ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ)

5


မနက်ဖြန် တော်သလင်းလပြည့်နေ့ ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ)အခါတော်နေ့ ဖြစ်ပါတယ်။
မင်းတုန်းဘုရင်လက်ထက်တွင်၎င်း၊ ဘိုးတော်မင်းတရားလက်ထက်တွင် ၄င်း ဂရုဓမ္မအမိန့်တော်ပြန်တမ်းကို ဆင်ပေါ်တင် ၍ လေးပြင်လေးရပ်လှည့်လည်ပြီး ငါးပါးသီလ စောင့်ထိန်းကြရန် တိုင်းသူပြည်သားတို့ အားနှိုးဆော်လေ့ရှိပါသည်။

၁၁၄၆ခု၊ ဘိုးတော်မင်းတရားလက်ထက် ထုတ်ပြန်သော ဂရုဓမ္မ အမိန့်တော်ပြန်တမ်း

ပြည်သူ လူတကာ သတ္တ၀ါအပေါင်းတို့ ယခုဝါဆိုကာလ ရောက်ပြီ

သူ့အသက်သတ်ခြင်း၊
သူ့ဥစ္စာခိုးခြင်း၊
သူ့အိမ်ရာ ပြစ်မှားခြင်း၊
မဟုတ်မမှန်သောစကားကို ဆိုခြင်း၊
သေရည်သေရက်ကို သောက်ခြင်း

တရားငါးပါးကို မကြည်မရှောင် ပြုကုန်သော သူတို့သည် ငရဲ၊ တိရ စ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံ၌ တလူးလာလာ နစ်မွန်းကုန်ရာသည်။

တရားငါးပါးကို ကြဉ်ရှောင်၍ အလှူပေးခြင်း၊ သီတင်းသီလ ဆောက်တည်ခြင်းကို ပြုသောသူတို့သည် လူမင်း နတ်မင်း စည်းစိမ်ကို ခံစား၍ နတ်ရွာ နိဗ္ဗာန်ချမ်းသာသို့ ရောက်ရာသည်ကို အသင် နှလုံးသွင်းလျက် သရဏဂုံသုံးပါး၊ ပဉ္စသီငါးပါး၊ အဋ္ဌသီရှစ်ပါး တို့ကို မပြတ်ဆောက်တည်ကြကုန်။

ထိုပြန်တမ်းကို ...နှစ်စဉ် ၀ါဆိုလဆန်း ၅ရက်နေ့ ရောက်တိုင်း ဆင်ပေါ်တင်၍ လူ ၅၀ ထမ်းရသော တရားစည်ကြီးကို တီးပြီး ၀င်းခင်း၍ ကြီးစွာသော ရွှေမောင်းကြီးကို တီးခတ်ကာ လှည့်လည် ဖတ်ကြား ကြောင်းမှတ်သားရပါသည်။

လယ်တီဆရာတော် သြ၀ါဒ

ငါးပါးသီလ၊ လူတရားကို မမှားစေမှု၊ အလေးပြု။
မြွေဆိုး ၊ ကျားဆိုး၊ ဘီလူးဆိုးကို ၊ မတိုးဝံ့ငြား၊ ဝေးစွာရှားသို့။
ငါးပါးသီလ၊ မရှိကြသူ ၊လူ မသူတော် ၊ လူပျက်ချော်ကို ၊ အဖော်မပြု ၊ ဝေးစေမှု။

သီလပျက်စီးသူ ၏ အပြစ်ငါးပါး

၁။ စည်းစိမ်ပျက်လျှင်း၊
၂။ သတင်းဆိုးနှံ့၊
၃။ ကြောက်ရွံ့ပရိသာ၊
၎။ သေခါတွေဝေ၊
၅။ သေငရဲလား ၊ ပြစ်ငါးပါး၊ မှတ်သား ဒုဿီလ။

