ပန်းရန်သုံးယောက် အကြောင်း နှင့် လူ ၅မျိုး။

5

ကလေးအရွယ်မှာတော့ ကစားတာပဲ သိသပေါ့။ အရွယ်ရောက်လာရင်တော့ အလုပ်လုပ်ရတယ်မဟုတ်ပါလား။ အလုပ်လုပ်တယ်ဆိုတာ လူလားမြောက်ကြောင်းပြတဲ့ အထင်ရှားဆုံးသင်္ကေတ ဆိုတဲ့စကားကိုလည်း မှတ်သားရဖူးပါတယ်။
အလုပ်နှင့်ပတ်သက်၍ မှတ်သားထားဖူးတာလေးများ ကို ပြန်ပြောပြပါရစေ....

ပန်းရန်သုံးယောက် အကြောင်း.............

ပထမ ပန်းရန်ကိုမေးသည်။ ဘာလုပ်နေသလဲ ပန်းရန်က မော့၍မျှပင်မကြည့်ပဲ ကျုပ် အုတ်စီနေတာ ဟူ၍ ပေါ့ပေါ့တန်တန်ဖြေ၏။

ဒုတိယ ပန်းရန်ကမူ အနည်းငယ် အလေးထားသော ပုံစံမျိုးဖြင့် နံရံတစ်ခု လုပ်နေတယ် ဟူ၍ ဖြေသည်။

တတိယ ပန်းရန်ကမူ ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် စိတ်အားထက်သန်စွာ ဖြေသည်။ ကျုပ်က ဘုရားကျောင်းတော်ကြီး တည်နေတာဗျ..။

အလုပ်လုပ်တာချင်းအတူတူ အလုပ်၏ ရည်ရွယ်ချက်ကို တိတိပပ ပြောနိုင်သူသည်သာလျှင် သူတစ်ပါးထက်ထူး၏။ အလုပ်ချင်း အတူတူ စေတနာထားတာချင်းကွာ၍ ရည်ရွယ်ချက်ခြင်း ကွာ၍ တန်ဖိုးခြင်း လည်းကွာသည်။

လောကတွင် လူ ၅မျိုးရှိသည်။ ယင်းတို့မှာ-
၁။ အလုပ်ရှောင်သူ။ ။ ထိုသူသည် အထက်လူကြီးများ မသိအောင် အလုပ်ခိုကပ်နေသူဖြစ်သည်။

၂။အလုပ် အ သူ ။ ။ ထိုသူသည် မိမိတကယ်နားမလည်သော်လည်း နားလည်သကဲ့သို့ ဟန်ဆောင်လုပ်ကိုင်နေသူ ဖြစ်သည်။

၃။ အလုပ် ပျင်းသူ ။ ။ ထိုသူသည် အလုပ်လုပ်ရန်ပျင်းရိသောကြောင့် ဆင်ခြေအမျိုးမျိုးပေး နေသူဖြစ်သည်။

၎။ အလုပ်လိမ်သူ။ ။ ထိုသူသည် အလုပ် ဆယ်ပြားတန်လုပ်၍ တကျပ်တန် အခတောင်းတတ်သော လူမျိုးဖြစ်သည်။

၅။ အလုပ်အားမကိုးသူ။ ။ ထိုသူသည် မိမိကိုယ်ကို မိမိအားမကိုးပဲ သူတစ်ပါး၏ နှားခေါင်းနှင့်အသက်ရှူသော လူမျိုးဖြစ်သည်။

အဆိုပါ ရှောင်သူ ၊ အသူ၊ ပျင်းသူ ၊ လိမ်သူ၊ အားမကိုးသူများ၏ အကြားမှ----တာဝန်ဟူသမျှကို ထမ်းရွက်ခြင်းအလုပ်ကို မခိုမကပ်လုပ်ကိုင်ခြင်း မိမိအလုပ် လုပ်သမျှနှင့် ထိုက်တန်သော အဖိုးအခကို သာ တောင်းခြင်း၊ စိတ်ပျက်ခြင်းများကို တိုက်ခိုက်၍ စိတ်ပျော်ခြင်းများကို လက်ခံခြင်းစသော အရည်အချင်းများနှင့်ပြည့်စုံသည့် အလုပ်သမားကောင်းဖြစ်ဖို့ကြိုစားကြပါစို့လို့......

ချစ်ခင်လေးစားလျှက်...
ညခင်း

5 - Comment:

  • March 13, 2009 at 1:15 AM

    ကျွန်မကတော့ အလုပ်ပျင်းသူဖြစ်ပါတယ် ဟီး၂ ...

  • March 13, 2009 at 6:50 AM
    Anonymous :

    ဒုတိယပန်းရံလိုလူဖြစ်မလားပဲ
    အဲ လူငါးမျိုးထဲမှာတော့ မပါဘူး ...

    ရည်ရွယ်တာလေး ကောင်းတယ်။

  • March 13, 2009 at 9:38 PM
    Anonymous :

    ညခင်းရဲ့ လူ ၅မျိုးကို ပေါင်းစပ်လိုက်ရင် ဆရာဝန်ဆိုတာ ဖြစ်လာတာပေါ့။ စေ့စေ့တွေးကြည့်ရင် ရေးရေးတော့ ပေါ်လာမှာပါ။

  • March 16, 2009 at 10:28 AM
    Anonymous :

    ပေးတဲ့ အလုပ်တာဝန်ကိုတော့ ကြိုးစား လုပ်နေတာပဲ။ အင်းအားအကုန်တော့ မသုံးမိဘူးဗျိုး။ လိုနေသေးတယ်။ အစွမ်း ရှိသလောက်တော့ ကြိုးစားမယ်ဗျ။ ဒီပို့လေးအတွက် ကျေးဇူးပဲ အစ်မ ညခင်း။ ဒီထက်မက ကိုယ် စွမ်းဆောင်နိုင်တာ၊ စွမ်းနိုင်သမျှ လုပ်ဖို့ သတိတရ ရှိသွားတယ်။

  • March 18, 2009 at 4:02 PM
    Anonymous :

    အဲဒါပေါ့ဗျ ပခုံးနှစ်ဖက်က ခေါင်းပေါက်တာခြင်းအတူတူ အသက်
    ရှုတာခြင်းမတူဘူးဆိုတာ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers