မမွှေးတဲ့ပန်း ဘာသွားနမ်းမလဲ

2



မမွှေးတဲ့ပန်း ဘာသွားနမ်းမလဲ

အဆင်းအရောင်နဲ့
အပွင့်ပုံစံလှပေမယ့်
အနံ့မမွှေးဘူးဆိုရင်
အဲဒီပန်းဟာ
ပန်ဆင်သူကို
မသင်းပျံ့စေနိုင်သလို
ကောင်းမြတ်တဲ့
ဘုရားစကားတော်တွေဟာလည်း
နာကြားကျင့်ကြံမှု
မပြုလုပ်သူအတွက်
ဘာအကျိုးမှ မရှိပါဘူး။



ပန်းဆိုမွှေးမှ တရားဆိုကျင့်မှ

အဆင်းအရောင်နဲ့
အပွင့်ပုံစံလည်းလှ
အနံ့လည်းမွှေးမယ်ဆိုရင်
အဲဒီပန်းဟာ ပန်ဆင်သူကို
သင်းပျံ့စေနိုင်သလို
ကောင်းမြတ်တဲ့
ဘုရားစကားတော်တွေဟာလည်း
နာကြားကျင့်ကြံမှု
ပြုလုပ်သူအတွက်
သိပ်ကိုအကျိုးကြီးမားလှပါတယ်။ ( ဓမ္မပဒဂါထာ-၅၁ )

ဆရာတော်အရှင်ဆန္ဒာဓိက မှ ဘုရားဟော မူရင်းဂါထာတော်တွေကို မြန်မာလိုပြန်ဆို ဖော်ပြထားခြင်းဖြစ် ပါတယ်။ စိတ်အားဖြည့်ဓမ္မပဒစာအုပ် မှကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း







2 - Comment:

  • February 9, 2010 at 4:16 AM

    ပန်းဆိုမွှေးမှတရားဆိုကျင့်မှတဲ့ မှန်သော တရား အဆုံးအမများကို နာယူမှတ်သားသွားပါတယ် ညခင်းရေ

  • February 12, 2010 at 8:01 AM

    အတော်ကောင်းတဲ့ အဆုံးအမပဲဗျာ... ထေရ၀ါဒဟာ ဘုရားဟောစကားကို လိုက်နာကျင့်သုံးမှုအပေါ်မှာ မူတည်တယ်လေ... သိသာသိတယ်..မကျင့်ရင်တော့ မသိသလိုပါပဲနော်....


    ခင်မင်တဲ့
    ဂျပန်ကောင်လေး

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers