ဗန်းမော်ဆရာတော်ကြီး ဗန်းမော်ရောက်စဉ် တပည့်ဒါယကာတို့မေးသော မေးခွန်းများကို ဖြေဆိုပေးလေသည်။ ရှမ်းတိုင်းရင်းသား သူငယ်ချင်း၂ဦး အား ဗမာလူမျိုးတစ်ယောက် မှ ဆရာတော်မှ မေးခွန်းများကိုမဖြေနိုင်က မုန့်ကျွေးမွေးသည် ဆုချသည်ဟု… ထောင်လွှတ် လိုက်လေ သည်။
အဟုတ်မှတ်၍ ရောက်လာသော ဒကာ၂ဦးကို ဘာကိစ္စရှိ၍ လာကြသတုန်းလို့ ဆရာတော်က မိန့်တော်ရှိရာ…..
ရှမ်းဒါယကာက တပည့်တော်တို့ မေးခွန်းမေးပါမည်။ မဖြေနိုင်က ဘုန်းကြီးက မုန့်ကျွေးပါ။ ဟု…မိမိ လိုချင်သည်ကို ပွင့်ပွင့်လင်းလင်းလျှောက်ထားလေသည်။ ဆရာတော်အနီး အမှုထမ်းဒါယကာ တွေက မဖွယ်မရာ လာလျှောက်သည်ဟုထင်ပြီး ရိုက်နှက်လွတ်ရန် စီမံလှုပ်ရှားကြသည်။
ဟဲ့ ဒါယကာတို့မလုပ်ကြနှင့် တိုင်းရင်းသားလူမျိုးတွေဆိုတာ အလွန်ရိုးသားကြတယ်။ တစ်ယောက်ယောက်က ဂျောက်တွန်းတာ ဖြစ်မှာပါ…သူတို့ပုံက နှစ်ကျပ်လောင်း တစ်ကျပ်မြတ် တဲ့ တော့သားပုံလိုဖြစ်နေတာကိုး ကွဲ့လို့ မိန့်ကြားပြီးပုံပြင်လေးကို မိန့်ကြားပါတယ်။
ဒီလိုကွဲ့ ရှေးတုန်းက တက္ကသိုလ်ပြည်ကြီးက အဌာရသ (၁၈)ရပ်သော အတတ်မျိုးစုံ ကိုသင်ကြားပေးတဲ့ ဒိသာပါမောက္ခဆရာကြီး နဲ့တပည့်လက်သားများ နှင့် တောသားတစ်ဦး တို့ဟာ ခရီးရှည်တစ်ခုကို အတူသွားကြ သတဲ့။
လမ်းနားနေရာ ဇရပ်ရောက်တော့ စကားစမြည်ပြောဆိုကြရင်း ဆရာကြီး၏ တပည့်များက တောသားအား သနားစဖွယ် အသိပညာနည်းသူ လူတုံးလူအ တစ်ယောက် အနေနှင့်မြင်ပြီး ဟေ့ တောသား ဟောဒါ တက္ကသိုလ် ဒိသာပါမောက္ခဆရာကြီးပဲလို့ ပြောပြသတဲ့….
ရွာသားက …ဟုတ်ကဲ့ဆိုပြီး ခေါင်းငြိမ့်သတဲ့ ။ အဲဒီအခါမှာ ဆရာကြီးကလဲ တောသားကိုကြည့်ပြီး သနားတာနဲ့ သင်သိလိုတာရှိက မေးပါ၊ ကျွန်ုပ်ဖြေပေးပါမယ်လို့ ပြောသတဲ့။
ရွာသားက ဟုတ်ကဲ့…မေးလိုပါတယ်။ ဒါပေမယ့် ရိုးရိုးမမေးလိုပါဘူး၊ ပျော်ပျော်ပါးပါး ကစားတဲ့အနေနဲ့ အလောင်အစားလုပ်ပြီး မေး-ဖြေလုပ်လိုပါတယ် လိုပြောသတဲ့။
အဲဒီအခါ ဆရာကြီးကလဲ-အမယ်တောသားက အလာချည်းဘဲဆိုပြီး ဘယ်လိုများအလောင်း အစား လုပ်မတုန်း….ဆိုတော့ တောသားက ကျွန်တော်က တောသားဆိုတော့ အရင်မေးပါမယ်၊ ကျွန်တော်မေးတာ ဆရာကြီးမဖြေနိုင်လျှင် နှစ်အသပြာ ပေးပါ၊ ပြီးတော့ ဆရာကြီးက ကျွန်တော်ကိုမေးပါ။ ကျွန်တော်က တောသားဆိုတော့ ဆရာကြီးမေးတာ မဖြေနိုင်လျှင် တစ်အသပြာ ပေးရပါမည်။ အဲလို အလောင်းအစား လုပ်ချင်ပါတယ်လို့ ပြောသတဲ့-
ဆရာကြီးကလည်း ဒီတောသား နက်နက်နဲနဲ မေးခွန်းမျိုးတော့မေးတတ်မှာ မဟုတ်ပါဘူးလို့ထင်ပြီး သဘောတူခွင့်ပြုသတဲ့။
အဲဒီအခါတောသားက -လောကမှာ သတ္တ၀ါမျိုးစုံဟာ ကိုယ်အင်္ဂါမျိုးစုံနဲ့ ရှိကြပါတယ်။ ခြေရှစ်ချောင်း၊ လက်လေးချောင်း၊ ဦးခေါင်းချို နှစ်ချောင်းရှိတဲ့ သတ္တ၀ါကို ဘယ်လိုသတ္တ၀ါမျိုး လို့ခေါ်ပါသလဲ ဆရာကြီးလို့ မေးသတဲ့။
ဒိသာပါမောက္ခဆရာကြီးလည်း တောသားရဲ့ မေးခွန်းကို အပြန်ပြန်အလှန်လှန် စဉ်းစားသတဲ့။ မိမိရဲ့ ကျမ်းစာပေစာ အဆောင်အယောင်ကိုလဲ စဉ်းစားပြီး အဖြေကိုရှာသတဲ့ ဒါပေမဲ့တောသား အမေး သတ္တ၀ါအမည်ကို ဘယ်လိုမှ ရှာမရဘူးတဲ့။ ဒီတော့ ဆရာကြီးလည်း ပညာရှိပီပီ မိမိမသိတာကို အသိကြောင်း ၀န်ခံပြီး အလောင်းအစား ကတိအတိုင်း အသပြာနှစ်ပြား ထုတ်ပေးလိုက်ပြီး-
သင်ကော အဲဒီသတ္တ၀ါရဲ့ အမည်ကို သိပါသလား လို့ ပြန်မေးသတဲ့ အဲဒီအခါ တောသားက ကျွန်တော်လည်း မသိပါဘူး ။ ရော့ တစ်သပြာယူပါလို့ပြောပြီး တစ်သပြာ ပြန်ပေးသတဲ့ ကွဲ့။
ပုံပြင်ထဲက အတိုင်းပဲ အခု လာမေးတဲ့တိုင်းရင်းသားတွေကလည်း တောသားလို မေးတဲ့ပုံစံ တွေမို့ ကျက်သရေခန်းထဲက မုန့်သာ ချကျွေးလိုက်ပါကွယ်လို့ မိန့်ကြားလိုက်ပြီး ရှမ်းတိုင်းရင်းသား နှစ်ဦးကို မုန့်များ ချကျွေးပြီး ပြန်လွှတ်လိုက်လေသည်။
အားလုံးပြုံးပျော်နိုင်ကြပါစေ။
ညခင်း

ဗန်းမော်ဆရာတော်ကြီးရဲ့ စကားကို မှတ်သားသွားပါ တယ်။ အဆင်ပြေပျော်ရွှင်ပါစေ ။
ကျွန်တော်လည်း မေးမယ် မမညခင်း ဖြေလေ၊ ရတယ်မလား။ ပညာရှိပဲဟာ၊ ဘုရားတရား အကြောင်းတွေပဲ ရေးနေတဲ့ သူတော့ စာပေနှံစပ် မှာတော့ ကျိန်းသေပဲ။ ရှိတဲ့ မုန့်တွေသာထုတ်ကျွေးဖို့ ပြင်တော့။ :)
ဗန်မော်ဆရာတော်ကြီး ဘယ်ရောက်နေပါသလဲ ?
မဖြေနိုင်ရင် ၂-ကျပ်ပေး
ဒီကလဲမသိဘူး ၁-ကျပ် ပြန်ရမယ်။
ကျွန်တော်တောင်ဖတ်ပြီးဘာကောင်ဖြစ်မလဲစဉ်းစားမိ သေးတယ်...။
အကြံပိုင်တယ်နော်...။
သင်ထားတဲ့ပညာတတ်တာထက် ပင်ကိုဖြတ်ထိုးဥာဏ် ပိုကောင်းတာကို သဘောကျတယ်။
ဒီကတော့ ၂ကျပ်ယူပြီး ၁ကျပ်ကိုလည်း ပြန်မပေးဘူး :P
မုန့်ကျွေးသွားကြပါကုန်....
ကွန့်မန့်လေးတွေအတွက်ကျေးဇူးတင်ပါသည်။
ခင်မင်စွာဖြင့်
ညခင်း
ရေးစရာကျန်သေးလို့ပါ ၂ကျပ်နဲ့ မုန့်စားလို့မရဘူး :P 2000 နဲ့မှရမှာ ခေတ်ပြောင်းသွားပြီနော် ညခင်း