ရေးသားသူ.... Anonymous | at Tuesday, February 26, 2008
Category : ဘုရားဖူးခရီးစဉ်မှတ်တမ်း
ရေးသားသူ.... Anonymous | at Tuesday, February 26, 2008
Category : ဘုရားဖူးခရီးစဉ်မှတ်တမ်း
ရေးသားသူ.... Anonymous | at Sunday, February 24, 2008
Category : ထိုထိုမိန်းမ။
ရေးသားသူ.... Anonymous | at Sunday, February 24, 2008
Category : ဘာသာရေး
ရေးသားသူ.... Anonymous | at Sunday, February 24, 2008
Category : ဘာသာရေး
အမျိုးသမီးတစ်ယောက်သည်ညတစ်ရေးနိုးလာသောအခါသူမယောင်္ကျားဖြစ်သူရှိရာအားကြည့်လိုက်ရာသူမ၏
ယောင်္ကျားအားအိပ်ရာပေါ်တွင်မတွေ့ရပေ။ဒါကြောင့်အိပ်အောက်ထပ်သို့ဆင်း၍ရှာလေသည်။နောက်ဆုံး
သူမယောင်္ကျားဖြစ်သူအားမီးဖိုချောင်ရှိထမင်းစားပွဲတွင်ကော်ဖီတစ်ခွက်ကိုရှေ့တွင်ချ၍ထိုင်
နေသည်ကိုတွေ့ရလေသည်သူသည်နံရိံကိုမျက်တောင်မခတ်စိုက်ကြည့်ပြီးတစ်စုံတစ်ရာကိုနက်နက်နဲနဲ
တွေးတောနေလေသည်။သူသည်မျက်ဝန်းမှမျက်ရည်စတွေကိုပွတ်သတ်ရှင်းလင်းရင်းလက်မှ
ကော်ဖီခွက်ကိုတချိုက်ခြင်းဆီသောက်နေသည်ကိုသူမအတန်ကြာကြည်နေ့မိသည်။
သူမသည်ယောကျာ်းဖြစ်သူအား“မောင်…ရှင်ဘာတွေဖြစ်နေတာလဲဟင်”
မီးဖိုခန်းအ၀င်လေးမှတီးတိုးစွာလှမ်းမေးလိုက်လေသည်.တဆက်ထဲမှာပဲ
”ရှင်ဘာဖြစ်လို့ညအချိန်မတော်ဒီအောက်ကိုရောက်နေတာလဲရှင်ရယ်” ဟုပြောလေသည်။
ယောကျာ်းဖြစ်သူသည် ကော်ဖီခွက်ကြည့်နေရာမှ သူမရှိရာလို့ လှမ်းကြည့် ကြီး
“ချစ်ဟိုးလွန်ခဲ့တဲ့နှစ်၂၀ဒီဇင်္ဘာလတုန်းကမင်းနဲမောင်ချိန်းတွေကြတာမင်းမှတ်မိလား.
မင်းက၁၈နှစ်ပဲရှိသေးတယ်လေလေးနက်စွာပြေလိုက်လေသည်.သူမကလည်း
“အင်း ..မောင်မှတ်မိပါတယ်”ဟုပြန်ပြောလိုက်လေသည်။ထို့ နောက် ယောက်ျားဖြစ်သူသည် အတန်ကြာစကားသံထွက်မလာသေးပဲ..အတန်ကြာသောအခါ “ချစ်တို့ဥယျာဉ်တခုထဲကိုမင်းအဖေလိုက်ဖမ်းလို့ဖြတ်ပြေးခဲ့ရတာမှတ်မိလားဟင်”..သူမကသူအနားရှိ
ခုံလွှတ်တစ်ခုကိုယူထိုင်ရင်း
“အင်း ..မှတ်မိပါတယ်မောင်”ဟုပြန်ဖြေလိုက်သည်။ယောက်ျားဖြစ်သူကဆက်ပြောလေသည် “မင်းမှတ်မိပါ့မှလား..မင်းအဖေကငါ့မျက်နှာကိုသေနတ်နဲ့ချိန်ပြီးမောင်ကိုပြောတယ်.မင်းငါ့သမီးကို
လက်ထပ်ရင် လက်ထပ်. မထပ်ရင်မင်းကိုထောင်ထဲကိုအနှစ်၂၀ပို့ ပစ်မယ်လို့ ပြောခဲ့တယ်”..
သူမကနူးညံ့သောအသံဖြင့်
“အင်း ..ကျွန်မလည်းမှတ်မိနေတုန်းပါပဲရှင်”ဟုပြန်ဖြေလိုက်သည်။ထိုအခါ ယောက်ျားဖြစ်သူက သူမျက်ပါးပြင်ပေါ်တွင်ရှိသောမျက်ရည်စတွေကို ပွတ်သပ်လိုက်ပြီး ဤသို့ဆက်ပြောလိုက်လေရာ “ဒါကြောင့် ငါကိုဒိနေ့ ပဲလွတ်မြောက်ခွင့် မင်းပေးပါတဲ့ ”
:)
ရေးသားသူ.... Anonymous | at Friday, February 22, 2008
Category : မှတ်ဖွယ်ရာရာ ဗဟုသုတ
ခေါင်းမိုးကပြောတယ်--ရည်မှန်းချက်မြှင့်မြှင့်ထားပါ။
ပန်ကာကပြောတယ်--မင်းအမြဲအေးချမ်းပါစေ။
နာရီကပြောတယ်--စက္ကန့် ၊မိနစ် အချိန်တိုင်းကို တန်ဖိုးထားတတ်ပါ။
ကြေးမုံ(မှန်)ကပြောတယ်-မင်းရဲ့လုပ်ရှားမှုတိုင်းဟာ မင်းကိုတန်ပြန်သက်ရောက်နေတယ်။
ပြတင်းပေါက်ကပြောတယ်-ကမ္ဘာကြီးကို ကြည့် ပါ။
ပြက္ခဒိန်ကပြောတယ်-မင်းဟာ အချိန်နဲ့ တပြေးညီဖြစ်နေပါ။( up to date)
ရေးသားသူ.... Anonymous | at Thursday, February 21, 2008
Category : မှတ်ဖွယ်ရာရာ ဗဟုသုတ
မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား....?
အေးးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့်အက်စကီးမိုး လူမျိုးတွေက ဘာမှ
အင်အာားထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။
ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ
ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ
အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။
ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။အနံ့ခံကောင်းတဲ့
သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့
အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့
ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို
သတိမထားမိတော့တဲ့အထိပါပဲ။
လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။
အကြောင်းက သွေးအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့်
ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက
မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး
မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။
ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း
ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောာင်မြင်လေလေ ၀င်ငွေများများ
ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့က အဲဒီငွေကြေးကို
ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။
ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး
အရာဖြစ်တဲ့ မိသားစုနဲ့အဲတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊
လူတစ်ဖက်သားကိုကူညီဖို့အရေးဆိုတာကိုတောင်သူတို့မေ့နေခဲ့ကြတယ်။
အမေရိကားရဲ့ အပတ်စဉ်ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးးကို မေးခွန်းမေးပြီး
စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘ၀ကိုအသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက
ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင်
သားသမီးတွေနဲ့အတူနေတဲ့အချိန်ကိုလက်မလွတ်ချင်ဆုံးပါ”လို့ပြန်ဖြေခဲ့ကြတယ်။
တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင်
နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ
ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့... ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ
ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို
ကိုယ့်သွေးကို သောက်ပြီး
တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။
ရေးသားသူ.... Anonymous | at Saturday, February 16, 2008
Category : မှတ်ဖွယ်ရာရာ ဗဟုသုတ
ရေးသားသူ.... Anonymous | at Saturday, February 16, 2008
Category : မှတ်ဖွယ်ရာရာ ဗဟုသုတ
၁။ကျောင်းသားတယောက်ကဆရာ့ကိုမေးတယ်တဲ့
အချစ်ဆိုတာဘာလဲ ??
ဆရာကပြောတယ် မင်းရဲ့မေးခွန်းဖြေဖို့ အတွက် မင်း စပါးခင်းထဲကိုသွားပါ အကြီးဆုံး စပါးနှံ(စပါးစေ့ဆိုရင်လဲရမှာပါ မြင်သာအောင်စပါးနှံလို့)
ေ၇ွးယူပြီးပြန်လာခဲ့လို့ မှာတယ် ဒါပေမဲ့ စည်းကမ်းက စပါးစိုက်ခင်းတန်းတခုကို တခါပဲဖြတရမယ်။ပြန်လှည့် ပြီးကောက်ခွင့်မရှိဘူးတဲ့
ဒါနဲ့ကျောင်းသားက လယ်ကွင်းထဲသွားတယ် ပထမတန်းကိုဖြတ်တဲ့အခါ စပါးနှံကြီးတခုကို မြင်တယ် ဒါပေမဲ့ သူ ထင်တာ နောက် တစ်တန်းမှာ ဒီထက်ကြီးတာတွေ့နိုင်သေးတယ်ပေါ့ နောက်တော့စပါးခင်းတ၀က်လောက်မှာ သူတွေ့သမျှစပါးနှံတွေက ပထမသူတွေ့ခဲ့တဲ့ စပါးနှံလောက်
မကြီးဘူးဆိုတာ သူသိလာတဲ့ အခါ သူနောင်တရခဲ့တယ် နောက်ဆုံးမှာ လက်ဗလာနဲ့ဆရာ့ဆီပြန်ခဲ့တယ် ။ ဆရာကသူ့ကို ပြောတာက အဲဒါအချစ်ပဲ။မင်းကနောက်ထပ်ဒီထက်ကောင်းတာတွေ့မလားဆိုပြီး ရှာခဲ့တယ် ဒါပေမဲ့ကောင်းတဲ့တယောက်ကိုမင်းဆုံးရှုံးခဲ့ပြီဆိုတာ
နောက်တော့မှမင်းသိလာမယ်တဲ့
လက်ထပ်ဖြင်း(အိမ်ထောင်ရေး)ဆိုတာဘာလဲ??
၂။ ကျောင်းသားက ထပ်မေးပြန်တယ် ဒါဆို လက်ထပ်ခြင်း(အိမ်ထောင်ရေး)ဆိုတာဘာလဲတဲ့
ဒီတော့ဆရာကပြောတယ် ဒီတခါ ပြောင်းဖူးခင်းထဲသွားပါ အကြီးဆုံးပြောင်းဖူးယူပြီးပြန်လာပါလို့ဆိုသတဲ့ စည်းကမ်းကတော့
ပထမစည်းကမ်းအတိုင်းပဲပေါ့(ပြန်မရေးတော့ဘူးနော်)ဒီတခါတော့ကျောင်းသားကလဲသိသွားပြီဆိုတော့စောစောကလိုမမှားဖို့
သေချာဂရုစိုက်ပြီပေါ့ပြောင်းခင်းအလယ်လောက်မှာတော့ အလယ်အလတ်ပြောင်းဖူးတခုကို သူကျေနပ်စွာကောက်ယူပြိးဆရာ့ဆီပြန်ခဲ့တယ် ။ ဆရာကပြောတာက ဒီတခါတော့မင်း ပြောင်းဖူး တဖူးယူလာနိုင်တယ်။မင်းစိတ်ထဲမှာ မင်းကောင်းတာရှာတွေ့တယ် မင်းအကောင်းဆုံးရခဲ့တယ် ဆိုတဲ့ယုံကြည် စိတ်ချမှု ရှိတယ် လက်ထပ်ခြင်း(အိမ်ထောင်ရေး)ဆိုတာအဲဒီလိုပါပဲလို့ ဆိုသတဲ့
အောက်ဆုံးက စာကြောင်းက တော့ ဗမာလိုနည်းနည်း ပြောရခက်နေလို့ နားလည်ချင်သလိုသာ နားလည်လိုက်တော့ ဟီဟီး
အိဗန်နော့မိခင်ကြီးဆုံးတာတစ်လပင်မပြည့်သေး။အလှဆုံးနှင်းဆီတစ်စည်းဝယ်ပြီးမိခင်ကြီးအုတ်ဂူရှေ့သို့ရောက်ခဲ့ပြန်သည်။အုတ်ဂူပေါ် ပန်းစည်းတင်ပြီးငိုသည်။
ငိုလို့အာားရတော့မှမိခင်ကြီးအတွက်ဆုတောင်းပြီးထိုင်ရာမှထလေသည်။သူဘေးဆီမှငိုသံလိုလို၊
စကားပြောသံလိုလိုကြားရသည်။အသံလာရာသို့ကြည့်လိုက်တော့လူရွှယ်တစ်ဦးအုတ်ဂူဟောင်းတစ်လုံး
ဘေးမှာဒူးထောက်
အီဗန်နော့စိတ်ထဲမကောင်းလူရွယ်ကိုအားပေးနှစ်သိမ့်ဖို့ဆုံးဖြတ်လိုက်လေသည်။အနားသို့လျှောက်သွားပြီး
”ငါ့ညီရယ်၊ကိုယ့်စိတ်ကိုကိုယ်ဖြေမှပေါ”ဟုအစချီကာတတ်အားသမျှ ချောမော့နှစ်သိမ့်ပေးလေသည်။
ထို့နောက်နှစ်ယောက်သားပြန်ထွက်လာခဲ့ကြသည်။
သင်္ချိုင်းအပြင်ရောက်မှအိဗန်နော့ကလူရွယ်ကိုမေးလေသည်”အခုဆုံးသွားတဲ့လူကငါ့
ညီလေးနဲ့ဘာတော်သလဲကွယ့်”
“အခုဆုံးသွားတဲ သူက ကျွန်တော့်မိန်းမရဲ့ ပထမယောင်္ကျားပါ”
:P
ရေးသားသူ.... Anonymous | at Thursday, February 14, 2008
Category : ဆောင်းပါး
ဒီနေ့ ဖေဖော်ဝါရီ (၁၄)ရက်နေ့ ချစ်သူများနေ့လို့ မနက်မိုးလင်းကထဲက စိတ်ထဲအလိုလိုသိနေခဲ့တာ …အော်..ကိုယ်နဲ့ က ဆိုင်ပါဘူးလေ…ဒီနှစ်လည်း မဆိုင်သလိုအရင်နှစ်တွေကလည်းဆိုင်ခဲ့ပါဘူး…အဲလိုနဲ့ မြန်မာစံတော်ချိန် ၉း၃၀ ရောက်တော့ အိမ်စောင့်နတ်က နှင်တယ်လေ…နေ့တဒူဝ လုပ်ငန်းစဉ်ကြီးလည်ပတ်ဖို့ စက်ယန္တရားကြီးများရှိရာ မြန်းခဲ့ရတာပေါ့….စက်ရုံကြီးမှာ လူစုံတော့ ရောင်းရင်းများက နောက်ကြ…ပြောင်ကြတယ်..ချောကလက်လေးတော့ဝေမျှပါတဲ့….အမှန်တော့ အထင်ကြီးလို့ မဟုတ်ဘူး…ဖဲ့ချင်လို့…အဲဒါနဲ့ညခင်းလည်းပြောလိုက်တယ်…ကိုယ်ပါကိုယ်ဘဲဝယ်စားလိုက်ပြီလို့…(အမှန်ကတော့ရှက်ကွယ်လေး ကွယ်တာပါ) ပေးမဲ့လူရှိဘူးလို့ဝန်ခံဘူး….
အဲလိုနဲ့ ညခင်း အလုပ်ပြီးတဲ့ အခါမှာတော့ internet ထဲဝင်ဦးမှ ညခင်း blog လေး ဘယ်သူတွေများလာသွားကြလဲပေါ့…တဘက်ကဖွင့်ရင်း…တဘက်က email ဖွင့်လိုက်တော့…ညခင်းရဲ့တူလေး ကတော့ ကဒ်လေးပို့ထားရှာပါတယ်…(တီလေး ပျော်ရွှင်တဲ့ ချစ်သူများနေ့ ဖြစ်ပါစေတဲ့)…အားပေးတဲ့စာလေးပေါ့…ဆုတောင်း ပေး ထားတာ ကို…ကြည့်ရင်းပြုံးမိပါတယ်…ကိုယ်ဝမ်းနာ ကိုယ်သာသိကိုး…ညခင်း လည်းကျေးဇူးတင်တဲ့ အကြောင်း ၊ ပေးတဲ့ဆုနဲ့ ပြည့်ပါစေဆိုတာ…ပြန်ပို့ပေးခဲ့တယ်။
နေ့ခင်း၂း၀၀လောက်ကြတော့…ဖုန်းလာတယ်…ညခင်းနဲ့တွေချင်လို့တဲ့…ဟုတ်ကဲ့ပြောပါဆိုတော့…
ကျွန်တော်….ဘယ်သူပါတဲ့…ညခင်းရှိတဲ့နေရာကိုမနေ့ကသူရောက်လာတယ်...ဆိုတာရယ်…
လက်ဆောင်တစ်ခုထားခဲ့တာရယ်တဖက်ကပြောပါတယ်…ဘယ်သူလဲဆိုတာညခင်းမသိပါဘူး…
ညခင်းလဲ သူ့ကို စကားပြန်မပြောနိုင်ခင်မှာဘဲ…အခန်းရှေ့က မိတ်ဆွေတစ်ယောက်ရောက်လာလို့…ပြုံးပြရင်း…သူသိချင်တာကို မေးလာ လို့ တစ်ယောက်နဲ့ လွဲပေးချိန် မှာဘဲ တစ်ဖက်က ဖုန်းချသွားပါတယ်…
အဲဒီသူဘယ်သူလဲဆိုတာ ညခင်းမသိလိုက်ပါ…အော်…လူတွေ..လူတွေတော်တော် ရှုးပါလား…လို့ပြုံးမိတယ်…
အဲလိုနဲ့ ညနေ ၅း၃၀ ရောက်တော့ ညခင်းကို ရုံးစောင့်နတ်ကြီးက နှင်ပြန်ရော…အင်း…အိမ်ပြန်ရ ပေဦးမပေါ့….
အိမ်ပြန်တဲ့လမ်းမှာ…သူငယ်ချင်းကဆေးခန်းဝင်တော့ နည်းနည်းနောက်ကျမှ အိမ်ပြန်ဖြစ်တယ်…. အိမ်ပြန်မျက်နှာပန်းလှအောင်…အိမ်က လူကြီးတွေ အတွက် မုန့်ဝယ်ဦးမှဆို ပြီး…မုန့်ဆိုင်ဝင်ဖြစ်ခဲ့တယ်…ညခင်းလိုချင်တဲ့မုန့်ကို…မှာနေတဲ့အချိန်မှာဘဲ…ဆိုင်ရှင်ရဲ့သမီးလေး ၆နှစ်ခန့် က…သူ့အဒေါ်ကိုအော်ပြောလိုက်တာကို…ညခင်းဒီလိုကြားခဲ့ ရတယ်…
****ဒီနေ့ ချစ်သူများနေ့ သမီးချစ်သူတွေကို လက်ဆောင်ဝေမယ်တဲ့*****ညခင်း…ဟိုက်ခနဲ့ကို ဖြစ်သွားတာဘဲ။
ညခင်းတို့ ငယ်ငယ်က ချစ်သူများနေ့ ဆိုတာကြားတောင်ကြား ဘူးဘူး။အလုပ်ခွင်ထဲရောက် မှ…သိတာပါ…၃၀ကို ၁နှစ် ၂နှစ်စွန်းတဲ့ ညခင်း…တော်တော်အသုံးမကျမှန်း..ခုမှကိုယ်ပါကိုယ်သိတော့တယ်…သိတော့သိတာပေါ့နော်…အဲလောက်… ကွက်ကွက်ကွင်းကွင်းမမြင်မိဘူး….
အဲဒီကလေးအသံကို ကြားပြီး…ညခင်းစိတ်ထဲ ရှိတာသာ အော်ပလိုက်ရရင်…ရဲလေး..VeVe(ဒူးရင်း) ကြော်ညာလိုဘဲ…****အားးးးးးးးးးပါးပါးးးးးးးးးးယို့..ယို့***လိုသာအော်လိုက်ချင်တော့တယ်….။
ရေးသားသူ.... Anonymous | at Thursday, February 14, 2008
Category : မှတ်ဖွယ်ရာရာ ဗဟုသုတ
ရေးသားသူ.... Anonymous | at Wednesday, February 13, 2008
Category : ညခင်းနှင့်လမင်း
ရေးသားသူ.... Anonymous | at Wednesday, February 13, 2008
Category : ညခင်းနှင့်လမင်း
ဟိုအရင်အခါ ငယ်စဉ်မှာလေ
ဖြူစင်စွာရိုးသား ကိုယ်နှလုံးသားဟာ
ခံစားချက်မရှိ သံစဉ်တို့လဲ နတ္တိပေါ့
နေခြည်ဖြာဆင်း နံနက်ခင်းတိုင်းလဲ
(ကိုယ့်အတွက်)
နိုးထရုံမှအပ ဘာမှမရှိခဲ့ပါ။
ကြယ်ရောင်တွေ လက်လမင်းထွက်လဲ
ညဆိုတာ(ကိုယ့်အတွက်)
ကဗျာတွေ မဟုတ်ခဲ့ပါ။
ဒါပေမယ့် မြုနှင်းတွေဝေနေ
ဒီဇင်ဘာနံနက်ခင်းမှာလေ
ရင်ခုန်စရာတွေ ဖန်ဆင်းမယ့်
သူ နဲ့ ကျွန်မ ဆုံခဲ့ရတယ်
ကြည်နူးဆွတ်ပျံ့ ချစ်ရနံ့တွေနဲ့အတူ
မြင်မြင်ချင်းသိ ရင်ထဲမှာလေ
ချစ်ခြင်းဆိုတာ ရှိခဲ့ပြီပေါ့
အဲဒီနောက်
နံနက်တိုင်းလဲ သတိရ
သံစဉ်တွေလဲ ချိုမြမြနဲ့
အခုတော့-----
ညတိုင်းဟာလဲ ကဗျာတွေ ဖြစ်ခဲ့ပါပြီ။
ရေးသားသူ.... Anonymous | at Wednesday, February 13, 2008
Category : မှတ်ဖွယ်ရာရာ ဗဟုသုတ
သူ့ဘက်က ကြည့်တော့ သူမှန်ပါတယ်။
ကိုယ်ဘက်က ကြည့်တော့ ကိုယ်မှန်တာပေါ့။
သူ့ဘက်ကကြည့်တဲံ အမှန်ဟာ ကိုယ့်ကို မထိခိုင်ရင်….
ကိုယ်ဘက်ကြည့်တဲ့ အမှန်ဟာ သူ့ကို မထိခိုက်ရင်….
ရိုမန်တစ်နှင်းဆီ
နှင်းဆီတဲ့
သိပ်လှတဲ့ နှင်းဆီလေးတွေပါ………
သူမဆိုတဲ့ ဧဒင် နှလုံးသားကို အသက်ပါပါနှင့် စတင် ဖြားယောင်းခဲ့တဲ့ နှင်းဆီ တွေလေ…
နှင်းဆီတွေကပဲ လှုပ်ရှားမှုမြန်စေခဲ့သလား……
နှင်းဆီနှင့် ပတ်သက်သူကပဲ သူမဘ၀ထဲကို လှုပ်ရှားမှု ပေါင်းစုံ နှင့်ဝင်ရောက်လာခဲ့လေသလား….
သေချာတာ တစ်ခုကတော့ သူမဘ၀ ဟာ နှင်းဆီ နှင့် နှင်းဆီသခင်ကြောင့် လှပစွာ ကျဆုံးခဲ့ရပါတယ်…
ရိုးသားခြင်းတစ်ခုကို ကိုးကွယ်ယုံမှတ်ပြီး သူမနှလုံးသား တစ်စုံကို မီးရှို့ အရုပ်ကျိုးပြတ် ဖြစ်စေဖို့ ဆိုတာဘယ်သူက တွေးမိခဲ့မှာလဲ…
သံသယတစ်စွန်း တစ်စတောင် ရှာဖွေလို့ မရအောင် ရိုးသားခြင်း မျက်လုံးတွေနှင့် ….
သေချာယုံကြည်မှု နှင့် စိတ်တွေကို သူ့အပေါ်ပေးအပ်ပြီးမှ ရိုမန်တစ်နှင်းဆီသခင်ရယ်….
ကြွေလုလုမျက်ရည်စဟာ မျက်လုံးအိမ်မှာ ပြည့်လျှံမှု နှင့်အတူ…ရင်ထဲက တင်းခံနေတဲ့ ခံစားချက်က ပေါက်ကွဲစရာ နေရာ မရှိတော့တဲ့တိုင် တဆတ်ဆတ်တုန်ယင်နေတယ်…လက်တွေဟာသူရဲ့ နားကို ၀ဲသွားတယ်…တကယ်တမ်းကျတော့ သူမလက်တွေရပ်တန့်သွားခဲ့တာပါ…
ဘယ်လောက်နာကျည်းစရာကောင်းလဲ။
အတက်အကျမရှိတဲ့လေသံ နှင့် သူမကို စေ့စေ့ကြည့်ပြီး…
**ကျွန်မချစ်သူကို ရှင်ရိုက်စရာမလို ဘူး…ရှင်တို့လမ်းခွဲ ခဲ့ပြီမဟုတ်လားတဲ့**
သူမနှုတ်ခမ်းတွေဟသွားအောင် အံသြသွားရင်း ..သူ့မျက်နှာကို စေ့စေ့ကြည့်ရင်း…ဘာတွေဖြစ်ကုန်ပြီလဲ… ဘယ်လိုလဲ မင်သော် တို့နဲ့ မတွေတဲ့ အခိုက်အတန့်(၃)လ မှာ တော်တော်ကို မယုံနိုင်အောင်ပြောင်းခဲသွားတယ် နော်…
***နေညိုရီ…သွားကြစို့ကွာ***သူ့ဘေးကမိန်းကလေးကို လက်ဆွဲလိုက်ပြီးပြောတယ်…
လက်ရှိဘ၀အခြေအနေမှာတော့ ဘာမှမသိလိုက်ရဘဲ အလဲထိုးခံရ သလိုကျဆုံးခဲ့ရတယ်…
- လှပတဲ့ နှင်းဆီတစ်ပွင့်ရဲ့နောက်မှာ..ထက်မြက်တဲ့ ဆူးတစ်ချောင်းပုန်းနေတယ်….
- ကြည့်နှုးစရာကောင်းတယ်လို့ ထင်ရတဲ့ ရင်ခုန်သံတွေရဲ့နောက်ကွယ်မှာ လက်နက်ပုန်းတွေ ပုန်းအောင်းနေခဲတာ…
နှင်းဆီတွေကို မြတ်နိုးတဲ့သူမ…နှင်းဆီမုန်းသူ အဖြစ်ကူးပြောင်းသွားပြီး……နှင်းဆီအ၀ါတွေကို ပိုပြီးနာကျင်ခဲ့ တယ်…
ရက်ကို လပြောင်းနှစ်ဟောင်းခဲ့ပြီ….
ဟင်****နေညိုရီ***နေညိုရီ မဟုတ်လား****
ဟင် ကျွန်မအံသြနေတာ…သူဘယ်လိုဖြစ်တာလဲ….
မင်သော်…နေညိုရီ ဘယ်လိုဖြစ်တာလဲ…
ဧဒင် ခုသိချင်တာရော...တချိန်က မေးခဲ့တာရော..ကိုယ်ဖြေပါမယ်….
ဧဒင်မှာ အဖေတစ်ခုသမီးတစ်ခုဘဲရှိတယ်…ဧဒင်ဖေဖေဟာစိတ်ရောဂါဖြစ်နေတဲ့သူ၊ အဲဒီရောဂါမျိုးဟာမျိုးရိုးလိုက် တယ်လို့သိရတဲ့အချိန်မှာ ကိုယ်အရမ်းတုန်လှုပ်သွားခဲ့တယ်…မိဘတွေလဲ သဘောမတူကြဘဲ နေညိုရီ နဲ့ အတင်းစေ့စပ်ပေးခဲ့တယ်…မချစ်ပေမဲ့ တစ်ချိန်သံယောဇဉ်ဖြစ်လာမယ်ထင်ခဲ့တယ်…နှင်းဆီဝါတွေနဲ့ပတ်သက်ရင် နေညိုရီတစ်ယောက်ဟာ စိတ်မထိန်းနိုင်ဘဲ အမြဲရန်ရှာတယ်…သူနဲ့ကိုယ်ကွာရှင်းဖို့ထိဆုံးဖြတ်ပြီးချိန်မှာ သူအဖေနှင့်အမေ ကားမှောက်ရင်း ရုတ်တရက် သေဆုံးခဲ့ရတယ်…သူလဲတစ်လ လောက်ဆေးရုံတက်လိုက်ရပြီး ဦးနှောက်ကို ထိခိုက်သွားရှာတယ်…
ဒီဒုက္ခတွေ ဟာ …ဧဒင်ရဲ့ မေတ္တာတွေစူးတယ်လို့ အချိန်တိုင်းခံစားရတယ်…မသေမရှင်ဖြစ်နေသလို ခံစားနေရတဲ့ လောကကြီးထဲမှာ ကိုယ့်ကို ဘယ်တော့မှခွင့်မလွတ်ပါနှင့်…တစ်ကယ်တော့ အ၀ါရောင်နှင်းဆီတွေ မှာအပြစ်မရှိပါဘူး၊ နှင်းဆီတွေနှင့် ပတ်သက်ခဲ့တဲ့ကိုယ်မှာ ဘဲ အပြစ်ရှိပါတယ်…နှင်းဆီတွေကိုမမုန်းပါနဲ့ဧဒင်…
သူမပြန်ပြောစရာ စကားမရှိတော့လောက်အောင် ကြေကွဲစွာထိခိုက်မိတယ်….
ကျွန်မနှင်းဆီတွေကို မမုန်းချင်ပါဘူး…အထူးသဖြင့် ရိုမန်တစ်ဖြစ်တဲ့ နှင်းဆီအ၀ါတွေကို ပေါ့…
စာတိုက်ကရောက်လာတဲ့ မင်သော့် ကဗျာလေးကို ဖတ်ရင်း….
နှင်းဆီ
ဘာအကြောင်းကြောင်းပဲ ဖြစ်ဖြစ်
ပွင်ဖတ်တစ်ဖတ် ကြွေခဲ့လေတိုင်း
အသည်းနှလုံးရဲ့ အစိတ်အပိုင်းတစ်ခု
ကြေပျက်သွားသလို
ရင်နှင့်အမျှ
တုန်ခါ ကျန်ရစ်
ခံစားခဲ့ရပါတဲ့
ဧဒင်နန်းက ရိုမန်တစ်နှင်းဆီ။
ညခင်းတခုမှာတရုတ်လူမျိုးတစ်ယောက်ဟာလမ်းလျှောက်လာရင်းနဲ့အမေရီကန်အရက်ဘားတစ်ခုကို
ရောက်လာပါတယ်၊။
အဲဒီမှာသူကStevenSpielberg.ကိုမြင်သွားပါတယ်။။ဒီတော့သူကအရမ်းဟာသလုပ်တတ်တဲ
သူတစ်ယောက်ဖြစ်တဲ့အလျှောက်သူနားကို အတင်းကပ်သွားပြီး အော်တို စာအုပ်လေးထိုးပေးပါတယ်။
အဲဒီမှာ Steven Spielberg. ကိုယ်စား Spielbergး ဆိုသူ က စားပွဲကို လက်ဝါးနဲ တစ်ချက်ရိုက်ပြီးပြောပါတယ်
မင်းတို့ တရုတ်လူမျိုးတွေ က ငါတို့ပုလဲဟာဝါ ကို ဗုံးကျဲတဲ့ ကောင်တွေအခုထွက်သွားလို့ ပြောလိုက်တယ် ။
တရုတ်လူမျိုးကအလွန်အံ့အားသင့်သွားပြီပြန်ပြောလိုက်ပါတယ်။
ဟေး.. ငါတိုတရုတ်လူမျိုးတွေ မင်းတို့ ရဲ့  ပုလဲဟာဝါကို ဗုးမကျဲဘူးကွအဲဒါ ဂျပန်ကောင်တွေ ကျဲတာ လို့ ပြန်ပြောလိုက်တယ်။။
Spielbergး ဟေး တရုတ်၊ဂျပန်၊ထိုင်ဝမ် မင်းတို့ အားလုံး အတူတူတွေပဲကွ။
အဲဒိမှာ တရုတ်လူမျိုးက လက်သီးတစ်ချက်စားပွဲကို ရိုက်လိုက်ပြိးမင်းတို့ တိုက်တန်းနစ် သင်္ဘောကြီးကို နစ်မြုတ်လိုက်တယ် ။
အဲဒီသင်္ဘောပေါ်မှာငါ တို့ ဘိုးဘွားဘီဘင်တွေ ပါသွားတယ်ကွလို့ ဒေါသတကြီးပြန်ပြောလိုက်တယ်။
Spielberg.းက အဲဒါငါမဟုတ်ဘူးကွ Icebergက နစ်မြုတ်လိုက်တာကွ ဟုဆိုတယ်။
ဒီမှာတော့  တရုတ်ကောင်ကဟေ့ကောင် Iceberg, Spielberg, Carlsberg,
မင်းတို့ အားလုံးအတူတူပဲတဲ့
Spielberg.း ခဗျာလည်း ဘာမှပြန်မပြောနိုင်ရှာတော့ ပါဘူး
ရေးသားသူ.... Anonymous | at Saturday, February 09, 2008
Category : ကဗျာ
ရေးသားသူ.... Anonymous | at Saturday, February 09, 2008
Category : ဆောင်းပါး
မြန်မာနိုင်ငံ ၌ ရှေးရှေးမြန်မာ ဘိုးဘေးဘီဘင်ကြီးများ လက်ထက်ကတည်းက မြန်မာအမျိုးသမီးများသည် ယောက်ျားများ နှင့် တန်တူဆောင်ရွက် လုပ်ကိုင်ခွင့် ရခဲ့ ကြသည်။မြန်မာယောကျာ်းသားတို့၏ ပင်ကို စိတ်သည် အမျိုးသမီးများကို ဖိနှိပ်ထားချင်စိတ်မရှိ။ အထင်အမြင်မသေး၊အခွင့်အရေးပေးတတ်ကြပါသည်။ထို့ကြောင့်မောင်တစ်ထမ်းမယ်တစ်ရွက်ဟူသည် တာာဝန်ယူမှုမျိုးရှိခဲ့သည်။ရှိနေဆဲဖြစ်သည်။ နောင်လည်းရှိပေဦးမည်မုချဖြစ်၏။
ယခုခေတ်တွင် မောင်တစ်ထမ်းမယ်တစ်ရွက် မက မောင်တစ်ထမ်း မယ်နှစ်ရွက် ဖြစ်နေကြပါပြီ။ အိမ်ရှင်မများလည်း တစ်ဖက်က အိမ်ထောင်ထိန်သိမ်းရင်း တစ်ဖက် က နိုင်ငံ အကျိုး ကို အားကြိုးမာန်တက် ထမ်းရွက်နေကြပြီ စာသံ ပေသံ ဖြင့် ပြောရလျှင် …ခရေလည်းကောက်၊ စာလည်းခြောက် ….နိုင်ကြပါပေရဲ့ ဟူချီးကျူးပါ၏။ ထိုမျှမက….
အဆင်းရှုပ၊ အချင်းမူလ…ဖြစ်သည်။ဟု....နီတိ စကားအရ မိန်းမတို့၏ ဥစ္စာသည် အဆင်းရှုပဖြစ်သည်။ သို့ ရာတွင် ရှုပထက် မိန်းမကောင်း ၊ မိန်းမတော် ဖြစ်ရန်ကား အရည်အချင်းသာ မူလတန်ဖိုးထားအပ်သောအရာ၊ အရင်းခံ ဟုဆိုလိုရင်းဖြစ်၏။
မိန်းမမျာကို အလှကြိုက်သူ၊ မှန်ကြိုက်သူများ ဟုလည်း သရော်ပြောင်လှောင်တတ်ကြသည်။ မှန်ပါ၏။ မှန်ကြိုက်ပါ၏။ ယခုခေတ် မြန်မာအမျိုးသမီး၊ မြန်မာမများ ပို၍ သာ၍ မှန် ကြိုက်ကြပါသည်။ ၀န်ခံပါ၏။ အဘယ်ကဲ့သို သော မှန်မျိုးကို အဘယ်မျှလောက် ကြိုက်ပါသနည်း။ ဟုတ်ကဲ့....မှန်တစ်မှန်သာ မဟုတ်၊ မှန်လေးမှန်အထိကြိုက်ပါ၏။ ထိုမှန်လေးမှန်တို့ကား အလှကြည့်မှန်မဟုတ်။ မှန်…. အမှန်တရားများသာဖြစ်ပါ၏။
ယင်းတို့ကား
(၁) အဖြစ်မှန်၊
(၂) အသိမှန်၊
(၃) ခံယူချက်မှန်၊
(၄)ရပ်တည်ချက်မှန်၊
တို့ ဖြစ်ပါ၏။ ယခုခေတ်မြန်မာအမျိုးသမီး၊ မြန်မာမ များသည် မှန်ကန်နေအောင် မျက်စိဖွင့်နားကိုစွင့် လျက် ရှိနေကြလေပြီ၊ ထို့ကြောင့် မြန်မာ့အမျိုးသမီးများသည် အစဉ်အလာ အဆုံးအမကောင်း၊ အခွင့်ရေးကောင်း၊ ပတ်ဝန်းကျင်ကောင်းများ ရရှိထားကြသဖြင့် …မြန်မာအမျိုသမီးဖြစ်ရ မွန်မြတ်စွ…ဟု ၀မ်းသာကြည်နှုး မိပါသည်။
နန်းဒေ၀ီ ဥဒုမ္ဗရကိုဖြင့်
လှမ်းမခြွေပြီ လူ့ သုညပါကလား
ယခုကြုံရတာ မလျော်ပါချေသမို့
တော်ရာနေ တော်ရာပြေးတော့မယ်တဲ့
အတွေးအိမ် သိမ်နုတ်လှပါဘိ
ပိဂုတ္တရ ထိုလုလင်။
အတောင်နှစ်ဆယ်သာ ထုံးနှောင်ဝတ်ခဲ့သော်လည်း
ရှောင်ဖယ်ရှာ သုံးတောင်ဝတ်တောင်မှ
ဇွတ်ရှောင်ကာ လွတ်အောင်ပြေးခဲ့လေတော့
ဝေးခဲ့ပြီ မခင် မကြင်လည်း
ရှင်ဘုရင် တော်ကောက်ပြန်တော့
တစ်ယောက်သခင် မိဖုရား အဖြစ်ရယ်နဲ့
ပွားသစ်ဂုဏ်အင်။
ခရီးဖော်အစဉ် ဘုရင်အတွက်ပေမို့
စီးတော်ဆင် ယာဉ်အထက်ဆီက
တစ်ရက်ခါ အသိုင်းအ၀န်းတွေနဲ့
တိုင်းခန်းလှည့်လည်စဉ်ပေါ့
ခွေဆံပင် နှောင်လိမ်ရှုပ်ကယ်နဲ့
သွေမခင် မောင်ပိန်ဂုတ်ကိုတဲ့
ရုတ်တရက် လှမ်းလို့မြင်
အသွင်အပြင်က ညှိုးခွေနုန်း။
သြော်…ဆင်ခြင်ပြန်တော့ မိုးမြေတစ်နှုန်း။
အပေးနဲ့ အယူ
ပေးတဲ့သူ ကြည်ဖြူပါလည်း
ညီ မတူ သည်လူအမိုက်ရယ်နှင့်
ဘုန်းမတန် ကံမထိုက်လေတော့
အသုံးခံ မပန်ထိုက်တဲ့ပြင်
ပန်ခိုက်ကယ် မဆုံချေဘူး
ကြုံပလေ ဘုံဗွေရှုလိုက် ပြန်တော့
အမှုစုံ ယခုကြုံရတယ်လို့
ဥဒုမ္ဗရ ဒေ၀ီတစ်ပါးကတော့ဖြင့်
(အများအလယ်မှာ စကားအကျယ် မပွားချင်သမို့)
သြော်…သနားတယ်လို့ ပြုံး။
ရေးသားသူ.... Anonymous | at Friday, February 08, 2008
Category : ဘာသာရေး
All Rights Reserved. Blog Design by ညခင်း ဘလော့ဒိုမိန်းအား စေတနာရှင်မလေးမှ လှူဒါန်းပူဇော်ပါသည်။
Bloggerized by Free Blogger Templates