ကျမနှင့်အကြိုက်ဆုံးအစားအစာ

3


ညီမငယ် မချစ်ရ (ငယ်) က ကျမနှင့်အကြိုက်ဆုံးအစားအစာ ဆိုပြီးတက်ဂ် ပိုစ့်လေး ရေးခိုင်းတယ်။ အကြိုက်တွေ ကအားကြီးပါပဲ။ သေချာတာကတော့ ညခင်း ဂျီးမများတတ်ဘူး ရောက်ရာအရပ်မှာ ရတာနဲ့စားတတ်ပါတယ်။ စားလို့ရတာအကုန်စား ဆိုတာမျိုးပေါ့.... ဒါပေမဲ့ အကောင်းတော့ ကြိုက်တတ်ပါတယ်။ အချိန်ခါမလပ်...ပါးစပ်နဲ့ အစားပြတ်တယ် မရှိအောင် စဉ်းစားပြီး စားတယ်။သူငယ်ချင်းတွေကဆို... ဆိုက်က္ကား မကာအောင် ၀လာ အုံးမယ်လို့ ပြောကြတယ်။

ကဲစပြောမယ်နော်...
ညခင်း ဘိုးဘိုးက ရှမ်း နဲနဲစပ် ပါတယ် ...ညခင်းဆိုရင်တော့ ၁၀ပြားလောက်တော့ရှိမယ်ထင်တယ်။ အဲတော့ ရှမ်းအစားအစာဆို အကုန်ကြိုက်ပါတယ်။ နောက် တရုတ်အစားအစာ... အဲဒါလည်း စားကောင်းတာပဲနော့။ တရုတ်လူမျိုးက ကောင်းပေ့ ဆိုတာမျိုးကို စားတာကိုး။ ကုလားအစားအစာ...အဲ ဒါတော့ သိပ်မကြိုက်ဘူး။ နောက်..မြန်မာ ထမင်းဟင်း... နေ့တိုင်းစားတော့ စားနေတာပေါ့။ ညနေရုံးကပြန်တဲ့အချိန် ထမင်းစားစောင့် တတ်တဲ့ ဖွားကို သနားလို့ ဟန်ဆောင်ပန်းဆောင်စားခဲ့ရတဲ့နေ့တွေလည်းမနည်းဘူး။

အဲ...နောက်ရှိသေးတယ်။ အချို အလွန်ကြိုက်ပါတယ်။ ဘယ်မုန့်ဖြစ်ဖြစ် ချိုနေရင်ကောင်းနေတာပဲ။ညခင်း အစ်မက ဆို အမြဲပြောပါတယ်။ အချိုကြိုက်လွန်းလို့တဲ့..လွှစာမှုန့်ကို သကြားဖြူးပြီးကြော်ကျွေးရင် စားမလားတဲ့။ နောက်....ပင်လယ်စာ လည်း ကြိုက်တာပဲ။ အသီးထဲ မှာဆိုရင်တော့ ထောပတ်သီး၊မင်းဂွတ်သီး၊ ဒူးရင်းသီးနဲ့ပန်းသစ်တော်အကြိုက်ဆုံးပါ။ကော်ဖီ နဲ့ လက်ဖက် ကတော့ နေ့တိုင်းလိုလို ...စားဖြစ်ပါတယ်။

ဒီပုံတွေကတော့ အခု ပိုစ့်တင်ရင်း လတ်တလော စားချင်လာတဲ့ ပုံလေးတွေပေါ့...။




ကဲ ညီမ ငယ်ရေ တီလေး အကြိုက်တွေတော့ သိပြီ...၀ယ်ကျွေးပေတော့....:P တီလေး အလုပ်ရှုပ်နေလို့ ရေးပေးတာ နောက်ကျနေတာနော်။ စိတ်မဆိုးနဲ့။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

3 - Comment:

  • July 4, 2009 at 3:46 PM

    သူက စားလို့ကောင်းတာဆို အကုန်ကြိုက်ပါတယ် နောက်ဆို ပွင့်လို ၀လာမှာ အသေအချာပါပဲ ပြီးတော့ ဒီစာရင်းမှာ မပါတဲ့ ဟာတွေလည်း အကုန်စားပါတယ် ရေခဲမုန့်၊ ချော့ကလက် ၊ ချိုချို အီအီ၊ ချဉ်ချဉ်ငံ၂ စပ်၂ စားလို့ရတာအကုန်စားပါတယ် :P

  • July 4, 2009 at 4:55 PM

    ဖဲ့ပြီ။ နာမယ် ပူတူး

  • July 5, 2009 at 4:37 AM
    မချစ်ရ :

    တီလေးရေကျေးဇူးပါနော်ရေးပေးလို့
    ငယ်အရမ်းဖျားနေလို့အွန်လိုင်းတောင်မ၀င်နိုင်ဘူး
    ခုမှခဏ၀င်လာတော့တွေ့လို့ပျော်သွားတာပဲ
    တီလေးကိုတွေ့ရင်ဝယ်ကြွေးရမှာပေါ့ :)

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers