသည်။ ကုသိုလ် အတူပြု ၍ စိတ်တူ ကိုယ်တူ ကောင်းမှုပြုရေစက်ချခဲ့
ကြသည် ဟုဆိုလိုပါသည်။ ဘ၀ပေါင်းများစွား မိသားစု အဖြစ် တွေ့ကြကြုံကြလိုလျှင်–
(၁) သမ သဒ္ဒါ - ယုံကြည့်မှု တူမျှခြင်း၊
(၂) သမသီလ - စွန့်ကြဲ လှူဒါန်းမှု တူမျှခြင်း၊
(၃)သမစာဂ - ကမ္မ သကတ ပညာ (အသိဥာဏ်ချင်းတူမျှခြင်း) ရှိဖို့ လိုအပ်ကြောင်း ဘုရားဟောရှိသည်။
အရှင်မဟာကသပ…အလောင်းနှင့် ဘဒ္ဒါကာပိလာနိ အလောင်းမှာ… အထက်ဖော်ပြပါ… အချက်လေးချက်
နှင့် တူညီ၎င်း၍ လူ့ပြည်တွင် ၄င်း၊ နတ်ပြည်၊ ဗြဟ္မာပြည် တို့တွင် ၄င်း၊ နောက်ဆုံး နိဗ္ဗာန် ၀င်ရာ မှာ၎င်း၊
မကွဲမကွာ ဖြစ်ရကြောင်း အဆို ရှိပါသည်။
၎င်း ကိုပင် ရေစက်ဆုံသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ထိုသို့အားဖြင့် ရေစက်ဆိုသည်ကို မှတ်သားထား
နိုင်ပါသည်။

ဝန်ခံခြင်း

0

အချစ်ရဲ့ ဂုဏ် အစုံကို ခံစားမိတဲ့ အခါ
မင့်အနားကို ကိုယ်ကပ်ခဲ့….။
အချစ်ရဲ့ ဂုဏ် အစုံကြောင့် ၀မ်းနည်းတဲ့ အခါ
မင်းအပါးက ကိုယ်ထွက်ပြေးခဲ့….။
အချစ်ရဲ့ ဂုဏ် အစုံကို အံ့သြမိတဲ့ အခါ
ကိုယ် ငြိမ်သက်စွာ သတိရှိနေ…။
အချစ်ရဲ့ ဂုဏ် အစုံကြောင့် နာကျင်ရတဲ့အခါ
နူးညံ့မှု ကို ကိုယ် ငဲ့လင့်မိ….။
အချစ်ရဲ့ ဂုဏ် အစုံကို ရူံးနိမ့်တဲ့ အခါ…..
…………………………………………….။
အချစ်ရဲ့ ဂုဏ် အစုံ ဖြင့် စွန့်လွတ်တဲ့ အခါ…..
……………………………………………..။
ညခင်းရဲ့ မောင်လေး တစ်ဦး ရေးပေးတဲ့ ကဗျာလေးပါ…။ အောက်ဆုံး ၂ကြောင်းကို တော့ သား မသိတော့ ပါဘူးတဲ့…မမကြီး ဆက်…စပ်လိုက်ပါတဲ့။ ဒီတိုင်းထားလိုက်တာ ပါဘဲကောင်းပါတယ်နော့်။ ဇာတ်သိမ်းပိုင်း ဆို တာ အလွမ်းတွေ နဲ့ နာကြည်းချက်တွေနဲ့ ဇာတ်သိမ်းလို့ ကောင်းဘူးနော်…ကြည့်ရတဲ့ လူလဲ ရင်မောတယ်…။
အားလုံးဘဲ ပျော်ရွင်ဖွယ် ဒီဇင်ဘာ လ လေးဖြစ်ပါစေ။

အပြုံးစက်ရုံ

0

အပြုံးစက်ရုံက ထုတ်လုပ်လိုက်တဲ့ စက်ရုံထုတ်အပြုံးတွေ လူတွေ ရဲ့ မျက်နှာတွေဆီ ပို့လိုက်ပါတယ်။
ဈေးမများဘူး။ မျက်နှာများက ၀ယ်ပြုံးနိုင်ပါတယ်။
ဒါပေမဲ့ အပြုံးအဖြစ် ပြုလုပ်တဲ့ ကုန်ကြမ်းတွေကို တော့ စက်ရုံက အထူး လျှိုဝှက်ထားပါတယ်။
စက်ရုံရဲ ဂိုဒေါင်ထဲမှာတော့ ကုန်ကြမ်းတွေဖြစ်တဲ့ အမုန်းများ၊ မာနများ၊ စောဒကများ၊ ဒေါသများ
စတဲ့ အရာတွေ အလုံအလောက် စုဆောင်းသိုလှောင်ပြီးသား ဖြစ်ပါတယ်။ တစ်ချိန်ကျရင် ဒီကုန်ကြမ်း
တွေဟာ ကုန်ချောအဖြစ် အပြုံးတွေ ထွက်လာကြမှာ ဖြစ်ပါတယ်။
ကုန်ချောဖြစ်တဲ့အခါ စက်ရုံက မျက်နှာမြို့ တွေဆီကို ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းတွေက တစ်ဆင့်
အလုံးအရင်းနဲ့ တင်ပို့ပေးမှာ ဖြစ်ပါတယ်။
အခုလောလောဆယ်ဆယ်မှာတော့ စက်ရုံအနေနဲ့ ပြည်ပမျက်နှာများ …ဆီ ပို့ပေးနိုင်မှာ မဟုတ်သေးပါဘူး။
ပြည်တွင်း မျက်နှာများ အတွက်ကိုတောင် လောက်ငှအောင် ဖြန့်ဖြူး နိုင်ဖို့ မနည်းကြီး ကြိုးစားနေရပါတယ်။
ပြည်တွင်မှာလည်း အတော် အ၀ယ်လိုက်နေပါတယ်။
စက်ရုံမှာ ကုန်ကြမ်းအတွက် အခက်အခဲမရှိတာကလည်း မျက်နှာတွေအတွက် ရင်အေးစရာပါ။ အမုန်းဟာ
သွေးလမ်းကြောင်းအတိုင်း လည်ပတ်ပြီး အပြုံးအဖြစ် ထွက်လာနိုင်သလို အခြားကုန်ကြမ်းတွေ ဖြစ်တဲ့
မာနများ ၊စောဒကများ၊ ဒေါသများကလည်း အမုန်းလိုပဲ စက်ရုံထဲက သွေးလမ်းမှာ လည်ပတ်ပြီးရင်
အပြုံးကုန်ချောတွေ အဖြစ် ထွက်လာတော့ တာပါပဲ။
စက်ရုံ ရဲ့ဆောင်ပုဒ်က
..::အပြုံးမေ့တဲ့ မျက်နှာတွေ အပြုံးဝယ်ကြပါ ::..
ဖြစ်နိုင်ရင်…ဒီစက်ရုံလေး ရှိစေချင်လိုက်တာ…အပြုံး ချွေတာသူများအတွက် …..
ညခင်း ကိုယ်တွေ့ပါ။ အတ္တမာနတွေနဲ့ ပြုံးပြဖို့ မေ့နေတတ်ကြတဲ့ လူတွေ တဖြေးဖြေးနဲ့ များလာပြီ။
ဝယ်လို့ရရင် လက်ဆောင်အဖြစ် ပြန်ပေးလိုက်ချင်လို့ပါ။
အားလုံးပြုံးပျော်ရွှင်နိုင်ကြပါစေ။

ကိုယ်ကိုယ်ကို အမုန်း (၁၀)ချက်

0

ကျော်ဟိန်း ရဲ့ အကြွေး ဇာတ်ကားလိုပေါ့… ၁၀ နှစ် ကြိုးစားလိုက်ရတယ်။
လောကမှာ လူရယ်လို့ ဖြစ်လာကြရင် ချစ်လဲ ချစ်တတ်ကြမယ်။ မုန်းတတ်ကြမယ်။ အချစ်နဲ့ အမုန်းနဲ့ မကင်းတဲ့ သူဆိုတာ မရှိကြပါဘူး။သူများကို ချစ်တဲ့အချစ်နဲ့ အမုန်းသာ စာဖွဲ့လို့မကုန်တာ …ကိုယ်ပါကိုယ် မုန်းတဲ့အမုန်းကြတော့ တော်တော့ကို ဆွဲထုတ်ရတယ်။ ထွက်လာတော့ လဲ အများကြီးဘဲ…မနဲ့ ရပ်ထားရတယ်…။ ညခင်း နဲ့ လမင်းကို အစ်ကို အရုပ်ကလေးက တက်စ် ထားတာ ကြာပါပြီ။ ညခင်းဆို အကြွေးဆို လိုက်တောင်းတာ ရေးပေးရေးပေးနဲ့…အဲလို… လိုက်မတောင်းတာ ကျေးဇူး။
ကဲစပြီ…

အဲလို မုန်းဖို့ကောင်းတာ….
(၁) သံယောဇဉ်ကြီးတတ်ခြင်း။ ( ဒီအားနဲချက်ကြောင့်သူများနှိပ်ကွပ်တာ အမြဲခံရ)
(၂) စွဲလမ်းတတ်ခြင်း၊ ( အင်တာနက်ကြီးကို တမျိုးမထင်လိုက်နဲ့ ဟီး)
(၃) လိုချင်တာကို မရမခြင်း ညအိပ်မပျော်တတ်ခြင်း။
(၄) သူများမျက်နှာ ညိုရင် မနေတတ်ခြင်း၊ (မုန်းဘို့ကောင်းတယ်…ငါကိုများ စိတ်ဆိုးနေလား)
(၅) ကိုယ်ခံစားချက်ထက် သူများ ခံစားချက်ကို ကြည့်ပေးတတ်ခြင်း။ (သူငယ်ချင်းများနှင့် အချိန်ကုန်ဆုံးမှန်းမသိ ကုန်ဆုံးနေတတ်ခြင်း)
(၆) အထွန့် တက်တတ်ခြင်း၊ (လူကြီးက ပြောလိုက်ရင် နဲနဲတော့ပြန်ပြောလိုက်ရမှ မကောင်းဘူး မုန်းတယ်)
(၇) စိတ်ဆိုးသင့်တာမျိုးကို မစိတ်မဆိုးဘဲ ခွင့်လွတ် တတ်၍၊ အသေးအဖွဲ ကိစ္စ မျိုးမှာကျ မှ စိတ်ဆိုးတတ်ခြင်း၊
(၈) ပြောသင့်သည်ဟု ထင်လျှင် မည်သူမျက်နှာကို မှ မကြည့်…ဒုတ်ထိုး အိုးပေါက် ပြောတတ်ခြင်း။ (တဘက်သားခံနိုင်မခံနိုင်…နောက်မှတွေးမိ)
(၉) မိန်းကလေး မဆန်ခြင်း၊ (အတွေးအခေါ်အယူအဆ၊ လက်တွေဆန်ခြင်း တွေက ယောင်္ကျားလေး တစ်ယောက်နှင့် မခြား)
(၁၀) အသိခေါက်ခက် အ၀င်နက်ခြင်း၊ ပြုပြင်သင့်တာများကို ပြုပြင်ရမှာ ၀န်လေးတတ်ခြင်း။

အဲလို မုန်းဖို့ကောင်း ပါတယ်…ရှောင်ရှားကြပါကုန်…။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers