ကန်တော့ ဆွမ်းဆိုတာဘာလဲ? (၂)

0

ဆွမ်းလို့ပြောလိုက်ရင်လူတွေစားတဲ့ထမင်းပဲလို့ယေဘုယျနားလည်ကြပါတယ်။ဝိနည်းကံနဲ့လျှော်ညီ
အေင်
'ထောပတ်ဆွမ်း''မုံ့ဆွမ်း''သစ်သီးဆွမ်း'စသည်ဖြင့်စားစရာမှန်သမျှကို'...ဆွမ်း'ဆိုတဲ့ နာမည်နဲ့ခေါ်ပြီးရဟန်းသာမဏေတွေကိုဆက်ကပ်လှူဒါန်းရပါတယ်။ဝိနည်းကဆင်းသက်လာတဲ့

ဒီအစဉ်အလာယဉ်ကျေးမှုကနေ'ကန်တော့ဆွမ်း'ဆိုတာဖြစ်လာပါတယ်။ဆွမ်းလာရပ်တဲ့ကိုယ်တော်ကို စားသုံးဖွယဆွမ်းလောင်းနေ့တဲ့ဗုဒ္ဓဘာသာတစ်ယောက်အဆင်မပြေတဲ့တစ်နေ့ဆွမ်းခံကိုယ်တော်က
'
ကန်တော့ဆွမ်း'ဆိုလိုက်ရတဲ့အခါသူ့စိတ်ထဲမှာဆွမ်းခံကိုယ်တော်ကိုအားတုံ့အားနာဖစ်နေမှာသေချာပါတယ်။ သာသနာရေး,ဘာသာရေး,ကုသိုလ်ရေးမပြောနဲ့လောကလူမှုဆက်ဆံရေးမှာတောင်မြန်မာတွေ အားနာတတ်ကြပါတယ်။မပေးချင်းဘူး,မလာနိုင်ဘူး,မယူနဲ့,မသွားနဲ့စတဲ့တစ်ဘက်သားနဲ့ တိုက်ရိုက်ဆန့်ကျင်တဲ့စကားမျိုးးကိုပြောဖို့မြန်မာတွေအားစေးနေတတ်ကြပါတယ်။တတ်နိုင်

သလောက်တစ်ဘက်သားကိုလိုက်လျှောပေးတတ်ကြပါတယ်။'ကန်တော့ဆွမ်း'ဆို့တဲ့စကားဟာဝိနည်းသဘော၊ အလင်္ကာသဘော၊ဥပစာသဘောတွေပါဝင်နေတဲ့အတွက်၊တစ်ဘက်သားကိုအားနာတတ်ခြင်း, တစ်ဘက်သားကိုအရေးထားလေးစားခြင်းစတဲ့မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်တွေပါဝင်နေတဲ့အတွက်အဓိပ္ပာယ် လေးနက်သိမ်မွေ့နေပါတယ်။

အာဟာရတစ်မျိုးမျိုးလောင်းလှူနိုင်ဦးတော့ရဟန်းသာမဏေနဲ့တွေ့ရတဲ့အခွင့်အရေးကိုဒီအတိုင်း
လက်လွတ်မခံနိုင်ဘူးအရိုအသေပေးလိုက်မယ်ရှိခိုးလိုက်မယ်လက်အုပ်ချီလိုက်မယ်၊ဒါနစေတနာမ
ဖြစ်တောင်မှပဏာမစေတနာ၊ဂါရဝစေတနာတော့ဖြစ်အောင်ကြိုးစားလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့
ကုသိုလ်အခွင့်ရေးကိုအရယူတဲ့သဘောလည်းပါဝင်နေပါတယ်။ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့ တစ်ခုပါပဲ။

ပါဠိစာပေမှာတော့ 'ကန်တော့တယ်'ဆိုတဲ့ အဓိပ္ပယ်နဲ့ 'ဝန္ဒေ-ဝန္ဒာမိ, ပူဇေမိ...'စတဲ့အသုံးတွေ တွေ့ရပါတယ်။ ဒီပါဠိပုဒ်တွေရဲ့ အဓိပ္ပာယ်ကို ဓမ္မဂီရိကထုတ်ဝေတဲ့ဆူဌသံဂါယနာစီဒီရွမ် version-3) eJY Microsoft Word Dictionary တို့မှာဆက်စပ်ရှာဖွေကြည့်တော့
Worship, Admire, Adore, Respect, Like, Love
စတဲ့အဖွင့်တွေတွေ့ရပါတယ်။

ဒီတော့'ကန်တော့ဆွမ်းပါဘုရား'ဆိုတဲ့စကားကို'တပည့်တော်မှာလောင်းလှူစရာမရှိလို့ဘာမှမလောင်းလှူလိုက်နိုင်
ပေမယ့်အရှင်ဘုရားကိုလေးစားကြည်ညိုပါတယ်ချစ်ခင်မြတ်နိုးတန်ဖိုးထားပါတယ်ဘုရား...'လို့အဓိပ္ပာယ်
ဖွင့်ဆိုနိုင်ပါတယ်။'ကန်တော့ဆွမ်း'ဆိုတဲ့ စကားထဲမှာ သိမ်မွေ့တဲ့ အလှတရားတွေ ပါဝင်နေသလိုအရုပ်ဆိုး အကျည်းတန်ခြင်းတွေလည်း ပါဝင်နိုင်ပါတယ်။စကားတစ်ခွန်းရဲ့ အဓိပ္ပာယ်အဆိုးအကောင်း ဆိုတာကတော့ ပြောဆိုသူရဲ့ အလိုဆန္ဒရည်ရွယ်ချက် အတိုင်း ဖြစ်ရတာပါ။ရှင်ရဟန်းများ ဆွမ်း လာရပ်တဲ့အခါ တကယ်လှူစရာမရှိလို့ 'ကန်တော့ဆွမ်း' ဆိုရသလိုလှူစရာ ရှိပေမယ့် မလှူချင်လို့၊ ဆွမ်းလာရပ်တာကိုကြည့်မရလို'ကန်တော့ဆွမ်း'လိုပြောချလိုက်တာလည်းရှိနိုင်ပါတယ်။အဲဒီလိုကန်တော့
ဆွမ်းမျိုးမှာတော့အရုပ်ဆိုးဆိုးအကုသိုလ်တွေပါ
ဝင်လာပါတယ်။နှမြောလို့,မလှူချင်လဲ'

ကန်တော့ဆွမ်း'ဆိုလိုက်တယ်မစ္ဆရိယဖြစ်ရော။ဆွမ်းလာရပ်တာကိုကြည့်မရလို့'ကန်တော့ဆွမ်း'ဆိုလိုက်တယ်
ဒေါသဖြစ်ရော...။ဒီလိုဆိုပြန်တော့လည်း'ကန်တော့ဆွမ်း'တစ်ခုဟာအကုသိုလ်အမျိုးမျိုးးနဲ့ဆက်စပ်နေပြန်ပါရောလား။ရှင်ရဟန်းတွေကတော့ ဘယ်လို'ကန်တော့ဆွမ်း'ပဲဖြစ်ဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံရပါတယ်။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers