စိတ်ကူးယဉ်လိုက်ပုံက

10

စိတ်ကူးယဉ်လိုက်ပုံက

သံဃရက္ခိတဆိုတဲ့ ရဟန်းငယ်လေးတစ်ပါးအကြောင်းကို အမှတ်ရလာလို့ပြောပြပါဦးမယ်။ အဲဒီ ရဟန်းငယ်မှာ ဦးလေးတော်စပ်တဲ့ ရဟန်းတစ်ပါးရှိပါတယ်။ ဘွဲ့အမည်ကလည်း သံဃရက္ခိတ ပါပဲ။ ရဟန္တာမထေရ်မြတ်ကြီးပါ။ တူဖြစ်သူ ရဟန်းငယ်က ရွာတစ်ရွာမှာ ၀ါကပ်ပါတယ်။ဝါတွင်းမှာ သင်္ကန်းချုပ်ဖို့ အ၀တ်နှစ်ထည်ရတော့ တစ်ထည်ကို ငါအသုံးပြုမယ်။ တစ်ထည်ကို ဦးရီးတော်ကို လှူမယ်ဆိုပြီးသိမ်းထားပါတယ်။ ၀ါကျွတ်တော့ ဦးရီးတော်ကျောင်းကိုသွားပါတယ်။

မထေရ်မြတ်ထံ လာရခြင်းအကြောင်းကိုလျှောက်ထားရင်း ပါလာတဲ့ သင်္ကန်းချုပ်ဖို့အ၀တ်ကို ကပ်လှူပါတယ်။ မထေရ်မြတ်က သူ့မှာ ပြည့်စုံနေတဲ့အတွက အလှူမခံပါဘူး။ ရဟန်းငယ်လည်းစိတ်ပျက်သွားတယ်။ ဒီအ၀တ်လေးလှူဖို့ အချိန်အတော်ကြာကြာ ထဲက သူ့မှာရည်ရွယ်ထားခဲ့တာ။ စိတ်ပျက်လက်ပျက်ဖြင့် မထေရ်မြတ်ကို ယပ်ခတ်ပေးရင်း စဉ်းစားတယ်။

ငါဟာ မထေရ်မြတ်ရဲ့တူအရင်းလည်းဖြစ်တယ်။ အနီးနေတပည့်လည်းဖြစ်တယ်။သို့ပါလျှက် ငါလှူတာကို လက်မခံဘူး။ ဒါကြောင့် ငါရဟန်းဝတ်နဲ့နေလို့မထူးတော့ပါဘူး။ လူထွက်တာပဲကောင်းပါတယ်ဆိုပြီး စဉ်းစားတယ်တဲ့။ မထေရ်မြတ်ကိုယပ်ခပ်ပေး နေဆဲပါ။ လူထွက်မယ် ဆိုတော့ သူ့စိတ်ကူးတွေက လူထွက်တဲ့နေရာမှာပဲ ရပ်မနေတော့ဘူး ဆက်ပြီးစိတ်ကူးတွေ ယဉ်သွားပါလေရော။

လူထွက်ပြီး ဒီအ၀တ်ကိုရောင်းမယ်။ ရောင်းပြီး ဆိတ်မတစ်ကောင် ၀ယ်လိုက်မယ်။ ဆိတ်မဆိုတာ ကလေးမကြာမကြာမွေးတာ၊ ဒါကြောင့်မွေးလာတဲ့ ဆိတ်တွေကိုရောင်းစားမယ်။ ဆိတ်တွေရောင်းလို့ ပိုက်ဆံတွေ အများကြီးရလာရင် ထိန်းသိမ်းဖို့ မိန်းမတစ်ယောက်တော့ယူဦးမှ။ ယူတဲ့မယားက မကြာခင် သားတစ်ယောက်ဖွားမှာ။ အင်း...သားလေးမွေးလာရင် နာမည်မှည့်တဲ့အခါ ငါ့ဦးရီးတော် ရဲ့နာမည်အတိုင်းမှည့်ရမယ်။ သားနဲ့မယားကို နွားလှည်းလေးနဲ့ခေါ်ဆောင်ပြီး ဦးရီးတော်ကို သွားကန်တော့မယ်။ ကန်တော့ဖို့သွားနေတုန်းလမ်းမှာ သားလေးကိုချီဖို့ မယားကို ပေးခိုင်းမယ်။ မယားလုပ်သူက သားလေးကို ပွေ့ယူလာရင်း လှည်းဆောင့်လို့ လက်ထဲက သားလေးပြုတ်ကျသွားမယ်။ သားလေးကို လှည်းကြိတ်သွားတဲ့အခါ ဒေါသထွက်ပြီး မယားကို လှည်းမောင်းတဲ့ကြိမ်လုံးနဲ့ ဒီလိုဒီလို ရိုက်ပစ်လိုက်မယ်။ ဆိုပြီး စိတ်ကူးယဉ်လိုက်တာ။

ရဟန်းငယ်လေးရိုက်တာက စိတ်ကူးထဲက မယားကို ရိုက်တာပါ။ တကယ်ခံလိုက်ရတာက မထေရ်မြတ်ဖြစ် နေတယ်။ ယပ်ခပ်ပေးရင်းစိတ်ကူးယဉ်နေတာကိုး။ မထေရ်မြတ်က ဟဲ့ဟဲ့ ဘယ်လိုဖြစ်တာပါလိမ့် ဒီရဟန်း ဘာတွေများ စိတ်ကူးယဉ်နေလို့ပါလိမ့် ဆိုပြီး ဆင်ခြင်ကြည့်လိုက်တော့ စိတ်ကူး ယဉ်ထဲက မယားဖြစ်သူကို ရိုက်တာပဲလို့ သိသွားပါတော့တယ်။

ဒါနဲ့ ငါ့အရှင် သင့်ရဲ့သား ကို အကြောင်းပြုပြီး သင့်မယားကို ရိုက်ဖို့မစွမ်းနိုင်ဘဲ အိုမင်းနေပြီးဖြစ်တဲ့ ငါ့ကိုရိုက်တာ ငါ့မှာ ဘာအပြစ်ရှိလို့လဲလို့မေးလိုက်ပါတယ်။ ရဟန်းငယ်လည်း ဦးရီးတော် ...တော့ ငါ့အကြောင်းတွေကို သိကုန်ပြီဆိုပြီး ရှက်လည်းရှက်ကြောက်လည်းကြောက်ဖြစ်ပြီး ထွက်ပြေးပါလေရော။ ဒါပေမဲ့ လမ်းကဖြတ်ပြီး ရဟန်းသာမဏေငယ်တွေက ၀ိုင်းဖမ်းပြီး ဘုရားရှင်ထံ ဆွဲခေါ်ပြီး ပို့လိုက်ကြပါတယ်။ ဘုရားရှင်ထံရောက်တော့ ရဟန်းငယ်ကို တရားတော်ဟောကြာလို့ တရားအဆုံးမှာ သောတာပန် တည်သွားခဲ့ပါတယ်။ စိတ်ရဲ့ အစဉ် လျှင်မြန် ပုံ သာဓက လေးပါ။

***စိတ်ဆိုသည်မှာ နိုင်ခဲတာ...၊ လျှင်လဲလျှင်မြန်တာ...
***အလိုရှိရာ ၊ ကျရောက်ကာ... ၊ ကပ်ကာနေတတ်တာ...
***စိတ်ကိုနိုင်မှ ချမ်းသာရ....၊ မုချ ငြိမ်းအေးမှာ....

***စိတ်ဆိုသည်မှာ မြင်ခဲစွာ...။ သိမ်လဲသိမ်မွေ့တာ...
***အာရုံမျိုးစုံ သူတွေ့ကြုံ...၊ ခိုလှုံနေတတ်တာ...
***ပညာရှိမှ ထိုစိတ်သာ ကောင်းစွာ စောင့်ရှောက်ရာ...
***စိတ်ကို စောင့်ရှောက်ချမ်းသာရောက် ၊ မျက်မှောက် ငြိမ်းမည်သာ...

***စိတ်ဆိုသည်မှာ လွန်ဝေးကာ အရောက်သွားနိုင်တာ...
***တကိုယ်တည်းသာ ဖော်မပါ...ပျော်ကာနေတတ်တာ...
***အထည်ဒြပ် မရှိလပ် ကိန်းအပ် မတရား...
***စိတ်ကို စောင့်အပ် ကိလေဓာတ် လွတ်အပ်နေသည်သာ....

***ရေကြောင့် စင်စစ်ဖြစ်ရ ညွှန်မှာ...ရေကြောင့်သာပဲ မှတ်စွဲဖြူတာ....
***စိတ်ကြောင်ဖြစ်ရေး... ညစ်ကြေးမှန်စွာ စိတ်ကြောင့်ပဲ မှတ်စွဲဖြူ ၍သာ....

ရေကြောင့်ဖြစ်တဲ့ ညွန်တွေ ဟာရေကြောင့်ပဲ ဖြူစင်ရပါတယ်။ စိတ်ကြောင့်ဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ စိတ်အညစ်အကြေးတွေကို သီလ၊ သမာဓိ၊ ပညာ တို့ဖြင့် ဆေးကြောရမှာဖြစ်ပါတယ်။ ညစ်နွမ်းအောင်လုပ်တာလည်း ဒီစိတ်ပဲ၊ ဖြူစင်အောင်လုပ်နိုင်တာလည်း ဒီစိတ်ပါပဲ။ သီလ (ကိုယ်ကျင့်တရားများကို စောင့်ထိန်း)ပြီး၊ သမာဓိ (စိတ်တည်ငြိမ်မှူ သတိပဌာန်းတရားအားထုတ်) ၍ ပညာ (၀ိပဿနာဥာဏ်ပညာ)ဖြင့် ရုပ်တရား၊ နာမ်တရား၏ ဖောက်ပြန်ပျက်စီးမှု ကို သိရှိဆင်ခြင်ကာ နိဗ္ဗ္ဗာန်ရောက်ကြောင်းတရားများကို အသေ မဦးခင် အားထုတ်ကြပါစို့လို့ ......


ရွှင်လန်းချမ်းမြေ့ကြပါစေ။

10 - Comment:

  • May 14, 2009 at 3:55 AM

    တထိုင်တည်းမှာ စိတ်ရဲ့လျှင်မြန်စွာပြောင်းလဲပုံကို ဒီပို့စ်လေးကို ဖတ်ပြီး ပိုမိုသိလာပါတယ်
    တကယ်လည်း စိတ်က တထိုင်တည်းမျာ မျိုးစုံပြောင်းနေတာပါ..

  • May 14, 2009 at 9:00 AM

    တစ်ခါမှ မဖတ်ဖူးဘူး.. ကောင်းလိုက်တာ...း)

  • May 14, 2009 at 9:19 AM

    ညခင်းရေ
    စာလေးဖတ်ဖူးပေမယ့် ထပ်ဖတ်လိုက်ရတာ ပိုမှတ်မိသွားတယ်။

    စိတ်ကို ထိန်းနိုင်ဖို့တော့ ကြိုးစားရအုံးမယ်..

  • May 14, 2009 at 10:43 AM
    Anonymous :

    စိတ်ကိုထိန်းနိုင်ဖို့လေး မှတ်သားသွားပါတယ်ဗျာ
    အဆင်ပြေပါစေ

  • May 14, 2009 at 5:06 PM

    အောင်နိုင်မှုတွေအားလုံးထဲမှာ စိတ်ကိုအောင်နိုင်ခြင်းသာလျှင် အမြတ်ဆုံးအောင်နိုင်ခြင်း ဖြစ်ပါတယ်.. အမဖော်ပြပေးတာလေး မှတ်သားသွားပါတယ်..
    အမ စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ...

  • May 14, 2009 at 8:18 PM
    Anonymous :

    စိတ်ရဲ့အစဉ် လျင်မြန်ပုံ၊ စိတ်ရဲ့ သဘောသဘာဝကို မှတ်သားဖတ်ရှုခွင့် ရတာအတွက် ကျေးဇူပါ မညခင်း။ “စိတ်ကြောင့်ဖြစ်တဲ့ အညစ်အကြေးကို စိတ်နဲ့ပဲ ပြန်ဆေးရယ်” ဆိုတာကို လေးနက်စွာ နာယူသွားတယ်။ ချမ်းမြေ့ပါစေ။

  • May 14, 2009 at 11:09 PM
    Anonymous :

    ကွန်မန့်ပေးကြတဲ့မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင့်
    ညခင်းရဲ့ အဘိုးဆုံးပြီးကတည်းက ဘာသာရေးနဲ့ပတ်သက်တာလေးတွေကို ပိုရေးဖြစ်ပါတယ်။ ၀မ်းနည်း နေတဲ့စိတ်ကို ဘာသာရေး စာပေလေးတွေဖတ်ပြီး ဖြေဖြောက်နေခြင်းပါ။ ညခင်းသိသမျှမှတ်သမျှကိုလည်း အများအားပြန်လည် သိစေလိုတဲ့အတွက် မျှဝေခြင်းဖြစ်ပါတယ်။

    အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

  • May 15, 2009 at 12:49 AM

    မညခင်းရဲ့ စာလေးတွေ ဖတ်ပြီး မှတ်စရာလေးတွေကျန်ခဲ့ပါတရ်။ စိတ်က အရမ်းမြန်တာပဲနော်။

    ခင်မင်ခြင်းနှင့်
    တလနွန်

  • May 15, 2009 at 1:50 AM

    မညခင်းစာလေးတွေကို အမြဲအားပေးနေပါတယ် ..း)

  • May 15, 2009 at 2:01 PM
    Anonymous :

    အလင်းသစ်
    လမင်းရေ ...ဂုရုသတ္တာမှာ သတ္တာ အစား သတ္ထာ ကအမှန်ဖြစ်တယ် ထင်တယ်။ သတ္တာ=သတ္တဝါ။ သတ္ထာ=ဆရာ လို့တွေ့ဖူးလို့။ အားပေးလျက်ပါ။ alinthit2008@gmail.com

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers