လူမရောက်တဲ့နေရာမှာ ရေကန်ရှိတယ်။ ရေကြည်လင်တယ် ၊ အေးတယ်၊ ချိုတယ်၊ ရေလှိုင်းထတဲ့အခါ ဖြူတယ်၊ ဆိပ်ကမ်းကောင်းတယ်၊ ပျော်စရာကောင်းတယ်၊ အဲဒီရေကို လူတွေ မခပ်ကြရ၊ မသောက်ကြရ၊ ရေ မချိုးကြရ ။ ရေနဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှ မလုပ်ကြရ၊ အဲဒီရေဟာ အသုံးမ၀င်ဘဲ ကုန်ခန်းသွားတယ်။
အဲဒီလိုပါပဲ၊
လူညံ့ (မသူတော်) တွေဟာ ဥစ္စာအကောင်းစားတွေကို ရပြီး ကိုယ့်ကိုယ်ကိုရော ကိုယ့်မိဘ၊ ကိုယ့်သားသမီး၊ ဇနီး ၊ကျွန်၊ အလုပ်သမား၊ မိတ်ဆွေအပေါင်းအဖော်တွေကိုပါ ချမ်းသာအောင် မလုပ်၊ နတ်ပြည်ရောက်ကြောင်း အလှူမပေး၊ မင်း၊ သူခိုး၊ မီး၊ ရေ၊ အမွေခံသားဆိုး၊ သမီးဆိုးတွေထဲ က တစ်ခုခုက ဖျက်ဆီးတယ်။ ။ အသုံးမ၀င်ဘဲ ပျက်စီးကုန်ခန်းသွားတယ်။
သူတော်ကောင်းတွေရဲ့ ပစ္စည်းတွေကတော့ ရွာ၊ နိဂုံးအနီးက အသုံးဝင်တဲ့ ရေကန်နဲတူတယ်။ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အသုံးဝင်တယ်။ ကောင်းမှုပြုတယ်။ ရန်သူမျိုးငါးပါး အဖျက်ဆီးမခံရ။ (သံယုတ်ပါဠိ၊ ပ၊ ၉၀)
ပစ္စည်းဥစ္စာတွေကို ကိုယ့်မှာရော ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာပါ ချမ်းသာ ပွားအောင် ဆောင်ရွက်တတ်ရပါတယ်။ ဘ၀သံသရာအတွက် ရိက္ခာဖြစ်အောင် ကုသိုလ်ထုပ်ကို လည်း ထုပ်ယူ တတ်ရပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
မှန်ကန်တဲ့ စကားရပ်လေးပါပဲအစ်မ... အသုံးချတတ်ရင်တော့ ငွေပဲ.. မသုံးတတ်တော့လည်း မြွေဖြစ်ကုန်တာပေါ့.. ဖတ်မှတ်သွားပါတယ်အစ်မရေ...
မှန်တာပေါ.ဗျာ ... ဒါပေမဲ.ဗျာ
မကောင်းတဲ.လူဆို သက်ဆိုးရှည် ပိုချမ်းသာ
တာတတ်တာတော.နားမလည်နိုင်ဘူး အရင်
ဘ၀က ကုသိုလ်ကြောင်.များလားဗျာ...အဲတစ်
ချက်ကို အမြဲစဉ်းစားမိတယ်ဗျာ
မှတ်သား သွားပါတယ်။ ပစ္စုပ္ပန် အထုပ်တွေရော၊ သံသရာ အထုပ်တွေပါ အားလုံး တတ်နိုင်သလောက် ထုပ်သွားနိုင်အောင် ပြန်ကြိုးစားလိုက်ဦးမယ်။
ဒါနဲ့ စကားမစပ်၊ တန်ဆာခ ကရော ဘယ်လောက်လဲဗျ။ ဈေးကြီးရင် နည်းနည်း လျှော့ရမယ်လေ။ :D
ဖတ်သွား မှတ်သွား ကျင့်ပွားပါ့မယ်။
နေ့စဉ် ရေကန် တူးနေတယ်။
ခပ်ကာ သောက်ပါ ချိုးနိုင်တာ။
ဘုန်းကံကြီးသူ များတွက်သာ။
:P
မှတ်သားသွားပါတယ် မညခင်း။ အသုံးဝင်တဲ့ ရေကန်တစ်ကန်ဖြစ်အောင် ကြိုးစားပါ့မယ်။