ဂတိနမိတ်

2

ဂတိနိမိတ်ဆိုသည်မှာ လူတစ်ဥိးတစ်ယောက် သေဆုံးခါနီးအချိန် (သို့မဟုတ်) ဘ၀နိဂုံး အဆုံးရောက်ရန် နောက်ဆုံး ထွက်သက်အချိန် ရောက်နေသောအခါ မိမိ၏ ယခုဘ၀မှ ရှေ့ဘ၀သစ် တစ်ခုသို့ ကူးပြောင်းလာရန် ရောက်ရန်ဖြစ်သော ဘ၀သစ်က အဆင်းရှုပါရုံကို ခေါ်သည်။
သေခါနီးတွင်ရှေ့ဘ၀သစ်သို့ မိမိဧကန် ရောက်တော့မည် အဆင့်ကို ကြိုတင်နိမိတ်အဖြစ် မြင်တွေ့ရခြင်းကို ဂတိနမိတ်ဟုခေါ်သည်။
လျင်လျင်မြန်မြန် သေသူတို့အားလည်း ဂတိနိမိတ်ထင်ရသည်။ ဆောက်ရိုးထိပ်၌ နားနေသော ယင်ကောင်ကို လက်ဖြင့် ရိုက်မိ၍ သေသောအခါမျိုး၌ပင်လည်း နိမိတ်သုံးပါးထင်လျက် သေရသည်ဟု ပဋိစ္စသမုပ္ပါဒ် ၀ိဘင်အဌကထာ၌ပြဆိုထားသည်။
မည်မျှပင် သေးငယ်သော သတ္တ၀ါဖြစ်ပြီးမည်မျှပင် လျင်မြန်သော သေခြင်းဖြစ်စေကာမူ ဂတိနမိတ် မထင်ဘဲ သေရခြင်းမရှိ။
မသေမီက ပြုအပ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် ထိုသေခါနီး သူ၏ စိတ်အစဉ်ကို အတင်းဝင်၍ ဆွဲငင်ကိုင်းညွတ်စေသဖြင့် ညနေအချိန်၌ တောင်ထွတ်ကြီးတို့၏ အရိပ်ကဲ့သို့ အလွန်သေခြင်း နီးသောသူ၏ စိတ်၌ အိပ်မက်ထဲမှာကဲ့သို့ အကျိုးပေးခွင့်ရသော ကုသိုလ်ကံ၊ အကုသိုလ်ကံနှစ်ပါးတို့တွင့် တစ်းပါးပါးသော ကံသည်လည်းကောင်း၊ ထိုကံပြုစဉ်က အမှတ် နိမိတ်ဟူသော ကမ္မနိမိတ်သည် ၄င်း၊ ထိုကံနှင့် လျော်စွာ လားရ ရောက်ရမည့် ဂတိနိမိတ်သည်၎င်း အမြဲထင်ကြရသည်။ ထင်ပြီးမှ သေကြရသည်။
ငရဲအိုး၊ ငရဲမီးလျှံ၊ ငရဲသူ ငရဲသားတို့ကိုမြင်၍ ထင်၍ သေလျင် ငရဲသို့ လားမည့်သူ ဖြစ်ကြောင်းသိရပါသည်။
အနီရောင် သက္ကလပ်ပိတ်စ ဖုံးအုပ်၍လာသော လှည်းယာဉ်နှင့်တူသော အမိဝမ်းရေကို မြင်၍သေမူ လူ့ပြည်သို့ လာ၍ ဖြစ်တတ်သည်။
နတ်ပြည်၌ဖြစ် လတ္တံသော သူအား ပဒေသာပင် နတ် ဗိမာန် နတ်တို့အိပ်ရာ နေရာ၊ နတ်သား နတ်သမီးတို့ကို မြင်၍ သေရသည်။
တောခြေရင်၊ တောအုပ်၊ ခြောက်ကမ်း ပါးပြတ်စသည်တို့ကို ထင်ရမြင်ရမူ တိရိစ္ဆာန်ဂတိ၌ ဖြစ်တတ်သည်။
မှောင်မှောင်မည်းမည်း အဆင်းရှိသော အမိုက်အမှောင်တိုက်ကြီးကို ထင်မြင်၍ သေမူ ပြိတ္တာဘုံ၌ ဖြစ်တတ်သည်။
သေခါနီးတွင် ဂတိနိမိတ်ကောင်းအောင် သေခါနီးလူနာတို့ကို ကယ်တင်ရန် ဘုရာရှင်က ဟောကြားထားတော်မူခဲ့ခြင်း ရှိသည်။
မဟာဝဂ္ဂသံယုတ်ပါဠိတော်တွင် ဘုရားရှင် ကပ္ပိလ၀တ်မြို့ နိဂြောဓာရုံကျောင်း၌ သီတင်း သုံးစဉ်အခါ မဟာနာမ်မင်းကြီးက တောင်းပန်လျောက်ထား၍ ပညာရှိသူသည် ပညာရှိသော အသည်းအသန် မကျန်းမမာနေသူကို အောက်ပါအတိုင်း ဆုံးမရမည်ဟု ဟောတော်မူသည်။
မကြောက်ပါနှင့်...သက်သက်သာသာနေပါ၊ သင့်မှာ ဘု၇ား၌ယုံကြည်သော သဒ္ဓါရှိ၏၊ သံဃာ၌ ယုံကြည်သော သဒ္ဒါရှိ၏။ ကိုယ်ကျင့်သီလည်းရှိ၏။ သင်သည် မိဘတို့၌ ငဲ့ညှာသည်ဖြစ်စေ၊ မငဲ့ညှာသည်ဖြစ်စေ သေရမည့် သူချည်းဖြစ်သည်။ အကျိုးမရှိပါ၊ မငဲ့ညှာပါနှင့် ငဲ့ညှာခြင်းကို စွန့်လွတ်လိုက်ပါ၊ ကောင်းပါပြီ၊ စွန့်လွတ်ပြီဆိုအံ့၊ သင်သည် သားမယားတို့၌ ငဲ့ညာ နေသလား၊ ငဲ့ညှာပါသည်ဆိုလျင် သင်သည် ငဲ့ညှာသည်ဖြစ်စေ၊ မငဲ့ညှာသည်ဖြစ်စေ သေရမည့်သူချည်းသတည်း၊ အကျိုးမရှိပါ၊ မငဲ့ညှာပါနှင့် ငဲ့ညှာခြင်းကို စွန့်လွှတ်လိုက်ပါ...။
ကောင်ပြီ...စွန့်လွှတ်လိုက်ပြိဆိုပါအံ့။ သင့်အား လူ့စည်းစိမ်၊ လူ့ကာမဂုဏ်၌ ခုံမင်တက်မက်ခြင်း ရှိပါသလား၊ ရှိပါ၏ဆိုလျင် သင်သည် လူ့ကာမဂုဉ်ထက် နတ်ကာမဂုဏ်က လွန်ကဲမွန်မြတ်၏။ နတ်တို့သည် လူတို့လို ပဋိသန္ဓေမနေရဘဲ နတ်သမီး ၁၆ နှစ်ရွယ်၊ နတ်သား ၂၀ ရွယ်အလိုလိုဖြစ်၇၏။ နတ်သက်တမ်းအတိုင်း မညိုးသောပန်း ပန်ပြီးဖြစ်၏။ နတ်သက်တမ်းအတိုင်း မဟောင်းမနွမ်းသော အ၀တ်တန်ဆာရှိ၏။ ဘယ်အခါမှ ချွေးအညစ်အကြေးမရှိ၍ စင်ကြယ်သန့်ရှင်း၏၊ ဆံဖြူသွားကျိုး ပါးရေတွန့်ခြင်းမရှိ၍ အမြဲတမ်းလှ၏၊ ပျင်းသည်မရှိ၍် ပျော်မွေ့လှ၏။ သားသမီးမမွေးဖွားရ၊ ချမ်းသာလှ၏။ တစ်နေ့အတွက် သဖန်းသီအရွယ် နတ်သုဓာဖြင့် စားဖွယ် ကိစ္စ နည်းပါးချမ်းသာလှ၏။
လူ့ကာမဂုဏ်နှင့် နတ်ကာမဂုဏ်သည် သမန်မြက်ဖျား၌ ကပ်နေသော ရေပေါက်နှင့် သမုဒ္ဒရာရှိရေလောက် ကွာဝေးလှ၏။ သင့်အား တောင်းပန်ပါရစေ၊ လူ့ဘုံလူ့ကာမဂုဏ်ကို လွှတ်ရန် နတ်ဘုံနတ်ကာမဂုဏ်၌ ညွှတ်လိုက်ပါ။နတ်ဘုံ နတ်ကာမဂုဏ်ကို ညွှတ်လိုက်ပါပြီဆိုအံ့ ထို့နောက် စတုမဟာရာဇ်နတ်ထက် တာဝတိံသာ ၊ တာဝတိံသာထက် ယာမာ၊ သုတိသာ နိမ္မာနရတိ၊ ပရနိမ္မိတ ၀ဿဝတီထိအောင် တစ်ဘုံထက်တစ်ဘုံ ကောင်းကြောင်း နှစ်သိမ့်သွေးဆောင်ရမည်။
ထို့နောက် နတ်ဘုံထက် ဗြဟ္မာဘုံ ကောင်းကြောင်း သွေးဆောင်ပြီးမှာ ထိုဗြဟ္မာဘုံ ကောင်းကြောင်း သွေးဆောင်ပြီးမှ ထို ဗြဟ္မာဘ၀ ဟာလည်းမမြဲဘူး၊ မခိုင်မာဘူး၊ မမြဲသေး မခိုင်မာသေးသော ခန္ဒ္ဓာငါးပါးအပါအ၀င် ဖြစ်နေပြန်ပြီ။ တောင်းပန်ပါ၇စေ၊ သင်သည် မြဲတဲ့ခိုင်တဲ့ ဒီခန္ဓာငါးပါးချုပ်ငြိမ်းရတဲ့ နိဗ္ဗာန်သို့သာ စိတ်ညွတ်လိုက်ပါဟု ပြောဆို နှစ်သိမ့် သက်သာရန် ကယ်တင်ရမည်။
ထီလာစိုးမြင့်ထယ် (၂၅) ဖေဖော်ဝါရီလ ၂၀၀၉ ခုနှစ် မနောမယဂျာနယ် မှကူးယူဖော်ပြပါသည်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မာနကြောင့်အမျိုးယုတ်နှိမ့်

1

ကဿပ မြတ်စွာဘု၇ား လက်ထက် မင်းသားတစ်ယောက်သည် မိတ်ဆွေကောင်းနှင့် ပေါင်းသင်းမိသဖြင့် သတိ သံဝေဂဖြစ်၍ သာသနာတော်၌ ရဟန်းပြုပြီးလျှင် ပရိယတ် တရားတော်များကို သင်ယူရာ ပရိယတ္တိ ဗဟုသုတနှင့် ပြည့်ဝကုံလုံသော ရဟန်းတော်ဖြစ်လာ၏။ သို့သော် အမျိုးမာန် နှင့် ဗဟုသုတမာန် ခက်ထန်ကြီးမားသောကြောင့် မိမိကိုယ်ကို ၀ါကြွားပြောဆိုကာ သူတစ်ပါးကို ရှုတ်ချပြောဆိုလေ့ရှိ၏။ မိမိကိုယ်ကိုနှိမ့်ချခြင်း နိဝါတ တရားကို နားမလည်သူဖြစ်သည်။
ဂေါတမ မြတ်စွာဘုရား လက်ထက်တော်သို့ ရောက်သောအခါ ထိုရဟန်းသည် သူ၏ ထိုမနှိမ့်ချမှု မာနကြီးမှု အကုသိုလ်ကံကြောင့် အယုတ်ဆုံး အနိမ့်ဆုံး အမျိုးဖြစ်သည့် သုဿာန်စောင့် စဏ္ဍာလအမျိုး၌ဖြစ်ရ၏။ အမည်မှာ သုပ္ပိယဖြစ်၏။
နောင်အခါ သောပါကမထေရ်ထံမှ တရားနာရ ၍ ရဟန်းပြုပြီးလျှင် တရားအားထုတ်ရာ ရဟန္တာဖြစ်သွား၏။ မနှိမ့်ချမှု မောက်မာထောင်လွားမှု မာန အကုသိုလ်သည် ရဟန္တာဖြစ်မည့် ဘ၀အထိလိုက်၍ ဆိုးကျိုးကိုပေးနိုင်ပါသည်။
အမျိုးဂုဏ်၊ ပစ္စည်းဥစ္စာ၊ ပညာအရည်အချင်း၊ ရာထူးဂုဏ်ရှိန် စသည်ဖြင့် တမျိုးမျိုးကြောင့်ဖြစ်စေ မိမိကိုယ်ကို အဟုတ်ကြီး... အတော်ကြီးထင်မှတ်ကာ မာန်မာနခက်ထန်နေသူသည် နှိမ့်ချခြင်း နိဝါတ မင်္ဂလာ မရှိပေ။ ထိုသို့နိဝါတ နှိမ့်ချခြင်း မင်္ဂလာ မရှိသူသည် သိမ်မွေ့နှုးညံပျော့ပျောင်းမှု မရှိသဖြင့် မချမ်းသာနိုင်ပေ။ အမြဲတစေ စိတ်ရော ကိုယ်ပါ ခက်ထန်ကြမ်းတမ်း မောက်မာရိုင်းစိုင်း နေမည်သာဖြစ်ပြီး ပူလောင်နေသူသာ ဖြစ်၏။
ထို့ကြောင့် အပူ၏ ဆန့်ကျင်ဘက် အအေးတရား နှိမ့်ချခြင်း နိဝါတ မင်္ဂလာသည် မုချ လိုလားအပ်သည့် မင်္ဂလာတစ်ပါးပင်ဖြစ်သည်။ နှိမ့်ချစိတ်ထားရှိသူသာ ရိုသေထိုက်သူကို ရိုသေ ကိုင်းရှိုင်းလေ့ရှိပေသည်။

မာန်ထောင်လွှားက၊ မျိုးယုတ်ရ၊ နှိမ့်ချ မျိုးမြတ်သည်။ နှိမ့်ချသူမှာ၊ စဉ်မကွာ၊ မင်္ဂလာရှိပေသည်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ရခဲခြင်းတရားငါးပါး။

0

ရခဲခြင်းတရားငါးပါး။
လူ့ဘ၀နည်းတူ ရဖို့ခဲယဉ်းသော အရာငါးမျိုးကို  မြတ်ဗုဒ္ဓဟောကြားထားသည်မှာ
ဘုရားရှင်ပွင့်တော်မူသောအခါကိုရခဲခြင်း၊
လူဘ၀ကိုရခဲခြင်း၊
သဒ္ဓါတရားရှိသောပုဂ္ဂိုလ်အဖြစ်ကိုရခဲခြင်း၊
ရဟန်းဘ၀ကိုရခဲခြင်း၊
သူတော်ကောင်းတရားကြားနာရခဲခြင်းတို့ဖြစ်ပေသည်။
လူ့ဘ၀ရခဲပုံကို... မြတ်စွာဘုရားကချစ်သားချစ်သမီးတို့၊ ငါဘုရား၏လက်သည်းပေါ်မှာရှိသော မြေမှုန်နဲ့ ဟောဒီအောက်က ပထ၀ီမြေကြီး ဘယ်ဟာက များသနည်း။အောက်မှာရှိတဲ့ မဟာပထ၀ီမြေကြီးက အဆမတန်အောင်များပြားလှပါသည်ဘုရားချစ်သား ချစ်သမီးတို့ ဟောဒီ ဥပမာအတိုင်းပဲ၊ လူ့ဘ၀က နေသေပြီးတော့ လူ့ဘ၀ကိုပြန်ရောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံပေါ်က မြေမှုန်လောက်ပဲရှိတယ်၊ လူ့ဘ၀က သေပြီး အပါယ်လေးဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီး အထုလောက်ရှိတယ် ဟူ၍ဖြစ်ပါသည်။
လူဘ၀ရဖို့ခဲယဉ်းပုံနှင့်ပတ်သက်ပြီး ထပ်မံ ဥပမာ ပြဟောကြားတော်မူခဲ့ရာ...ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တရာမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီး တစ်ကောင်ရှိတယ်။  အဲဒီ သမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာ ဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်းကို ပစ်ချလိုက်ရမယ်။ထမ်းပိုးကလည်း လေတိုက်ရာ အရပ်လေးမျက်နှာ မျောချင်ရာမျောနေမယ်။ လိပ်ကန်းကြီးကလည်း အနှစ်တရာပြည့်ရင် သူပေါ်ချင်ရာပေါ်မယ်။ လိပ်ကန်းကြီးကလည်း အနှစ်တရာပြည့်လို့ေ၇ပေါ်ကိုပေါ်လာတဲ့အချိန်လည်းဖြစ်ရမယ်။ အရပ်လေးမျက်နှာမျောချင်ရာမျော နေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့ တည့်တည့်နေရာ ရောက်နေရမယ်။
ပိုပြီး ခဲခဲယဉ်းယဉ်းဖြစ်ရမှာက တစ်ပေါက်ထဲသာ ဖောက်ထားတဲ့ ထမ်းပိုးက အပေါက်ထဲကို လိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ တည့်တည့် မတ်မတ်ဝင်သွားဖို့ဆိုတဲ့ အရာဟာ လွယ်လွယ်ကူကူဖြစ်နိုင်ပါ့မလား ချစ်သားချစ်သမီးတို့...ထိုသို့ဖြစ်ရန် အင်မတန်မှ ခဲယဉ်းလှပါသည်ဘုရားချစ်သားချစ်သမီးတို့ အပါယ်လေးဘုံသားများ လူ့ဘ၀တစ်ခု ရဖို့ရာကတော့ ယခု ငါဘုရားဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာ ခဲယဉ်းလှသည် ချစ်သား၊ ချစ်သမီးတို့ဟူ၍ ဟောကြားတော်မူခဲပါသည်။ 
ဤဟောကြားချက် ၃ခုကို ပေါင်းကြည့်လိုက်ပါမှ လူ့ဘ၀ရဖို့ခဲယဉ်းပုံကို ပိုမို၍ သိလာရပါသည်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ဥပက္ခာ မတွဲရင် အတုဖြစ်ကာလွဲမယ်

0

ဥပက္ခာ မတွဲရင် အတုဖြစ်ကာလွဲမယ်

မေတ္တာထားရာ
မေတ္တာပွားရာမှာ
ဥပေက္ခာမပါရင်
မေတ္တာဟာ ရာဂဘက်
အစွန်းရောက်သွားတတ်ပါတယ်။

ကရုဏာထားရာ
ကရုဏာပွားရာမှာ
ဥပက္ခာမပါရင်
ကရုဏာဟာ
ဒေါသဘက်
အစွန်းရောက်သွားတတ်ပါတယ်။

မုဒိတာထားရာ
မုဒိတာပွားရာမှာ
ဥပက္ခာမပါရင်
မုဒိတာဟာ မာနဘက်
အစွန်းရောက်သွားတတ်ပါတယ်။

အစွန်းရောက်သွားတဲ့
မေတ္တာ ကရုဏာ မုဒိတာက
ကာယကံရှင်ကို
ငြိမ်းအေးချမ်းမြေ့မှုတွေမပေးဘဲ
စိုးရိမ်ပူပန်ပူဆွေးငိုကြွေးမှု ပရိဒေ၀၊
ကိုယ်ဆင်းရဲမှု ဒုက္ခ၊
စိတ်ဆင်းရဲမှု ဒေါမနဿ၊
အပြင်းအထန်ပူပန်မှု
ဥပါယာသတွေပဲ ပေးပါလိမ့်မယ်။

အရှင်ဆန္ဒာဓိက စိတ်အားဖြည့် ဓမ္မပန်းပွင့်စာအုပ်မှ ကူးယူဖော်ပြပါသည်။

ဒု၊ သ၊ န၊ သော

0

ကောသလမင်းကြီးသည် တစ်နေ့တွင် လင်ရှိမယားတစ်ယောက်ကို မတရားသော နည်းဖြင့်ရရန် ကြံစည်နေရာ ညသန်းခေါင်းယံထိ ရောက်သွားတော့သည်။ ညသန်းခေါင်းရောက်သည် နှင့် ဒု၊ သ၊ န၊ သော ဟူသော အသံကြီး လေးမျိုးကို ကြားရသဖြင့် တစ်ညလုံး အိပ်မပျော်နိုင်ဖြစ် ခဲ့ရပါသည်။ မိုးလင်းသောအခါမှ မလ္လိကာဒေ၀ီ၏ အကြံပေးမှုဖြင့် ဘုရားထံမှောက် အရောက်သွားကာ ညက အသံနက်ကြီးများ အကြောင်းကို မေးလျှောက်ပါသည်။ ထိုအခါ မြတ်ဗုဒ္ဓက-
ဒီအသံနက်ကြီးလေးခုသည် အသင်မင်းကြီး၏ အသက်အန္တရာယ်အတွက်မဟုတ်၊ လူ့ဘ၀က ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ကြသော သူဌေးသားလေးယောက် လောဟကုမ္ဘီငရဲအိုးသို့ ကျရောက်ရာ နှစ်ပေါင်းများစွာကြာမှ အိုးနှုတ်ခမ်းပေါ်သို့ ခေါင်းလေး တစ်ခါသာ ပေါ်နိုင်သည်။ ထိုသို့ ပေါ်ချိန်ကလေးတွင် မိမိတို့၏ မိုက်ပြစ်များ၊ လူ့ဘ၀တန်ဖိုးများကို ပြောဆိုကြရာ ဆုံးအောင်မပြောနိုင်ဘဲ တစ်ယောက်လျှင် စကားတစ်လုံးစီသာပြောဆိုပြီး ငရဲအိုးတွင် ပြန်၍နစ်ကြရသည်ဟု ရှင်းပြတော်မူပါသည်။ ၄င်းအသံလေးမျိုးတွင် သော ဟူသော စကားလုံး အဓိပ္ပါယ်သည်...
ငါသည် ဤငရဲဘေးကြီးမှ လွတ်မြောက်၍ အလွန်ရခဲသော လူ့ဘ၀ကို ပြန်၍များရခဲ့လျှင် သူတော်ကောင်းများ၏ တရားကိုလည်း ကောင်းစွာ နာယူပါ့မယ်။ ငါးပါးသီလ၊ ရှစ်ပါးသီလကိုလည်း ပြည်စုံအောင် စောင့်ထိန်းပါတော့မယ်။ ကုသိုလ်တရားမှန်သမျှ အလုံးစုံကို ကြိုးစားအားထုတ်ပါတော့မည်ဟု..ဆိုခြင်းပင်ဖြစ်သည်။

ဘုရားရှင်၏ ကျေးဇူးကြောင့် ငရဲပြည်မှ နောင်တသံကို ဖတ်ရှုကြားနာကြရသော ကျမတို့သည်လည်း လူ့ဘ၀တန်ဖိုးကို လူ့ဘ၀မှာပင် စောစောစီးစီးသိရသဖြင့် ကျေးဇူးများလှပါသည်။ သိပြီးနောက် လည်း ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးကိုလည်း သိဖို့လိုအပ်ပါတယ်။ထို့ကြောင့် အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီးက-

အကယ်၍သာ၊ မြတ်ဗုဒ္ဓါသည်
လူ့ရွာထင်ရှား၊ မပွင့်ငြားက
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ
ယခုခါသော်၊ မြတ်ဇိနော်သည်
ပွင့်ပေါ်ထင်ရှား၊ ဟောညွှန်ကြား၍
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ သိကြရ၊များလှကျေးဇူးပေ..ဟု စပ်ဆိုတော်မူခဲ့ပါသည်။

ညခင်း

တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ကိလေသာများလေ မော်ဒယ်ဟောင်းလေ

0

တခြားကိလေသာတွေလည်း
လောဘနဲ့ နည်းတူပါပဲ။
ဒေါသ တစ်ချက်ထွက်တိုင်း
မော်ဒယ်လ်တစ်ရစ်
ဟောင်းသွားပါတယ်။
ဘ၀င်တစ်ချက် မြင့်တိုင်း
မော်ဒယ်လ် တစ်ဆင့်
နိမ့်သွားပါတယ်။
သူတစ်ပါးရဲ့ အောင်မြင်မှုကို
မနာလိုတဲ့
ဣဿာ ဖြစ်တိုင်း
ကိုယ့်ရဲ့ ပြည်စုံမှုမျိုး
သူတစ်ပါးမရစေချင်တဲ့
မစ္ဆရိယဖြစ်တိုင်း
စိတ်ဟာ
မော်ဒယ်လ်ဟောင်းဟောင်းသွားပါတယ်။
မော်ဒယ်နိမ့်နိမ့်သွားပါတယ်။

အရှင်ဆန္ဒာဓိက (စိတ်အားဖြည့် ဓမ္မပန်းပွင့်) စာအုပ်မှ ကူးယူဖော်ပြပါသည်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers