သင် နဲ့ သင့်ချစ်သူကြားက သံယောဇဉ် ကြိုး

2


သင် နဲ့ သင့်ချစ်သူကြားက သံယောဇဉ် ကြိုးကို ပိုမိုခိုင်မာစေတဲ့ စမ်းသပ်ချက်ဖြစ်ပါတယ်။

ဒီစမ်းသပ်ချက်ကို ဖြစ်နိုင်ရင် သင့်ချစ်သူနဲ့အတူတူ ဖြေဆိုကြည့်ပါ။ ချစ်သူမရှိသေးသူတွေကတော့ ခင်ရတဲ့သူငယ်ချင်း၊ ဆွေမျိုးနဲ့ ဖြေဆိုကြည့်ပါ။ တနည်းအားဖြင့် မိမိအနေနဲ့ နောင်ကို သံယောဇဉ် ပိုထားချင်သူနဲ့ အတူတွဲပြီး ဖြေကြည့်ပါ။

ဒီ စမ်းသပ်ချက်မှာ အောက်ပါမေးခွန်းသုံးခုကို ဖြေပေးထားရပါမယ်။

a. ကျွန်တော်/မဟာ တစ်ယောက်တည်း (......................)
မိမိကိုယ်တိုင် တစ်ဦးတည်း လုပ်ချင်တဲ့အကြောင်း အရာ ။

b. ကျွန်တော်/မဟာ မင်းနဲ့ (ချစ်သူ (သို့) တစ်ဦးဦးနဲ့) နှစ်ယောက် အတူတူ (....................)
ချစ်သူနဲ့နှစ်ဦးသား အတူတူ လုပ်ချင်တဲ့ အကြောင်းအရာ၊

c. ကျွန်တော်/မဟာ အားလုံးနဲ့ အတူတူ (...................)
ခင်မင်သူ သူငယ်ချင်း၊ မိတ်ဆွေ မိသားစုတွေ နဲ့အတူတူ လုပ်ချင်တဲ့အကြောင်းအရာ ကို စဉ်းစားပြီးဖြည့်ပေးရမှာ ဖြစ်ပါတယ်။

a.b.c မေးခွန်းသုံးခုမှာ. နောက်ဆုံးကွက်လပ်ကို ဘယ်လိုစာကြောင်းတွေနဲ့ အဆုံးသပ်မလဲဆိုတာကို ဖြည့်ပေးရပါမယ်။

သင့်ဖြည့်ခဲ့တဲ့ အကြောင်းအရာက သင့်စိတ်ထဲမှာ ရှိတဲ့ခံစားချက်အမှန်တွေကို ဖော်ညွှန်းပါတယ်။

(a)အဖြေ... ဥပမာအားဖြင့် ကျွန်တော်/မ ဟာ တစ်ယောက်တည်း မနက်စာကို စားတယ်လို့ စာကြောင်းကို အဆုံးသတ်ခဲ့ရင် နံနက်ခင်းချိန်ကို အေးအေးဆေးဆေး အချိန်ကုန်လွန်စေပြီး ခန္ဒ္စာကိုယ်အတွက် အားအင်ဖြစ်စေ တဲ့ အစားအစာကို စားသောက်တယ်လို့ ဖြေဆိုတဲ့အတွက် သင်ဟာ သင့်ရဲ့တစ်နေတာကို ဘ၀အတွက် အကျိုး ရှိရှိ အသုံးချဖို့ စဉ်းစားနေသူဖြစ်ပါတယ်။

တစ်ယောက်တည်း သီချင်းနားထောင်တယ်လို့ဖြေခဲ့တဲ့သူဆိုရင် တေးဂီတ၊တွေ သီချင်းသံတွေက သင့်ရဲ့ဘ၀ အတွက်မရှိမဖြစ်လိုအပ်တဲ့အရာလို့ ထင်မြင်ထားသူပါ။

တစ်ယောက်တည်း လျှောက်လည်မယ်လို့ ဖြေဆိုထားသူကတော့ အလည်အပတ်သွားခြင်း အပန်းဖြေခြင်းတွေ ဟာ ဘ၀အတွက် အရေးကြီးတယ်လို့ ယူဆသူဖြစ်ပြီး၊လည်ပတ်သွားလာနေခြင်းအားဖြင့် လူတွေနဲ့ ထိတွေ့ ဆက်ဆံပေါင်းသင်းရတာဟာ အနှစ်သာရ ရှိတဲ့ ဘ၀လို့ခံယူသူဖြစ်ပါတယ်။ စသည်ဖြင့် သင့်အဖြေမှာ ပါရှိတဲ့ အကြောင်းအရာဟာ သင့်ဘ၀အတွက် အရေးပါတဲ့ လှုပ်ရှားမှုကို ဖော်ပြပါတယ်။

(b) အဖြေ.... ကျွန်တော်/မ ဟာ မင်းနဲ့အတူတူ.............ဆိုတဲ့ နောက်ဆက်စကားစုက ဖော်ညွန်းတာက အခုလောလောဆယ်မှာ သင့် အချစ်ရေးမှာ အလိုအပ်ဆုံးလို့ ခံစားနေရတဲ့အရာကို ထင်ဟပ် ဖော်ညွှန်းပါတယ်။

ဥပမာ... နှစ်ယောက်အတူတူ အချစ်သက်သေထူမယ်၊လို့ ထည်ခဲ့ရင် ချစ်သူနဲ့ကိုယ်နဲ့ကြားက အချစ်ရေးမှာ စိတ်ပူပန်နေရတဲ့အရာက နှစ်ဦးသားကြားမှာ အချစ်တွေ အေးစက်နေတယ်လို့ခံစားနေရတယ်လို့ ဖော်ပြ ပါတယ်။

သို့မဟုတ်.. နှစ်ယောက်တူတူ စားသောက်ဖို့သွားကြမယ်၊အဲလိုဖြေခဲ့ရင် ချစ်သူနဲ့အတူတူ တစ်နေရာရာမှာ အေးအေးဆေးဆေး သွားပြီး စားသောက်ချင်စိတ် ရှိပြီး အဲဒီလို စားသောက်ဖို့ အခွင့်အရေးမရှိသေးတာကို ဖော်ပြပါတယ်။နှစ်ဦးသား အေးအေးဆေးဆေး တွေ့ကြဖို့အချိန်တွေ လိုအပ်နေတယ်လို့လည်း ခံစားနေရပါတယ်။ ရင်းရင်းနှီးနှီးဆက်ဆံရေး လိုအပ်နေတာကို စိတ်ပူနေပါတယ်လို့ ဖြေထွက်တယ်။

(c) အဖြေ....မှာဖြည့်စွက်ခဲ့တဲ့ စကားစုကတော့ သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်တဲ့ နည်းလမ်းကို ဖော်ညွန်းပေးပါတယ်။

အားလုံးနဲ့ ပျော်ပျော်ပါးပါး ဆူညံအော်ဟစ်ပစ်ချင်သူ ၊ တစ်နေရာရာ သွားချင်သူ စသဖြင့် အဖြေတွေအားလုံးဟာ မိမိရဲ့စိတ်ထွက်ပေါက်ကို ဖွင့်ပေးချင်တဲ့ နည်းလမ်းတွေကို ဖော်ပြတာ ဖြစ်ပါတယ်။

ဒီစမ်းသပ်ချက်ကို ချစ်သူနဲ့ နှစ်ယောက်အတူတူ (သို့) ခင်မင်သူ နှစ်ယောက် အတူတူ ဖြေကြည့်ခြင်းအားဖြင့် သူ့ရင်ထဲက ခံစားချက်တွေကို နားလည်ပြီး သူလိုအပ်နေတာကို ကိုယ်က ဖြည့်စွက် နိုင်အောင်ကြိုးစားရင်း နှစ်ဦးကြားက သံယောဇဉ်ကြိုးပိုပြီး ခိုင်ခိုင်ချည်နှောင်ထားဖို့ အခွင့်အရေး ရှိလာမှာပါ။ အားလုံး ပျော်ပျော် ရွှင်ရွှင်နဲ့ ဒီစမ်းသပ်ချက်လေးကို ဖြေဆိုကြည့်နိုင်ပါစေ။


ချစ်ခင်လေးစားလျှက်...
ညခင်း

2 - Comment:

  • March 24, 2009 at 1:51 AM
    Anonymous :

    မပန်းကဗျာရေး မန့်လို့ ရတယ် ညခင်းတော့

  • April 10, 2009 at 7:38 AM
    Anonymous :

    ၁.. မိန်းမကိုချောင်ထိုးပြီး တခြားအသစ်လေးနဲ့ကဲတာ။သူရှာသမျှ ပိုက်ဆံ ဖြုံးပေးတာ။
    ၂..နှစ်ယောက်အတူတူ စီးပွားရှာတာ။သူကတော့ ပိုရှာပေါ့ဗျာ။
    ၃.. နျစ်ယောက်အတူတူ ဘုရားသွားကျောင်းတက်ကလွဲရင်..
    ဒီလိုဆို ဘာပြောမလဲ

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers