ကာမေသုမိစ္ဆာစာရ ကံကြောင့်.

9


တစ်ခါတုန်းက ဣသိဒါသီဆိုတဲ့ ထေရီမတစ်ပါးဟာ ဗောဓိထေရီဆိုတဲ့ ထေရီမတစ်ပါးနဲ့အတူ ဂင်္ဂါမြစ်ကမ်းနားက သဲသောင်ပေါ်မှာ စကားပြောရင်း ထိုင်နေကြပါတယ်။ နှစ်ပါးလုံး အရဟတ္တဖိုလ်ရပြီး ရဟန္တာမတွေပါ။

စကားပြောနေကြရင်း ဗောဓီထေရီက ဣသိဒါသီကို သတိထားကြည့်လိုက်တော့ အသက်ကလည်းငယ် ရုပ်ရည်ကလည်း အထူးလှပနေတာကို တွေ့လိုက်ရတဲ့ အခါ စိတ်ထဲမှာ ဒီအရွယ်ဒီရုပ်ရည်နဲ့ ရဟန်းပြုတာAlign Left အကြောင်းတော့ရှိရမယ် လို့တွေးပါတယ်။ ဒါကြောင့်မေးကြည့်တဲ့အခါ...

ဣသိဒါသီဟာ သီလ နဲ့ပြည့်စုံတဲ့ သူဌေးကြီးတစ်ယောက်ရဲ့ တစ်ဦးတည်းသောသမီးပါ။ အရွယ်ရောက်လာတော့ ပထမတန်းစား သူဌေးသားတစ်ယောက်နဲ့ပေးစားလိုက်ပါတယ်။ ယောက္ခမအိမ်ရောက်တဲ့အခါ မိဘလို သဘောထားပြီး ရိုရိုကျိုးကျိုး ဆက်ဆံခဲ့တယ်။လင်သားကိုလည်း လိုအပ်တာထက် ပိုဂရုစိုက်ပါတယ်။ ဒါပေမဲ့တစ်ပတ်လောက်ကြာတော့ လင်လုပ်သူက မပေါင်းချင်တော့ဘူး။ မိဘများက ဘာဖြစ်လို့လည်း သားကို ဂရုမစိုက်လို့လား စသည်ဖြင့်မေးတဲ့အခါ... ဂရုစိုက်ပါတယ်။ မယားဝတ္တရားလည်းကျေပါတယ်။ ဘာကြောင့်ရယ်မသိ သားစိတ်ထဲမှာ မုန်းတဲ့စိတ်တွေဖြစ်နေပါတယ်။လို့ဆိုသဖြင့် ဣသိဒါသီကို မိဘတွေဆီ ပြန်ပို့လိုက်ရပါတယ်။

အိမ်ပြန်ရောက်တော့ မိဘတွေက ဒုတိယတန်စား သဌေးတစ်ယောက် ရဲ့သားနဲ့ပေးစားပြန်တယ်။ဒါပေမဲ့ တစ်လလောက်မှာ ဒုတိယလင်က ကွာပစ်လိုက်ပြန်ပါတယ်။

အိမ်ပြန်ရောက်ပြီးမကြာခင်ပဲ အိမ်ရှေ့ကို ရုပ်ရည်သင့်တင့်တဲ့ သူတောင်စားတစ်ယောက် လာတောင်းပါတယ်။ သူတောင်းစားကိုမြင်တော့ ဖခင်သူဌေးကြီးက ပစ္စည်းရှိတဲ့ သူဌေးသားတွေကသား ပစ္စည်းမာန်နဲ့ ငါ့သမီးကို ကွာပစ်တာ၊ သူတောင်းစား ကတော့ ပစ္စည်းကောရုပ်ကောရှိတဲ့ ငါ့သမီးကို တစ်သက်လုံးပေါင်းမှာပဲဆို ပြီး သူတောင်းစားနဲ့ပေးစားပြန်တယ်။

ဒါပေမဲ့ ၁၅ရက်လောက်ကြာလာတော့ သူတောင်းစားက ဆက်မပေါင်းလိုတော့ကြောင်းပြောလာပြန်ပါတယ်။ ယောက္ခမလုပ်သူတွေက တားပေမဲ့ ကျွန်တော်ဟာ ကျွန်တော်ပဲတောင်းစားတော့မယ် ဆိုပြီး ထွက်သွားပါတယ်။

ဣသိဒါသီ ဟာ ကိုယ့်အဖြစ်ကိုရှက်လွန်းလို့ ဒါ အတိတ်က မကောင်းမှုကံကြောင့်ပဲ ဆိုပြီး ရဟန်းပြုလိုက်ပါတယ်။ တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ၇ရက်မြောက်မှာ အရဟတ္တဖိုလ်ရသွားပါတယ်။

သူတောင်းစားကတောင် မချစ်နိုင်ဘဲ စွန့်ပယ်ရလောက်အောင် ဆိုးခဲ့တဲ့ သူ့ရဲ့ အကုသိုလ်ကံကို ပြန်ဆင်ခြင်ကြည့်လိုက်တော့ အတိတ်ဘ၀ တစ်ခုက ရွှေပန်းထိမ်သည် သားဘ၀မှာ ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့တာရယ်. ဘ၀တစ်ခုမှာတော့ သူဌေးသားရဲ့ မယားငယ်ဘ၀မှာ မယားကြီးနဲ့ လင်သားကြား ကုန်းချောစကားပြောခဲ့လို့ပါ..။ဣသိဒါသီ ဟာ...ထိုအကုသိုလ်တစ်ခု ၏ အကျိုးဆက်ကြောင့် ထိုကဲ့သို့ ဖြစ်ရခြင်း ဖြစ်ပါတယ်။



ရွှင်လန်းချမ်းမြေ့ကြပါစေ။

9 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers