သင်္ချိုင်းနဲ့ တူတဲ့ လူပုဂ္ဂိုလ်

6

ကောင်းကြံ၊ ကောင်းပြော၊ ကောင်းလုပ်ရော၊
ကောင်းသောကံခေါ်သည်။
ကောင်းသောကံသာ၊ ကောင်းဥစ္စာ၊
ကောင်းရာကျိုးပေမည်။
ဆိုးကြံ ၊ဆိုးပြော ၊ဆိုးလုပ်ရော၊
ဆိုးသောကံခေါ်သည်။
ဆိုးသောကံသာ၊ ဆိုးဥစ္စာ၊
ဆိုင်ရာကျိုးပေးမည်။ ။
(အဘိဏှသုတ်)
လူပုဂ္ဂိုလ်တွေထဲမှာ သင်္ချိုင်းနဲ့တူတဲ့ ပုဂ္ဂိုလ်(၅)ဦးရှိတယ်။ ကံဆိုးတွေလုပ်လို့ သင်္ချိုင်းနဲ့တူကြတာပေါ့။

(၁) အသုစိ - မစင်ကြယ်သော ကာယကံ၊ ၀စီကံ၊ မနောကံ နှင့်ပြည့်စုံသော ပုဂ္ဂိုလ်။

(၂) ဒုဂ္ဂန္ဓ - မစင်ကြယ်သော ကံသုံးပါးနှင့်ပြည့်စုံသဖြင့်၊ မကောင်းသတင်းထွက်၍ အပုပ်နံ့လှိုင်သော ပုဂ္ဂိုလ်။

(၃) သပ္ပဋိဘယ - မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသဖြင့် ၊ သီလကို ချစ်မြတ်နိုးကြကုန်သော ရဟန်း အပေါင်းတို့က ပစ်ပယ်ခံရသော ပုဂ္ဂိုလ်။

(၄) ၀ါဌာနံ အမနုဿနံ အာဝါသ - မိမိကိုယ်တိုင် မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသည့် အပြင် မိမိနှင့် သဘောတူ မစင်ကြယ်သော ၊ ကံသုံးပါး နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့နှင့်သာ ပေါင်းသင်းနေထိုင်သော ပုဂ္ဂိုလ်။

(၅) ဗဟုဇန အာရောဒန - မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသဖြင့် ၊ ရဟန်းအပေါင်း၊ သူတော်ကောင်း တို့က ကဲ့ရဲ့ရှုတ်ချခံရသော ပုဂ္ဂိုလ် ရယ်လို့ (၅)မျိုး ရှိတယ်။ (သိဝသထိကသုတ်၊ အံ၊ ၂၊ ၂၃၅၊ ပြန် ၃၀၀)

ဆိုးကံလုပ်တဲ့ လူတွေဟာ သင်္ချိုင်းနဲ့ တူတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ ဆိုးကံပြုသမျှ လူ့လောကထဲမှာ မကောင်းသတင်း ပျံ့နေမှာပါပဲ။ မကောင်းကံက မကောင်းသံပဲထွက်မယ်။ ဥာဏ်ဆိုး၊ ကြံဆိုး၊ နှုတ်ဆိုး၊ လက်ဆိုးတွေ လုပ်ပြီး ဆိုးကံမတွေ့ဘူးဆိုတာ တွေ့ချိန်မကျသေး တဲ့အခိုက်အတန့်ရယ်ပါ။ ကံဆိုးကို တွေ့ရမယ့်အချိန်တွေ့ရမှာပါပဲ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

6 - Comment:

  • August 7, 2009 at 10:33 AM

    စာလာဖတ်ပါတယ် အစ်မ။ မှတ်သားသွားပါတယ်

  • August 7, 2009 at 12:32 PM

    ကဗျာလေးလဲ ကောင်းပါတယ်...
    တရားကြောင်းလည်း မစောင်းတယ်...
    သာဓုသုံးကြိမ် ခေါ်သွားတယ်...

    မိသားစု စိတ်ချမ်းသာပါစေ...

  • August 8, 2009 at 3:16 AM

    ကောင်းကြံ၊ ကောင်းပြော၊ ကောင်းလုပ်ရော၊ ကောင်းတာများကို ပဲ ရွေးချယ်လုပ်ဆောင်ပါ့မယ်

  • August 9, 2009 at 3:01 AM
    Anonymous :

    ဆိုးကြံ ၊ဆိုးပြော ၊ဆိုးလုပ်ရော၊ တွေလုပ်ပြီး ကြီးပွားနေကြတာတွေ အများကြီးပဲ အဲလိုမျိုးကျတော့ ဘာခေါ်မလဲ။

  • August 9, 2009 at 3:10 AM

    ကိုအိမ်ကတော့ ပြောရော့မယ်။

    ဆိုးကံလုပ်တဲ့ လူတွေဟာ သင်္ချိုင်းနဲ့ တူတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ ဆိုးကံပြုသမျှ လူ့လောကထဲမှာ မကောင်းသတင်း ပျံ့နေမှာပါပဲ။ မကောင်းကံက မကောင်းသံပဲထွက်မယ်။ ဥာဏ်ဆိုး၊ ကြံဆိုး၊ နှုတ်ဆိုး၊ လက်ဆိုးတွေ လုပ်ပြီး ဆိုးကံမတွေ့ဘူးဆိုတာ တွေ့ချိန်မကျသေး တဲ့အခိုက်အတန့်ရယ်ပါ။ ကံဆိုးကို တွေ့ရမယ့်အချိန်တွေ့ရမှာပါပဲ။

  • August 15, 2009 at 10:25 PM

    လာဖတ် မှတ်သွားပါတယ်း)

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers