ကန်တော့ ဆွမ်းဆိုတာဘာလဲ(၃)

0

မြန်မာ့သာသနာ အဝန်းအဝိုင်းကို ကျေးလက်နဲ့ မြို့ပြလို့ နှစ်ပိုင်းခွဲမယ်ဆိုရင်
အရုပ်ဆိုးတဲ့ 'ကန်တော့ဆွမ်း'တွေဟာ မြို့ပြမှာ ပိုတွေ့ရပါတယ်။ မြို့နေလူတန်းစား
တော်တော်များများဟာ လူနေမှုအဆင့်မီအောင် အပြိုင်အဆိုင် ရုန်းကန်ကြိုးစား နေကြရတာ
ဆိုတော့ ယေဘုယျပြောရရင် သာသနာနဲ့ စိမ်းနေပါတယ်။ ဒီတော့ 'ကန်တော့ဆွမ်း'
လွယ်လွယ် ဆိုဖြစ်တာပေါ့။ ရဟန်းသာမဏေနဲ့ နီးစပ်မှု ရှိနေတယ်ဆိုရင် 'ကန်တော့ဆွမ်း'
ဆိုဖို့ နှုတ်လေးသွားပါတယ်။

ဆွမ်းခြွံကကြတဲ့အခါ အတန်အသင့် အရွယ်ရလာတဲ့ ကိုရင်တွေ၊ ဦးဇင်းတွေဟာ
အရိပ် အကဲကြည့်ပြီး ဆွမ်းရပ်ကြတာဆိုတော့ ကန်တော့ဆွမ်းနဲ့ ကြုံရခဲပါတယ်။ အဆင်
မသင့်လို့ 'ကန်တော့ဆွမ်း'နဲ့ ကြုံရရင်လည်း သိပ်အရုပ်မဆိုးလှပါဘူး။ ဒီတော့ မြို့ပြက အရုပ်
ဆိုးဆိုး 'ကန်တော့ဆွမ်း'တွေကို ကိုရင်ငယ်တွေ အများဆုံး ကြုံရတတ်ပါတယ်။ ကိုရင်ငယ်
တွေ ကြုံရတာလည်း ဈေးဆိုင် လက်ဖက်ရည်ဆိုင် စတဲ့ လူပေါင်းစုံ စုဝေးမိတဲ့ နေရာတွေမှာ
ဖြစ်ပါတယ်။

လက်ဖက်ရည်ဆိုင်ထိုင်တဲ့ လူတစ်ယောက်ဟာ တော်ရုံတန်ရုံ သဒ္ဓါတရားရှိတယ်၊
အတန်အသင့် သာသနာတော်ကို ချစ်တတ်တယ် ဆိုရင်ပဲ လက်ဖက်ရည်ဆိုင်မှာ တွေ့ရတဲ့
ကိုရင်ငယ်တွေကို မုံ့၊ ဒါမှမဟုတ် ငွေအြွေက ပေးလှူလိုက်ကြပါတယ်။ လက်ဖက်ရည်ဆိုင်မှာ
တွေ့ရတဲ့ ကိုရင်လေးတွေဟာ အနေအထိုင် မသပ်မရပ်နဲ့ အကြည်ညို မဲ့စရာတွေပဲ
များပါတယ်။ ဒီလို အလှူခံမျိုးကိုတောင် ရက်ရက်ရောရော ပေးလှူနိုင်တဲ့ ဒကာဒကာမရဲ့
သာသနာစိတ်ဟာ ပေါ့သေးသေး မဟုတ်ပါဘူး။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်မှာ ဆွမ်းရပ်တဲ့
ကိုရင်လေးတွေဟာ 'ကန်တော့ဆွမ်း'ရတာသာ များပါတယ်။ ကိုရင်တွေက တစ်ပါး
မဟုတ်တော့ လှူတဲ့သူလည်း အပါးစေ့ ဘယ်တတ်နိုင်မှာလည်း။ တစ်ခု၊ တစ်ခွက်၊ တစ်လိပ်
သောက်ဖို့ မနည်းတိုင်းထွာ နေရသူဟာ ဘယ်လိုလုပ် လှူနိုင်တော့မှာလည်း။ စိတ်ဓာတ်
သိမ်မွေ့တဲ့သူ၊ သာသနာချစ်စိတ်ရှိတဲ့သူ ဆိုရင် 'ကန်တော့ဆွမ်းပါဘုရား'လို့ သိမ်သိမ်မွေ့မွေ့
လျှောက်ထားလိုက်ရုံ ရှိတော့တာပါပဲ။ သာသနာနဲ့ အလှမ်းဝေးတဲ့သူ ဆိုရင်တော့ လာရပ်တဲ့

ကိုရင်ကို မမြင်ချင်ဟန် ဆောင်နေ လိုက်မယ်၊ မျက်နှာလွှဲ နေလိုက်မယ်။ သဘောပေါက်ရင်
ြွကပေတော့ပေါ့။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ၊ ထောင့်မကျိုးတဲ့သူ ဆိုရင်တော့ မျက်စောင်း
ထိုးလိုက်မယ်၊ အံကြိတ်ပြလိုက်မယ်၊ လက်ခါထုတ်လိုက်မယ်။ အသံတိတ် 'ကန်တော့ဆွမ်း'
တွေပေါ့။ အရုပ်ဆိုးလွန်းပါတယ်။ သာသနာတော်အတွင်း ဆရာဒကာ ဆက်ဆံရေးမှာ ဒီလို
သွေးကြဲတဲ့ အြုပအမူ
မျိုးတွေ မရှိသင့်ပါဘူး။

ဒီနေရာမှာ အရုပ်ဆိုးတဲ့ 'ကန်တော့ဆွမ်း'တွေ ရှိနေတာ သဒ္ဓါမွဲတဲ့၊ စေတနာမဲ့တဲ့
ဒကာဒကာမတွေ ကြောင့်ပဲလို့ တစ်ဘက်သတ်လည်း အပြစ်မဆိုသင့်ပါဘူး။ လောင်းလှူဖို့
အသင့်ပြင်ထားတဲ့ ဆွမ်းအုပ် မရှိတဲ့ဆိုင်မှာ ဆွမ်းလာရပ်တယ် ဆိုကတည်းက ကိုရင်လေး
တွေရဲ့ မရိုးသားမှုလည်း ထင်ရှားနေပါပြီ။ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ဆွမ်းအလှူခံတာ အပြစ်
မဟုတ်ပေမယ့် ကိုရင်တော်တော်များများ ဆိုင်တွေမှာ ဆွမ်းရပ်တယ် ဆိုတာ ဆွမ်းရဖို့ မဟုတ်
ပါဘူး။ သူတို့မျှော်လင့်ထားတာက ဝတ္ထုငွေကြေးပါ။ စာသင်ရမယ့် အရွယ်မှာ ဝတ္ထုငွေကြေး
လာဘ်လာဘကို ကြည့်နေတတ်ကြပါပြီ။ ဒီလိုဖြစ်နေရတာ သူတို့လေးတွေရဲ့ မိုက်မဲမှုပဲလို့
အပြစ်ပြောလို့လည်း မရသေးပါဘူး။ တကယ်တော့ သူတို့လေးတွေဟာ ကြပ်ကြပ်မတ်မတ်
သွန်သင်ပေးမယ့် ဆရာကောင်း သမားကောင်းနဲ့ မတွေ့ကြရတဲ့အတွက် သနားစရာတောင်
ကောင်းပါသေးတယ်။ အရုပ်ဆိုးတဲ့ 'ကန်တော့ဆွမ်း'တွေ ပပျောက်သွားအောင် ဆိုင်စဉ်လှည့်
ဆွမ်းခံမယ့် အစား အိမ်စဉ်လှည့် ဆွမ်းခံဖို့ ကိုယ့်တပည့် ကိုရင်ငယ်ကို နီးစပ်ရာ ဆရာ
သမားတို့က သွန်သင်ပေးရမှာ ဖြစ်ပါတယ်။

ကိုရင်ငယ်လေးတွေ စာကိုပဲ စိတ်ဝင်စားလာအောင် ဆွဲဆောင် ပုံသွင်းပေးလို့
ရပါတယ်။ သူတို့စရိုက်ကိုလိုက်ပြီး အလွယ်အခက်၊ အောင်မြင်မှု အနည်းအများတော့
ကွာမှာပေါ့။ ဆရာ့ရှေ့မှာ တစ်နေ့တာအတွက် အလွတ်ပြန်ပြရမယ့်စာကို စာရွက်
သေးသေးမှာရေး၊ သပိတ်ပေါ်တင်ပြီး ဆွမ်းခြွံကရင်း စာကျက်တဲ့ ကိုရင်လေးတွေ ရှိပါတယ်။
တစ်နေ့တစ်ခါ မှန်မှန် စာပြန်ခိုင်းပြီး တပည့်ကို ထိန်းကွပ် ပေးတာဟာလည်း ဆရာကောင်း
သမားကောင်းတို့ရဲ့ ဂုဏ်အင်္ဂါတစ်ရပ် ဖြစ်ပါတယ်။ ဆရာကောင်း သမားကောင်းရဲ့ သွန်သင်မှု
အောက်မှာ နေခွင့်ရတဲ့၊ ကံကောင်းတဲ့ ကိုရင်ငယ်တွေဟာ စာပေကို စိတ်ဝင်စား
တတ်ကြပါတယ်။ သူတို့အတွက် အရုပ်ဆိုးဆိုး 'ကန်တော့ဆွမ်း'တွေကြောင့် မျက်နှာငယ်ရ
တာမျိုး မရှိပါဘူး။ ကိုရင်လေးတွေ မျက်နှာငယ်ရတယ်ဆိုရင် သာသနာတော်လည်း အသရေ
ယုတ်ပါတယ်။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers