အားနွဲ့သူ့၏ ဒဿန

9

ဗုဒ္ဓလက်ထက်တော်က အနာထပိဏ် သူဌေးကြီးတွင် ကျွန်မြောက်မြားစွာရှိရာ (၁၀၀)ပြည့်မြောက်မွေးသော ကျွန်မလေးကို ပုဏ္ဌာဟု အမည်ပေးထားသည်။ တစ်နေ့ဆောင်းတွင်းကြီး ချမ်းချမ်းစီးစီးဖြင့် နံနက်စောစော ရေခတ်ဆင်းလာသော ကျွန်မလေး သည် ဂင်္ဂါမြစ်တွင်း၌ ထူးခြားသော ဖြစ်ရပ်တစ်ခုကိုတွေ့ရသဖြင့် ပါးစပ်အဟောင်းသားဖြင့် အံ့သြငေးမောနေမိသည်။

ထူးခြားသောမြင်ကွင်းကား အခြားမဟုတ် အသက်ကြီးကြီး ပုဏ္ဏားကြီးတစ်ယောက်သည် ဂင်္ဂါမြစ်ထဲ လည်မျိုရောက်အောင် ဆင်းပြီး ရေစိမ်နေသည်ကို တွေ့ရသောကြောင့်ဖြစ်သည်။ ချမ်းလှသော ဆောင်းလရာသီကြောင့် နှုတ်ခမ်းများ ပြာနှမ်းပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လျှက်ရှိသည်။ ထူးဆန်းသောကြောင့် ...အို...ဘကြီး ကျွန်မတို့မှာတော့ သူတစ်ပါးအိမ်က အစေအပါးမို့ချမ်းချမ်းစီးစီး မထချင် ထချင်နဲ့ ထပြီးရေခပ်ရပါတယ်။ ဘကြီးကရော ဘယ်လိုအကြောင်းကြောင့် ဒီလောက် ချမ်းအေးလှတဲ့ အချိန်မှာရေထဲဆင်းစိမ်နေရပါသလဲ....ဟုမေးရာ

မိန်းကလေး ငါကို ဗြဟ္မဏ အယူဝါဒအရ ဒီဂင်္ဂါမြစ်ထဲ ဆင်းစိမ်ပေးရင် တို့သန္တာန်မှာ ရှိတဲ့ အကုသိုလ်အညစ်အကြေးတွေ မြစ်ရေနဲ့အတူမျောပါသွားလို့ပဲ။ ဒါကြောင့် အချမ်းခံပြီး စိမ်ပေးနေရခြင်းဖြစ်တယ်..လို့ဖြေပါတယ်။

မိန်းကလေးက အနာထပိဏ်အိမ်ကမို့ ဗုဒ္ဓဘာသာ ရေထဲက ပုဏ္ဌားကြီးက ဗြဟ္မဏဘာသာ ဘာသာချင်းမတူတဲ့အတွက် အတွေးအခေါ်မတူနိုင်၊ ဘုရားခြင်းမတူတဲ့အတွက် ဟောကြားသော တရားချင်းမတူသည်ကိုကား ဆိုဘွယ်ရာမရှိပါ။ သို့သော် မည်သည့် ဘာသာမဆို၊ လောက သဘာဝနှင့် ကား ဆန့်ကျင်၍ မဖြစ်နိုင်ပေ။ မည်သည့်ဘာသာဝင်မဆို သကြားစားလျှင်ချိုရမည်။ သံပုရာသီးစားလျှင် ချဉ်ရမည်။ သာသာမတူရုံမျှနှင့် သဘာဝကိုပြောင်းလွဲ၍ မရနိုင်ပေ။ထို့ကြောင့် ဘာသာမတူသော်လည်း လောကသဘာဝနှင့် ဆန့်ကျင်နေသောကြောင့် ကျွန်မလေးက ဒဿနတစ်ခုပေးလိုက်သည်-

ဘကြီးစိတ်မဆိုးဘူးဆိုရင် တစ်ခုလောက်ပြောပါရစေ။

ပြောပါမိန်းကလေး ငါနားထောင်ကြည့်မယ်

ဒီမြစ်ရေထဲမှာ စိမ်နေရုံနဲ့ အကုသိုလ်အညစ်အကြေးတွေ ကင်းစင်သွားတယ်ဆိုတဲ့ အယူအဆက လောကသဘာဝနဲ့ ဆန့်ကျင်နေပါတယ်။

ပထမအချက်က ဒီမြစ်ထဲမှာ စိမ်နေလို့ အကုသိုလ် အညစ်အကြေးတွေ စင်ကြယ်ရမယ်ဆိုရင် တစ်ခါတစ်လေမှ လာစိမ်တဲ့ ဘကြီးထက် ဂင်္ဂါမြစ်ထဲမှာ အမြဲတမ်းနေနေကြတဲ့ ငါးတွေ၊ လိပ်တွေက ပိုပြီး အကုသိုလ်စင်ကြယ်နေတော့မှာပေါ့။

အေး ဟုတ်ပေသားပဲ...
ဒုတိယ အချက်က ဒီမြစ်ရေဟာ ဘကြီးရဲ့ သန္တာန်မှာ ရှိတဲ့ အကုသိုလ်တွေကိုသာ တိုက်စားမျောလွင့်သွား နိုင် ရိုးမှန်ခဲ့ရင် ဘကြီး သန္တာန်မှာ ယခုရှိနေတဲ့ ကုသိုလ်တွေကိုလည်း ဘယ်ချန်ထားတော့မှာလဲ တစ်ပါတည်းတိုက်စား မျောလွင့်သွားတော့မှာပေါ့...

ဘကြီးစေတနာသန့်သန့်နဲ့သတိပေးပါရစေ။ မိမိသန္တာန်မှာ ရှိတဲ့ အကုသိုလ်အညစ်အကြေးတွေကို စင်ကြယ်အောင် ဆေးကြောသန့်စင်ပေးနိုင်တာဟာ ဗုဒ္ဓရဲ့ ၀ိပဿနာ တရားတော်တစ်ခုပဲ ရှိပါတယ်။ အချိန်နောက်မကျခင် ဗုဒ္ဓထံအရောက်သွားပြီး ကိလေသာ အကုသိုလ်စင်ကြယ်စေတဲ့ဆေးကို အမြန်သောက်သုံးသင့်ပါပြီ။ ကျွန်မလေး ၏ စကားအဆုံး၌ ပုဏ္ဏားကြီးမှာ ကမ်းစပ်သို့ တဖြည်းဖြည်းချင်းတက်လာကာ သူ၏ သန့်ရှင်းစင်ကြယ်သော အပေါ်ရုံအ၀တ်ကလေးကို သေချာခေါက်၍ မိန်ကလေးအား တရိုတသေဆန့်တန်းပေးကမ်းရင်း-

မိန်းကလေး မင်းရဲ့ကျေးဇူးက ကြီးမားလှပါတယ်။ နှစ်ပေါင်းများစွာ လမ်းမှားနေသူတစ်ယောက်ကို လမ်းမှန်ကို ပြပေးလိုက်သလိုပါပဲ။ ဒီအပေါ်ရုံလေးကို တရားကို ပူဇော်တဲ့အနေနဲ့ ပေးခဲ့ပါရစေ...ဟုဆိုကာ.... ဇေတ၀န်ကျောင်းတော်သို့ အရောက်သွာြး့ပီး တရား အားထုတ်ရာ ရက်များမကြာမီမှာ ပင် ကိလေသာအာသဝေါကုန်ခန်း၍ ရဟန္တာအဖြစ်သို့ရောက်ခဲ့ရလေသည်။

မိမိသန္တာန်မှာ ရှိတဲ့ အကုသိုလ်အညစ်အကြေးတွေကို စင်ကြယ်အောင် ဆေးကြောသန့်စင်ပေးနိုင်တာဟာ ဗုဒ္ဓရဲ့ ၀ိပဿနာ တရားတော်တစ်ခုပဲ ရှိပါတယ်။ အချိန်နောက်မကျခင် ကိလေသာ အကုသိုလ်စင်ကြယ်စေတဲ့ ဆေးကို အမြန်သောက်သုံးသင့်ပါသည်။

မင်းစည်းစိမ်ကို မင်းသားကသာ စိတ်ကူးသည်
ဒွန်းစဏ္ဍားကားအမှတ်ပင်မရ
ရဟန္တာအဖြစ်ကို သူတော်ကောင်းကသာ စိတ်ကူးသည်
မသူတော်က သတိပင်မရ။
(ပထမရွှေကျင်ဆရာတော်ဘုရားကြီး)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

9 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers