သီရိကျက်သရေ ရှိအောင်နေ...။

9

ဒီပိုစ့်လေး ရေးဖြစ်တာက.....ဒီလိုဒီလို....

လူမှာကိုယ်စောင်နတ်ရှိတယ်ဆိုတာယုံသလား၊ လို့ လမင်းကို ညခင်းမေးဘူးပါတယ်။ လမင်းကတော့ ယုံဘူးတဲ့။
မနက်စောစောမထရင် ကိုယ်စောင့်နတ်မကြိုက်ဘူး၊ ထပြီးပြီးချင်းလည်းမျက်နှာမသစ်ပဲ အကြာကြီးမနေရဘူး။ ကိုယ်စောင့်နတ်မကြိုက်ဘူးလို့ ပြောမိပါတယ်။ လမင်း က...အာာာ...မယုံပါဘူး။ လူရှိနေလို့ သူရှိရတာ.. .မကြိုက် လဲနေပေါ့ တဲ့။ ကောင်းရော...နော်။ ညခင်းလဲရှင်းမပြတတ်ဘူးလေ။

အဲဒါနဲ့ ရှေးလူကြီးတွေပြောတာပဲ...ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ တဲ့ ဆိုရိုးစကားရှိတယ်။ တီလေးတော့ ယုံတယ်လို့ပြန်ပြောမိတယ်။ အခုတော့ လမင်းကို ပြန်ပြောပြဖို့ စကားရပါပြီ.... ရှာဖတ်ထားတာလေးပါ။...ကဲ လမင်းကို ပြောပြ ရင်း ပိုစ့်လေး တစ်ခုဖြစ် ဖြစ်လာခဲ့တယ်....

ကိုယ်စောင့်နတ် တစ်ကျိပ်တစ်ပါးရှိတယ်လို့ စာပေတွေထဲမှာ ဆိုထားပါတယ်။ အရေးကြီးတာက သီရိကျက်သရေကို ပေးနိုင်စွမ်းရှိတဲ့ နတ်(၃)ပါး ကြိုက်နှစ်သက်အောင် နေတတ်ဖို့ဘဲ၊ အဲဒီနတ်သုံးပါးဟာ
(၁)ဦးခေါင်းကိုစောင့်တဲ့နတ်
(၂)ကိုယ်ကို စောင့်တဲ့နတ်
(၃)ခြေကို စောင့်တဲ့နတ် ဆိုပြီးရှိတယ်။

ဦးခေါင်းကိုစောင့်တဲ့နတ်ဟာ နံနက်အခါ ဦးခေါင်းကို သန့်ရှင်းစွာ ပြုလုပ်လေ့ရှိသူကို နှစ်သက်ပြီး စောင်မ ကြည့်ရှုတတ်တယ်။ ကြိုးတန်း၊ ကြိမ်တန်း၊ အိမ်အောက်၊ လှေခါး၊ တံတား၊ ပုဆိုးအ၀တ်အောက် လျှိုဝင်ခြင်း ကို မကြိုက်ဖူး။

ကိုယ်ကို စောင့်တဲ့နတ်က.. နေ့ အခါ ကိုယ်ခန္ဒ္စာကို သန့်ရှင်းအောင် နေထိုင်တတ်သူကို စောင့်ရှောက်သတဲ့။
မိမိဝတ်ပြီးသား အ၀တ်ကို အထက်အောက်ပြန်ဝတ်ခြင်းကို မကြိုက်ဖူး၊

ခြေ ကို စောင့်ရှောက်တဲ့နတ်ကတော့.. ညအခါ ခြေကို သန့်ရှင်းစင်ကြယ်စွား ဆေးကြောအိပ်ယာဝင်တဲ့ သူကို စောင့်ရှောက်သတဲ့။ ခြေကို မသန့်မရှင်းပြုပြီး အိပ်ယာဝင် လူကို မကြိုက်ဖူးတဲ့။

အဲဒါကြောင့် လဲ ရှေးလူကြီးတွေက...
မနက်အခါ ဦးခေါင်းမှာ ကျက်သရေနေတယ်။
နေ့ခင်းအခါ ကိုယ်မှာ ကျက်သရေနေတယ်၊
ညဥ့်အခါ ခြေမှာ ကျက်သရေနေတယ်။
ဒါကြောင့် အခါကို လိုက်ပြီး သန့်ရှင်းအောင် နေရမယ်လို ပြောခဲ့တာပါ။

ဒီလောက်ဆိုရင် လူမှာ သီရိကျက်သရေကို ပေးဆောင်တတ်တဲ့ နတ်(၃)ပါး ရှိတယ်ဆိုတာ...လုံလောက်ပါပြီ။

ကျက်သရေ ဆိုတာကရော...
မနက်ခင်းရဲ့ ကျက်သရေ ကိုစဉ်းစား ကြည့်ရအောင်... ဗုဒ္ဒ္စဘာသာမြန်မာလူမျိုးများ မနက်ခင်း ကျက်သရေ အထူးသဖြင့် ဂရုပြု လေးထားတတ်ကြပါတယ်။ မနက်မိုးသောက်အလင်းရောက်တာနှင့် ဘုရားရှိခိုးပုတီးစိပ်၊ မေတ္တာ ဘာဝနာ ပွားများ..။ မကောင်းသော အတိတ်နမိတ် ပါသောစကားများကို ရှောင်ရှား၍ နေ့တနေ့ရဲ့ အစကို ကျက်သရေရှိစွာနဲ့ စတင်လေ့ ရှိကြတာ အားလုံးအသိပါ။အဲဒီတော့ ကျက်သရေ ဆိုသည်မှာ မိမိရင်ထဲမှာ အေးမြပြိး တည်ငြိမ်တဲ့ အလှ မျိုး ဟုမှတ်သားမိပါတယ်။ အဲဒီတော့ လူတစ်ယောက်ဟာ အမြဲတမ်း ကျက်သရေ ရှိအောင် နေထိုင်တတ်ဖို့ အရေးကြီးပါတယ်...

ကျက်သရေနဲ့ပတ်သတ်ပြီး ထပ်ပြီးမှတ်သားမိတာကတော့...
တနင်္ဂနွေနေ့မှာ ဦးခေါင်းမှာ ကျက်သရေနေတယ်။
တနင်္လာ ပခုံးမှာ ကျက်သရေနေတယ်။
အင်္ဂါနေ့ ကျောခုံးမှာ ကျက်သရေနေတယ်။
ဗုဒ္ဒ္စဟူး နှာခေါင်းမှာ ကျက်သရေနေတယ်။
ကြာသပတေးနေ့ လက်ရုံးမှာ ကျက်သရေနေတယ်။
သောကြာနေ့ က္ကုနြေ္ဒ ၌ ကျက်သရေနေတယ်။
စနေ့နေ့ တစ်ကိုယ်လုံးပြည့်အောင် နေတယ်။ လို့ ဆိုထားပါတယ်။

ဒီထက်သိချင်ရင်တော့ ရှေးဟောင်းစာပေတွေ နဲ့ လူကြီးသူမ တွေကို မေးမှ ရမယ်...ရှာဖတ်ခင်ရင်တော့ သမန္တစက္ခုဒီပနီကျမ်းမှာ လည်း ဖတ်ကြည့်လို့ရတယ်တဲ့....လမင်းရေ။

ဗဟုသုတ လေးအနေနဲ့ ပိုစ့်လေးရေးဖြစ်ခြင်းပါ။
ညခင်း

9 - Comment:

  • March 15, 2009 at 3:15 AM
    Anonymous :

    ကျက်သရေ ရှိအောင်နေပါတော့မယ် လို့.....လမင်းမြန်၂ပြန်ပြောလိုက်လေတီလေး ညခင်းကို ဘွားလေးတော့ လစ်ပြီ ဟား၂

  • March 16, 2009 at 3:42 AM

    ကိုယ့်ကိုယ်ကိုယ် ဘော်ဒီဂတ် ၃ ယောက်ရှိနေမှန်း ခုမှ သိတယ်။
    ဗဟုသုတရစေတာမို့ ကျေးဇူးတင်တယ်..
    မကြီး လမင်းက မယုံဘူးဆိုတော့ အထူးဘော်ဒီဂတ် ရှိနေလို့ပဲလား
    စဉ်းစားစရာတော့ ဖြစ်နေပါပီ ..

    ဆင်ဆင်ပြေပါစေ ..

  • March 16, 2009 at 10:15 AM
    Anonymous :

    ဗဟုသုတတွေ မှတ်သားသွားတယ်။ နတ်မင်းတွေ မကြိုက်တာ လုပ်မိတာ တော်တော် များပြီပဲ။ အဆိုးဆုံးက ညတိုင်မှာ အိပ်ချင် သလို အိပ်လိုက်တာ။ နောက်တော့ ခြေကို ပြန်ကြည့်ပြီးမှ အိပ်ယာ ဝင်ရမယ်။

  • March 16, 2009 at 11:20 AM

    သေချာကိုဖတ်သွားတယ်နော်။ ခြေလက်ဆေးပြီးမှအိပ်ယာဝင်တတ်တယ်။ ဒါမယ့် အိပ်ယာသန့် ဘို့ ဘဲအဓိက ထားထားတာ။ ခုတော့ သိသွားပြီ
    ကျေးဇူး

  • March 16, 2009 at 1:32 PM

    ပိုစ့်လေးကောင်းတယ်--ဝေငှပေးလို့ကျေးဇူးပါရှင်--

  • March 16, 2009 at 11:32 PM

    အင်း .. အစောင့်အရှောက်တွေ နေရာတိုင်းမှာ ရှိတယ်ဆိုတာယုံတယ် ညခင်းရေ ..း) ခုလိုသတိပေးလို့ ကျေးဇူးနော်း))

  • March 17, 2009 at 12:33 AM
    Anonymous :

    လူမှာကိုယ်စောင်နတ်ရှိ..... ကိုယ်စောင့် ဆိုတဲ့နေရာမှာ အောက်ကမြင့်လေး ကျန်ခဲ့တယ် မ ရေ... စစချင်းမှာ ရုတ်တရက်မို့လို့ အဓိပ္ပာယ်မပေါက်ဘူး.... ပြီးတော့မှ နတ်အကြောင်းပြောမှန်း သိတာ... အဟိ...

  • March 17, 2009 at 1:52 AM
    Anonymous :

    သီရိကျက်သရေ ရှိတယ်လို့တော့ထင်တာပဲ။ :D ပို့စ်ဖတ်နေရင်းနဲ့ ကိုယ်ဝတ်ထားတဲ့အင်္ကျီကိုနမ်းကြည့်လိုက်သေးတယ်။ မနံသေးဘူး။ :D

  • March 18, 2009 at 2:58 PM
    Anonymous :

    ဟင်.. လူတစ်ယောက်မှာ စောင့်တဲ့နတ်တွေများလှချည်လားဗျ။
    မကြားဖူးတာတော့ အမှန်ပဲ။ ကျနော်ကြားဖူးတာတော့ နတ်တွေ
    က ကား၊ဆိုင်ကယ်၊လေယာဉ်၊ရဟတ်ယာဉ်၊ သင်္ဘော၊ တွေမှာတော့ အများကြီးရှိတယ်ဗျ။ သူတို့ကိုကြပ်တဲ့ ဂွတွေ ဂွင်းတွေဆိုတာလဲ အမျိုးမျိုးရှိတယ်လို့တော့ မြင်ဖူး၊ကြားဖူး၊ ကိုယ်တိုင်လဲ သုံးနေတာဗျ။ အဟီ

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers