သာဝတ္တိမြို့က ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာတဲ့ သူကြွယ်တစ်ယောက်ဟာ သဒ္ဓါရှိတယ်။ သာသနာတော်ကို ကြည်ညိုတယ်၊ နှမြောမှုကင်းတယ်။ တစ်နေ့မှာ သူက ဘုရားအမှုးရှိတဲ့ ရဟန်းအပေါင်းအား အလှူလှူတယ်။ အဲဒီ အခါမှာလည်း မင်းက ဥစ္စာကိုလိုချင်နေတယ်။ သူကြွယ်ထံ လူတစ်ယောက်ကို အမောင် သွားပါ၊ အဲဒီသူကြွယ်ကို ခေါ်ဆောင်ခဲ့ပါ လို့စေလွှတ်လိုက်တယ်။
အဲဒီလူက သွားပြီး အဲဒီသူကြွယ်ကို သူကြွယ်၊ သင့်ကို မင်းက ခေါ်နေတယ် လို့ပြောတယ်။ သူကြွယ်က သဒ္ဓါစတဲ့ ဂုဏ်တွေရှိတဲ့ စိတ်နဲ့ ဘုရားအမှူးရှိတဲ့ ရဟန်း အပေါင်းကို ပြုစုလုပ်ကျွေးရင်း အို ယောက်ျား၊ သွားပါ နောင်မှ လာပါမယ်၊ အခုတော့ ရွှေအိုးမြုပ်နှံကာ ရပ်တည်နေပါတယ် လို့ပြောလိုက်တယ်။ ဘုရားရှင်က ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ အဲဒီ ကောင်းမှုပြည့်စုံတာကိုပဲ ရွှေအိုးလို့ ပြလိုလို့ အဲဒီသူကြွယ် ၀မ်းသာဖွယ်ဖြစ်အောင် ရွှေအိုးနဲ့ ပတ်သက်တဲ့တရားကို ဟောကြားတော်မူ ပါတယ်။
အဲဒီတရားဒေသနာရဲ့အဆုံးမှာ အဲဒီသူကြွယ်ဟာ လူများစွာနဲ့အတူ သောတာပန်ဖြစ်သွားပါတယ်။ ကောသလမင်းထံလည်း သွားပြီး အဲဒီအကြောင်းကို ပြောပြပါတယ်။ မင်းက အလွန်အကဲ သဘောကျပြီး သူကြွယ် ၊ သာဓု သာဓု၊ သင်ဟာ ငါတို့လို မင်းတွေတောင် မဆောင်ယူနိုင်တဲ့ ရွှေအိုးကို မြှုပ်နှံ ပါပေတယ်လို့ နှစ်ခြိုက်ကာ အကြီးအကျယ်ပူဇော်မှုကို ပြုလုပ်ပါတယ်။
ရွှေ့ပြောင်းလို့မရတဲ့ ထာဝရဥစ္စာ၊ ရွှေပြောင်းလို့ရတဲ့ ဇင်္ဂမဥစ္စာ၊ ကိုယ်လက်အင်္ဂါနဲ့တူတဲ့ အတတ်ပညာဥစ္စာ (အင်္ဂသမဥစ္စာ) ၊ သံသရာတစ်လျှောက်လုံးမှာ လိုက်ပါနိုင်တဲ့ ဥစ္စာ (အနုဂါမိက ဥစ္စာ)၊ ဒီ ဥစ္စာ ၄မျိုးထဲက တစ်ဘ၀စာအတွက် ရွှေအိုးကို မြှုပ်နှံနိုင်အောင်လည်း ကြိုးစားကြရပါမယ်။ သံသရာအတွက် ကောင်းမှုရွှေအိုး (အနုဂါမိကရွှေအိုးကို) မြှုပ်နှံနိုင်အောင်လည်း ကြိုးစားကြရပါမယ်။ ဒါမှသာ ဒီဘ၀မှာ ရော သံသရာမှာပါ ရင်အေးကြရပါမယ်။ လိုတာမှန်သမျှပေးနိုင်တဲ့ ကောင်းမှုရွှေအိုးကို မြှုပ်နှံနိုင်ကြမှသာ ကိုယ်လိုချင်တဲ့ ကောင်းကျိုးမှန်သမျှကို ရနိုင်ကြမှာ ဖြစ်ပါတယ်။
ဒီပို့စ်လေးအတွက်ကျေးဇူးပါ
နက်နက်တူးပြီး အိုးသုံးလုံးတောင် မြှုပ်ပါ့မယ်။
ကျေးဇူးတင်ပါတယ်။
ရွေအိုးများကို သေချာ မြုတ်နံပါ့မယ်
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ပေးတဲ့ဥပမာတွေက အင်မတန်ကို ထိမိပညာသားပါလိုက်တာဗျာ။ အခုလို စာမျိုးတွေ များများ တင်နိုင်ပါစေ။ ဓမ္မစာပေဟာ လူသားတစ်ရပ်လုံးကို အကျိုးရှိစေပါတယ်။ လင်းခနဲဖြစ်သွားတဲ့ နှလုံးသားက ညခင်းနဲ့လမင်းကို ကျေးဇူးအထူး တင်ရှိပါတယ်။
မှတ်သားသွားပါတယ် ..း)