သီလစောင့်ထိန်းသူ၏ အကျိုးငါးပါး။

၁။ စည်းစိမ်ရလျှင်း၊
၂။ သတင်းကောင်းနှံ့၊
၃။ မရွံ့ပရိသာ၊
၎။ သေခါမတွေ၊
၅။ သေနတ်ရွာလား ၊ ကျိုးငါးပါး၊ မှတ်သား သီလ၀န္တ။ (တိပိဋကဓရ၊ ဆရာတော် ဦးဝိစိတ္တရေးသည်။)


မြတ်စွာဘုရား ဟောကြားခဲ့သော ဂရုဓမ္မဇာတ်တော် နှင့် ဂရုဓမ္မအခါတော်နေ့ ပေါ်ပေါက်လာရခြင်း အကြောင်းကိုလည်း မှတ်သား လိုပါက...ဧရာဝတီစာကြည့်တိုက် တွင်ဖတ်ရှုနိုင်ပါတယ်။ ဂရုဓမ္မအခါတော်နေ့ မှာ ငါးပါးသီလ ကို လုံခြုံအောင် စောင့်ထိန်းကြပါစို့လို့ လဲတိုက်တွန်းအပ်ပါတယ်။

ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ

ပဉ္စသီငါးဖြာ ကိုယ်ကျင့်တရားကို၊ ပျက်ပြားနေကြ ကမ္ဘာမြေ။
ဟိုတိုင်း ဒီပြည် ရန်စစ်ခင်းလို့၊ လူနှင့် လူချင်း သတ်ကာနေ။
ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။
ပဉ္စငါးပါး ကိုယ်ကျင့်တရား၊ ရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့ ဗုဒ္ဓ၀ါဒ ကမ္ဘာက သိပါစေ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

5 - Comment:

  • September 2, 2009 at 6:23 AM

    နက်ဖြန်ကို ရှစ်ပါးသီလယူမလို့ မမညခင်းပို့စ်ကို ဖတ်ပြီး ငါးပါးသီလပဲတည်တော့မယ် :P
    ပို့စ်ကို လင့်ထားတာကျေးဇူးတင်ပါတယ်

  • September 2, 2009 at 11:10 AM

    ညခင်းရေ.. ဂရုဓမ္မအခါတော်နေ့ နဲ့ ပတ်သတ်လို့ သိသမျှ
    တင်ထားတာကိုပဲကျေးဇူးပါ။ အမလည်း မရေးနိုင်ခဲ့လို့ 
    အဆင်ပြေပျော်ရွှင်ပါစေ။
    ဧရာဝတီစာကြည့်တိုက်ကိုလည်းသွားလိုက်ပါမယ်။

  • September 2, 2009 at 5:04 PM
    Anonymous :

    ဟေ့ ဒေါ်ည...
    ငါးပါးသီလမှာ ဘီယာကောထည့်မှာလား။
    မိတ်ဆွေတစ်ဦးက ဘီယာသောက်တယ်။
    သူ့အတွက်မေးကြည့်တာပါ။ ဒီ

    နောက်တစ်ခုက
    အကိုက်အခဲပျောက်ဆေးတွေကောပါလား။
    ပါနေရင် သူတော့ ဒုက္ခပဲ။

    ဒီ

  • September 4, 2009 at 1:41 AM

    တန်ဖိုးရှိတဲ့ ပိုစ့်တွေရေးသားတဲ့အစ်မတစ်ယောက်လည်း မိမိကိုယ်ကိုတန်ဖိုးထားနိုင်ပြီး မိမိရည်မှန်းရာပန်းတိုင်ကို ဆိုက်ရောက်နိုင်ပါစေ..

  • September 5, 2009 at 8:27 AM

    ပန်းကဗျာဆီက လိုက်လာတာပါ။ ဂရုဓမ္မအကြောင်းထပ်ဖတ်ချင်လို့။ ကွန်မင့်ပေးဖို့နေရာက ပျောက်နေလို့ တော်တော်ရှာလိုက်ရတယ်။ ထောက်ကြည့်မှ ပေါ်လာတယ်။

    ဂရုဓမ္မရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ဖတ်သွားပါတယ်။

    ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers