လူအမျိုးအစား

0

လူတစ်ယောက်သည် ဆီအပြည့်ပါသောပုလင်းတစ်လုံးကို သယ်လာ၏။လမ်းတွင် ခလုတ်တိုက်မိ၍ ထိုလူလဲလေသည်။ လက်မှ ဆီပုလင်း လွတ်ကျ၍ ဆီတို့ ဖိတ်စင် ကျကုန်သည်။ ထိုလူလည်းဆီပုလင်းကို အလျင်အမြန် လိုက်လံဖမ်းဆွဲ၏။သို့သော် ပုလင်းထဲ၌ ဆီတစ်ဝက်သာ ကျန်တော့သည်။ တစ်ဝက်သောဆီတို့မှမြေသို့ ဖိတ်ကုန်လေသည်။
ထိုလူသည် အဆိုးမြင်သမားတစ်ယောက်ဖြစ်ခဲ့ပါမူ…..
ဖိတ်ကျကုန်သော ဆီအတွက် နှမြောတသ၍ ယူကြုံးမရဖြစ်မည်။ တိုက်မိသော ခလုတ်ကိုလည်းပြစ်တင်မောင်းမဲဆဲရေါ်ပေမည်။ မိမိကိုယ်ကိုလည်း အသုံးမကျတဲ့ကောင် ဟူ၍ ငြူစူပေမည်။ အဆိုးမြင်သမားတို့သည် ဒေါသကြီးတတ်၏။ လောဘကြီးတတ်၏။ အတ္တကြီးတတ်၏။ ကြမ်းတမ်းခက်ထန်တတ်၏။ ပရဟိတနည်းတတ်၏။ လောကကြီးကို မကျေနပ်တတ်၊ ဘ၀ ကို မကျေနပ်တတ်၊ ပျော်ရွှင်ရယ်မောခြင်း နည်းတတ်၏။ ဘ၀ကို ပူလောင်စွာ နေထိုင်တတ်သူတည်း။
ထိုလူသည် အကောင်းမြင်သမားတစ်ယောက်ဖြစ်ခဲ့ပါမူ…..
တော်ပါသေးရဲ့၊ ငါ မြန်မြန်လိုက်ဖမ်းနိုင်ပေလို့၊ ပုလင်းထဲမှာ ဆီတစ်ဝက်ကျန်နေသေးတယ်။ ဟု မှတ်ချက်ပြုပေမည်။ မည်သူ့ကိုမှ အပြစ်မတင်။ အကောင်းမြင်သမားတို့သည် ဒေါသနည်းတတ်၏။ လောဘနည်းတတ်၏။ အတ္တနည်း၏။ လောကကိုလည်းကျေနပ်တတ်၏။
ဘ၀ကိုလည်းကျေနပ်တတ်၏။ နူးညံ့ပျော့ပြောင်းတတ်၏။ တစ်ခါတစ်ရံ ပျော့ညံ့သူဟုပင် ဆိုနိုင်၏။ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်၏။ ပရဟိတလုပ်ငန်းတို့တွင် တတ်ကြွစွာ ပါဝင်တတ်၏။ ဘ၀ကို အေးချမ်းစွာ နေထိုင်သူတည်း။
ထိုလူသည် ပကတိ အမှန်မြင်သမားဖြစ်ခဲ့ပါမူ….
ပုလင်းထဲ၌ ဆီပုလင်းတစ်ဝက်ကျန်နေသေးသည့်အတွက် ကောင်း၏။ တစ်ဝက်ဖိတ်ကျကုန် သည့်အတွက် မကောင်း၊ ဖိတ်ကျကုန်သော ဆီတစ်ဝက်ကို မည်သို့ ပြန်ဖြည့်ရမလဲ စဉ်းစား၏။
နောက်နောင် ခလုတ်တိုက်မလဲရအောင် သတိထားရမည်ဟု ဆင်ခြင်၏။ ထိုလူသည် အကောင်းကို အေးဆေးစွာ လက်ခံနိုင်သလို၊ အဆိုးကိုလည်း တည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းနိုင်၏။ လောဘ၊ ဒေါသ၊ အတ္တ၊ ပရကိုလည်း မျှတစွာ ချိန်ဆတတ်၏။ လောကကို၎င်း၊ ဘ၀ကို၎င်း ကျေနပ်တတ်၏။ ပျော်ပျော်ရွှင်ရွင် နေထိုင်တတ်၏။ ဘ၀ကို တည်ငြိမ်စွာ နေထိုင်တတ်သူတည်း။
သင်သည် မည်သည့်လူအမျိုးအစားတွင် ပါဝင်ပါသလဲ၊ မိမိကိုယ်ကို မေးကြည့်ပါ…။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers