ညခင်း တို့ ကျင်လည်ရာ သံသရာကြီး၌ သတ္တ၀ါ ဟူသမျှ မွေးလာကတဲက မွေးဖွားခြင်း သေဆုံးခြင်း
ရှင်သန်ခြင်းနှင့် အတူ သေဆုံးခြင်းက ပခုံချင်းယှဉ် ၍ပါလာခဲ့သည်သာ။ လက်တစ်ကမ်းအလိုမှာ
ရှိနေသော သေခြင်းတရားသည် ဘယ်အချိန် နောက်ကျောကို အလစ်ဝင်ထိုးမလဲ မသိနိုင်။ သေမည့်နေ့
ကို ကြိုတင်သိရှိ ရလျှင်တော့ ကောင်းတာ..အကျိုးရှိတာတွေချည်းဘဲ…ဆောင်ရွက်သွားမှာပေါ့…။
ကျွန်မတို့ မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားက ရှင်သန်ခြင်းတွင်နေရသမျှကာလပတ်လုံး ရှင်သန်ခွင့်က
တန်ဖိုးထားရဦးမည်။
ညခင်းဖတ်ဖူးတဲ့ ၀တ္တု တစ်ပုဒ်မှ တော်စတွိုင်း ၏ အဘိဓမ္မာလေးအရ ဘ၀ ဆိုတာ…… ကန္တာရထဲမှာ
ခရီးသွားရခြင်းဖြစ်သည်တဲ့..။
ထိုကန္တာရထဲ ခရီးသွားနေရသော လူ့ နောက်မှ ၀ဍ်ဆင်းရဲတည်းဟူသော သတ္တ၀ါဆိုးကြီး လိုက်ရာတွင်….
ထွက်ပြေးရင်း ….ရေတွင်းတစ်တွင်းထဲကို ခုန်ချလိုက်ရ၏… ရေတွင်းအောက် မရောက်ခင် …ဘေးမှ
တွယ်ပေါက်နေသော သစ်ပင်မှ အကိုင်းလေးကို ဆွဲခိုဖက်ထားမိ၏…။အောက်မှ သေမင်းတည်းဟူသော
နဂါးကြီးကလည်း ပါးစပ်ဖြဲကာ စောင့်လျှက်ရှိ၏။ ဆွဲထားသော သစ်ကိုင်းကိုလည်း နေ့ နှင့် ည ဟူသော
ကြွက်ဖြူ နှင့် ကြွက်မည်းက တစ်လှည့်စီ ကိုက်ဖြတ်ပြန်၏။ ထိုအချိန်မှာ သစ်ကိုင်းခိုထားသော လူသည်ကား
အကြောက်အလန့်မှမရှိ၊
သစ်ကိုင်းပေါ်ရှိ သစ်ရွက်မှ ပျားရည်စက် ကို လျက်နေလျက်ရှိသည်တဲ့။ ထိုအတိုင်း ညခင်းတို့သည်လည်း
သေခြင်းတရားကို စောင့်စားနေရသည့်တိုင် လူထဲက လူပေမို့ နောက်ဆုံးထွက်သက်တိုင် သစ်ကိုင်းပေါ်ရှိ
သစ်ရွက်မှ ပျားရည်ကို တပ်မက်စွာ လျက်ရပေဦးမည်။
0 - Comment:
Post a Comment