စည်းစိမ်တိုသူ (၆)ဦး

3

စည်းစိမ်တိုသူ (၆)ဦး


မိုးသောက်နေပေါ်၊ ကျူးကျော်အိပ်ခြင်း၊ ပျင်းရိကြမ်းကြုတ်၊
သောက်ထုတ်သေစာ၊ သွားလာကိုယ်ထူး၊ အိမ်ရာကျူးဟု၊
ခြောက်ဦးပုဂ္ဂိုလ် ၊စည်းစိမ်တို၏။


ဆိုလိုချက်-



၁။ မိုးသောက်နေထွက် အိပ်စက်သူ
၂။ အပျင်းကြီးသူ
၃။ ရက်စက်ကြမ်းကြုတ်သောသူ
၎။ အရက်သေစာသောက်စားမူးယစ်တတ်သူ
၅။ ဝေးမြေရပ်ခြားသို့ တစ်ဦးတည်းသွားတတ်သူ
၆။ သူ့သားအိမ်ရာ ကျူးလွန်တတ်သူ




SiX enamies of our wealth
Six enemies of our wealth are-
1. One who oversleeps
2. One who is lazy
3. One who is cruel and desperate
4. One who enjoys intoxicant drink
5. Wayfarer who travels without good companinon, and
6. One who commits adultery.
They are never rich. Instead, they are poor.


(မာဃဒေ၀လင်္ကာသစ်)



ရွှင်လန်းချမ်းမြေ့ကြပါစေ။

3 - Comment:

  • August 11, 2009 at 2:50 AM

    ကျွန်မကတော့ ၁နဲ့ ၂ ကို အထူးလုပ်ဖြစ်ပြီး ၅ ကိုတော့ တစ်ခါတစ်လေ လုပ်ဖြစ်ပါတယ် :P ၆ မျိုးမှာ ၃ မျိုးလုပ်တယ်ဆိုတော့ သိပ်တော့မကောင်းဘူးထင်တယ် နော် :P

  • August 11, 2009 at 11:01 AM

    နံပါတ်၁ နဲ့တော့ နဲနဲညှိနေတယ် ညဘက် စောစော အိပ်မှပဲ....ရှာထားတာလေးကုန်သွားမှ အသက်ကြီးတဲ့ အထိ စက္ကူပုံးတွေ လိုက်ကောက်နေရအုံးမယ်..။

  • August 11, 2009 at 9:29 PM

    အီးဟီးးး ၁ နဲ့ ၂ က တို့ ကိုပြောတာနော်။
    အဟင့် မြန်မြန်ဖျောက်ဖို့ ကြိုးစားမှ။ မဟုတ်ရင် မရှိတဲ့စည်းစိမ် ကုန်နေမှ ခက်မယ်။ အဟိ...
    မှတ်သားသွားတယ် ညခင်းရေ...ကျေးဇူး...
    ပျော်ရွှင်ပါစေနော်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers