လေးဆယ်ပြည့်မြဲ၊ သွားမကျဲ၊ မကွဲပရိသတ်။
မြတ်စွာဘုရားသည် အလောင်းတော်ဖြစ်စဉ် ဘ၀များစွာတွေမှာ တစ်ယောက်နဲ့တစ်ယောက် အချစ် ဆိတ်သုဉ်းပြီး အမုန်းတရားကို တိုးပွားစေတတ်တဲ့ ကုန်းချောစကားပြောကြားခြင်းကို ရှောင်ကြဉ် တော်မူခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦးကွဲပြားအောင် ဒီလူစကားကို ဟိုလူထံသွားပြောခြင်း၊ ဟိုလူထံမှ စကားကို ဒီလူထံသွားပြောခြင်းအလျှင်းရှိတော်မမူခဲ့ပါဘူး။အချင်းချင်းကွဲပြားအောင်ကုန်ချောစကား၊ ပြောကြားတတ်သလို စိတ်ဝမ်းကွဲပြားနေသူ တွေကိုလည်းပြန်လည်သင့်မြတ်အောင် စေ့စပ်ပေး တော်မူတတ်ပါတယ်။ သွေးစည်း ညီညွတ်မှသာမွေ့ လျော်ပျော်ပိုက်နှစ်ခြိုက်တော်မူပါသည်။
ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ်တိုင်းသူပြည်သားတွေဟာ နှစ်စဉ်နှစ်တိုင်း ပွဲလမ်း သဘင် များကို စည်ကားစွာကျင်းပလေ့ရှိကြပါတယ်။အဲဒီပွဲတော်ကို လူသားတွေသာမက နတ်နဂါးနှင့် ဂဠုန်တွေပါ လူအသွင်နဲ့လာရောက် ပျော်ပါးကြပါတယ်။
တစ်ချိန်မှာတော့ ပွဲတော်တစ်နေရာမှာ လူအသွင်နဲက မတ်တပ်ရပ်ပြီးပွဲကြည့်နေတဲံ နဂါးတစ်ကောင်ဟာ သူ့ရှေ့မှာရှိတဲ့ လူတစ် ယောက်ရဲ့ ပခုံးပေါ်ကိုအမှတ်တစ်မဲ့ လက်တင်လိုက်မိပါတယ်။ အဲဒီလူက နောက်ဘက်သို့ပြန်လည့်ကြည့်တဲ့အခါ ဂဠုန်တစ်ကောင် ဖြစ်ကြောင်းသိသွားပါတယ်။
အဲဒါနဲ့ နဂါးဟာ ပွဲခင်းထဲမနေရဲတော့ဘဲ မြို့ထဲကိုထွက်ပြေးရင်း မြစ်ဆိပ်ဘက်ရောက်လာပါတယ်။ ဂဠုန်ကလည်းနဂါးကိုဖမ်းဖို့ နောက်ကပြေးလိုက်ပါတယ်။ အဲဒီအချိန် ဘုရားလောင်းရသေ့ဟာ မြစ်ထဲမှာ ရေဆင်းချိုးနေတဲ့အတွက် သူ့သင်္ကန်းတွေကို ကမ်းစပ် မှာ စုပုံထားပါတယ်။နဂါးဟာ ဂဠုန်လက်ကလွတ်လမ်းမမြင်တော့တဲ့အဆုံး အဲဒီသင်္ကန်းပုံကြားထဲမှာ ပတ္တမြားတုံးအသွင် ဖန်ဆင်ပြီး ၀င်ပုန်းနေလိုက်ပါတယ်။ နောက်က လိုက်လာတဲ့ ဂဠုန်ဟာ သိပေမဲ့ ရဟန္တာအရှင်မြတ်ရဲ့ သင်္ကန်းကို ရိုသေတဲ့အတွက် ဖမ်းမယူသေးပဲ ရေချိုးနေတဲ့ ဘုရားလောင်းရသေ့ကို ခေါ်တော်မူကာ အရှင်ဘုရား၊ တပည့်တော် ဆာလောင်မွတ်သိပ်နေပါတယ်။ အရှင်ဘုရားရဲ့ သင်္ကန်းကို ယူတော်မူပါ၊ နဂါးကို တပည့်တော် ဖမ်းစားပါမယ်လို့လျှောက်ထားတော်မူပါတယ်။
မြစ်ထဲမှာရေချိုးနေတဲ့ ဘုရားလောင်းရသေ့က သင်္ကန်းကို ရိုသေတာကြောင့် နဂါးကို မဖမ်းယူတဲ့သင့်အား အသက်ရှည်ပါစေ သတည်း။ သင့်အတွက် နတ်သုဓာဘောဇဉ်တွေလည်းထင်ရှားစွာဖြစ်ပေါ်လာပါစေ သတည်းလို့ဂဠုန်ကို ဆုတောင်းပေး လိုက်ပါတယ်။ ထို့နောက် ဂဠုန်နဲ့ နဂါးနှစ်ကောင်စလုံးကို အနီးမှာ ရှိတဲ့ ကမ္မဌာန်းကျောင်းကိုခေါ်ဆောင်ကာ မေတ္တာဘာဝနာရဲ့အကျိုး ကို စေဟောပြောဆုံးမပါတယ်။ ဘုရားအလောင်းရဲ့ အဆုံးအမကို ရတော်မူတဲ့ နဂါးနှင့်ဂဠုန်ဟာ အဲဒီအချိန်ကစလို့ အသက် ထက်ဆုံး ၀မ်းမြောက်ဝမ်းသာ ချစ်ချင်ညီညွတ်စွာနေထိုင်သွားကြပါတယ်။
အဲဒီလိုအကြောင်းကောင်းမှုကံတွေကြောင့် နတ်ပြည်နတ်ရွာမှာ ဂုဏ်ထူး (၁၀)ပါးနဲ့ တခြားနတ်တွေ ထက်သာလွန်ထူးကဲစွာ ခံစား စံစားရပါတယ်။ နတ်ပြည်ကစုတေပြိင်္း လူပြည်လူ့ရွာကိုရောက်တဲ့အခါ သွားတော်လေးဆယ်၊ အစေအင ပါရှိတော်မူခြင်းဆို တဲ့ စတ္တလီသဒန္တတာ လက္ခဏာတော်နဲ့ သွားတော်များအားလုံးမကျဲမကွာ စေ့စပ်စွာရှိတော်မူခြင်းဆိုတဲ့ အ၀ိရဠဒန္တတာ လက္ခဏာ တော်ကြီး (၂)ပါးနဲ့ပြည့်စုံတော်မူပါတယ်။
သာမန်လူတွေဟာ အများဆုံး ၃၂ချောင်းပဲရှိပါတယ်။ ရှင်တော်ဘုရားကတော့ ပါရမီဖြည့်ကျင့်စဉ်က သူတစ်ပါးတွေကို ကွဲပြား အောင် ကုန်းတိုက်စကားမပြောကြားပဲ အချင်းချင်းသွေးစည်းညီညွတ်အောင် ပြောဆိုတော်မူခဲ့တာကြောင့် အထက်အောက် သွား တော် (၂၀) စီအညီအမျှ နှင့် သွားတော်အချောင်း (၄၀)တိတိပါရှိတော်မူခဲ့ပါတယ်။
မဟာပုရိသလက္ခဏာတော်ကြီး (၂)ပါးနဲ့ပြည့်စုံတော်မူတာကြောင့် အလောင်:တော်သူမြတ်ဟာ လူဘောင်မှာနေရင် စကြာမင်း အဖြစ်နဲ့၎င်း၊ တောထွက်ရဟန်းပြုရင်တော့ သဗ္ဗညုဗုဒ္ဒ္စမြတ်စွားအဖြစ်နဲ့ ၄င်း၊ ဆန့်ကျင်ဘက်ရန်သူတွေ မဖျက်ဆီး ၊မပြိုကွဲနိုင်တဲ့ အင်မတန်စည်းလုံးညီညွတ်တဲ့ အခြွေအရံ ပရိသတ်ရှိတော်မူခြင်းဆိုတဲ့ အကျိုးဆက်ကို ရတော်မူပါတယ်။
ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကြပါစေ...
ညခင်း
လလက္ခဏာတော် (၂)ပါး ကို ညခင်းရေးမှပဲသိတော့တယ် တော်တယ်ဗျာ.. (မုန့်ကျွေးပါ) :P
ညခင်းရေးတာဖတ်ပြီး ဘုရားရှင်ရဲ့လက္ခဏာတော်၂ပါးကို ပိုပြီးကြည်ညိုသွားတယ်။ ညခင်းလည်း ကုသိုလ်တွေပိုရ သွားပြီ။
ဒီလို ပုံဝတ္တုလေးတွေနဲ့ ဇာတ်တော်တွေကို အရမ်းနှစ်သက်ပါတယ် .. နောက်လည်း စောင့်မျှော်နေပါ့မယ် ..း)
တခါမှနားမထောင်ဘူးတဲ့ ဇာတ်တော်ပါပဲ...ပြန်ဝေမျှပေး တာကျေးဇူးပါ...။အဆင်ပြေ ပျော်ရွှင်ပါစေ
...ခင်မင်သောအားဖြင့်...
ဟုတ်ကဲ့ ပုလုကွေးလဲ ဒီဇာတ်တော်ကို မသိပါ. မျှဝေပေးတဲ့ သန့်ခရု....
မှတ်သားစ၇ာပဲ မြတ်စွာဘုရားမှာ သွားတော်
၄၀ပါတာ ခုမှသိတယ်ဗျ...