ညခင်းရဲ့လမင်း ဘလော့(၂)နှစ်ပြည့်

19

ညခင်းရဲ့ လမင်းဘလော့ ရဲ့ အမှတ်တရ နေ့လေး ကြရောက်လာပြန်ပါပြီ။
Feb2/2008 နေ့မှာဘလော့စတင်ခဲ့တာ (၂)ပြည့်မြောက်ပြီဖြစ်ပါတယ်။
ဘလော့ကို နေ့စဉ် လာလည် စာဖတ်ကြ သောမောင်နှမများ၊ ဘလော့လေး၏ လိုအပ်တာများ ညွှန်ပြပေးတဲ့ ညီအကိုမောင်နှများ၊ ဆုတောင်းပေးကြသော မောင်နှမများ၊ ကိုလည်း ကျေးဇူး တင်ပါတယ်။ အဆုံးအမများပေးကြသော ဘုန်းဘုန်းများကိုလည်း ဘလော့အမှတ်ရနေ့လေး မှာ ဦးချကန်တော့ရင်း ကျေးဇူးတင်ရှိကြောင်းပြောချင်ပါတယ်။ ညခင်း နှင့် လမင်း တို့ဖတ်မှတ်ထားသမျှများကို ဆက်လက်ဖြန့်ဝေ ဒါနပြုနိုင်အောင် ကျိုးစားပါ့မယ်ရှင့်...။

ဘလော့မွေးနေ့လေးမှာ လက်ဆောင်လေးတွေ ဝေမယ်နော်။
ဘလော့နှစ်ပတ်လည် အတွက် မုန့်ကျွေးခိုင်းတဲ့သူတွေ အတွက် ညခင်း ချက်ပြုတ်နေပါတယ်။ :P



ညခင်း အလုပ်ရှုပ်နေတဲ့ကြားက ဘလော့၂နှစ်သက်တမ်းပြည့် အထိမ်းအမှတ်ပို့စ်လေးကို ဖြစ်သလို ရေးရပေမဲ့ အရမ်းပျော်နေပါတယ်။ ညခင်းလိုပဲ အားလုံးသော မောင်နှမများလည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ ပျော်ရွှင်ကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း



19 - Comment:

  • January 31, 2010 at 8:32 PM

    ဘလော့၂ နှစ်ပြည့်မှာ ကျွေးတာတွေကို အ၀အရင်ဆုံးလာတီးပါတယ်
    ညခင်းနဲ့လမင်းလည်း နောက်နှစ်ပေါင်းများစွာ စာကောင်းများ ဆက်လက်ရေးသားဖြန့်ဝေနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်...

  • January 31, 2010 at 9:00 PM
    Anonymous :

    မွေးနေ့ဆိုတော့
    ကလေးက တော်တော်ဆော့...
    စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
    သူတော်ကောင်းတရားတွေ ဖြန့်ဝေနိုင်ပါစေ... ဒီ

  • January 31, 2010 at 10:28 PM

    မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ဘလော့မွေးနေ့ကို ပြောပါတယ်

  • February 1, 2010 at 3:31 AM

    ၂ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ဒီဘလော့လေးနဲ့ ပျော်ရွှင်စွာ လက်တွဲသွားနိုင်ပါစေ စာကောင်းပေကောင်းများ ဒီထက်ပိုပြီး ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်


    လေးစားလျက်
    တောင်ပေါ်သား

  • February 1, 2010 at 4:40 AM

    ဘလော့ခ်နှစ်နှစ်ပြည့်သွားပြီးဖြစ်လို့ ဂုဏ်ယူပါတယ်ဗျာ...ုံလက်ဆောင်တွေလည်း တ၀ကြီးလာယူသွားတယ်..... ဒီလိုကောင်းမွန်တဲ့ စာပေတွေ.. ဘာသာအဆုံးအမတွေကို ပိုမိုရေးသားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်...

    ခင်မင်တဲ့
    ဂျပန်ကောင်လေး

  • February 1, 2010 at 6:34 AM

    ဘလော့နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ စာကောင်းပေမွန်များ ဆက်လက်ရေးသားနိုင်ပါစေ..

    "မညခင်းရဲ့ဘလော့ထဲက စာပေတွေဟာ.. ကမ္ဘာကျော် စာရေးဆရာကြီးတောလ်စတွိုင်းရေးသားခဲ့တဲ့ စာပေတွေလောက် ကမ္ဘာကျော်ပြီး ရောင်းအားမကောင်းပေမယ့်.. စာဖတ်သူတွေ အပေါ်မှာထားရှိတဲ့ မညခင်းရဲ့မေတ္တာတရားတွေကတော့ စာလာဖတ်ကြသော စာဖတ်ချစ်သူများ အပေါ်မှာ အစဉ်တစိုက် နှလုံးသားထဲထိ ပျံ့နှံပေးနေမှာပါ..."

    မေတ္တာတရားတွေ ပျံ့နှံ့သည်ထက် ပျံ့နှံ့ပေးနိုင်ပါစေအစ်မရေ..။
    ဗုဒ္ဓရဲ့အဆုံးမစာသားတွေကို မမောမပန်းဖြန့်ဝေပေးနေတာ သာဓုခေါ်မိပါတယ်အစ်မရေ...။
    စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဆက်လက်ဖြန့်ဝေပေးနိုင်ပါစေ...။

  • February 1, 2010 at 6:36 AM

    ၂ နှစ်တာရပ်တည်နိင်တာကို ဂုဏ်ယူမိတပါတယ်။ အားလုံးအတွက် အကျိုးရှိတာလေးတွေ မျှဝေပေးတဲ့ ဒီဆိုဒ်လေး နှစ်ပေါင်းများစွာ တည်တံ့နိင်ပါစေလို့ လေးလေးနက်နက် ဆုတောင်းပေးပါတယ်...။

  • February 1, 2010 at 7:42 AM

    ၂ နှစ်ပြည့်မှာသည်နောင်နှစ်ပေါင်းများစွာတိုင်အောင် ဘလော့များများရေးနိုင်ပြီးတော့ များများ ပညာမျှဝေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်..........

  • February 1, 2010 at 8:48 AM

    ဂုဏ်ယူတယ်ဗျို့ နှစ်နှစ် တောင်ပြည့်သွားပြီပေါ့
    များများရေးနိုင်ပါစေ

  • February 1, 2010 at 10:18 AM

    နုနယ်ပေမယ့် ရင့်ကျက်တဲ့ အတွေးတွေ အမြဲပေးနေတဲ့ ညခင်း၊ လရောင်ဖြာဝင်းတဲ့ ညခင်းဟာ လောကကို အလှဆင်နိုင်သလို သုတစုံပေးတဲ့ ညခင်းဘလော့ကလဲ လောကကို ဆက်လက် အကျိုးပြုနိုင်ပါစေ။
    ညခင်းလေး အွန်လိုင်းလောကမှာ အမြဲရှင်သန်ပါစေ။

  • February 1, 2010 at 10:22 AM

    ၂ နှစ်ပြည့် ဘလော့လေး အတွက်ဂုဏ်ယူပါတယ်

  • February 1, 2010 at 4:03 PM

    မင်္ဂလာပါ
    ဘလော့ ၂ နှစ်ပြည့်အတွက်ဂုဏ်ယူပါတယ်။နောင်လည်းဒီထက်မကအများ
    အကျိုးပြုစာပေများကိုဆက်လက်ဖြန့်ဝေရေးသားပြီးထာဝရရှင်သန်နေပါစေလို့
    ဆုတောင်းပေးခဲ့ပါတယ်။
    ခင်မင်လျှက်
    တောသားလေး

  • February 1, 2010 at 10:03 PM

    နှစ်နှစ်ပြည့်ဘလော့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်
    တည်တံ့နိုင်ပါစေဗျာ . . . :)

  • February 2, 2010 at 3:16 PM
    Anonymous :

    ၂နှစ်တောင်ပြည့်ပြီလား... ဘာမှမကြာလိုက်သလိုပါပဲဗျာ..။

  • February 3, 2010 at 2:46 AM

    ၂ နှစ်ပြည့်မွေးနေ့လေးကနေ နောက်ထပ် ဆက်ပြီး ဘလော့ဂင်းနိုင်ပါစေနော်။

  • February 3, 2010 at 9:18 AM

    ၂ နှစ်ပြည့် ဒီဘလော့ကနေ အသိတရားတွေ ရတယ် အမှန်တရားကို မမေ့ရအောင် လမ်းပြဆောင်ကျဉ်းပြန်တယ်။ ပုံပြင်ဆန်ဆန် စာလေးတွေကနေ အမြင်မှန်တွေ ခေါ်ဆောင်လာတယ်။ ၂ နှစ်ပြည့်ကနေ နောင် ၃ နှစ်ပြည့်အထိ အလင်းရောင်ပေးနိုင်ပါစေဗျာ

  • February 4, 2010 at 1:37 AM

    ဘလော့၂နှစ့်ပြည့် အထိမ်းအမှတ်ပိုစ့်လေးမှာ ဆုတောင်းမေတ္တာတွေ ပို့သပေးကြတဲ့မောင်နှမများ အားလုံးကျေးဇူးပါ။ကျန်းမာချမ်းသာကြပါစေ။

    ခင်မင်စွာဖြင့်

    ညခင်း

  • February 5, 2010 at 8:16 AM

    ဘလော့ ၂နှစ်ပြည့် အမှတ်တရမှ နောင်နှစ်များစွာတိုင် စာပေကောင်းများ ဆက်လက်ရေးသားနိုင်ပါစေလို့ ဆန္ဒပြုပါတယ် ညခင်းရေ။

  • February 9, 2010 at 1:49 AM

    ဘလော့ဂ် ၂ နှစ်ပြည့်ကို လာရောက် ဂုဏ်ပြုပါတယ်...
    စာပေတွေကို ဆထက်တပိုး ရေးသားနိုင်ပါစေ...

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers