ဒီဘူတာမှာခဏလေးရပ်မှာ

6



"ဒီဘူတာမှာခဏလေးရပ်မှာ"


ဘ၀ခန္ဓာ ၊သံသရာ၊ မောင်းလာရထားတွဲ။
လူ၏ ဘူတာ၊ ဆိုက်ရောက်လာ၊ ရပ်မှာခဏပဲ။
ကိုယ်ပိုင်ဥစ္စာ၊တင်စရာ၊ မီရာမိအောင်ဆွဲ။
ကိုယ်လက်မှတ်မှာ၊ တစ်စောင်သာ၊ ဖြတ်ပါသတိစွဲ။
အသိမှန်ကန်၊ ကိုယ့်ဖို့ကျန်၊ ဧကန်အားရှိမြဲ။

(တိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတာ(ယော)ဆရာတော်)

တိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတာ(ယော)ဆရာတော်၏ ဆုံးမစာ လင်္ဏာလေး အဓိပ္ပါယ်မှာ စဉ်းစားလေ နက်နဲလေဖြစ်ပါတယ်။ လူဘ၀တစ်သက် ဆိုတာ ဘူတာတစ်ခုမှာ မီးရထားတွဲထဲဝင်ပြီး ခဏဆိုက်ရောက်နေတာနဲ့တူပါတယ်။ အ၀ိဇ္ဖာ တဏှာ ကိလေသာ အပူမီးတွေ နဲ့ ခန္ဓာသံသရာ မီးရထားကြီး ခုတ်မောင်းလာခဲ့တာ ကြာပါပြီ။ ခုတ်မောင်းခဲ့စဉ်တလျောက်မှာလည်း တိမ်မှောက် လမ်းချော် ဒုက္ခအဖုံဖုံနဲ့ လူဘ၀ ဘူတာမှာ ခဏတာ ဆိုက်ရောက်နေချိန်ပါ်။

ခဏတာ ရထားရပ်ချိန်လေးမှာ ဗုဒ္ဓသာသနာတော်နဲ့ ကြုံတွေ့ ခွင့်ရနေတာ ဖြစ်လို့ ကိုယ့်နောက်ပါမဲ့ ဒါနသီလ ဘာဝနာ ရိက္ခာထုပ်တွေ စုဆောင်းကြရမယ်။ အို၊ နာ၊ သေ ဥသြ ဆွဲပြီး လူဘ၀ဘူတာမှ မထွက်မီ သတိဥာဏ်ဦးဆောင်ကာ မှန်ကန်တဲ့အသိရောပြီး မိအောင်ဆွဲကာ အမြန်တင်ရမှာ ဖြစ်တယ်။ ပေါ့ဆ အေးစက်စက်လုပ်ရင်တော့ ဟိုဟာကျန် ဒီဟာကျန် နဲ့ နစ်နာဆုံးရှုံးမှုတွေရမှာဖြစ်တယ်။ အသိတရားတွေ ပွင့်လင်းလာရပါတယ်။

"တွေ့ရသူတွေကို နှုတ်ဆက်ထားခဲ့ပါ"

တိမ်တိုက်ပမာ၊ သံသရာ၊ တွေ့လာ တစ်ခဏ။
လေကြောင့်ကွဲကွာ၊ ပျက်ရရှာ၊ လျင်စွာပျောက်သွားကြ။
အပူနုတ်ကာ၊ အေးတာကိုဆက်၊ ရှေ့ကိုတက်၊ နှုတ်ဆက်သူတွေ စိတ်အေးရ။

လူဘ၀ဘူတာခဏတွေ့ရသူအားလုံး ကောင်းကင်မှာရှိတဲ့ တိမ်တိုက်ကြီးတွေနဲက တကယ်တူပြန်ပါတယ်တဲ့။ တိမ်တွေဟာ လေကြောင့် ပေါင်းစုမိသွားလိုက်၊ ပေါင်းစုံနေတဲ့ တိမ်တွေဟာ လေကြောင့် ကွဲသွားကြနဲ့။ လေ၏ပြုပြင်ချယ်လှယ်ဖန်တီးသမျှခံနေရတာပါ။ ဘ၀သံသရာသည်လည်း ဒီအတိုင်းပါပဲ။

လူဘ၀ ဘူတာ ခဏရောက်ခိုက် သားအမိ၊ သားအဖ၊ ညီအစ်ကိုမောင်နှမ၊ ညီအစ်မ၊ ဇနီး ၊ခင်ပွန်း၊ သတင်းသုံးဖော် စတဲ့ ဆွေမျိုး မိတ်ဆေတွေ ခဏပေါင်းဆုံမိကြတယ်။ ကံဆိုတဲ့ လေက ပေါင်းဆုံပေးတာပါ။ ကန့်သတ်ချိန်စေ့တော့ ပေါင်းဆုံရာက သေကွဲရှင်ကွဲ တစ်မျိုးမျိုးနဲ့ ကွဲရပြန်တယ်။ ဘယ်သူနဲ့ ဘယ်လိုတွေ့တွေ ခဏတာပါ။ လူ့ဘ၀ဘူတာက မီးရထားထွက်တာနဲ့ အားလုံးခွဲခွာကြမှာပါ။ခွဲခွာသူရော ကျန်ရစ်သူပါ ဒါန သီလ ဘာဝနာတွေ ကို ကျိုးစားအားထုတ်မှသာလျင် စိတ်အေးလက်အေး နှုတ်ဆက်နိုင်မှာဖြစ်တယ်။

တရားအသိတွေ တိုတိုနဲ့လိုရင်း ထိမိအောင် ဟောကြားပြသပေး သော တိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတာ(ယော)ဆရာတော် ၏ ဥဏ်တော်အား ချီးကျူး ဂုဏ်ပြုရင်း ဓမ္မမိတ်ဆွေများ အားမျှဝေပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း







6 - Comment:

  • January 27, 2010 at 11:36 PM

    တိုတိုနဲ့ လို၇င်းရောက်အောင် ရေးသားခဲ့တဲ့ ယောဆရာတော်ကြီးရဲ့ စာလေးက အလွန်ထိမိပါတယ်
    ပြန်လည်ဖောပြပေးတဲ့ညခင်းလည်း သာဓုပါ

  • January 28, 2010 at 7:10 AM

    ကျေးဇူးတင်ပါတယ်ဗျာ... ဒီခရီးမှာ နှင်နေရတာလည်း ပင်ပန်းလှပြီပဲ... စဉ်းစားမိတယ်.. အခုလုပ်နေတာတွေ ဘာအတွက်လည်းလို့ပေါ့လေ... ပုထုဇဉ်ပီပီ တဏှာတွေရှိနေသေးတော့လည်း အပြတ်မဖြတ်နိုင်ပေမယ့်... တဖြည်းဖြည်းတော့ စိတ်ကုန်လာပြီ....

  • January 28, 2010 at 9:16 AM

    ကြိုတင်သတိပေး စာသားလေးတွေ ပြန်ပြီး ဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးပါနော်

  • January 29, 2010 at 12:02 AM

    မမညခင်းရေ...
    လာရောက် ဖတ်မှတ် နာယူသွားပါတယ်
    ကျန်းမာ ရွှင်လန်းပါစေ
    ခင်မင်လေးစားလျှက်
    နှင်းဟေမာ

  • January 29, 2010 at 6:46 PM

    တန်ဖိုးရှိပါတယ်အစ်မရေ.. ခေါင်းစဉ်လေးတွေကိုက သံဝေဂရစရာတွေပါပဲ..။ ဆက်လက်ရေးသားဖြန့်ဝေနိုင်ပါစေအစ်မညခင်း..။
    ကျန်းမာပျော်ရွှင်ပါစေ..။

  • January 29, 2010 at 9:20 PM

    ဒီဆိုက်လေးကို လာမိတိုင်း စိတ်ကြည်နူးရပါတယ်...
    စာတွေကို ဖတ်ရတိုင်းလည်း တွေးတော ဆင်ခြင်မှုတွေကို ပိုလုပ်လာနိုင်တယ်...
    ဝေမျှခြင်းအတွက် ကျေးဇူးပါခင်ဗျာ...

    လေးစားစွာဖြင့်

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers