အိမ်လွမ်းတဲ့ ကြယ်

0

တဖျတ်ဖျတ်နှင့်
တောက်ပနေတဲ့ ကြယ်ကလေး
လွမ်းဆွေးနေပြီလား
အနားမှာ ဘယ်သူမှ မရှိတဲ့ ဘဝ
နေသား ကျတယ် ဆိုပေမဲ့
တစ်ခါတစ်လေတော့လည်း
လက်ဆုံစားပွဲကို သတိရမယ်
ငယ်ငယ်က အိပ်ရာဝင်ပုံပြင်
ပြန်နားဆင်ချင်ဦးမယ်
မေ့မေ့ရင်ခွင် ၀င်တိုး
ဖိုးလမင်းဆီ ထမင်း တောင်းချင်မိ
ရင်ထဲမှာ မချိပေမဲ့
မျက်ရည် တွေကို မျိုသိပ်
တိတ်တိတ်လေး ရှိုက်ငို
ကျန်ရစ်တဲ့ချစ်သူကိုလည်း သတိရမယ်
မြဲခဲ့ဖူးတဲ့ လက်တွဲ တစ်စုံ
ရင်ခုံဖူးတဲ့ အတိတ်
အိမ်မက်ဟောင်းရဲ့ ချိုမြိန်ခြင်း
ပြန်လွမ်းရင်း လွမ်းရင်းနှင့်
ရာသီစက်ဝန်းမှာ
စံပယ် တစ်လှည့် သဇင်တစ်လှည့်
ပိတောက်လည်း ပွင့်ခဲ့ ပြီး ပြီး
အားမလျှော့ပါနှင့်
ပြန်ဆုံကြမယ်....တစ်နေ့............။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers