ခေါင်းကိုက်ပျောက်ဆေး

0

အို…အသင်

သင်ကား…ရိုးသားမှု ကို ရှာဖွေမတွေ့သေးသူ။ သို့သော်ငြား…ရိုးသားမှုကို သင်တန်ဖိုးထား မြတ်နိုး သူဖြစ်ပေသည်။ သို့ကြောင့် သင်ကိုယ်တိုင် ရိုးသားသူဖြစ်ရန် ကြိုးစားနေဆဲ မဟုတ်လော…။

တစ်ချိန်တည်းမှာပင် သင်ကား နှလုံးသားအလှကို ရှာဖွေမတွေ့သေးသူ။ သို့သော်ငြား နှလုံးသားအလှကို သင် တန်ဖိုးထား မြတ်နိုး သူဖြစ်ပေသည်။ သို့ကြောင့် သင်ကိုယ်တိုင် နှလုံးသား လှသူဖြစ်ရန် ကြိုးစားဆဲ မဟုတ်လော။

ပြီးတော့ သင်ဟာ သစ္စာတရားကို ရှာဖွေမတွေ့သေးသူ။ သို့သော်ငြား သစ္စာတရားကို သင်တန်ဖိုးထား မြတ်နိုးသူဖြစ်ပေသည်။ သို့ကြောင့် သင်ကိုယ်တိုင် သစ္စာတရား ရှာဖွေသူဖြစ်ရန် ကြိုးစား ဆဲ မဟုတ်လော။

ဒီလို အလွန်အမင်း ကြိုးစားရင်း သင်ကိုယ်တိုင် ရိုးသားသူ လည်မဖြစ်ခဲ့၊ နှလုံးသားလှသူလည်း မဖြစ်ခဲ့၊ သစ္စာတရား ရှာဖွေတွေ့ရှိသူလည်း မဖြစ်ခဲ့။ အို…..သင်တန်ဖိုးထား မြတ်နိုးခဲ့တာတွေ အကုန်လုံး တစ်ခုမှ မဖြစ်ခဲ့။

အခု သင်သေပြီ…

ဘုရားသခင်ကို ပူဇော်ဖို့ ခေါင်းကိုက်ပျောက်ဆေး

တစ်ထုပ်လောက် ပါသွားခဲ့ပါသလား။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers